အခန်း ၂၆၂
Vol. 27 Ch. 262
262 01
အပိုင်း (၂၆၂) ခုခံမှု လှိုင်း
အခြေစိုက်စခန်းတွင် အလွန်အမင်း အင်အားကြီးမားသော အကာအကွယ်လွှာ ရှိနေသည်မှာ မှန်ကန်သည်။ သို့သော် ထိုအကာအကွယ်လွှာကို အသက်သွင်းရန် စွမ်းအင်အများကြီး ကုန်သည်။
အစောပိုင်းအဆင့်တွင် အလကားရသောအခါ အကာအကွယ်လွှာများကို နေ့တိုင်းလိုလို ဖွင့်ထားတတ်သည်။ သို့သော် သူတို့၏လက်ရှိရှိနေသော ဇွန်ဘီအမြူအတေ ပမာဏကြောင့် အကာအကွယ်လွှာက နှစ်နာရီသာလျှင် ထိန်းနိုင်လေသည်။ အရေးပေါ်အခြေမျိုး မဟုတ်လျှင် မဖွင့်တတ်ပေ။ ဒီနေ့ကဲ့သို့ ဇွန်ဘီများ အလုံးအရင်းနှင့် တိုက်ခိုက်သည့် အခြေအနေမျိုးကို ရင်ဆိုင်ရသည့်အခါ အခြေစိုက်စခန်းထဲမှ လူများကလည်း တိုက်ပွဲထဲတွင် ပါဝင်ရန် လိုအပ်သည်။ ထို့ကြောင့် အထူးစွမ်းအားမရှိသော သာမာန်လူများပင် ပါသည်။
ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအားကောင်းသော သူများကလည်း ရှေ့တန်းမှ ဇွန်ဘီများကို သတ်ဖြတ်ရန် လက်နက်ပူများကို ကိုင်ဆောင်ထားနိုင်ပြီး ငယ်ရွယ်သော သူ အိုမင်းသောသူများကမူ ဒုတိယတန်းမှနေ၍ စီမံမှုရေးရာကိစ္စကို တာဝန်ယူပေးရသည်။ ဒီတိုက်ပွဲတွင် ခုခံရေးနှင့်တိုက်ခိုက်ရေး စက်ရုပ်များကိုလည်း အလွန်အမင်း ထိန်းချုပ်နိုင်စွမ်းအား ပြင်းထန်လွန်းသော အဆင့်မြင့်နည်းပညာဖြင့် လုပ်ထားသော လက်နက်များကို ပေးထားလေသည်။
ထို့ကြောင့်အ ခြေစိုက်စခန်းထဲတွင် လူမများသည့်တိုင်အောင် တိုက်ခိုက်ရေးစွမ်းရည်က မနိမ့်ကျပါချေ။
အခြေစိုက်စခန်း၏ နံရံပေါ်တွင် ရပ်နေပြီး ဘေးဘီကို ကြည့်လိုက်သောအခါ နံရံနားတွင် ဇွန်ဘီများ မရေမတွက်နိုင်အောင် ပြည့်နှက်နေကြောင်း မြင်ရသည်။
သူတို့၏ကိုယ်ပိုင်အိမ်ကို ခုခံရန်အလို့ငှာ မည်သူကမှ နောက်မဆုတ်ကြပေ။ တာ့ပိုင်တို့ကလည်း ဒီတစ်ခေါက် အရှေ့ဆုံးတွင် ရပ်နေသည်။ သူ၏ ခန္ဓာကိုယ်က ပုံမှန်အခြေအနေမျိုးကဲ့သို့ နူးညံ့ကာ ချစ်စရာကောင်းမနေချေ။ တစ်ယောက်ချင်းစီတိုင်းက အသေးစား တပ်သားလေးများနှင့် တူသည်။ အေးစက်သော အလင်းများကလည်း သူတို့၏ အလင်းကြားမှ ဖြာထွက်နေ၏။ သူတို့သည် လှုပ်လိုက်သည်နှင့် အေးစက်သော အလင်းများ ထွက်ပေါ်လာလေရာ ကြောက်စရာကောင်းလေသည်။
ရှောင်ပိုင်၏အနောက်ဖက်မှ အတောင်ပံကလည်း ဆန့်တန်းနေသည်။ သူသည် ရှုရှင်းကို လေထဲသို့ သယ်ဆောင်ကာ ခေါ်သွားပြီး သူမအား အောက်ဖက်မှ တိုက်ပွဲအခြေအနေကို သေချာမြင်နိုင်အောင် ပြပေးသည်။ ဒီနည်းအားဖြင့် သူမက လိုအပ်သည့် အကူအညီမျိုးကို တိုက်ရိုက်ပေးနိုင်မည် ဖြစ်သည်။
လေထဲတွင် ရှိနေသည့် နောက်ထပ် အားသာချက်ကမူ အောက်ဖက်မှ လူများက သူမ၏ စွမ်းအားကို သေချာမမြင်နိုင်အောင် ဖြစ်သွားစေခြင်းဖြစ်သည်။ မည်သို့ပင် ဆိုစေ သူမက မျက်နှာကို ထိန်းရအုံးပေမည်။
ထိုဇွန်ဘီအုပ်က နီးသထက် နီးလာသည်။ ဇွန်ဘီ၏ ပထမတစ်သုတ်က အခြေစိုက်စခန်း၏ ငါးကီလိုမီတာအတွင်းသို့ ရောက်ရှိလာသည်နှင့် သူတို့ စီမံထားသော ပထမခုခံရေးအားလှိုင်းထဲသို့ ရောက်ရှိလာသည်။
လေထဲတွင် ပျံလျှက်သား ရှိသော ရှုရှင်းကလည်း အရှေ့ဆုံးတွင် ရပ်နေသော ဇွန်ဘီက ရုတ်တရက် ဆူးချွန်များ ပြည့်နေသော ထောင်ချောက်ထဲသို့ ကျသွားကြောင်း မြင်လိုက်သည်။
အသိစိတ်မရှိသော ဇွန်ဘီများကလည်း ထိုဇွန်ဘီက ထောင်ချောက်ထဲသို့ ကျသွားသည့်အတွက် ရပ်တန့်သွားလိမ့်မည် မဟုတ်ပေ။ အနောက်ဖက်မှ ဇွန်ဘီများကလည်း အရှေ့ဘက်မှ ဇွန်ဘီများထဲသို့ ပြုံအောကာ ဝင်ရောက်လာြကပြီး ထိုဆူးချွန်ထဲသို့ အပုံလိုက် ပြုတ်ကျသွားကာ တုတ်ထိုးသစ်ကြားသီးကဲ့သို့ ဖြစ်သွားသည်။
ဇွန်ဘီအများစုကမူ ထောင်ချောက်ကို မရှောင်နိုင်သည့်တိုင်အောင် ဇွန်ဘီက များလွန်းသည်။ ထို့ကြောင့် အဟကြားနေရာသို့ ကျသွားသော သူများလည်း ရှိသေးသည်။
သူတို့၏ အနောက်မှ အနက်ရောင်ဝတ်စုံနှင့် ဇွန်ဘီနှစ်ကောင်ကလည်း ဇွန်ဘီများကို ရှေ့သို့ ဆက်သွားအောင် အမိန့်ထုတ်ထားသည်။ ထိုဇွန်ဘီအုပ်ကြီးက တဖြည်းဖြည်းချင်း ကပ်လာသည်။
ဒုတိယခုခံရေးအားလှိုင်းကမူ အင်အားကြီးမားသော ဖောက်ခွဲရေးပစ္စည်းများ ထားထားသော နေရာဖြစ်သည်။
262 02
လေထဲမှ ရှုရှင်းကလည်း ဇွန်ဘီများ၏ အခြေအနေကို ပို၍ပင် ရှင်းလင်းစွာ မြင်နိုင်သည်။ ထို့ကြောင့် ထိုဇွန်ဘီအုပ်ကြီး တစ်ခုလုံးက အဓိက နေရာသို့ ရွေ့လာကြောင်း ကြားသည်နှင့် အောက်ဖက်မှ လူကို အမိန့်ထုတ်ပြီး စကားပြောစက်ဖြင့် လှမ်းပြောသည်။
“သုံး…နှစ်…တစ် ဖောက်ခွဲတော့
ဘမ်း….
ဘမ်း…ဘမ်း…ဘမ်း
ပထမတစ်ကြိမ် ပေါက်ကွဲပြီးနောက် အချို့သောခလုတ်ကို ဖွင့်လိုက်သလို ဖြစ်သွားပုံရသည်။ ပေါက်ကွဲသံများက အောင်အောင်မြင်မြင်ထွက်ပေါ်လာပြီး မီးပန်းများ ဖောက်သည်နှင့်ပင် တူသေးတာ တစ်ခုလုံးအနှံ့ ပြည့်နှက်သွားလေသည်။
အနက်ရောင်ဝတ်စုံနှင့် ဇွန်ဘီနှစ်ကောင်ထဲမှ တစ်ကောင်က ကံမကောင်းသောကြောင့် မိုင်းကို တက်နင်းမိသွားသည်။ ဖောက်ခွဲမှုက မသေစေနိုင်သော်လည်း လက်တစ်ဖက် ပြတ်သွားသည်။
အခြားသော သာမာန်ဇွန်ဘီများကလူ အနက်ရောင်ဝတ်ရုံနှင့် ဇွန်ဘီလောက် ကံမကောင်းကြပါပေ။ သူတို့က ပေါက်ကွဲသွားသည်နှင့် ခြေပြတ်လက်ပြတ်များက လွင့်သွားကာ တစစီ ဖြစ်ကုန်သည်။
“ဟူး..ဟူး…ဟူး”
“ဟစ်”
ထိုသို့ဖြင့် ဇွန်ဘီတဝက်ကျော်ကျော်က အသတ်ခံလိုက်ရသည်။
အနက်ရောင်ဝတ်စုံနှင့်ဇွန်ဘီနှစ်ကောင်ကလည်း တော်တော်လေးကို ဒေါသထွက်သွားပြီး အလွန်အမင်းစူးရှုကာ ကြမ်းတမ်းသော အော်သံများကို ထုတ်ကြသည်။
ကျန်သော ဇွန်ဘီများကလည်း ထိုအနက်ရောင်ဝတ်စုံနှင့် ဇွန်ဘီနှစ်ကောင်တို့၏ အမိန့်အောက်တွင် အခြေစိုက်စခန်းသို့ ပို၍ပင် လျှင်မြန်စွာ ကပ်လာကြသည်။ ထိုသို့ဖြင့် နှစ်ဖက်လုံးက ပြင်းထန်သော တိုက်ပွဲကို ဆင်နွဲကြသည်။
တာ့ပိုင်တို့အဖွဲ့ကလည်း ဇွန်ဘီအုပ်ထဲသို့ ပြေးဖောက်ဝင်သွားသည်။ သူတို့က မည်သည့်နေရာကို ဖြတ်သွားဖြတ်သွား ဇွန်ဘီအမြောက်အများက အောက်တွင် ပြားကပ်၍ ကျန်ရစ်သည်။ အဆင့်ငါးအောက်မှ ဇွန်ဘီများဆိုလျှင် အဆင့်နိမ့်လှလွန်းသဖြင့် စိတ်မဝင်စားကြပါပေ။
ယန်မော့၊ ပုရှန်းဝမ်၊ မူချီမိုင်နှင့် လေထဲမှ ရှုရှင်းတို့က ကောင်းကောင်းပူးပေါင်းနိုင်ကြသည်။ သူတို့သည် သူမာန်ဇွန်ဘီများကို လျစ်လျူရှုပြီး အနက်ရောင်ဝတ်စုံနှင့် ဇွန်ဘီနှစ်ကောင်ကိုသာ အာရုံစိုက်သည်။ ပုယွမ်ကျိုးက အခြေစိုက်စခန်းထဲတွင်နေကာ အခြေအနေ တစ်ခုလုံးတာဝန်ယူပေးနေမည် ဖြစ်သည်။
ထိုသို့ဖြင့် အခြေစိုက်စခန်းကြီးကို စတင်တည်ထောင်ပြီးနောက် ပထမဦးဆုံးအစစ်အမှန် ခုခံသည့်တိုက်ပွဲကြီးက စတင်လေသည်။
******