အခန်း ၂၅၈
Vol. 26 Ch. 258
258 01
အပိုင်း (၂၅၈) ကျေးဇူးပြုပြီး ဆက်လက် လုပ်ဆောင်ပါ
အနက်ရောင် ဝတ်စုံကမူ သိသာလွန်းသည်။ သူတို့သည် အနက်ရောင်ဝတ်စုံနှင့် ဇွန်ဘီများထဲတွင် တစ်ယောက်ကိုသာ မြင်ခဲ့ဖူးသည်။ သွေးစတေးမှုက ကောင်းသော ကိစ္စမဖြစ်လောက်ချေ။ စတေးခံပွဲမျိုးနှင့် တူလောက်သည်။
နောက်တစ်ရက်တွင် ယန်မော့က ရှုရှင်းကို ခေါ်ကာ အခြေစိုက်စခန်း၏ ကယ်ဆယ်ရေး စင်တာသို့ သွားသည်။ ပုရှန်းဝမ်တို့ကလည်း ထိုနေရာ၏ တံခါးတွင် စောင့်နေကြပြီးသားဖြစ်သည်။
ရှုရှင်းကလည်း ထိုတံခါးတွင် ရောက်သည်အထိ နားမလည်သေးပေ။ သူမသည် မနေ့ကအထိ အိပ်ပျော်နေသည်။ မနက်မှသာ နိုးလာသည်။ နိုးထလာပြီး မနက်စာစားပြီးနောက် အခြေနေကို သေချာမသိရသေးခင် ဒီနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။
ရှုရှင်း “ငါတို့က ဘာလာလုပ်မှာလဲ။ တစ်ယောက်ယောက်များ နေမကောင်းလို့လား”
“အချို့ကိစ္စတွေက ကိုယ်တိုင်လာပြီး အတည်ပြုဖို့ လိုအပ်လို့”
ယန်မော့က သူမ၏ ခေါင်းလေးကို အသာပုတ်လိုက်ပြီး အတွင်းသို့ ခေါ်လာလိုက်သည်။
ရှုရှင်းက ရုတ်တရက် အကြံရလိုက်သည်။
“ငါ ယန်ရှင်းချန်းကို သွားရှာသင့်လား”
ယန်မော့က ခေါင်းညိတ်သည်။
“အင်း ရှင်းပေါင်က ထင်မြင်ချက်များ ရှိလို့လား”
ရှုရှင်း “ငါသူ့ကို ထင်မြင်ချက် နည်းနည်းတော့ ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး ပြန်လာတဲ့အချိန်မှာ ငါက ဂိတ်ဝမှာ ရှိနေတာလေ။ နောက်ပြီး သူ့ရဲ့နာမည်ကလည်း အခြေစိုက်စခန်းမှာ ငါစားနေကျ ဖရဲစေ့တွေထဲမှာ မကြာခဏ ပေါ်လာတာလေ။ သူတို့ ပြောကြတာတော့ ယန်ရှင်းချန်းတို့ အသင်းက ယူသွားတဲ့ တာဝန်ကို ယန်ရှင်းချန်းက တင်ထားတာတဲ့။ ဒါပေမဲ့ မမျှော်လင့်ထားဘဲ ထွက်သွားတဲ့ ဘယ်သူမှ ပြန်မလာနိုင်ခဲ့ဘူး။ ဒါကြောင့် ယန်ရှင်းချန်းက အဲဒီထဲက လူတွေနဲ့ ရန်ငြိုးရှိရမယ်။ တိတ်တဆိတ် နှုတ်ပိတ်ချင်နေတယ်လို့လည်း တွေးကြတယ်လေ”
သူတို့ယခင်က မသိသော သတင်းကို ကြားရသောအခါ သူတို့၏ ခန့်မှန်းချက်များထဲမှ တစ်ခုကို အတည်ပြုနိုင်သွားသည်။
အထူးအခြေအနေမျိုးကြောင့် ယန်ရှင်းချန်းတစ်ယောက်တည်းကသာ အခန်းထဲတွင် ရှိနေသည်။ သို့သော် ယန်မော့က ဒီနေရာသို့ မလာခင်ကတည်းက အိမ်တော်ထိန်း 001 ကို ပြောပြီး ဒီနေရာကို ကြိုတင်ကာ ရှင်းခိုင်းပြီးသား ဖြစ်သည်။ ထို့ကြောင့် မည်သူကမှ မရှိတော့ပါပေ။
ယန်ရှင်းချန်းကလည်း လူနားခန်းတံခါးဖွင့်သံကို ကြားသောအခါ လန့်သွားပုံမျိုးနှင့် ကိုယ်ကို ကျုံ့သွားသည်။ လူစိမ်းများ ဝင်လာကြောင်း မြင်သောအခါ မနေနိုင်ဘဲ တုန်သွားသည်။
ယန်မော့ကလည်း ယန်ရှင်းချန်၏အပြုအမူကို မြင်သည်။ သူ၏ မျက်လုံးထဲတွင် စိတ်ဝင်စားသော အလင်းက လက်သွားသည်။
ပိုပိုပြီး စိတ်ဝင်စားဖို့ကောင်းလာတယ်။
ယန်မော့က ပုရှန်းဝမ်ကို တစ်ချက်ကြည့်သည်။ တစ်ဖက်သူက ဆိုလိုရင်းကို နားလည်သည်။
ပုရှန်းဝမ်က ယန်ရှင်းချန် နံဘေးနားရှိ အဖော်ပြု ကုလားထိုင်တွင် ဝင်ထိုင်ကာပြောသည်။
“ဒီနေ့ ဘယ်လို ခံစားရလဲ အသုံးဝင်တဲ့ အချက်အလက်များ သိရပြီလား”
သူက ယခင်ကတည်းက မေးနေကျ ဖြစ်သည်။ ထို့ကြောင့် ယန်ရှင်းချန်း၏ အခြေအနေနှင့် ရင်းနှီးနေသည်။
“ငါမသိဘူး ငါမသိဘူး ငါတောင်းပန်ပါတယ်။ ငါတောင်းပန်ပါတယ်”
ယန်ရှင်းချန်းက ကိုယ့်ခေါင်းကိုယ် နာကျင်စွာ ဖက်လိုက်ပြီး အိပ်ယာပေါ်တွင် ကွေးနေသည်။ မည်သူကမှ စကားမပြောကြဘဲ သူ၏သရုပ်ဆောင်မှုကိုသာ ကြည့်နေသည်။
258 02
ဆယ်မိနစ်ခန့် ကြာပြီးနောက် …
“လုံလောက်ပြီ ဆက်လက်ပြီး ဟန်ဆောင်နေဖို့ မလိုဘူး”
ပုရှန်းဝမ်က ကုတင်ခြေရင်းကို တစ်ချက် ကန်လိုက်ပြီး စိတ်မရှည်သလို ပြောသည်။
ကုတင်ပေါ်မှ တစ်ခဏခန့် တန့်သွားသည်။ တစ်ဖက်သူက ထိုသို့ ထုတ်ပြောလာမည်ဟုလည်း မထင်ထားပေ။ သူ၏ ရပ်တန့်မှုက သိသာလွန်းသည်။ ရှိနေသာ လူတိုင်းကလည်း ထင်ထင်ရှားရှားမြင်လိုက်သည်။၊
သူဟာ ဆက်ပြီး ဟန်ဆောင်နေ၍ မရတော့ကြောင့် သိသောအခါ ယန်ရှင်းချန်က ကိုယ်ကို ဆန့်ပြီး ထထိုင်သည်။ မျက်နှာထားက အလွန်တည်ငြိမ်နေသည်။
“ဘယ်လိုသိတာလဲ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက မသိပါဘူး”
“မင်းရဲ့သရုပ်ဆောင် စွမ်းရည်က ဒီလောက်ကောင်းတာ။ ဒါပေမဲ့ အချို့ အသေးစိတ် အခြေအနေကို ခြုံကြည့်တယ် ဥပမာအနေနဲ့ ခေါင်းကို ပေါက်မတတ်ကြိမ်းကိုက်နေတယ် မျက်နှာအမူအရာကလည်း ရှုံ့မဲ့နေတာ မှန်တယ်။ ဒါပေမဲ့ မင်းရဲ့နဖူးမှာ ချွေးတစ်စက်တောင် ရှိမနေဘူးလေ”
ယန်ရှင်းချန်း : အာ…ငါသတိမဲ့သွားတာ
ယန်မော့ “မင်းဆက်ပြီး ဟန်မဆောင်ချင်တော့ဘူးဆိုကတည်းက ဘာလို့ ဒီလူတွေကို သတ်လိုက်လဲဆိုတာကို ပြောလို့ ရပြီလား”
ယန်မော့က ရှုရှင်းကို ခေါ်ကာ ဆိုဖာပေါ်တွင် ဝင်ထိုင်စေပြီး မူချီမိုင်နှင့် ပုယွမ်ကျိုးတို့ကလည်း လွတ်နေသော ဘက်တွင် ဝင်ထိုင်သည်။
ယန်ရှင်းချန်းက နှာခေါင်းရှုံ့သည်။ သူ၏မျက်လုံးက ကြောက်စရာကောင်းလောက်အောင် မုန်းတီးမှုများ ပြည့်နှက်နေသည်။
“အိုး…သူတို့က သေသင့်လို့ပေါ့”
အိမ်တော်ထိန်း 001 “သတိပေးချက် သတိပေးချက် အခြေစိုက်စခန်း နေထိုင်သူ ယန်ရှင်းချန်းရဲ့ကိုယ်ထဲမှာ မကောင်းတဲ့အတွေးတွေက ပြည့်နှက်လာပြီး အန္တရာယ်အမှတ်ကို ရောက်တော့မယ်ဆိုတာကို ခံစားမိပါတယ်။ ကျေးဇူးပြုပြီး တာဝန်ခံအနေနဲ့ ချက်ချင်း ဖြေရှင်းပါ”
ရှုရှင်းတို့အားလုံးကလည်း သတိပေးချက်ကို လက်ခံရရှိသည်။
ရှုရှင်း “အင်း သိပြီ အခုလောလောဆည် ခဏပိတ်ထားလိုက်အုံး”
“ကျေးဇူးပြုပြီး ဆက်ပြီး သရုပ်ဆောင်ပါအုံး”
ရှုရှင်းက တစ်ဖက်သူကိုကြည့်ကာ ဆက်ပြီး လှုပ်ရှားရန်အမူအရာ ပြသည်။
******