← Chapters

အခန်း ၂၅၄

Vol. 26 Ch. 254

အခန်း ၂၅၄

Vol. 26 Ch. 254

254 01

အပိုင်း (၂၅၄)

C မြို့မှ ဇွန်ဘီများက ရုတ်တရက် သူတို့၏နဂိုသားကောင်များကို ပစ်ချကာ ဦးတည်ရာတစ်ဖက်ထဲသို့ အလုံးအရင်း ဝင်ပြေးသွားကြသည်။ ထို့ကြောင့် မြင်သောသူများကလည်း စိတ်ရှုပ်သွားကြပြီး နားမလည်ကြချေ။

ထိုကဲ့သို့ ဝရုန်းသုန်းကားအခြေအနေ ဖြစ်လာသောအခါ C မြို့မှ အင်အားစုအများစုကလည်း ထွက်လာပြီး ကြည့်ချင်ကြသည်။

သူတို့၏ဘက်ခြမ်းတွင်သာ ထိုကဲ့သို့ ဖြစ်လာခဲ့ပါက သေချာလိုက်ကြည့်ပြီး အခြေအနေကို မသိရသေးလျှင် ကောင်းကောင်းအိပ်နိုင်လိမ့်မည် မဟုတ်ပေ။

ရှောင်းလုံနှင့် ယဲ့ယီအန်းတို့ အသင်းကလည်း တိုက်တိုက်ဆိုင်ဆိုင် G မြို့တွင် တာဝန်တစ်ခု လုပ်ဆောင်နေသည်။ ထိုအချိန်တွင် ပုံမှန်မဟုတ်သော လှုပ်ရှားမှုများကို မြင်လိုက်သည်။

ယဲ့ယီအန်းက သူမ၏လက်ထဲမှ အဝေးကြည့်မှန်ပြောင်းကို တစ်ချက်ပွတ်နေပြီး နံဘေးမှ အမျိုးသားကို ပြန်ကြည့်သည်။

“အဆင့်မြင့် ဇွန်ဘီပဲ”

ရှောင်းလုံကလည်း ဇွန်ဘီများ စုဝေးနေသော နေရာကိုတစ်ချက်ကြည့်ပြီး…

“ဒီလိုအဆင့်မျိုး ပေါ်လာပုံထောက်ရင် အဆင့်ခြောက် မဟုတ်လောက်ဘူး။ တစ်ဖက်သူက ဒီလို အကူအညီ တောင်းရတယ်ဆိုကတည်း ပြိုင်ဘက် အင်အားမနည်းလောက်ဘူး။ ကြည့်ရတာ ကမ္ဘာအဆုံးသတ်ကာလမှာ ပုန်းကွယ်နေတဲ့ နဂါးနဲ့ ဝပ်နေတဲ့ကျားတွေ များတာပဲ”

သူသည်လည်း ထိုအဆင့်မှ သူများက သူနှင့် ယှဉ်နိုင်လောက်ကြောင်း တွေးမိသောအခါ ရှောင်းလုံ၏အဆင့်ခြောက်သို့ တက်လာသောကြောင့် ဂုဏ်ယူနေသော စိတ်ကလည်း ကွဲကြေသွားသည်။ ယဲ့ယီအန်းက မျက်ခုံးပင့်သည်။

“ပြီးသွားပြီ။ နင်သွားပြီး ကြည့်ချင်လား”

“သွားမှာပေါ့။ မင်းလည်း အမြဲတမ်း မင်းရဲ့သိချင်စိတ်နဲ့ တိုက်ခိုက်လိုစိတ်ဆန္ဒကို အလျော့မပေးနိုင်တာမလား”

ရှောင်းလုံ၏နှုတ်ခမ်းက ကော့တက်ကာ ပြုံးလိုက်ပြီး ယဲ့ယီအန်း၏ ပခုံးပေါ် လက်တင်သည်။

ဖြောင်း…

ယဲ့ယီအန်းက ထိုလက်ကို ရိုက်ချပြီး မျက်လုံးလှန်ကာ အကြည့်လွဲသွားသည်။

“စကားပြောတာ လက်မပါနဲ့”

“ဟီး ဟီး”

ရှောင်းလုံက ရူးကြောင်ကြောင် ရယ်ပြီး နောက်မှ တကောက်ကောက် လိုက်သည်။

“မင်းက ငါ့ရဲ့ချစ်သူလေ။ ဒီတော့ ပခုံးပေါ် လက်တင်တာ ဘာမှားလို့လဲ”

အရှေ့မှလူက ရပ်သွားပြီး ခပ်မြန်မြန် လျှောက်သွားသည်။

အာ…ငါ လွန်ခဲ့တဲ့တစ်ပတ်ကို အချိန်နောက်ပြန်ဆုတ်ပြီး အဲဒီ ခေါင်းပူလွန်းခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ ပါးစပ်ပိတ်ချင်တယ်။

သူတို့ စပြီး မတွဲခင်က သူက အရမ်းကို ထိန်းထိန်းသိမ်းသိမ်း နေတတ်တာပါ တော်တော်လေးလည်း လန်းတာပါ ဘယ်လိုဖြစ်ပြီး တွဲပြီးနောက်မှာ ရုတ်တရပ်ကြီး လူပြောင်းသွားတာလဲ။

အရမ်းကို ကပ်တွယ်ပြီး မကောင်းတဲ့ စကားတွေ ပြောရတာ ကြိုက်ရုံတင် မကသေးဘဲ ရုပ်ပိုင်းဆိုင်ရာ အထိအတွေ့ကို လုပ်ရတာ ကြိုက်တယ်။

ရှောင်းလုံနှင့်အသင်းက အရှိန်နှုန်းလည်း မြန်သည်။ ကံလည်း ကောင်းသည်။ သိသိသာသာကိုပင် အခြားသော လူများထက် သာသည်။ အခြားသောသူများက မူးဝေနေပြီး ဘာကိုမှ မရှာနိုင်သေးချိန်တွင် သူတို့ကမူ ရုတ်တရက် ဇွန်ဘီအုပ်ထဲမှ ပြေးထွက်လာသော ကားကို မြင်လိုက်သည်။

ခဲ့ဖေးကွမ်း “ခေါင်းဆောင် ဘာလို့ အရှေ့က ကားမောင်းတဲ့ ပုံစံကို ရင်းနှီးနေတယ်လို့ ခံစားနေရတာလဲ”

ကားထဲမှ လူများ : …

254 02

မင်းတစ်ယောက်တည်း မဟုတ်ဘူး။

နောက်ဆုံးတစ်ခေါက် မြင်ခဲ့တဲ့ပုံက လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက အကြောင်းနော်။

ရင်းနှီးသော ကားမောင်းသည့် ပုံစံက အသင်းတစ်သင်းကို တွေးမိသွားစေသည်။

ယဲ့ယီအန်း “သူတို့များလား”

ကားထဲမှ ယမ်းခါနေသော သူများကမူ မည်သူ့ကိုမှ သတိမထားမိဘဲ ပထမဦးဆုံးအကြိမ်အဖြစ် သူတို့၏ အနောက်မှ အမြှီးလေး လိုက်လာသည်။

တော်တော်လေး လုံခြုံသော နေရာသို့ ရောက်မှသာ ကားက အရှိန်လျော့သွားပြီး အနောက်မှ အမြှီးကို မြင်လိုက်သည်။

ယန်မော့ “နောက်က ကားလိုက်လာတယ်”

ရှုရှင်းက နောက်ကြည့်မှန်က တဆင့်ကြည့်သည်။

“မျက်ခြေဖြတ်ဖို့လိုလား”

“မလိုဘူး”

အားလုံးက တစ်ပြိုင်တည်း ပြောသည်။ သူတို့သည်လည်း ယခုလို ကားထဲမှထူးခြားလွန်းသော ခံစားချက်ကို ခံစားမည့်အစား အပြင်သို့သာ ထွက်ပြီး တိုက်ခိုက်လိုသည်။

“အာ…အင်းပါ”

ရှုရှင်းကလည်း သူတို့က ထိုမျှအထိ ပြင်းထန်စွာ တုန့်ပြန်မည်ဟု မထင်ထားမိပေ။ ထို့ကြောင့် လမ်းဘေးတစ်နေရာတွင် ကားကို တည်ငြိမ်စွာရပ်လိုက်ပြီး နောက်က ကားရောက်လာမည့်အချိန်ကို စောင့်လိုက်သည်။

ထိုကားက သူတို့ ရပ်တန့်သွားကြောင်း မြင်လိုက်သည်နှင့် အရှိန်ကို မြင့်ကာ အနားသို့ လာသည်။ ကားပြတင်းပေါက်မှန်ကျသွားသည်နှင့် ရှုရှင်းက ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

ရှုရှင်း : ပါးစပ်အဟောင်းသာ emoji

ဘာလို့ အမျိုးသား ဇာတ်လိုက်နဲ့အမျိုးသမီး ဇာတ်လိုက်ကို G မြို့မှာ လာတွေ့တာလဲ။

ရှောင်းလုံက ရက်ရောစွာ နှုတ်ဆက်သည်။

“အို မတွေ့ရတာ ကြာပြီ”

“မတွေ့ရတာကြာပြီ အမ်.. G မြို့မှာ ပြန်တွေ့မယ်လို့ မထင်ထားဘူး ဘာလဲ တာဝန်လာလုပ်တာလား”

ယန်မော့က ညင်သာစွာ ပြုံးနေသည်။

ရှောင်းလုံကလည်း သူ၏ စကားထဲမှ စမ်းသပ်မှုကို ကြားသည်။ သို့သော် ဂရုမစိုက်ပါပေ။

“အင်း ငါတို့ ရိက္ခာလာယူတာလေ။ မင်းတို့အခု G မြို့မှာ နေနေတာလား”

ယန်မော့ “မဟုတ်ဘူး ငါတို့လည်း မင်းတို့လိုပဲ တာဝန်လာလုပ်တာ။ C မြို့က တော်တော်လေး အဆင်ပြေနေတယ်လို့ ကြားတယ်။ အရင်ကနဲ့ ယှဉ်ရင် နှစ်ဆလောက် ကြီးသွားပြီဆို”

ရှောင်လုံ “အင်းဟုတ်တယ် နှစ်ဆလောက်ကြီးသွားတာ။ ခေါင်းဆောင်ယန် မင်းအခု ဘယ်အခြေစိုက်စခန်းမှာ နေနေတာလဲ။ ငါတို့ အနာဂတ်မှာ ပူးပေါင်းနိုင်မှာပဲလေ”

…

လူနှစ်ယောက်၏ ပေါင်းစပ်ထားသော အတွေးကလည်း ပျားအုံအသိုက်ထက်ပင် သိပ်သည်းသေးသည်။ ကျန်သော သူများကလည်း စကားလုံးတစ်လုံးပင် ဖောက်မဝင်နိုင်ဘဲ တစ်ယောက်ကို တစ်ယောက်သာ တိတ်တဆိတ် ကြည့်နေကြသည်။ လေထု အခြေအနေက ကိုးရိုးကားရားဖြစ်လာသည်။

“ဂလု ဂလု ဂလု”

254 03

မည်သူ၏ ဗိုက်က ထွက်လာမှန်းမသိ ရုတ်တရက် ကိုးရိုးကားရားဖြစ်နေသော အခြေအနေကို ဖြိုခွဲသည်။

“ကြည့်ရတာ သူတို့နှစ်ယောက် စကားပြောလို့ မပြီးသေးဘူးဆိုတော့ ငါတို့ ဘာလို့ အတူ ထိုင်မစားတာပါလိမ့်”

ရှုရှင်းက ရုတ်တရက် အကြံရပြီး လက်ကို‌ မြောက်ကာ အကြံပေးသည်။ ရုတ်တရက် အားလုံး၏အကြည့်က သူမဆီ ရောက်လာသည်။

“ဟားဟား နင်တို့ ဘာလို့ တစ်ခုခု မပြောဘဲနဲ့…အာ…ထားလိုက်ပါတော့”

“အကြံကောင်းပဲ ဘာပဲဖြစ်ဖြစ် ငါတို့က အချင်းချင်းသိကျွမ်းပြီးသားပဲလေ။ ဒီလို သိကျွမ်းတဲ့ သူမျိုးကို အဆုံးသတ်ကာလမှာ ချက်ချင်း ပြန်ဆုံတွေ့ဖို့က လွယ်တာမဟုတ်ဘူး။ ဆိုတော့ ငါတို့ ထမင်းအတူစားတာက ပြဿနာ မရှိဘူး ဟုတ်တယ်မလား ခေါင်းဆောင်ယန်”

ရှောင်းလုံက ယန်မော့ကို မျက်ခုံးပင့်ပြသည်။ ယန်မော့က ညင်သာစွာ ပြုံးပြသည်။ သို့သော် မငြင်းလိုက်ပေ။

သူတို့သည် လုံခြုံသော နေရာသို့ မောင်းသွားလိုက်သည်။ ထို့နောက် အတူတူထမင်း စားတော့မည့်အချိန်တွင် နှစ်ဖက်လုံးက စားစရာ အများကြီး ထုတ်လာသည်။ သူတို့ဘက်ခြမ်းက ထုတ်နိုင်သည်ထက် ပိုကောင်းနေသောကြောင့် ချဲ့ကားလွန်းရာ မရောက်ပါချေ။

ယခုကာလ အပြင်ဘက်တွင် အရွက်စိမ်းများ မရှိတော့ပေ။ ထို့ကြောင့် ရှုရှင်း ထုတ်လာသမျှကလည်း လေလုံအိတ်များဖြင့် သိမ်းထားသော အရာများသာ ဖြစ်နေသည်။

အထူးသဖြင့် အလုံပိတ်အိတ်များဖြင့် ထည့်ထားသော အရွက်ခြောက်များ၊ သစ်သီးခြောက် အသားဗူးနှင့် ခေါက်ဆွဲထုပ် လေးထုပ်သာ ဖြစ်သည်။

ယဲ့ယီအန်း ထုတ်လာသော ပစ္စည်းများကလည်း ပုံမှန်သာလျှင်ဖြစ်သည်။ ဆင့်ကဲပြောင်းလဲထားသော သားရဲများဖြင့် လုပ်ထားသော အသားချောင်း လေလုံ ဟော့ပေါ့ အနှစ်ဗူးနှင့် အခြားသော အရွက်ခြောက်များသာ ဖြစ်သည်။

ထိုသိုဖြင့် သူတို့ထုတ်လာသော ရိက္ခာများက အခြေစိုက်စခန်းများအတွက်မဆို မြင့်မားလွန်းသော ပမာဏဖြစ်နိုင်သည်။ သို့သော် သူတို့အတွက်မူ သာမာန် စားစရာသာ ဖြစ်သည်။ ထိုအခြေအနေကလည်း နှစ်သင်းလုံးက မည်မျှအင်အားကြီးမားကြောင်း သိနိုင်သည်။ ယန်မော့နှင့် ရှောင်းလုံက C မြို့တွင် အဆက်အသွယ် ရှိခဲ့ဖူးသည်။ သူတို့သည် တစ်ဖက်သူက လုပ်နိုင်စွမ်းရည်ရှိသော သူမှန်းသိသည်။ ထို့ကြောင့် ယခုလို ထုတ်လာနိုင်သည့်အခါ မအံ့ဩသွားပါပေ။

အိုးထဲမှ အရာများက သာမာန်စားစရာများသာ ဖြစ်သော်လည်း ထွက်လာသော ရနံ့ကလည်း အားလုံးကို ဆွဲဆောင်နိုင်လေသည်။ ထို့ကြောင့် အတူထိုင်နေသာ သူများကလည်း တံတွေးမြိုချကြသည်။

“စားမယ်”

အားလုံ၏တူက အိုးထဲသို့ စိတ်လှုပ်ရှားစွာ ဝင်ရောက်သွားသည်။ သူတို့၏တူမှ အသားတစ်တုံးစီကို အရလုကြပြီးနောက် စားသောက်ကြလေသည်။ ပုယွမ်ကျိုးကမူ ချွင်းချက်ဖြစ်သည်။ သူသည် မျက်နှာသေနှင့် ဖြစ်ပြီး ပြုံးပင် မပြုံးနိုင်ပေ။ သို့သော် အခြားသော သူများကမူ စားသောက်နိုင်နေသည့်အတွက် မျက်နှာတွင် အပြုံးများ ရှိနေသည်။

စားပြီး သောက်ပြီးသောအခါ အားလုံးကလည်း အေးဆေးပေါ့ပါးသွားကြပြီး အတူတကွ ထိုင်ကာ စကားပြောကြသည်။ အသုံးဝင်သော အချက်အလက်များကို ဖလှယ်ပေးကြသည်။

သူတို့၏ကိုယ်ပိုင်အင်အားက တိုးလာသောကြောင့် ဖြစ်လောက်သည်။ သူမသည်လည်း လုံလောက်သော ယုံကြည်မှု ရှိလာသည်။ ထို့ကြောင့် အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်ကို ပြန်တွေ့ရချိန်တွင်ပင် ယခင်ကကဲ့သို့ ရှောင်ရှားလိုသော အတွေးများ မရှိကြတော့ပါပေ။

သိထားရမည်မှာ အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်အနားတွင်နေလျှင် ဒုက္ခရောက်နိုင်သည့်အပြင် ကံကောင်းနိုင်သေးသည်။ မရေမတွက်နိုင်သော အခွင့်အရေးများ ရှိနိုင်သည်။ သူတို့သည် ယခုအခါ ကိုယ်ပိုင်အခြေစိုက်စခန်း ရှိထားပြီးသား ဖြစ်သည်။ အမျိုးသားနှင့် အမျိုးသမီးဇာတ်လိုက်တို့ကလည်း အခြားသော သူများထက် သေချာပေါက် နိမ့်ကျမည့်အနေအထားမျိုး မဟုတ်ပေ။ ထို့ကြောင့် သူတို့ကိုယ်တိုင်ကလည်း သေချာပေါက် အာဏာကို ကိုင်ဆောင်ထားနိုင်သည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် ပူးပေါင်းသော ဆက်ဆံရေးကို တည်ထောင်ပါက အကောင်းဆုံးဖြစ်သည်။ ရှုရှင်းက စိတ်ထဲတွင် တွက်ချက်နေပြီ ဖြစ်သည်။

******

All Chapters