← Chapters

အခန်း ၂၆၄

Vol. 27 Ch. 264

အခန်း ၂၆၄

Vol. 27 Ch. 264

264 01

အပိုင်း (၂၆၄) စောစောထတာက ရူးတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်ပဲ တွန်းအားပေးရတော့မယ်

အစည်းအဝေးခန်းထဲတွင်…

“အခြေစိုက်စခန်းထဲမှာ လူ146 ယောက်ရှိတယ်။ 56 ယောက်က ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတယ်။ 45 ယောက်သေသွားတယ်။ ခုခံရေးဌာနက စက်ရုပ် 278 ရုပ် ဆုံးရှုံးသွားတယ်။ ကျန်တဲ့စက်ရုပ် အရေအတွက်က 122 ရုပ် သူတို့ကိုလည်း ပြန်ပြင်ရအုံးမယ်။ နောက်ပြီး ထိန်းသိမ်းမှုတွေ လုပ်ရမယ်။ ပစ္စည်းတွေကလည်း ကုန်အုံးမယ်”

ရှုရှင်းက သူမ၏အထူးစွမ်းအားအပြင် ပုရှန်းဝမ်တို့၏ဒဏ်ရာကို ကုသပေးနေရင်း အိမ်တော်ထိန်း 001 ၏ တင်ပြချက်များကို နားထောင်နေသည်။

ဇွန်ဘီကပ်ဘေးတွင် ဇွန်ဘီက များပြားလွန်းသည်။ သူတို့က ပစ္စည်းအပြည့်အဝ တပ်ဆင်ထားလျှင်ပင် လူအရေအတွက်အားဖြင့် အားသာချက်ရှိမနေခဲ့ချေ။ ထိုကဲ့သို့သော များပြားလွန်းသော ဇွန်ဘီအရေအတွက်ကို ရင်ဆိုင်ရသည့်အခါ ဆုံးရှုံးမှုကလည်း သေချာပေါက် ရှိလေသည်။

“အင်း ကုသမှုတွေအတွက် အမြန်ဆုံးစီစဉ်ထားလိုက်တော့… အကောင်းဆုံး ကုသမှုတွေကို မလွဲချော်စေနဲ့။ နောက်ပြီး ကုသစားရိတ်တွေ အားလုံးထဲက တဝက်ပဲထားလိုက် တဝက်ကို ဖျက်လိုက်။ နောက်ပိုင်း ရင်းနှီးမြုပ်နှံတဲ့ ကိစ္စတွေ လျော်ကြေးကိစ္စတွေကိုလည်း စီစဉ်လိုက်ပါ”

ယန်မော့ကလည်း စစ်ပွဲပြီးနောက် ကိစ္စကို တစ်ခုချင်းစီညွှန်ကြားကာ ဖြေရှင်းနေသည်။ ထိုသို့ဖြင့် ဆယ်မိနစ်ပင် ကြာသွားသည်။

စစ်ပွဲပြီးနောက် လုပ်ဆောင်ရမည့် ကိစ္စအများကြီး ရှိနေသည်။ သူတို့အားလုံးကလည်း ဒဏ်ရာများ ရရှိထားလေသည်။ ရှုရှင်းက သူမ၏ သဘာဝလွန်စွမ်းအားကို သုံးကာ ကုသပေးလေရာ သူတို့၏ နေ့စဉ်လုပ်ဆောင်မှုများအတွက် ပြဿနာမရှိတော့ပေ။

ရှုရှင်းကလည်း သူတို့ကို လုံးဝပျောက်အောင် မကုသပေးချင်၍ မဟုတ်ပေ။ သို့သော် အခြေအနေများက ခွင့်မပြုသောကြောင့် ဖြစ်သည်။

အများရှေ့တွင် ဒဏ်ရာရသော အနေအထားမျိုးကို စပြီး ပြသထားရန် လိုအပ်သည်။ လူတိုင်းကလည်း ထိုကိစ္စက မည်မျှလေးနက်မှန်း သိနေသည်။ ယခုတလော သူတို့သည် စစ်ပွဲပြီးနောက် ကိစ္စများကိုလည်း ကိုင်တွယ်နေရသေးသည်။ ထို့ကြောင့် အခြေစိုက်စခန်းအတွင်း‌ ရှေ့ပြန်နောက်ပြန်သွား လာနေရသေးသည်။ ထိုအချိန်တွင် ဒဏ်ရာက ချက်ချင်းသက်သာသွားလျှင် လူအများ၏အာရုံကို ဆွဲဆောင်မိပြီး သံသယဝင်သွားပေလိမ့်မည်။

ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများရှိနေရင်းဖြင့် အလုပ်လုပ်ရသောအခါ အခြေစိုက်စခန်းမှလူများကိုလည်း သူတို့က မည်မျှအထိ ကြိုးစားအားထုတ်ထားကြောင့် မြင်နိုင်စေသည်။

ရှုရှင်းသည် နဂိုကမူ သူတို့၏ဒဏ်ရာများ လုံးဝသက်သာပြီးမှသာ အလုပ်ထွက်လုပ်စေချင်သည်။ သို့သော် သူတို့၏အကြံအစည်ကို သိသည်နှင့် အကြံပေးချက်ကို မြိုချလိုက်သည်။

သူမက အရမ်းတုံးတာ…

ယန်မော့သည်လည်း သူ၏မျက်ဝန်းထောင့်မှတဆင့် သူမ၏ တုံ့ဆိုင်းနေသော ပုံစံလေးကို မြင်သောအခါ မေးသည်။

“ရှင်းပေါင် မင်းပြောချင်တာများ ရှိလို့လား “

ရှုရှင်းက ခေါင်းခါပြီး‌ မေးသည်။

“မရှိပါဘူး။ ငါတို့ ဘာစားကြရင် ကောင်းမလဲလို့”

ယန်မော့ “ငါကတော့ ဘာမဆိုရတယ်။ မင်းတို့တွေ အထူးတလည် စားချင်တာရှိလား”

ပုရှန်းဝမ်တို့ကလည်း ခေါင်းကို ခါကြသည်။ သူတို့သည်လည်း တိုက်ပွဲကြီးတစ်ပွဲကို ကျော်ဖြတ်ပြီးကာစဖြစ်လေရာ အထူးတလည် စားချင်စိတ် မရှိကြပါစေ။ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အင်အားကုန်ခမ်းမှုကလည်း ကောင်းကောင်းသာ အိပ်ချင်စေသည်။

ပြောရမည်ဆိုလျှင် ရှုရှင်းကိုယ်တိုင်ကလည်း စားချင်စိတ် မရှိပါပေ။ ဒီအတိုင်းသာ အကြောင်းပြချက် တစ်ခုခုပေးရန်အလို့ငှာ မေးမြန်းလိုက်ခြင်း ဖြစ်လေသည်။

မည်သူကမှ စိတ်အခြေအနေ ကောင်းမနေကြပေ။ ထို့ကြောင့် ခပ်မြန်မြန်စားပြီးသည်နှင့် အနားယူကြသည်။ ထို့ကြောင့် အာရုဏ်တက်ချိန်အထိ အိပ်သည်။ ရှုရှင်းက နိုးလာသောအခါ ယန်မော့က အခန်းထဲတွင် မရှိတော့ပေ။

264 02

သူတို့သည်လည်း မနေ့ညက ဒဏ်ရာရနေသော သူများကို အတူသွားကြည့်ရန် သဘောတူထားပြီးသား ဖြစ်သည်။ ထို့ကြောင့် ရှုရှင်းက နေ့လည်အထိ အိပ်လိုက်ပြီးနောက် ရုတ်တရက် ထထိုင်သည်။

သူမက ကုတင်ဘေးစားပွဲပေါ်မှ အချက်ပေးနာရီကို ယူကြည့်လိုက်သောအခါ ခြောက်နာရီ ငါးဆယ်ပင် ဖြစ်နေကြောင်း မြင်တွေ့လိုက်ရသည်။ ထို့နောက် အိပ်ယာပေါ်သို့ စိတ်ပျက်အားငယ်စွာ ပြန်လဲလိုက်ပြီး မျက်လုံးကို ပြန်ပိတ်သည်။

သူမက မျက်လုံးကို မှိတ်လိုက်ပြီး မအိပ်နိုင်တော့ပေ။ နည်းနည်းပင် ရူးချင်သလို ခံစားနေရသည်။ သူမသည်လည်း အိပ်ရန် ကြိုးစားသည်။ သို့သော မအိပ်နိုင်တော့ပေ။ ထို့ကြောင့် ကံကြမ္မာကို လက်ခံရန် ကြိုးစားသည်။ သူမ ထကာ ရေချိုးရသည်။ ရှုရှင်းက ဧည့်ခန်းထဲသို့ ဝင်သွားသောအခါ ပုရှန်းဝမ်တို့က သူမကို နှုတ်ဆက်သံကို ကြားရသည်။ ထိုအချိန်တွင် ရှုရှင်းက မတုန့်ပြန်နိုင်တော့ဘဲ မီးဖိုခန်းထဲသို့ သရဲတစ်ကောင်ကဲ့သို့ ဝရုန်းသုန်းကား ဝင်သွားသည်။

ယန်မော့က စားစရာများကို ချကာ ထရပ်သည်။

“သွားရအောင် မနက်စာစားပြီးမှ ဆွေးနွေးမယ်”

ထိုသို့ပြောပြီးသည်နှင့် သူသည်လည်း ရှုရှင်း၏နောက်မှ အသည်းအသန်လိုက်ကာ မီးဖိုခန်းထဲသို့ လိုက်သည်။ ထို့နောက် ထမင်းစားစားပွဲနားမှ ကုလားထိုင်ကို ဆွဲကာ သူမကို ဆွဲချပြီး ထိုင်ခိုင်းရသည်။

“လိမ္မာတယ်ထိုင်နေနော် စောင့်နေ ငါသွားပြင်လိုက်မယ်”

ရှုရှင်းက မနက်စာကို တက်တက်ကြွကြွစားသည်။ ယန်မော့၏မျက်လုံးက သူမထံမှ မခွာချေ။ သူမက ဆန်ပြုတ်သောက်နေရင်း တစ်စုံတစ်ရာ ဖြစ်သွားမည်ကို စိုးရိမ်သည်။

မနက်စာစားပြီးနောက်မှသာ ရှုရှင်းက စတင်ရန်ဆို‌သော ခလုတ်ကို အတင်းအင်အားသုံးပြီး ဖွင့်လိုက်ရသည်။ ထိုအခါ ပုရှန်းဝမ်တို့အားလုံး၏ အံ့အားသင့်နေသော အမူအရာကို မြင်ရပြီးနောက် သူမက တည်ငြိမ်သွားသည်။

ဘာပဲဖြစ်ဖြစ် အိပ်ယာစောစောထတတ်တဲ့ သူတွေက ရူးသွားတတ်တယ်တဲ့။ ကိုယ့်ကိုယ်ကိုယ် တွန်းအားမပေးတာဘဲ ကောင်းတယ်။

******

All Chapters