← Chapters

အခန်း ၂၆၆

Vol. 27 Ch. 266

အခန်း ၂၆၆

Vol. 27 Ch. 266

266 01

အပိုင်း (၂၆၆) ရွှေဝါးမျိုခြင်း သားရဲ

“ငါ့ကို ထပ်ပြောပါအုံး ဘယ်လောက်ထိ လိုတာ”

အိမ်တော်ထိန်း 001 “လိုအပ်တဲ့ စွမ်းအင်အမှတ်က 7800 ပါ၊ ဆိုတော့ ဇွန်ဘီအမြူအတေအားဖြင့် သုံးထောင်ကနေ ငါးထောင်ကြားဖြစ်ပါလိမ့်မယ်”

ရှုရှင်းကလည်း သူမ၏မျက်လုံးရှေ့က မဲသွားသလို ခံစားလိုက်ရသည်။ ရွှေစားတဲ့ သားရဲကောင်… ဟမ် အခြေစိုက်စခန်းက ရွှေစားတဲ့ သားရဲကောင်ကြီးပဲ..

ဝူးးးးး အရမ်းဈေးကြီးတယ်…

ယခုအခါမှသာ သူမသည်လည်း အိမ်ဝယ်ရန်အတွက် လူများဟာ ပိုက်ဆံကို မည်မျှအတိုင်းအတာအထိ စုရကြောင်း နားလည်သွားလေသည်။

သူမသည် ပြင်းပြင်းထန်ထန် ကြိုးစားပြီး ပိုက်ဆံနည်းနည်း ရှာနိုင်ခဲ့သည်။ သို့သော် တစ်ပြားတစ်ချပ်ကိုမှ မဖြုန်းရဲပေ။ အိမ်ဝယ်ရန်အတွက် စုရသေးသည်။ တစ်နှစ်လောက် ကြိုးကြိုးစားစား အလုပ်လုပ်ပြီး နောက်ဆုံးတွင် အိမ်ဝယ်နိုင်သော ပမာဏသို့ ရောက်ရှိလာသည်။ သို့သော် အိမ်ဝယ်ပြီးနောက်တွင်လည်း အရှေ့တွင် နဂိုကရှိခဲ့သော ပိုက်ဆံများအားလုံးက နောက်ပိုင်းတွင် အစစ်အမှန်ဖြုန်းတီးမှု ပမာဏကိုပင် မယှဉ်နိုင်ကြောင်း သိလိုက်ရသည်။

အိမ်၏ပြင်ဆင်စားရိတ်၊ ထိန်းသိမ်းစားရိတ်များကို ပေးရသေးသည့်အပြင် နေ့စဉ်အသုံးအဆောင်ပစ္စည်းစာရင်း၊ ထို့အပြင် ရေကြေး၊လျှပ်စစ်မီးကြေး စသည်တို့ကိုလည်း အသုံးပြုရသေးသည်။ ဒါဟာ မမြင်နိုင်လောက်အောင် နက်လွန်းသော တွင်းကြီးနှင့်တူသည်။

ရှုရှင်း၏မျက်လုံးက ခြားနားသွားသည်။

ယန်မော့က သူ၏လက်ကို ဆန့်ထုတ်၍ သူမ၏နုနယ်သော မျက်နှာလေးကို အသာဆိတ်ပြီး နှစ်သိမ့်ပေးရသည်။

“ငါတို့ ဒီတစ်ခေါက် ဇွန်ဘီတစ်သုတ်ကနေ သလင်းအမြူအတေ အများကြီး ရလိုက်တာပဲလေ။ ဆိုတော့ ခုခံရေးဌာနက စက်ရုပ်တွေအားလုံးကို ပြင်ဖို့ ကုန်ကျစားရိတ်ကို လုံလောက်မှာပါ”

ရှုရှင်းက သူ့ကို မျက်နှာသေနှင့်ကြည့်သည်။

“နင် ငါ့ကို နားမလည်ပါဘူး”

ရှုရှင်း “အခြေစိုက်စခန်းမှာ စွမ်းအင်လိုတဲ့ နေရာတွေ အများကြီးပဲ။ ငါတို့ လက်ရှိဝင်ငွေ အရင်းအမြစ်ကနေဆိုရင် ရနိုင်တဲ့ပမာဏက ရေပုံးထဲက ရေစက်ပဲ ဖြစ်နေမှာ။ ငါတို့တွေ ဝင်ငွေကို တိုးအောင် လုပ်ဖို့ နည်းလမ်းရှာရတော့မယ်”

“နင်တို့တွေ နင်တို့ရဲ့စီးပွားရေးအကွက်မြင်စိတ်ကို ထုတ်သုံးပြီး သလင်းအမြူအတေရအောင် ဘယ်လိုရှာရမလဲဆိုတာကို စဉ်းစားကြစမ်းပါ”

ရှုရှင်း၏မျက်လုံးက သူမ၏အနားတွင် ဝိုင်းထိုင်နေသော ကမ္ဘာအဆုံးသတ်ကာလမတိုင်ခင်က အောင်မြင်လွန်းသောလူများကို တစ်ချက်ကြည့်လိုက်ပြီး မျှော်လင့်ချက်အပြည့်နှင့် မေးသည်။

ယန်မော့က ရယ်သည်။

“မစိုးရိမ်ပါနဲ့။ အရင်က ဒီကိစ္စအကြောင်းဆွေးနွေးထားပြီးသား။ အခြေစိုက်စခန်းက တိုက်ခိုက်ရေးအင်အားကို ထောက်ပံ့ပေးနိုင်ဖို့အတွက် နောက်ထပ် လူတစ်ဖွဲ့ကိုခန့်ဖို့ စဉ်းစားထားပြီးသား နောက်ပြီး လိုအပ်တဲ့ ပြင်ဆင်မှုတွေကိုတောင် စနေပြီ”

“???”

“နေပါအုံး”

ရှုရှင်းက စိတ်ရှုပ်သွားသည်။

“နင်တို့ ဒီလောက် အရေးကြီးတဲ့ကိစ္စကို ငါ့ရဲ့ နောက်ကွယ်မှာ ခိုးပြီး ဘယ်အချိန်က ဆွေးနွေးလိုက်တာလဲ။ ဘာလို့ ငါက မသိတာလဲ”

ယန်မော့က သက်ပြင်းချသည်။

266 02

“ရှင်းပေါင် မင်းမေ့နေပြီလား။ အရင်တစ်ခေါက် ငါတို့ ကိစ္စတစ်ခုကို ဆွေးနွေးစရာ ရှိလို့ မင်းကို ခေါ်သေးတယ်လေ။ မင်းက အိပ်ချင်နေလို့ အိပ်ယာထဲက မထတာ မဟုတ်ဘူးလား နောက်ပိုင်း ငါမင်းကို ရလဒ်ပြောပြသေးတယ်လေ”

“…”

ရှုရှင်း၏ဦးနှောက်က လျှင်မြန်စွာ အလုပ်လုပ်သည်။ တစ်ပတ်ပြီးတစ်ပတ် လည်ထွက်မတတ် အလုပ်လုပ်ပြီးနောက် နောက်ဆုံးတွင် တစ်ကွဲတပြားစီ ဖြစ်နေသော ဝေဝါးလွန်းသော မှတ်ဉာဏ်တချို့ကို သတိရလိုက်သည်။

ကြည့်ရတာ…ဟုတ်နေသလိုလို…

“ဆိုတော့ ဘာနည်းလမ်းရလဲ”

ရှုရှင်းက အနားသို့ ကပ်လာပြီးနောက် တက်တက်ကြွကြွမေးသည်။

“ငါတို့က အခြေစိုက်စခန်းထဲမှာ အထူးအလဲအလှယ်ဌာနကို ဖွင့်ဖို့ စီစဉ်နေတယ်။ အဲဒီနေရာက ဘယ်နေရာကလာလာ ဒီအခြေစိုက်စခန်းထဲက ဖြတ်သွားဖြတ်လာတွေအတွက် အနားယူလို့လည်း ရတယ်။ နောက်ပြီး တာဝန်လာလုပ်ချင်လည်း လုပ်လို့ရတယ်။ လဲလှယ်ချင်တာကိုလည်း လဲလှယ်လို့ရတဲ့ နေရာမျိုးပေါ့”

“တစ်ဖက်မှာပေါ့ ပါရမီရှင်တွေကို ဆွဲဆောင်ဖို့၊ အခြားတစ်ဖက်မှာတော့ အခြေစိုက်စခန်းရဲ့ ဝင်ငွေကို တိုးအောင်လုပ်ဖို့၊ နောက်ထပ် တတိယအချက်အနေနဲ့ အပြင်လောကက သတင်းအချက်အလက်တွေကိုလည်း ရဖို့ နှစ်ဖက်လုံး အနိုင်ရတဲ့အခြေအနေပဲ”

ရှုရှင်းက ခေါင်းညိတ်သည်။

“အကြံကောင်းပဲ”

သေချာရမည်မှာ ထိုသို့အလဲအလှယ်ဌာနကတဆင့် ရနိုင်သောအကျိုးအမြတ်က နည်းနည်း ပိုပေလိမ့်မည်။ သို့သော် မှောင်ခိုဈေးကွက်ထက်မူ ပိုနည်းနိုင်၏။

“ဒါပေမဲ့ အခြေစိုက်စခန်းထဲကို လူတွေကို စိတ်ကြိုက်ဝင်ထွက်ခွင့် ပြုလို့လား”

ရှုရှင်းက မော့ကြည့်သည်။

ယန်မော့က သူမ၏နဖူးလေးကို အသာခေါက်သည်။ ထို့နောက် ကူကယ်ရာမဲ့သလို ပြောသည်။

“မင်း အခြေစိုက်စခန်းရဲ့ စည်းမျဉ်းတွေကို သေချာမဖတ်ထားဘူးလား”

အိမ်တော်ထိန်း 001 ကလည်း အချိန်ကိုက်ရှေ့ထွက်ပြီး မေးခွန်းကို ကိုယ်စားဖြေပေးသည်။

“အခြေစိုက်စခန်း အသုံးပြုပုံ စည်းမျဉ်းဆောင်းပါး 178 ပိုဒ် မြောက်…လိုအပ်တယ်ဆိုရင် အခြေစိုက်စခန်းရဲ့အပြင်ဘက်ပိုင်းနေရာကို အများအတွက် ဖွင့်လှစ်ပေးနိုင်ပါတယ်။ ဖွင့်ပြီးတဲ့ နောက်မှာလည်း အဲဒီနယ်မြေက အဆောက်အဦးတွေအားလုံးက ဒီလောကက သာမာန်အဆောက်အဦးတွေ ပုံစံအတိုင်း ဖြစ်နေမှာပါ။ ထိန်းသိမ်းရေး စက်ရုပ်ကလွဲပြီး အပြင်ဘက်ခြမ်းက အခြားစက်ရုပ်ကလည်း အနိမ့်ဆုံးအဆင့်က သာမာန်စက်ရုပ်တွေ ဖြစ်နေမှာ ဖြစ်လို့ ဒီလက်ရှိလောကက သာမာန်အဆင့်ကို ကျော်လွန်နေမှာ မဟုတ်ပါဘူး”

အိမ်တော်ထိန်း 001 အခြေအနေကို ကွက်တိပြန်ပြောရန် မလိုအပ်ပေ။ သူဟာ ထိုသို့ပြောပြီးရုံနှင့် အခြေစိုက်စခန်း၏ အကြမ်းဖျင်းအစီအစဉ်ကို ထုတ်ပြကာ အပြင်ဘက်ခြမ်းနေရာတွင် ပြောင်းလဲနိုင်သော အစိတ်ပိုင်းအများ အားလုံးကို ထုတ်ပြခြင်းအားဖြင့် နားထောင်နေသူများအားလုံးကို ပို၍ပင် နားလည်လာစေသည်။

“ပြင်ပနယ်မြေကို ဖွင့်လှစ်ပြီးသွားတဲ့အချိန်မှာ အခြေစိုက်စခန်းရဲ့ သက်သေခံလက်ပတ်မရှိတဲ့သူတွေက အတွင်းဘက်ခြမ်းကို ဝင်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ပိုင်ရှင်အနေနဲ့ အခြေစိုက်စခန်းထဲက လျှို့ဝှက်ချက်တွေ ပေါက်ကြားသွားမှာကို စိုးရိမ်ဖိုမလိုပါဘူး”

“ဆိုတော့ ငါတို့ ဘယ်အချိန်စကြမှာလဲ”

******

All Chapters