အခန်း ၂၅၇
Vol. 26 Ch. 257
257 01
အပိုင်း (၂၅၇) သံသယ
ထိုသို့ဖြင့် ရှုရှင်းသည် သုံးရက်လုံးလုံး အိပ်ယာထဲမှ မထွက်နိုင်ခဲ့ချေ။
သူမသည် အိပ်ယာပေါ်တွင် မှောက်ပင် မမှောက်နိုင်သော ဆားစိမ်ငါးတစ်ကောင်ကဲ့သို့ ပြိုလဲကျကာ အရည်ထွက်နေသည်။ ထို့နောက် ဩရှသော လေသံမျိုးဖြင့် ကျိန်ဆိုသည်။
“ငါ ကျိန်တယ် နောက်ဘယ်တော့မှ ညနက်တဲ့အထိ မနေတော့ဘူး”
ရှုရှင်းကလည်း သူမ၏စကားလုံးထဲတွင် ညဆိုသော စကားလုံးကို အထူးတလည် ရှောင်သည်။
အာ…သူ့ရဲ့ ခါးက တကယ်မရတော့ဘူး။
ယန်မော့က သူမကို ကူညီကာ ကြိမ်းကိုက်နာကျင်နေသော ခါးကို အသာပွတ်ပေးပြီး မျက်ခုံးကို ပင့်ကာ ပြုံးရင်းပြောသည်။
“အင်း အကြံကောင်းပဲ ကြည့်ရတာ ရှင်းပေါင်က နေ့ခင်းကြောင်တောင် ငါနဲ့ X လုပ်ချင်နေတာပဲ။ ခင်ပွန်းကောင်းတစ်ယောက်အနေနဲ့အတတ်နိုင်ဆုံး ဇနီးဖြစ်သူရဲ့ တောင်းဆိုမှုတွေကို ဖြည့်ဆည်းပေးရမှာပေါ့”
ရှုရှင်း : !!!
ရှုရှင်း : ငါမဟုတ်ဘူး ငါ မလုပ်ဘူးနော် ပေါက်ကရတွေ။
ဘယ်လိုဖြစ်ပြီး ဒါကို ဒီလို ဘာသာပြန်လိုက်တာလဲ။
သူမ အရင်က အသုံးမကျခဲ့ဘူးဆိုတာ ဝန်ခံတယ် ဒါပေမဲ့ အခု ပြောင်းလဲသွားပြီလေ။
သူမဟာ သစ်ရွက်အသစ်လေးကို တစ်ချက် လှန်လိုက်ပြီးရုံနဲ့ လူသစ်ဖြစ်သွားပြီ။
ယခုအခါ သူမသည် သန့်စင်သော နှလုံးသားသာ ရှိတော့သည်။ ရက်စက်သော လောကကြီးကိုလည်း မြင်နိုင်သည်။
ရှုရှင်း “ဗုဒ္ဓဘုရား အလို့ရှင် အရောင်တွေ အားလုံးက သန့်ရှင်းတယ်။ လွန်ကဲလွန်းတဲ့ X ကို အလိုလိုက်မှုက ကျန်းမာရေးအတွက်လည်း ဆိုးရွားစေပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဘယ်လို ထိန်းချုပ်ရမလဲဆိုတာကို သိရမယ် ဒါကြောင့် ငါတို့ အနေနဲ့ အနာဂတ်မှာ တစ်ပတ်ကို သုံးကြိမ်လောက်ပဲ X လုပ်ဖို့ အကြံပြုတယ်”
သူမ၏ ခါးကို နှိပ်ပေးနေသော ယန်မော့၏လက်က ရုတ်တရက် အဓိပ္ပာယ်ပြောင်းသွားပြီး ခါးမှ နူးညံ့သော အသားကို ရည်မှန်းချက် ကြီးသော ပုံစံမျိုးဖြင့် အသာဖိညှစ်လာသည်။
ယန်မော့ “ငါက ကျန်းမာရေးကောင်းမကောင်းဆိုတာကို ရှင်းပေါင်က အသိဆုံးမဟုတ်ဘူးလား။ မင်းရဲ့ အကြံပြုချက်က အရမ်းကောင်းတယ်လို့ ငါထင်တယ်။ နောက်တစ်ခေါက် ကြုံရာကျပန်း အကြံပေးချက်တွေတော့ မပေးနဲ့။ အခု ပေးချက်ကိုတော့ ငြင်းပယ်ခံရပါတယ်”
ခါးပေါ်မှလက်ကြီး၏ခြိမ်းခြောက်မှုကို ခံလိုက်ရသော ရှုရှင်းကလည်း တစ်ဖက်သူက သူမ၏ အကြံပြုချက်ကို အာဏာရှင်လေသံဖြင့် ရုတ်သိမ်းသွားကြောင်း ကြားသောအခါ မျက်ရည်အပြည့်နှင့်သာ ကြည့်လိုက်သည်။
ရှုရှင်းက ထပ်ပြီး အိပ်ပျော်သွားပြီးနောက် ယန်မော့က သူ၏ လက်ကောက်ကို သုံးကာ ပုရှန်းဝမ်တို့အား ဒီသုံးလအတောအတွင်း သူ အာရုံစိုက်ရန် လိုအပ်သော ကိစ္စများ ရှိမရှိ မေးမြန်းလိုက်သည်။
ယန်မော့ “ဒီသုံးလ အတောအတွင်းတစ်ခုခုများ ဖြစ်သွားခဲ့သေးလား”
မူချီမိုင် “အရင်လက တစ်စုံတစ်ယောက်က အခြေစိုက်စခန်းမှာ ရိက္ခာတွေကို သွားစုမယ်ဆိုတဲ့ တာဝန်တစ်ခုကို တင်လိုက်တယ်။ အစပိုင်းမှာတော့ ဘယ်သူကမှ အာရုံမစိုက်ဘူး။ ဒါကို သာမာန်တာဝန်လို့ပဲ ထင်တာပေါ့။ အသင်းတစ်သင်းက ဒီတာဝန်ကို ယူတယ်။ မမျှော်လင့်ထားဘဲ နောက်တစ်ပတ်လောက်ကြာပြီးတဲ့နောက်မှာ တစ်ယောက်ပဲ ပြန်လာနိုင်ခဲ့တယ်။ သူကလည်း ပြင်းထန်တဲ့ ဒဏ်ရာရနေတယ်။ လွန်ခဲ့တဲ့ ငါးရက်ကအထိ သတိလစ်နေတုန်း”
“နိုးလာပြီးတဲ့အချိန်မှာ သူ့ရဲ့စိတ်အခြေအနေက အတော်လေးကို ဆိုးနေတယ်။ သူက “ငါတောင်းပန်ပါတယ်” “ပြေး” “အနက်ရောင်ဝတ်စုံနဲ့လူ” နဲ့ “သွေးစတေးခံ” စသဖြင့်ကိုပဲ ဆက်တိုက်ရွတ်နေတာ။ ငါတို့ မေးတဲ့အချိန်မှာ သူ ဘာကိုမှ မပြောနိုင်ဘူး”
ပုရှန်းဝမ် “သူ အခြေစိုက်စခန်းကို ပြန်လာပြီးတဲ့နောက်မှာ လူအများစုက သူ့ရဲ့ ဆိုးဝါးတဲ့ အခြေအနေကို မြင်တယ်။ အဲဒီနောက် တော်တော်များများက အဲဒီကိစ္စကို အာရုံစိုက်နေပြီး ဆွေးနွေးနေကြတယ်”
257 02
ပုယွမ်ကျိုး : “ဘယ်အချိန်က ဖြစ်သွားတာလဲ။ ငါဘာလို့ မသိတာလဲ”
ပုရှန်းဝမ် “မင်းက နေ့တိုင်းလိုလို ဓာတ်ခွဲခန်းထဲမှာပဲ နေနေမှာတော့ ဘယ်လိုလုပ်သိမှာလဲ”
ယန်မော့ “မင်းတို့ ဒီကိစ္စကို ဘယ်လိုထင်လဲ”
“အရမ်းထူးဆန်းတယ်။ မတော်တဆနဲ့ တူတယ်ဆိုပေမယ့်လည်း အသေးစိတ် အခြေအနေကိုတော့ ခွဲခြားလို့ မရဘူး”
“နောက်ပြီး အခြေစိုက်စခန်းရဲ့တာဝန်ခန်းမက တာဝန်တွေ တင်တဲ့အချိန်မှာ မကန့်သတ်ထားဘူးဆိုပေမယ့်လည်း ဆုလာဘ်တွေကို ထုတ်ပေးသမျှ အားလုံးက သဘောကျတာနဲ့ ဒီတာဝန်ကို ယူမှာပဲလေ။ ဒါပေမဲ့ ဒါက တိုက်ဆိုင်လွန်းအားကြီးနေသလိုပဲ။ ဒါ့အပြင် ဒီတစ်ခေါက် ပြန်လာတဲ့သူက တော်တော်လေးကို အခြေအနေ ဆိုးတယ်။ စစ်ဆေးပြီးတဲ့ နောက်မှာ သူက ပြင်းပြင်းထန်ထန် ဒဏ်ရာရနေတယ်ဆိုတာကို ပြသတယ်။ ဒါပေမဲ့ ဒဏ်ရာတွေ အားလုံးက မသေနိုင်လောက်ဘူး။ ရိုးရိုးသားသားပြောရမယ်ဆိုရင် ထွက်သွားတဲ့ ဒီအသင်းနှစ်သင်းကို အခြေခံပြီး ကြည့်ရရင် အခြားသူတွေ ပြန်မလာခဲ့ဘဲနဲ့ မပြန်နိုင်လောက်ဘူးလို့ ဖြစ်နိုင်ချေ ရှိတဲ့သူက အရှင်လတ်လတ် ပြန်လာခဲ့တယ်။ သူက ပြန်လာတဲ့နောက်မှာလည်း ဆက်တိုက်ဆိုသလို တောင်းပန်ရင်းနဲ့ နိုးထလာတယ်။ တစ်ယောက်ယောက်က တောင်းပန်တဲ့အချိန်မှာ စိတ်ရင်းနဲ့ အပြစ်မကင်းစိတ် ရှိရမယ် မဟုတ်လား။ ဒါပေမဲ့ သူကတော့ သူ့ရဲ့အပြန်လမ်းမှာ အခြားသူတွေ ကာပေးထားတာကြောင့် အပြစ်မကင်းစိတ်ဖြစ်နေတာလား။ ဒါမှမဟုတ် လူတိုင်းကို သတ်လိုက်မိလို့ အပြစ်မကင်းစိတ် ဖြစ်တာလားပဲ”
ယန်မော့ “အနက်ရောင် ဝတ်စုံ သွေးစတေးမှုဟုတ်လား”
ယန်မော့က မူချီမိုင်၏ခွဲခြမ်းစိတ်ဖြာမှုကို နားထောင်နေပြီး နောက်တွင် သူ၏ကိုယ်ပိုင် ဆုံးဖြတ်ချက်နှင့်မသိစိတ်ကိုလည်း ယုံကြည်သည်။ ထိုကိစ္စသည် သေချာပေါက် မှားယွင်းနေရပေမည်။
******