← Chapters

အခန်း ၂၆၃

Vol. 27 Ch. 263

အခန်း ၂၆၃

Vol. 27 Ch. 263

263 01

အပိုင်း (၂၆၃) ရှုံးနိမ့်မှု

အခြားတစ်ဖက် ရှောင်းလုံနှင့် ယဲ့ယီအန်းတို့နေသော မြို့တော် C ကလည်း ဇွန်ဘီကပ်ဘေး၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရချိန်ဖြစ်သည်။

အမျိုးသားနှင့် အမျိုးသမီးဇာတ်လိုက်တို့က အခြေစိုက်စခန်းတစ်ခုတည်းတွင် တည်ရှိနေသည်။ ထို့ကြောင့် သူတို့ ရင်ဆိုင်ရသော ဇွန်ဘီကပ်ဘေးက ရှုရှင်းတို့အဖွဲ့ထက် ပိုများသည်။

အနက်ရောင်ဝတ်စုံနှင့် ဇွန်ဘီသုံးကောင်က ကြီးမားသော ဇွန်ဘီအုပ်ကြီးထဲတွင် ပုန်းနေသည်။ သူတို့ကိုယ်တိုင်က အရင်စပြီး မထွက်လာလျှင် မည်သူကမှ မတွေ့နိုင်လောက်ချေ။

ရှောင်းလုံနှင့် ယဲ့ယီအန်းတို့က ထိုအတွက်ကြောင့် ပြင်းထန်သော ဆုံးရှုံးမှုကို ကြုံရသည်။

ရှုရှင်းတို့အဖွဲ့ကလည်း အနက်ရောင်ဝတ်စုံနှင့် ဇွန်ဘီများက ရှိနေကြောင်းအား အိမ်တော်ထိန်း 001 ကြောင့် ကြိုသိနေခြင်းဖြစ်သည်။

ကံကောင်းသည်မှာ C မြို့အခြေစိုက်စခန်းကလည်း ကမ္ဘာအဆုံးသတ်ကာလမှ အင်အားကြီးသော အခြေစိုက်စခန်းတစ်ခု ဖြစ်နေသည်။ ထို့ကြောင့် လူဦးရေအားဖြင့်လည်း အကောင်းဆုံးအနေအထားမျိုးတွင် တည်ရှိသည်။ လက်နက်များဖြစ်‌စေ အခြားသော ပစ္စည်းများဖြစ်စေ အပြည့်အဝ ပြည့်စုံသည်။ စွမ်းအားရှင် အရေအတွက်ကလည်း အတော်လေးကို မြောက်များသည်။

C မြို့အခြေစိုက်မှလူများသည်လည်း အခုလို ဇွန်ဘီကပ်ဘေးကို ရင်ဆိုင်ရာတွင် အတော်လေးကို အတွေ့အကြုံ များလေသည်။ ထို့ကြောင့် အခြေစိုက်စခန်းက ယခင်ကလည်း ဇွန်ဘီကပ်ဘေးကို ကြုံခဲ့ဖူးလေရာ ကိုင်တွယ်သည့် နည်းလမ်းများကို ကောင်းမွန်စွာ အသုံးပြုနိုင်ကြသည်။

တစ်ချိန်တည်းတွင်ပင် နောက်ထပ် အလယ်အလတ်အရွယ်အစားရှိသော အခြေစိုက်စခန်းတစ်ခုကမူ ဇွန်ဘီကပ်ဘေးအောက်တွင် ပျက်ဆီးသွားခဲ့သည်။ နေရာအနှံ့တွင် သွေးများက ပြန့်နှံ့နေသည်။ ဇွန်ဘီများကလည်း အပြေးအလွှားသွားကာ စားစရာများကို ကောက်ကြသည်။

အခြေစိုက်စခန်း၏ လမ်းပေါ်တွင် ခပ်အေးအေးလမ်းလျှောက်နေသော ဝမ်ကျန်းဖင်က အလောင်းပုံပေါ် တက်နင်းသည်။ သူသည် လမ်းဘေးမှ စွမ်းအားရှင်တစ်ယောက်၏ အလောင်းကို ကြုံသလို ကောက်ယူလိုက်ပြီးနောက် သူ၏လက်ကို တစ်ဖက်သူ၏ ကိုယ်ပေါ်သို့ တင်လိုက်ကာ တစ်ဖက်သူ၏ ခန္ဓာကိုယ်အတွင်းဘက်သို့ ထိုးမွှေလိုက်သည်။ ထိုအချိန်တွင် အစိမ်းရောင်တောက်ပနေသော သလင်းတုံးတစ်လုံး ပါလာသည်။

သူသည်လည်း သွေးများ စိုရွှဲနေသည့်အချက်ကိုပင် ဂရုမစိုက်တော့ဘဲ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်ကာ ဝါးစားပြီး မျိုချပစ်လိုက်သည်။

သူ၏ခန္ဓာကိုယ်မှ စွမ်းအင်များတိုးတက်လာသည့် ခံစားချက်ကို ခံစားမိသည့်အခါ ဝမ်ကျန်းဖင်ကလည်း ထိုအလောင်းကို စိတ်မကျေနပ်သလို အဝေးသို့ လွှင့်ပစ်လိုက်သည်။

“နှေးတယ် တအားနှေးတယ်”

ထို့နောက် သူသည် ဘာကိုတွေးလိုက်မိသည်လည်းမသိ တောင့်တင်းသောအပြုံးက ပေါ်လာသည်။ အနက်ရောင်တွင်းပေါက်ကဲ့သို့ မဲနက်နေသော သူ၏ မျက်လုံးကလည်း ထူးဆန်းစွာ မျှော်လင့်ချက် အလင်းတန်းကို ထုတ်ပြသည်။

ထိုနောက် အပြုံးက ခပ်မြန်မြန် ပျောက်သွားသည်။ ဝမ်ကျန်းဖင်သည် အစောပိုင်း အမူအရာကိုသာ ဆက်လုပ်သည်။ သူသည်လည်း စွမ်းအားရှင်များထံမှ အမြူအတေများကို ထုတ်ကာ စားသည်။ အလောင်းများကို လွှင့်ပစ်သည်။

ကောင်းကင်မှနေက ပေါ်လာသည့်အချိန်တွင် ဝမ်ကျန်းဖင်ကလည်း အနက်ရောင်ဝတ်စုံနှင့် ဇွန်ဘီများက ရိက္ခာများနှင့်အတူ ပြန်လာမည့်အချိန်ကို စောင့်နေသည်။ သို့သော် အစစ်အမှန်အခြေအနေက သူမျှော်လင့်ထားသည့်နှင့် ခြားနားသည်။

အနက်ရောင်ဝတ်စုံနှင့် ဇွန်ဘီငါးကောင်ကို လွှတ်လိုက်သည်။ တစ်ကောင်သာ ပြန်လာသည်။ သို့သော် သူသည် အပြင်းအထန် ဒဏ်ရာရနေသည်။ အခြေအနေက ကျရှုံးသွားသည်။

ကျရှုံးသွားခဲ့ရင် အကြံအစည်ကို ရွှေ့ဖို့ လိုအပ်နေတာလား။

လက်ဗလာနှင့်ပြန်လာ‌သော အနက်ရောင်ဝတ်စုံနှင့်ဇွန်ဘီကို မြင်သောအခါ ဝမ်ကျန်းဖင်၏စိတ်ထဲတွင် ဒေါသများ ပြည့်နှက်လာသည်။ သူသည် လက်ကို မြောက်လိုက်ပြီး အနက်ရောင်ဝတ်စုံနှင့်ဇွန်ဘီကို သတ်ကာ အမြူအတေကို ဝါးမျိုပစ်လိုက်သည်။

263 02

သူက အသုံးမဝင်တဲ့ အမှိုက်ကို မထားတတ်ဘူး။

အနက်ရောင်ဝတ်စုံနှင့်ဇွန်ဘီများကို သူက ဖန်တီးထားခြင်း ဖြစ်သည်။

ကိစ္စမရှိဘူး ဒါက အလုပ်မဖြစ်ရင်လည်း နောက်ထပ် တစ်သုတ်ကို စရုံပေါ့။

ကံဆိုးသည်မှာ သူ၏ခန္ဓာကိုယ်က ယခု ပြီးပြည့်စုံသော အနေအထားမျိုးတွင် မဟုတ်ပေ။ ထို့ကြောင့် သာမာန်လူသားကဲ့သို့ အပြည့်အဝ မပြောင်းလဲနိုင်သေးချေ။ သို့မဟုတ်ပါက သူသည် နဂိုအတိုင်း လှုပ်ရှားမည်ဆိုလျှင် ကမ္ဘာ့အကောင်းဆုံးကံစွမ်းအားများကို ပိုင်ဆိုင်ထားသော ထိုလူသုံးယောက်၏သလင်းအမြူအတေများကို ပိုင်ဆိုင်ပြီးလောက်လေပြီ။

သူ၏နှလုံးသားထဲမှ ကြမ်းတမ်းသော ခံစားချက်ကို ဖိနှိပ်ပြီးနောက် ဝမ်ကျန်းဖင်က တစ်ဖက်သို့ပြန်လှည့်ကာ အမှောင်ထုထဲသို့‌ လျှောက်ဝင်သွားသည်။

အာရုဏ်ဦးအခြေစိုက်စခန်းမှ လူများနှင့် Cမြို့အခြေစိုက်စခန်းမှ လူများကလည်း ဇွန်ဘီကပ်ဘေးကို အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့ပြီး ပျော်ရွှင်မှုကိုပင် အောင်ပွဲခံချိန် မရှိသေးခင် အခြားသော စီရင်စုအသီးသီးမှ သေးငယ်သော အရွယ်အစား သို့မဟုတ် အလယ်အလတ်အရွယ်အစားရှိသော အခြေစိုက်စခန်း တော်တော်များများက ဇွန်ဘီအုပ်များကြောင့် ဖျက်ဆီးခံရကြောင်း သတင်းကို ရလိုက်သည်။

အစောပိုင်းက ဇွန်ဘီကပ်ဘေးကြောင့် ဖျက်ဆီးခံရသည့် အခြေစိုက်စခန်းများ ပျက်စီးရသည်မှာ ဒီတစ်ခေါက်တွင် ရှင်သန်ကျန်ရစ်သူ လုံးဝမရှိခြင်းဖြစ်သည်။

ဝမ်းနည်းစရာကောင်းသောအဖြစ်အပျက်ကလည်း လူအများ၏စိတ်ပိုင်းဆိုင်ရာ ပျက်ဆီးမှုကို သက်ရောက်သည်။

ကိုယ်ပိုင်လူမျိုးတူများ၏သေဆုံးမှုကို ရင်ဆိုင်ရသည့်အခါ သူတို့သည်လည်း ကူကယ်ရာမဲ့သော ဝမ်းနည်းမှုမျိုးကို ခံစားကြရသည်။

******

All Chapters