အခန်း ၂၆၁
Vol. 27 Ch. 261
261 01
အပိုင်း (၂၆၁)
ကိစ္စ၏အတွင်းပိုင်း အခြေအနေကို သိနေသောသူများက အနက်ရောင်ခြုံလွှာနှင့် လူများပါလာကြောင်း ကြားသည်နှင့် မျက်နှာများက ကြည့်မကောင်းတော့ချေ။ ယန်မော့၏ မျက်နှာက အလွန်အမင်း ပျက်ယွင်းနေသည်။
အနက်ရောင်ဝတ်ရုံနှင့် ဇွန်ဘီများက အလွန်အမင်း အင်းအား ကြီးမားလွန်းသောကြောင့်တင် မဟုတ်ချေ။ သူတို့၏ လက်ရှိအင်အားမျိုးကြောင့် အခြားသော သူများနှင့် ပေါင်းစပ်လိုက်သော် အနက်ရောင် ဝတ်ရုံနှင့် ဇွန်ဘီနှစ်ကောင်ကို ရင်ဆိုင်ရန် ပြဿနာမရှိပါပေ။ ပို၍အရေးကြီးသည်မှာ တစ်ဖက်သူ၏အဓိက ရည်ရွယ်ချက်က အခြေစိုက်စခန်းကို တိုက်ခိုက်ရန်မဟုတ်လောက်ချေ။ ယန်မော့၏ မျက်လုံးက နံဘေးမှ ရှင်းပေါင်ဆီသို့ ရောက်သွားပြီး ပူပန်မှုများကို ဖော်ပြသည်။
ရှုရှင်းကလည်း သူ့ကို ကြည့်သည်။ သူ၏ ရင်ထဲမှ စိုးရိမ်ပူပန်မှုကိုလည်း နားလည်သည်။ ရိုးရိုးသားသား ပြောရသော် သူမက သူ၏ နံဘေးနားတွင် ချထားသော လက်ကိုသာ ခပ်တင်းတင်းကိုင်လိုက်ပြီး စိတ်အေးအောင် ဖျောင်းဖျရသည်။
ထိုအဆင့်မြင့်ဇွန်ဘီများက သူမ၏ မည်သည့်အရာကို စိတ်ဝင်စားနေမှန်း နားမလည်နိုင်ပေ။ သို့သော် သိသာစွာပင် သူမထံမှ သူတို့ကို ဆွဲဆောင်နေသော အရာမျိုး မရှိပါပေ။ ရှင်းလင်းစွာပင် မူလဝတ္ထုထဲတွင်လည်း သူမဟာ ဇွန်ဘီများကို ဆွဲဆောင်နိုင်သော ခန္ဓာကိုယ်မျိုး ရှိကြောင်း မဖော်ပြထားပါပေ။
ဖြစ်နိုင်တာက မူလခန္ဓာကိုယ်ပိုင်ရှင်က အသေးစိတ်အခြေအနေမျိုးနဲ့ မိတ်ဆက်မခံရတဲ့ နောက်ခံ ကာရိုက်တာ မဟုတ်တာများလား။
မဟုတ်သေးပါဘူး။
ဇွန်ဘီများကို ဆွဲဆောင်နိုင်သော ခန္ဓာကိုယ်စွမ်းရည်က နောက်ခံကာရိုက်တာမျိုးကို ပိုင်ဆိုင်ထားသော စွမ်းရည်မျိုးလည်း မဟုတ်ပေ။ အနည်းဆုံးအဆုံးသတ်အထိ ရှင်သန်နိုင်သော သူမျိုးတွင်သာ ထိုကဲ့သို့သော စွမ်းရည်မျိုး ပိုင်ဆိုင်သင့်လေသည်။
ကြမ်းကြုတ်ရက်စက်သော ဒုတိယအမျိုးသမီးမှပဲ ဖြစ်နိုင်မှာ။
ဒါပေမဲ့ သူမရဲ့ ခန္ဓာကိုယ်အခြေအနေက ပြဿနာမဟုတ်ဘူးဆိုရင် ပြဿနာက ဘာလဲ။ မူလခန္ဓာကိုယ်ပိုင်ရှင်နဲ့ သူမအကြားမှာ ဘာကကွာခြားနေတာလဲ။
မတူတဲ့နေရာ မတူတဲ့နေရာ…
ရှုရှင်းရဲ့ မျက်လုံးက ရုတ်တရက် တောက်ပသွားသည်။
ဟုတ်တယ် နေရာနဲ့ ကျောက်စိမ်းတံဆိပ်
မူလဝတ္ထုထဲတွင် နေရာလပ် ကျောက်စိမ်းတံဆိပ်က ဇာတ်လိုက်မင်းသမီး၏လက်ထဲသို့ ကျရောက်သွားခဲ့ခြင်း ဖြစ်သည်။ ဒါဟာ ဇာတ်လိုက်မင်းသမီးအား ကမ္ဘာအဆုံးသတ်ကာလတွင် ဆရာကြီးဖြစ်နိုင်စေသော ရွှေလက်ချောင်းဖြစ်သည်။
ထိုကျောက်စိမ်းက သယ်ထားသော ကံကောင်းမှုက အတော်မြင့်လောက်သည်။ ယခုအခါ ထိုကျောက်စိမ်း၏ပိုင်ရှင်က သူမဖြစ်သွားသည်။ ထို့ကြောင့် ကံကောင်းမှုက သူမထံသို့ ရောက်သွားလောက်၏။ သို့သော် ဂရုတစိုက်တွေးတောကြည့်မည် ဆိုလျှင်လည်း အဓိကအမျိုးသား ဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်တို့ကလည်း မကြာခဏဆိုသလို အန္တရာယ်များကို ကြုံတွေ့နေကျ အဆင့်မြင်ဇွန်ဘီများနှင့် တွေ့ကြုံနေရသည့်အချက်လည်း ရှိသေးသည်။ သူတို့၏ ကံကြမ္မာကသာ ထိုအရာများကို ဆွဲဆောင်ခြင်း ဖြစ်လောက်သည်။
ကြည့်ရသည်မှာ ကောင်းမွန်သောကံနှင့်သူများသည်လည်း အဆင့်မြင့် ဇွန်ဘီများထံသို့ ထူးခြားလွန်းသော အကျိုးအမြတ်များကို ပေးစွမ်းနိုင်လောက်သည်။ ထို့ကြောင့် အထူးတလည် သဘောကျခြင်း ဖြစ်ရပေမည်။
ကြည့်ရတာ အရင်တစ်ခေါက်က ပြန်ပေးဆွဲခဲ့တဲ့ တတိယအဆင့် ဇွန်ဘီက နဂိုကတည်းက သူမကို ပစ်မှတ်ထားခဲ့တာ ဖြစ်မယ်။ အစောပိုင်းလှုပ်ရှားမှုတွေက ဟန်ပြပဲနေမှာ။
လမ်းတဝက်နဲ့ ထားခဲ့တယ်ဆိုတာကလည်း သူ့ရဲ့ နဂိုမတွန်းလှန်နိုင်တဲ့ အသွေးအသား ဆာလောင်တဲ့ စိတ်ဆန္ဒကြောင့် ဖြစ်လိမ့်မယ်။ ဒါပေမဲ့ နောက်ပိုင်းတော့လည်း ပြန်လာရှာတာပဲလေ ဟုတ်တယ်မလား။
ရှုရှင်းက ယန်မော့၏ အင်္ကျီလက်ကို ဆွဲလိုက်သောအခါ ယန်မော့က ခေါင်းလှည့်ကြည့်သည်။
“ဘာဖြစ်လို့လဲ”
261 02
ရှုရှင်း အသံကိုတိုးပြီး အနားနားကပ်သွားသည်။
“ငါ ပြောစရာရှိတယ်”
ယန်မော့က ခေါင်းညိတ်သည်။ထို့နောက် သူမနှင့်အတူ တံခါးထဲမှ ထွက်လိုက်သည်။
ယန်မော့အား အနားတွင် အသံလုံသော အကာအကွယ်ကိုခပ်မြန်မြန် ချခိုင်းပြီးနောက် ရှုရှင်းက အစောပိုင်း တွက်ချက်မှုကို ပြန်ပြောပြသည်။
“ရှင်းပေါင်က ဉာဏ်ကောင်းလိုက်တာ။ ငါတို့တောင် မတွေးမိတဲ့အကြောင်းပြချက်ကို ချက်ချင်းတွေးမိတယ်”
ယန်မော့က သူမအား အလိုလိုက်သော စိတ်ဆန္ဒအပြည့်ဖြင့် ကြည့်သည်။
ရှုရှင်း: ကျေးဇူးတင်ပါတယ် ချီးကျူးပေးတာ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ သိပ်မပျော်သလိုပဲ။
ငါနင့်ကို ရှုံးပါတယ် ဟုတ်ပြီလား ဟင့်…
သူမက အလေးအနက်စဉ်းစားရမယ့် ကိစ္စအကြောင်းပြောနေတာကို နည်းနည်းပါးပါး အလေးအနက် ထားပေးလို့မရဘူးလား။
ယန်မော့ကလည်း လက်ကို ဆန့်ထုတ်ကာ တစ်ဖက်သူကို ရင်ခွင်ထဲသို့ဆွဲသွင်းပြီး ပွေ့ဖက်ရင်း ပြောသည်။
“ရှင်းပေါင် မကြောက်နဲ့ငါတို့ အခက်အခဲတွေ အားလုံးကို အတူရင်ဆိုင်မယ်။ မဖြေရှင်းနိုင်တာ မရှိဘူး ဟုတ်ပြီလား”
ရင်းနှီးကျွမ်းဝင်သော အငွေ့အသက်က သူမကို ထွေးပွေ့လာပြီး တစ်ဖက်သူ၏ ရင်းနှီးသော နွေးထွေးသည့် အပူချိန်ကိုရရှိသည့်အခါ စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည့် သူမ၏နှလုံးသားက တည်ငြိမ်သွားသည်။
“အင်း ငါတို့ အမြဲတမ်းအတူတူပဲ ရင်ဆိုင်မယ်”
ရှုရှင်းက အသက်ကို ပြင်းပြင်းရှုသည်။ ကိုယ်ထဲမှ စိတ်ဓာတ်ကျစေသော ခံစားချက်များအားလုံးကို လေဖြင့် မှုတ်ထုတ်လိုက်သည်။
“နောက်ပြီး အဆိုးဆုံးအခြေအနေအရ ငါတို့ အခြေစိုက်စခန်းထဲမှာ ပုန်းနေရုံပေါ့။ အခြေစိုက်စခန်းက ခုခံမှုစွမ်းအား အရမ်းမြင်တဲ့ဟာကို ဘာများ ကြောက်စရာ ရှိမှာလဲ။ ဒီအနက်ရောင်ဝတ်စုံနဲ့ ဇွန်ဘီလောက်ကတော့ ကိုင်တွယ်နိုင်ပါတယ်”
ရှုရှင်းက မျက်နှာသေးသေးလေးကို မော့လိုက်သည်။ သူမ၏မျက်နှာပေါ်တွင် ပုံမှန်အပြုံးက ပြန်ပေါ်လာလေသည်။
ယန်မော့က မနေနိုင်ဘဲ မျက်နှာကို ဆွဲဆိတ်သည်။
“အင်း ဟုတ်တယ်သွားရအော။င် အားလုံးက ငါတို့ ပြန်လာမှာကို စောင့်နေလောက်ပြီ”
ရှုရှင်း “အင်း”
သူတို့နှစ်ယောက်က ဘေးချင်းယှဉ်လျှက် လျှောက်သွားလိုက်သည်။ သူတို့က မည်သည့်အခက်အခဲကို ရင်ဆိုင်ရစေကာမူ သူတို့သာ အတူရှိနေသေးသမျှ ကြောက်စရာ မရှိပါပေ။
******