← Chapters

အခန်း ၂၅၅

Vol. 26 Ch. 255

အခန်း ၂၅၅

Vol. 26 Ch. 255

255 01

အပိုင်း (၂၅၅)

နောက်တစ်နေ့ မနက်ခင်းတွင် အသင်းနှစ်သင်းကလည်း မြို့တော် G ၏ လမ်းတစ်နေရာတွင် လူစုခွဲပြီး အသီးသီးသွားကြသည်။

အင်အားအကြီးဆုံး ဇွန်ဘီကို ရင်ဆိုင်ပြီးသည်နှင့် ရှုရှင်းတို့အဖွဲ့က အခြားသော ဇွန်ဘီအမြူအတေများကို လိုက်ကောက်ပြီးမှသာ ပြန်သည်။ အပြန်လမ်းတွင် ရှုရှင်းက တင်းကြပ်သော စောင့်ကြည့်မှုအောက်တွင် ရှိနေခဲ့ပြီး စတီရင်ယာဘီးကို မထိနိုင်တော့ပေ။ သူမက ပျင်းနေကြောင်း မြင်သောအခါ ယန်မော့ကလည်း သူမအား အဆင့်ခြောက် ဇွန်ဘီအမြူအတေကိုထုတ်ပြီး သန့်စင်ခိုင်းထားလိုက်သည်။

အခြေစိုက်စခန်းသို့ ပြန်ရောက်သည်နှင့် ယန်မော့က သန့်စင်ပြီးသား ဇွန်ဘီအမြူအတေကို ယူကာ တံခါးပိတ် ကျင့်ကျံတော့သည်။ သူသည် အမှန်တကယ် အလျှင်လိုနေသည်။ အဆင့်ခုနှစ်သို့လည်း တက်ချင်နေသည်။

ဒီတစ်ခေါက်တွင် သူတို့သည် လမ်းတောက်လျှောက် ဇွန်ဘီအများကြီး သတ်လာသည်။ ထို့ကြောင့် သူတို့ ပြန်ယူလာသော ဇွန်ဘီအမြူအတေများမှ သူတိုနှင့်ကိုက်ညီသော အမြူအတေများကို သိမ်းထားပြီးသည်နှင့် ကျန်သော အမြူအတေများအားလုံးကို သိုလှောင်အိမ်ထဲတွင် သိမ်းထားလိုက်သည်။

အခြေစိုက်စခန်း၏ ပုံမှန်လည်ပတ်မှုများအတွက်လည်း ဇွန်ဘီအမြူအတေများက ပေးသောစွမ်းအင်များကို လိုအပ်သည်။ အစဦးဆုံးသုံးလကမူ အခြားသော သူများကအတွက် အလကား ခွဲပေးထားသည်။ အချိန်ပြည့်သွားသည်နှင့် ဇွန်ဘီအမြူအတေများဖြင့်သာ ဆက်လက်ပြီး အသုံးပြုရတော့မည် ဖြစ်သည်။

ထိုမျှကြီးမားသော အခြေစိုက်စခန်းကြီးအတွက် ဇွန်ဘီအမြူအတေက အမြောက်အများ လိုအပ်ပေလိမ့်မည်။

ပုံမှန်ပမာဏက မလောက်ငှပါပေ။

အခြေစိုက်စခန်းထဲမှ စိတ်စွမ်းအားပညာရှင်များနှင့်သာမာန်လူများ၏ဝင်ငွေအဖြစ် ပေးရမည့် ပမာဏလည်း ရှိသေးသည်။ ထို့အပြင် အခြေစိုက်စခန်းထဲမှ စိတ်စွမ်းအားရှင်များ၏ နေ့စဉ်အသုံးပြုစားရိတ်လည်း ရှိသေးသည်။ ဒါကလည်း ဇွန်ဘီအမြူအတေ၏အရင်းအမြစ် ဖြစ်ပြန်သည်။

အဓိက အရင်းအမြစ်ကမူ အခြေစိုက်စခန်းထဲမှ ဇွန်ဘီအမြူအတေကို အသုံးပြုကာ စားစရာလဲခြင်း၊ ပစ္စည်းလဲခြင်း ဆိုသည့်အရင်းအမြစ် ဖြစ်ပြန်သည်။

ဆား၊ သကြားနှင့် ဆီများအားလုံးက လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော အရာများဖြစ်သည်။ ထို့အပြင် စီးကရက်နှင့်အရက်များကလည်း အခြေစိုက်စခန်းထဲမှ လူများ လဲလေ့ရှိသော ပစ္စည်းများဖြစ်လေသည်။

အိမ်တော်ထိန်း 001 ၏ အုပ်ချုပ်မှု အောက်တွင် အလဲအလှယ်ဌာနတွင် အလုပ်လုပ်သော စက်ရုပ်များအားလုံးက မမျှတမှုနှင့် အကျင့်ပျက်ခြစားမှုများအားလုံးကို ရှောင်ရှားနိုင်ကြသည်။

ကံကောင်းသည်မှာ အဆင့်မြင့်သလင်းအမြူအတေများက စွမ်းအင်အများကြီး ထုတ်ပေးသည်။ ထို့အပြင် အခြေစိုက်စခန်းအတွင်းတွင်လည်း လူအများကြီး မရှိသေးပေ။ ထို့ကြောင့် သေချာဆွေးနွေးပြီးသည်နှင့် ရှုရှင်းနှင့် ယန်မော့တို့ကလည်း အချို့သော အသုံးမပြုသေးသော အဆောက်အဦးများကို ယာယီအားဖြင့် ပိတ်ထားလိုက်သည်။ ဒီနည်းအားဖြင့် စွမ်းအား အကုန်သက်သာသည်။

အမျိုးမျိုးသော ဝင်ငွေများကို ပူးပေါင်းထားသောအခါ အခြေစိုက်စခန်း၏ လုပ်ဆောင်မှုများအတွက် ထိန်းသိမ်းထားရုံသာ မကသေးလေဘဲ နောက်ခံအဖြစ်ပင် သိမ်းထားနိုင်သေးသည်။

အခြေစိုက်စခန်းတွင် ဆော့ကစားနိုင်သော နေ့ရက်များက ကုန်ဆုံးလာသည်။ ရှုရှင်းသည် ရုတ်တရက် သူမသည် လေ့ကျင့်ရေးကွင်းမှ ကလေးများကို မတွေ့ရသည်မှာ ကြာပြီဖြစ်ကြောင်း သတိရသွားသည်။ ထို့ကြောင့် အပြေးအလွှား သွားကြည့်လိုက်သည်။

သူမက တံခါးနားသို့ ချဉ်းကပ်သွားသည်နှင့် အတွင်းမှ သူများက သူမကို တွေ့သွားကာ အဝေးမှာကတည်းက လှမ်းခေါ်သည်။

“အစ်မကြီးရှု ရောက်လာပြီ”

ရှုရှင်းက လေ့ကျင့်ရေးခန်းထဲသို့ ဝင်သွားသောအခါ တံခါးနားတွင် လူအုပ်ကြီးက ဝိုင်းနေသည်။ ဝင်လာသော သူမကို မြင်သည်နှင့် အားလုံးက ချက်ချင်းဆိုသလို လာဝိုင်းပြီး သူတို့၏အခုတလော ရလဒ်များကို ပြောပြကြသည်။

255 02

“အစ်မကြီးရှု ငါ့ရဲ့ သက်လုံကလေ အခုတလော တော်တော် တိုးတက်လာတာ သိလား ငါက တစ်ဆယ် ကီလိုမီတာကို အလေးနဲ့ ချက်ချင်း ပြေးနိုင်တယ်”

“အစ်မကြီးရှု အစ်မကြီးရှု ငါဆိုရင် အရင်တစ်ခေါက်က ညွှန်ကြားသူနဲ့ သိုင်းကျင့်တာ တစ်မိနစ်တောင် ခံတယ်”

“အစ်မကြီးရှု…”

ထိုသို့ဖြင့် ရှုရှင်းက အားလုံးကို စိတ်ရှည်သည်းခံစွာ တုန့်ပြန်ပြီး ယူလာသော မုန့်များကို ခွဲဝေကျွေးသည်။

လေ့ကျင့်ရေးစခန်းထဲမှ ကလေးများကလည်း အခြေစိုက်စခန်းထဲသို့ ရောက်လာခဲ့သည့် ပထမတစ်သုတ်မှ ကလေးများ ဖြစ်သည်။ အားလုံးရဲ့လေ့ကျင့်မှုများကို ယန်မော့နှင့် မူချီမိုင်တို့ ကိုယ်တိုင်ကိုယ်ကျ ပုံစံဆွဲပေးထားကာ သူတို့နှင့် ကိုက်ညီသော လေ့ကျင့်မှုပုံစံကို ရရှိစေသည်။

သူတို့သည် ငယ်ရွယ်ချိန်ကတည်းက လေ့ကျင့်ပေးထားကြလေရာ အခြေစိုက်စခန်းကို သေချာပေါက် သစ္စာရှိလေသည်။ အကျွင်းမဲ့ သစ္စာရှိမှုမျိုးလည်း ဖြစ်သည်။ သူတို့၏ အလားအလာကလည်း အမြင့်ဆုံးဖြစ်သည်။

သူတို့ကိုယ်တိုင်က အခြေစိုက်စခန်းကို ရောက်လာပြီးနောက် လုံလောက်သော အာဟာရများကို ရရှိခဲ့သောကြောင့် ဖြစ်လောက်သည်။ ယခင်နှစ်နှစ်အတွင်းတွင် လူအများစုက သဘာဝလွန်စွမ်းအားများ နိုးထလာကြ၏။ သဘာဝလွန်စွမ်းအား မနိုးသော သူများကလည်း အလွန်အမင်း အင်အားကြီးကြသည်။

“အစ်မကြီး ဒီနေ့ဘယ်လိုဖြစ်ပြီး လာဖို့အချိန်ရှိသွားတာလဲ”

ရှုရှင်း ရောက်လာသံကို ကြားသည်နှင့် အနောက်ဖက်တွင် လေ့ကျင်းရင်း အလုပ်များနေသော ကျန်းရန်ရှီက လုပ်လက်စအရာကို ချက်ချင်း ပစ်ချကာ ပြေးလာသည်။

ကျန်းရန်ဖင်ကြောင့် ကျန်းရန်ရှီနှင့် ရှုရှင်းတို့က ပို၍ပင်ဆက်ဆံရေး ကောင်းသည်။ ထို့ကြောင့် အစ်မကြီးဟု တိုက်ရိုက်ခေါ်သည်။

“ငါ နင်တို့ကို သတိရလို့ လာကြည့်တာလေ။ ဒါနဲ့ နင့်အစ်ကိုကို မတွေ့ပါလား”

ရှုရှင်းက သူမ၏လက်ကို လှမ်းဆွဲလိုက်ပြီး မျက်နှာပေါ်မှ နူးညံ့သော အသားလေးကို အသာဆွဲညှစ်သည်။

မျက်နှာ အညှစ်ခံရသော ကျန်းရန်ရှီကလည်း လူကြီးလေးတစ်ယောက်ကဲ့သို့ သက်ပြင်းချသည်။

“အစ်ကိုက အခုတလော ဦးလေးမူ ပြန်သယ်လာတဲ့ ကုန်ကြမ်းပစ္စည်းတွေရဲ့ ပစ္စည်းတွေကိုပဲ အာရုံစိုက်နေတာလေ။ သူက အဲဒီ ရှားပါးတဲ့ သတ္ထုတွေကို လေ့လာတာကို တော်တော်လေးကို စွဲလမ်းနေတာ”

“အာ…သနားစရာကောင်းတဲ့ ရှီရှီ ဒီလောက် ငယ်ငယ်လေးနဲ့ အလုပ်ဂျပိုးကို ရထားတယ်”

ရှုရှင်းက သူမ၏ ခေါင်းလေးကို ညင်သာစွာပုတ်လိုက်သည်။

လက်စသတ်တော့ အချို့လူတွေက မွေးကတည်းက ဆံပင်ကောက်တာပဲ။

ရှင်သန်လွှတ်မြောက်မှု ကပ်ဘေးကို ရင်မဆိုင်ရသည့်အခါ ကျန်းရန်ဖင်သည်လည်း သူ၏ ကိုယ်ပိုင်နယ်ပယ်အတွင်းတွင် စောစီးစွာ ဦးမော့နိုင်ပေလိမ့်မည်။

သူ၏တီထွင်မှုများကတဆင့် လက်နက်အသစ်ကလည်း ဝတ္ထုထဲတွင် ဖော်ပြထားသော အချိန်ကာလထက် စောစီးစွာ ပေါ်လောက်ကြောင်း နားလည်နေသည်။

ဟီးဟီး… ဝတ္ထုထဲမှာ သူက အမျိုးသား ဇာတ်လိုက်နဲ့ အမျိုးသမီး ဇာတ်လိုက်ဘက်က အခုတော့ ငါ့ဘက်ကပဲ ဟီးဟီး…

******

All Chapters