← Chapters

အခန်း ၂၆၅

Vol. 27 Ch. 265

အခန်း ၂၆၅

Vol. 27 Ch. 265

265 01

အပိုင်း (၂၆၅) ဘယ်လောက်

ထိုနေ့တစ်နေ့လုံး ရှုရှင်းတို့အဖွဲ့က အခြေစိုက်စခန်းများ၏ အမျိုးမျိုးသော‌ နေရာများကိုသွားကာ အမျိုးမျိုးသော အခြေအနေများကို ကိုင်တွယ်ဖြေရှင်းနေရသည်။

ကျန်းရန်ဖင်ကပင် ယန်မော့၏ နောက်မှ တစ်ချိန်လုံးလိုက်ကာ သင်ယူနေလေသည်။ ဒီစစ်ပွဲက သူဖန်တီးထားသော လက်နက်အေးများကို အသုံးပြုသည့်ပထမဦးဆုံးအကြိမ် ဖြစ်သည်။ ရလဒ်ကောင်းများလည်း ရရှိခဲ့လေသည်။

သူ ဖန်တီးထားသော လက်နက်များက အခြားသော လက်နက်များထက် ပိုချွန်သည်။ ပို၍ပင်အကြမ်းခံသည်။ ဇွန်ဘီများ၏ကိုယ်ထဲသို့လည်း အလွယ်တကူ ထိုးဖောက်ဝင်နိုင်ပြီး သူတို့ကိုလည်း ထိခိုက်မှုများ ဖြစ်ပေါ်စေခြင်းအားဖြင့် ဇွန်ဘီများကို သတ်ဖြတ်သည့်အခါ အင်အားလျှော့သုံး၍ ရသည်။ ပို၍ပင် လွယ်ကူလာ၏။ ထိုကဲ့သို့သော အနိုင်မျိုးက တန်ကြေးနည်းနည်းဖြင့် ရရှိခဲ့သည်ဟု ပြောရပေမည်။

အခြေစိုက်စခန်းတွင် ဉာဏ်ကောင်းသော သူများသည် ကျန်းရန်ဖင်ကို မြင်သည်နှင့် သူတို့၏ သူ့အပေါ် အပြုအမူက အများကြီး ပြောင်းသွားသည်။

အတိတ်တွင် သူ့ကိုမြင်သောအခါ နှုတ်ဆက်ကောင်း နှုတ်ဆက်ပေလိမ့်မည်။ သို့သော် ရိုးရှင်းစွာပင် ဒါဟာလည်း အခြေစိုက်စခန်းထဲမှ အင်အားကြီးမားသောသူများနှင့် သူ၏ ဆက်ဆံရေးကြောင့် ဖြစ်ပေလိမ့်မည်။ သူ့ကို ရန်မစချင်ရုံသာ ဖြစ်လောက်သည်။ သို့သော် ယခုအခါ မိတ်ဆက်ချိန်တွင်မူ အားလုံး၏မျက်နှာပေါ်မှ အပြုံးက အများကြီး ရိုးသားလာသည်။

ကျန်းရန်ဖင်က ငယ်သေးသည်။ သို့သော် သူ၏သဘာဝလွန်စွမ်းအားကို အသုံးပြု၍ လက်နက်အေးများကို ထိုကဲ့သို့သော အတိုင်းအတာအထိ ပြောင်းနိုင်နေပြီ ဖြစ်သည်။ ထိုအခြေအနေကတင် သူဟာ အနာဂတ်တွင် မည်မျှအောင်မြင်နိုင်ကြောင်း သိနိုင်သည်။ ထိုကဲ့သို့သော သူမျိုးနှင့် ဆက်ဆံရေးကောင်းအောင် တည်ဆောက်ထားခြင်း မရှိလျှင် အနည်းဆုံး ရန်မစသင့်ပါပေ။

ကျန်းရန်ဖင်ကလည်း အခြားသော သူများ၏ သူ့အပေါ် အပြောင်းလဲကို သတိထားမိသည်။ သို့သော် ထိုလူများ၏ သူ့အပေါ် အပြုအမူက အရေးမကြီးပါပေ။ သူဟာ လက်နက်များကို ဆုံးရှုံးခဲ့ပြီး ညီမဖြစ်သူနှင့် နှစ်ယောက်တည်း ရှင်သန်နေထိုင်သည့် ကာလအတောအတွင်းတွင် လူ့သဘာဝ၏အမှောင်ဘက်ခြမ်း အကြီးတန်သောဘက်ခြမ်းကို မြင်ခဲ့ဖူးပြီးသား ဖြစ်သည်။ သူတို့၏ သူ့အပေါ် အပြောင်းအလဲ ဖြစ်လာသည်မှာ သူ၏တန်ဖိုးကိုမြင်၍ လိုချင်၍ဖြစ်သည်။ သို့သော် သူတို့က သူ့ထံမှ လိုချင်သော တန်ဖိုးကို မြင်ရသည့်အခါ အပြောင်းအလဲက ထပ်ပြောင်းသွားပေလိမ့်မည်။ ထိုကဲ့သို့သော အတုအယောင်ဆက်ဆံရေးမျိုးက အထိမခံဖြစ်လွန်းသည်။ အနည်းငယ် သတိမထားမိရုံဖြင့်ကွဲကြေသွားနိုင်သည်။

တစ်ရက်လုံး အလုပ်များနေခဲ့ပြီးနောက် ရှုရှင်းက ကျန်းရန်ဖင်နှင့် ညီမဖြစ်သူကို ဖိတ်ခေါ်ကာ ညစာအတူစားရန် နေကြသည်။

“အာ…တစ်ရက်လုံး အပြင်မှာ လှုပ်ရှားပြီးတဲ့နောက်မှာ နင့်ကိုယ်မှာ ဒဏ်ရာတွေ ရှိမှာပေါ့ ဟုတ်တယ်မလား အားဖင်…ဘယ်နေရာက မသက်မသာ ဖြစ်နေသေးလဲ”

နောက်ဆုံးအနားယူသွားနိုင်သည့်အခါ ကျန်းရန်ဖင်၏ ပတ်တီးစည်းထားသော ဒဏ်ရာကို တစ်ချက်ကြည့်ရင်း မေးလိုက်သည်။

ကျန်းရန်ဖင်က လက်ကို အေးအေးဆေးဆေးမြောက်ပြသည်။

265 02

“ရပါတယ် ဒီဒဏ်ရာလောက်က သိပ်ပြင်းထန်တာ မဟုတ်ဘူး။ ဆေးနည်းနည်းလောက် လိမ်းလိုက်ရုံနဲ့ သက်သာ သွားလိမ့်မယ်”

“အင်း ပြီးရော… တကယ်လို့ နင် ဆေးကုန်သွားတယ်ဆိုရင်လည်း ဆေးဌာနကို သွားပြီးယူလိုက်အုံးနော်။ နင်က ငယ်သေးတယ်။ ကိုယ့်ကိုယ်ကိုယ် မဖျားစေနဲ့ ဟုတ်ပြီလား”

သူက သူ့အခြေအနေကို ကောင်းကောင်းနားလည်သည့် အနေအထားကို သိလိုက်သည့် ရှုရှင်းကလည်း အများကြီး မပြောတော့ပေ။ ကျန်းရန်ဖင်ကလည်း ခေါင်းညိတ်သည်။

ရှုရှင်းက မည်သည့်အကြောင်းအရာကို တွေးလိုက်မိသည်လည်းမသိ ရုတ်တရက် ထရပ်လိုက်ပြီးနောက် မီးဖိုခန်းထဲသို့ ဝင်သွားသည်။ သူမ၏ခင်ပွန်းဖြစ်သူကပင် ကန်ထုတ်ခံရသည့် ကိစ္စမှ မလွတ်မြောက်သွားခဲ့ပေ။ သူမဟာ မီးဖိုခန်းထဲတွင် တစ်ယောက်တည်းနေပြီး တစ်ခဏခန့်ကြာပြီးနောက် ပျော်ရွှင်စွာ ထွက်လာပြီး အားလုံးကို ညစာစားရန် လာခိုင်းသည်။

လူတိုင်းက ထိုစားပွဲတွင် ဝိုင်းထိုင်လိုက်ပြီးနောက် စားပွဲတဝက်ကျော်ကျော်နီးပါး နေရာယူထားသော အမျိုးမျိုးသော အရသာရှိသည့် ဟင်းပွဲများကို ကြည့်ပြီး ရုတ်တရက် ရပ်တန်းသွားကြသည်။

“ရှင်းပေါင် ဒါက ဘာလဲ”

ယန်မော့က သူ၏တူဖြင့် ကိုင်ထားသောအရာကို ကြည့်ပြီးမည်သို့ စပြီး လှုပ်ရှားရမည်မှန်း မသိတော့ပေ။

“အာ…နင်တို့တွေ မနေ့က ဒဏ်ရာရခဲ့တယ်မဟုတ်လား။ ဆိုတော့ ငါက နင်တို့ကို ကောင်းကောင်း နားစေချင်တာ။ အားလုံးပဲ ကြိုက်သလောက် စားကြပါ”

ရှုရှင်းက ရယ်မောလိုက်ပြီး အားလုံးကို စိတ်အားထက်သန်စွာနှင့် စစားခိုင်းလိုက်သည်။

သူမ၏ မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေသောအကြည့်ဖြင့် ဆုံသည့်အခါ အားလုံးကလည်း မငြင်းနိုင်တော့ဘဲ တူကို ကောက်ကိုင်လိုက်ရသည်။

ပြောရမည်ဆိုလျှင် သူတို့ကို အံ့အားသင့်စေသည် မှာစားပွဲတဝက်ကျော်ကျော်ကို နေရာယူထားသော ဟင်းများကြောင့် မဟုတ်လေဘဲ များပြားလွန်းနေသည့် ပမာဏကြောင့်ဖြစ်သည်။ နဂိုကမူ စားပွဲ၏အခြားတဝက်ခြမ်းက သူတို့၏ ပုံမှန်စားနိုင်သော ပမာဏသာ ပြင်ဆင်နေကျဖြစ်သည်။ နောက်ပိုင်းတွင် ရှုရှင်းကလည်း စားပွဲ၏နောက်ပိုင်း တဝက်ကို ထပ်ထည့်လိုက်သည်။ ဒါဟာ သူတို့အစာအိမ်အတွက် ကောင်းသောသတင်း မဟုတ်ပါပေ။

သူတို့က နောက်ဆုံးတွင် ထွက်သွားကြသည်။ အားလုံးကလည်း သူတို့၏ဗိုက်ကို လက်တစ်ဖက်ဖြင့် ဖိထားကြသည်။ အခြားသောလက်တစ်ဖက်က ခါးကို ကိုင်ထားကြသည်။

ယန်မော့ကလည်း ဗိုက်ပြည့်အင့်လွန်းသဖြင့် အစာကြေဆေးများကိုပင် သောက်ရသည်။

တစ်ဖက်သူကမူ စားသောက်ပြီးနောက် အိပ်ချင်လာကာ ဆိုဖာပေါ်တွင် ပန်ကိတ်လေးကဲ့သို့ ငိုက်မြည်းနေပြီ ဖြစ်သည်။

တစ်ပတ်လုံးလုံး အလုပ်များနေခဲ့ပြီးနောက် ကျန်ရစ်သော ပြဿနာများအားလုံးကိုလည်း ဖြေရှင်း၍ ပြီးသွားလေပြီ။

“ဘယ်လောက်…ငါ့ကို ထပ်ပြောစမ်း။ ခုခံရေးဌာနက ပျက်ဆီးသွားတဲ့ အဲဒီ စက်ရုပ်တွေကိုပြင်ဖို့ ဇွန်ဘီအမြူအတေ ဘယ်လောက်လိုတာ”

ရှုရှင်းကလည်း ကုလားထိုင်ပေါ်မှ ဖြတ်ကနဲဆိုသလို ခုန်ထလိုက်သည်။ အံအားသင့်မှု အပြည့်နှင့်ပင် အော်ဟစ်ကာ မေးသည်။

******

All Chapters