← Chapters

အခန်း ၂၅၆

Vol. 26 Ch. 256

အခန်း ၂၅၆

Vol. 26 Ch. 256

256 01

အပိုင်း (၂၅၆) သရဲ

လေ့ကျင့်ရေးစခန်းထဲမှ ထွက်လာပြီးနောက် ရှုရှင်းက ကျန်းရန်ဖင် သုတေသန လုပ်နေသော ဓာတ်ခွဲခန်းထဲသို့ သွားလိုက်သည်။

သူ၏ ဓာတ်ခွဲခန်က ယာယီအားဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ ရှုရှင်းသည် နဂိုကမူ သူ့အတွက် ပညာရှင်ဆန်သော ဓာတ်ခွဲခန်းမျိုးကို ဖန်တီးချင်ခဲ့သည်။ သို့သော် မမျှော်လင့်ထားစွာပင် သူက ငြင်းလေသည်။

သူနှင့် ညီမဖြစ်သူတို့က ရှုရှင်းတို့ထဲမှ ဂရုစိုက်မှုကို လုံလောက်စွာ လက်ခံရရှိထားသည်။ ထို့ကြောင့် သူသည်လည်း သူ၏ တန်ကြေးကို အရင်ဦးဆုံး ပြသချင်နေသည်။

ရှုရှင်း၏ မျက်လုံးက စားပွဲပေါ်တွင် တကွဲတပြားစီ ကျနေသော ကုန်ကြမ်းများနှင့် မြေပြင်မှ ပစ္စည်းများကို ကြည့်လိုက်သည်။

အာ…ငါ နားမလည်နိုင်ဘူး။

သူမသည်လည်း ဘာကြောင့်ရယ်မသိ အလွန်အမင်း လေးစားအားကျစရာကောင်းသည်ဟု ခံစားလိုက်ရသည်။

ကျန်းရန်ဖင်က အလုပ်တွင်သာ နစ်မြုပ်နေကြောင်း မြင်သောအခါ ရှုရှင်းက မနှောက်ယှက်တော့ဘဲ တိတ်တဆိတ် ထွက်လာလိုက်သည်။

ယန်မော့က အဆင့်ခုနှစ်သို့တက်ရန် အချိန်ကြာလောက်သည်။ ထို့ကြောင့် ရှုရှင်းကလည်း စိုးရိမ်စိတ် များမနေတော့ပေ။

တစ်ရက်ပြီးတစ်ရက် ကုန်လွန်လာသည်။ ရှုရှင်းက လုပ်စရာမရှိသည့်အခါ လေ့ကျင့်ရေးခန်းထဲသို့သွားကာ ကလေးများကို ကြည့်သည်။ သို့မဟုတ်လျှင်လည်း တာဝန်ခန်းမသို့ သွားကာ တာဝန်ထွက်လုပ်သော စွမ်းအားရှင်များထံမှ အတင်းအဖျင်းစကားများကို နားထောင်သည်။ သူမ၏ဘဝက အလွန်အမင်း ပီတိဖြာနေစေသည်။

သုံးလခန့်ကြာပြီးနောက် တစ်မနက်ခင်း အစောပိုင်းတွင် အချိန်တန်ကြာအောင် ပိတ်နေသော အခန်းတံခါးက ပွင့်သွားပြီးနောက် ပုံရိပ်တစ်ခုက ထွက်လာသည်။

သူသည် မည်သည့်အသံမှ မထွက်စေဘဲ သတိထားကာ လျှောက်လာပြီးနောက် ဘေးခန်းမှ အိပ်ခန်းတံခါးကို တွန်းဖွင့်လိုက်သည်။

အိပ်ယာပေါ်ရှိ စောင်ပေါ်တွင် ဖျော့တော့သောအလင်းက ဖြာကျနေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် စောင်အောက်မှ ပုံရိပ်ကို မြင်နိုင်သည်။ ယန်မော့သည်လည်း ရှင်းပေါင်က ယခုလို ညသန်းခေါင်အချိန်အထိ နိုးနေသေးပြီး စောင်အောက်တွင် ပုန်းကာ ဖုန်းကြည့်နေမည်ဟု မထင်ထားမိပေ။

ဆိုးတယ် ဆိုးတယ် မလိမ္မာဘူး။

သူက လက်ကို ဆန့်ထုတ်၍ ရှုရှင်းကို ပတ်ထားသော စောင်ကို ဆွဲခွာလိုက်သည်။

“အား…”

“သရဲ”

စောင်ထဲတွင် ဝှက်ပြီး သရဲကားကြည့်နေသော ရှုရှင်းက ရုတ်တရက် သရဲမက အဓိက ဇာတ်လိုက်၏စောင်ကို ဆွဲမလိုက်ကြောင်း မြင်သောအခါ အသက်ရှူပင် အောင့်လိုက်သည်။ ထို့နောက် သူမ၏ စောင်ကလည်း အမခံရပြီး စူးရှသော အော်သံက ထွက်လာသည်။

“အူး….အိပ်ယာပေါ်မှာ အရန်အတားအဆီး ရှိတယ်ဆို… စောင်အောက်မှာသာ ပုန်းနေရင်း ဘာမှ မလုပ်နိုင်ဘူးဆို… ဘယ်က သရဲလဲ။ ဘယ်လိုသရဲလဲ… ဘာလို့ စည်းမျဉ်းကို မနာခံတာလဲ”

ရှုရှင်းက မျက်လုံးကို တင်းတင်းကြပ်ကြပ်မှိတ်ထားသည်။ အသံက တုန်နေ၏။ ကြောက်လန့်မှုဖြင့် ငိုသံလေးပင် ဖြစ်နေသည်။

“ရှင်းပေါင် ငါပါ”

ယန်မော့ကလည်း ကူကယ်ရာမဲ့စွာ သက်ပြင်းချပြီး ကိုယ်ကိုကိုင်း၍ သူမကို ပွေ့ဖက်ကာ ကျောကို ထပ်ခါတလဲလဲ ပုတ်ပေးပြီး ချော့ရသည်။ ထို့နောက် ဘေးဘက်မှ မီးအိမ်ကိုလည်း ဖွင့်လိုက်သည်။

256 02

အိပ်ခန်းက လင်းသွားသည်။ ရှုရှင်းက ရင်းနှီးကျွမ်းဝင်သော ကိုယ်သင်းရနံ့ကို ရသောအခါ မျက်လုံးကို တဖြည်းဖြည်းဖွင့်သည်။ ယန်မော့ကို ကြည့်ပြီးနောက်မှသာ သူ့ကို အသားကုန် အော်သည်။

“ဝူး…ဘာလို့ ထွက်လာတာကို ငါ့ကို ကြိုမပြောလဲ။ ငါ့ကို ခိုးပြီး ခြောက်သေးတယ်။ အရမ်းလွန်တာပဲ”

ယန်မော့က ပြုံးပြီး ရှင်းပြသည်။

“ငါက ဒီအချိန်မှာ မင်း အိပ်နေလောက်မယ်လို့ ထင်လို့ မနှောက်ယှက်ချင်လို့ ဖြည်းဖြည်းလေး ထွက်လာတာလေ။ မနက်ဖြန်မနက် မင်းနိုးမှ အံ့အားသင့်အောင် လုပ်မလို့ဟာကို မမျှော်လင့်ထားဘဲ ရှင်းပေါင်က ငါမရှိနေသေးတဲ့အချိန်မှာ အရမ်းကို တက်ကြွနေတယ်။ ညနက်တဲ့အချိန်အထိ နေပြီး ဖုန်းကြည့်နေတယ်။ ကြည့်ရတာ အရင်တုန်း ငါနဲ့အတူ အိပ်တဲ့အချိန်မှာ အိပ်ချင်ပြီလို့ ပြောတာက လိမ်နေတာထင်တယ်”

ရှုရှင်း : !!!

သွားပြီ သွားပြီ သွားပြီ…

ရှုရှင်းက ဖားယားသလို ပြုံးလိုက်ပြီး သူ၏ အရှိန်အဝါတစ်ခုလုံးက နူးညံ့သွားသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ၊ ငါ သေချာပေါက် မလိမ်ဘူးပေါ့… ငါ သေချာပေါက် အိပ်ချင်တာ ဒီနေ့…ဒီနေ့က မတော်တဆ”

ယန်မော့ “တကယ်လား ငါကတော့ အခု ရှင်းပေါင်က အရမ်းတက်ကြွနေတယ်ထင်တာပဲ”

“ဟား…ငါ အရမ်းအိပ်ချင်နေပြီ အိပ်တော့မယ်”

အမျိုးသား၏မျက်လုံးက အန္တရာယ်များလာကြောင်း မြင်သောအခါ ရှုရှင်းကလည်း ချက်ချင်းဆိုသလို လဲချလိုက်ပြီး သမ်းကာ မျက်လုံးမှိတ်လိုက်ပြီး အမှားကို ဖုံးကွယ်ရန် ကြိုးစားသည်။

လက်စသတ်တော့ လူရဲ့နားကို ပိတ်ပြီး ခေါင်းလောင်းခိုးတာက အလုပ်မဖြစ်ဘူးဘဲ။

X မှ သုံးလနီးပါး ချုပ်ထိန်းထားရသော အမျိုးသား တစ်ယောက်ကို သွားရှုပ်၍ မရပေ။

သို့မဟုတ်ပါက ဓားကို ကိုင်ကာ အထုပ်သိမ်းပြီး အိမ်မှ ထွက်ပြေးသွားနိုင်ချေ များလေသည်။

+++++

All Chapters