← Chapters

အခန်း ၂၅၉

Vol. 26 Ch. 259

အခန်း ၂၅၉

Vol. 26 Ch. 259

259 01

အပိုင်း (၂၅၉)

ယန်ရှင်းချန်း၏အဖြစ်အပျက်ကလည်း ဖန်တရာတေ ထပ်နေလေသည်။ ငယ်ရွယ်ကာ အားနည်းသော သူတစ်ယောက်နှင့် လှပသော အစ်မတစ်ယောက်တို့၏ ကမ္ဘာကပ်ဘေးကာလတွင် ရုန်းကန်မှုမျိုးဖြစ်သည်။

သူဟာ အပြင်ထွက်ပြီး စားစရာရှာသောအခါ အသင်းနှစ်သင်းမှ ခေါင်းဆောင်နှစ်ယောက်က ဒီအခြေအနေကို အခွင့်ကောင်းယူခြင်းအားဖြင့် ဖောက်ဝင်လာခဲ့ကြကာ အစ်မဖြစ်သူကို အရှက်ခွဲ အနိုင်ကျင့်ကာ သတ်သွားခဲ့သည်။ အခြားသောသူများကမူ အေးစက်စွာသာ စိုက်ကြည့်နေကြသည်။ ထိုသို့ဖြင့် ဖြစ်ပျက်ခဲ့လေသည်။

သူ ပြန်ရောက်လာချိန်တွင် အစ်မဖြစ်သူသာ ကျန်ရစ်တော့သည်။ သို့သော် အစ်မဖြစ်သူမှာလည်း နောက်ဆုံးထွက်သက်ကို ရှူရှိုက်နေရပြီ ဖြစ်သည်။ သူသည် လက်သည်တရားခံကို စုံစမ်းနေခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သော်လည်း အစ်မဖြစ်သူ၏နောက်ဆုံးဆန္ဒမှာမူ သူ့ကို ကလဲ့စားမချေစေလိုဘဲ ကောင်းမွန်သော ဘဝဖြင့်သာ ရှင်သန်စေလိုခြင်း ဖြစ်သည်။"

ဒါကို သူက ဘယ်လိုဖြစ်ပြီး ရှင်းလင်းတဲ့အသိစိတ်မျိုးနဲ့ နေနိုင်မှာလဲ။

အမဖြစ်သူ၏ အလောင်းကို မြုပ်နှံပြီးနောက် သူ၏ကိုယ်ပိုင်ခြေရာခံကောက်နိုင်သော စွမ်းရည်ကတဆင့် လူသတ်သမားကို အောင်မြင်စွာ ရှာဖွေနိုင်ခဲ့သည်။ ပုံမှန်အားဖြင့် ထိုစွမ်းရည်က ယခင်က အသုံးမကျသောစွမ်းရည်မျိုး ဖြစ်သည်။ သူသည်လည်း ထိုလူများကို မရှင်းနိုင်ကြောင်း နားလည်သည်။ ထို့ကြောင့် သူသည် အနောက်ဖက်သို့ အေးဆေးလိုက်ရင်း အချိန်အဆင်ပြေသောအခါ ထိုအသင်းထဲသို့ ပူးပေါင်းလိုက်သည်။ ထိုသို့ဖြင့် တစ်ဖက်သော သူများကို တစ်သုတ်တည်း ရှင်းလင်းနိုင်မည့် အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့သည်။

တိုက်ဆိုင်သည်လားမသိ အနက်ရောင်ဝတ်စုံနှင့် ဇွန်ဘီတစ်ကောင်က သွေးစတေးခံပွဲကို လုပ်နေသော အခြေအနေမျိုးကို မြင်လိုက်သည်။ တစ်ဖက်သူကလည်း ပုံမှန်ဇွန်ဘီများထက် အလွန်အမင်း အင်အားကြီးကြောင်းလည်း နားလည်လိုက်သည်။

သူ၏စိတ်ထဲတွင် အကြံတစ်ခုက မွေးဖွားလာသည်။ သူသည် ခံစားချက်များကို ချုပ်ထိန်းပြီး အခြေစိုက်စခန်းကို ပြန်လာကာ ပုံမှန်အတိုင်းလိုလို တာဝန်ကို သွားတင်လိုက်သည်။

ထို့နောက် တာဝန်နေရာကိုလည်း ထိုအနက်ရောင်ဝတ်စုံနှင့် ဇွန်ဘီသွေးစတေးခံ လုပ်သောနေရာနှင့် သိပ်မဝေးသောနေရာသို့ ရွေးချယ်လိုက်သည်။ ထို့နောက် သူသည် ထိုအသင်းခေါင်းဆောင်အား ထိုနေရာတွင် သူနှင့် အခြေပြုစွမ်းအားချင်းတူသော ဇွန်ဘီကို ရှာတွေ့ထားကြောင်း ပြောပြလိုက်သည်။ သူသည် ထိုအမြူအတေကိုရလျှင် အဆင့်တက်ရန် လွယ်ကူမည် ဖြစ်သည်။ ထိုသို့ဖြင့် တာဝန်ကို ယူအောင် ဖြားယောင်းလိုက်သည်။

သူသည် ဖြစ်နိုင်ချေကို လောင်းကြေးထပ်ခဲ့ခြင်း ဖြစ်သည်။

အနက်ရောင်ဝတ်စုံနှင့်ဇွန်ဘီက မထွက်သွားသေးသော ဖြစ်နိုင်ချေဖြစ်သည်။ သေချာစွာပင် သူက အောင်မြင်သွားသည်။

သူဟာ မထင်ထားသည့်အချိန်တွင်ပင် အခွင့်ရေးတစ်ခုရှာကာ အပြင်သို့ခိုးထွက်ပြီး အနက်ရောင်ဝတ်စုံနှင့် ဇွန်ဘီကို သူတို့၏အနားယူသော နေရာသို့ မြှားလာခဲ့လိုက်သည်။

သူ၏ ထူးခြားသောစွမ်းရည်ကို မှီခိုခြင်းအားဖြင့် သူသည် အရှိန်အဝါကို လုံးဝဖုံးကွယ်ထားနိုင်သည်။ အနက်ရောင်ဝတ်စုံနှင့်ဇွန်ဘီကလည်း သူ့ကို ရှာမတွေ့ခဲ့ချေ။

အခြားသောသူများက သံသယမဝင်စေရန်အလို့ငှာ အဆင့်နိမ့်ဇွန်ဘီများကို အထူးတလည် သွားရှာလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် ရုပ်ဖျက်ရင်း အမှန်တရားကို ဖုံးကွယ်ကာ ပြန်လာခဲ့သည်။ သို့သော် မမျှော်လင့်ထားဘဲ ရှာတွေ့သွားသေးသည်။

သူ၏အကြောင်းပြချက်က မည်သည့်အရာဖြစ်နေစေကာမူ သူသည် ထိုမကောင်းသော အတွေးက စံချိန်စံညွှန်းကို ကျော်လွန်သွားသည့်အတွက် ဒီနေရာတွင် ဆက်မနေသင့်တော့ပါပေ။

“နင့်ရဲ့ဒဏ်ရာက ပျောက်တော့မှာဆိုတော့ နင့်ရဲ့နေရာကို လူလွှတ်ပြီး ပစ္စည်တွေကို သိမ်းခိုင်းလိုက်မယ်။ အဲဒီနောက် နင် မနက်ဖြန်ပဲ အခြေစိုက်စခန်းကနေ ထွက်သွားတော့”

ရှုရှင်းက အပြင်ဘက်တွင် စောင့်နေသော အိမ်တော်ထိန်း 001အား ယန်ရှင်းချန်းကို မျက်စိတောက်ထောက်ကြည့်ရန် စက်ရုပ်လွှတ်ခိုင်းထားလိုက်သည်။ ထို့နောက် အရင်ထွက်သွားသည်။

259 02

ရှုရှင်းကလည်း သူ၏အတွေ့အကြုံကြောင့် သူ့ကို မညှာတာပေးချေ။ ကမ္ဘာကပ်ဘေးကာလတွင် သနားစရာကောင်းသောလူက များလွန်းသည်။ လူတိုင်းကို လိုက်သနားနေ၍ မဖြစ်ပါပေ။

အခြေစိုက်စခန်းတွင် ကိုယ်ပိုင်စည်းမျဉ်း ရှိရပေမည်။ ချွင်းချက်ထားပေး၍ မရပေ။ သို့သော် ကိုယ့်လူကိုယ်ဆိုလျှင်မူ ချွင်းချက် ဖြစ်သည်။

အကျွင်းမဲ့အခွင့်ထူးခံရှိသောသူများက အာဏာကို ပိုင်ဆိုင်ထားသည့်အချက်အား ငြင်းစရာလည်း မရှိပါပေ။

ယန်မော့တို့ကလည်း ရှုရှင်း၏ဆုံးဖြတ်ချက်ကို ဝင်ရောက်မစွက်ဖက်ကြပေ။ ယန်မော့သည်လည်း ရှုရှင်းက ထိုကဲ့သို့ ဆုံးဖြတ်ချက် ပြတ်သားစွာ ဆုံးဖြတ်နိုင်သည့်အတွက်လည်း ဂုဏ်ယူမိသည်။

လက်ကောက်မှ မှတ်ပုံတင်ကဲ့သို့သော နောက်ခံမျိုးကတဆင့် ရှုရှင်းသည်လည်း အိမ်တော်ထိန်း 001 အား အချို့သော တရားဝင်သတင်းများကို ဖန်တီးရန် အကောင့်တစ်ခုကို ဖွင့်ခိုင်းထားသည်။

အခုတလော ယန်ရှင်းချန်း၏ကိစ္စက လူပြောများနေသည်။ အားလုံးကလည်း အာရုံစိုက်နေကြသည်။

ကိစ္စ၏ အမှန်တရားကမူ ဖုံးကွယ်ထားပြီး ယန်ရှင်းချန်းအစ်မဖြစ်သူ၏ ကိုယ်ရေးကိုယ်တာ အခြေအနေကလွဲ၍ အခြားသော အခြေအနေများကို ထုတ်ပြန်ရေးသားခိုင်းလိုက်သည်။

ထို့အပြင် မလိုလားအပ်သော အခြေအနေများ ဖြစ်မလာစေရန်အလို့ငှာ ယန်မော့သည်။ ပုရှန်ဝမ်အား အနက်ရောင်ဝတ်စုံနှင့် ဇွန်ဘီအကြောင်းကို ဆောင်းပါးတစ်ခုရေး၍ တည်းဖြတ်စေပြီး တင်ခိုင်းလိုက်သည်။

ထိုသို့ဖြင့် အနက်ရောင်ဝတ်စုံနှင့် ဇွန်ဘီကို တွေ့လျှင် သူတို့သည် ဘယ်တော့မှ ရင်မဆိုင်သင့်ဘဲ ထွက်ပြေးသင့်ကြောင်း ပြောလိုက်သည်။

အနက်ရောင်ဝတ်စုံနှင့် ဇွန်ဘီရှိနေသော နေရာကို ယန်ရှင်းချန်းထံမှ သိရှိပြီးနောက် ယန်မော့သည်လည်း သူတို့ဟာ သိပ်မကြာခင်မှာတင် ထိုအကောင်များနှင့် ထိတ်တိုက်ရင်ဆိုင် ရတော့မည်ဟု ခံစားချက်ရလာသည်။

G မြို့၏ စွန့်ပစ်အဆောက်အဦးတစ်ခုတွင် ဇွန်ဘီအမြောက်အများက သပ်သပ်ရပ်ရပ်ဖြင့် ရပ်နေကြသည်။ သူတို့၏ အရှေ့တွင် အနက်ရောင်ဝတ်စုံနှင့် ဇွန်ဘီငါးကောင်ရပ်နေသည်။

******

All Chapters