← Chapters

အခန်း ၂၆၇

Vol. 27 Ch. 267

အခန်း ၂၆၇

Vol. 27 Ch. 267

267 01

အပိုင်း (၂၆၇) မြန်မြန်လာ

“ငါတို့ ဒီအလဲအလှယ်ဌာနကို ဘယ်တော့စမှာလဲ”

ရှုရှင်း၏မျက်လုံးက စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။

ယန်မော့ “ဒီကိစ္စက အလျှင်စလို လုပ်လို့မရဘူး။ ပထမဦးဆုံးအနေနဲ့ ဒီတစ်ခေါက် အခြေစိုက်စခန်းထဲမှာ လူအမြောက်အများ သေသွားတယ်။ ဆိုတော့ ငါတို့ လတ်ဆတ်တဲ့သွေးတွေကို အရင်စုပ်ယူရအုံးမယ်။ အဲဒီလိုမှ မဟုတ်ရင် အင်အား မလုံလောက်ဘူး။ ဒုတိယအချက်အနေနဲ့ ငါတို့ကလည်း အခြေစိုက်စခန်းထဲက လူ ဘယ်လောက်များများက အပြင်ဘက်မှာ ဆိုင်တွေ ဖွင့်ချင်ကြလဲဆိုတဲ့အချက်ကို စာရင်းကောက်၊ အချက်အလက် စုဆောင်းပြီး သူတို့ကို လုံလောက်တဲ့ ပြင်ဆင်ချိန်ပေးရမယ်။ ဒါတွေအပြင် ငါတို့အနေနဲ့ နာမည်ကျော်ကြားအောင် ဖြန့်ဖို့ ဝယ်သူတွေကို ဆွဲဆောင်ဖို့ အချိန်လိုသေးတယ်”

ရှုရှင်းက နားလည်မှုအပြည့်နှင့် ခေါင်းညိတ်သည်။ ယန်မော့က စိတ်ထဲတွင် အကြံရှိထားပြီးကြောင်း သိနေသောအခါ သူမသည်လည်း စိတ်အေးသွားပြီး ဘာကိုမှ မပြောတော့ပေ။

အာရုဏ်ဦးအခြေစိုက်စခန်းမှ အလဲအလှယ်ဌာနကို တည်ဆောက်ရန် တစ်နှစ်နီးပါး ကြာသွားပြီ ဖြစ်သည်။ ဒါဟာ မကြီးလွန်းမသေးလွန်းသော အနေအထားမျိုးဖြစ်သည်။ သို့သော် ဖြတ်သွားဖြတ်လာများအနေဖြင့် အထောက်အပံ့များကို လဲလှယ်နိုင်သည်။ အားဖြည့်နိုင်လေသည်။

ထိုအလဲအလှယ်ဌာနကို တည်ထောင်သည့်ကမ်းလှမ်းချက်ကို စတင်ပြီး တင်ပြသောအခါ အခြေစိုက်စခန်းထဲမှ လူများ၏ခံစားချက်များက အမျိုးမျိုးဖြစ်သည်။ အမျိုးမျိုး တုန့်ပြန်ကြသည်။ အချို့ကမူ သဘောကျကြသည်။ အချို့က တွန်းလှန်သည်။ အချို့ကမူ ပုံမှန်သာဖြစ်သည်။

လုံလောက်သော သလင်းအမြူအတေကို ပိုင်ဆိုင်ထားသော အချို့သော စွမ်းအားရှင်များသည် အပြင်ဘက်နယ်မြေတွင် ပစ္စည်းအချို့ကို ရောင်းချရန်အတွက် ဆိုင်ဖွင့်ရန် ရင်းနှီးမြုပ်နှံရဲကြသည်။ အချို့သောစွမ်းအားရှင်များကမူ အခြေစိုက်စခန်း၏ တရားဝင်ဆိုင်များတွင် အလုပ်လုပ်ရန် ရွေးချယ်ချင်၏။ အစောပိုင်းကာလတွင် အာရုဏ်ဦးအခြေစိုက်စခန်းကြီးကလည်း ဇွန်ဘီကပ်ဘေးကို အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့ပြီး T မြို့၏ အခြေစိုက်စခန်းဟောင်းကြီးတစ်ခုကို အောင်မြင်စွာ ချေမှုန်းနိုင်ခဲ့သည်။

T မြို့တွင်းမှ အာရုဏ်ဦးအခြေစိုက်စခန်း၏ဂုဏ်သတင်းက ဆက်တိုက်ဆိုသလို ထိုးတက်လာသည်။ ထို့ကြောင့် တစ်မြို့လုံးတွင် မင်းမူနိုင်သော အဆင့်ဟု ပြောရပေမည်။ ထိုသို့ဖြင့် အာရုဏ်ဦးအသင်း အခြေစိုက်စခန်းမှ အလဲအလှယ်ကဏ္ဍကို ဖွင့်လိုက်သည်နှင့် စိတ်စွမ်းအားပညာရှင်ပေါင်းများစွာ၊ အသင်းပေါင်းများစွာက ရွေ့လာကြသည်။

ထိုနေရာတွင် မည်သူက ယာယီအခြေချချင်ကြသည်။ မည်သူက ရိက္ခာစုချင်ကြသည်ဆိုသော အရေအတွက်က မည်မျှရှိကြောင်း ဂရုစိုက်ရန် မလိုအပ်ချေ။ သူတို့ဟာ အာရုဏ်ဦးအခြေစိုက်စခန်းက အခြေအနေကို လာရောက်စုံစမ်းချိန်ဖြစ်စေ အခြားသော အကြောင်းပြချက်ကြောင့်ဖြစ်စေ လာနိုင်သည်။ ရောက်ပြီးသည်နှင့် သူတို့ကို အလကားကြော်ငြာပေးသည်နှင့် တူသွားသည်။

မည်သို့ပင်ဆိုစေ အဆုံးသတ်ကာလက ယခင်ကကဲ့သို့ မဟုတ်ချေ။ သတင်းအချက်အလက်ပြန့်သော နည်းလမ်းမျိုးကလည်း ရှေးအကျဆုံးနည်းလမ်းမျိုး ဖြစ်သည်။ လူအများအပေါ် မူတည်သည်။

အလဲအလှယ်ဌာနတွင် ရောင်းသော စားစရာများအားလုံးက သူတို့အပြင်ဘက်တွင် ဇွန်ဘီများကို သတ်ဖြတ်စုဆောင်းထားသော အရာများဖြစ်သည်။ သူတို့၏ နေရာလပ်နယ်မြေမှ စားစရာများက အပြင်ဘက်မှ လူများကို ရောင်းချရန် မသင့်လျော်ပါပေ။

စားစရာ၏အရည်အသွေးကလည်း ကောင်းမွန်လွန်းသဖြင့် ကမ္ဘာကပ်ဘေးကာလမှ ဖျက်ဆီးခံလိုက်ရသော အနေအထားမျိုးနှင့်ပင် မတူညီပေ။ အဓိက အခြေစိုက်စခန်းများ အနေဖြင့် ထိုကဲ့သို့ စားစရာများ ရှိလောက်သော်လည်း လူအနည်းစုက ထိန်းချုပ်ထားပြီးသားဖြစ်သည်။ ထို့ကြောင့် လူတိုင်း မရနိုင်ပါပေ။

ရိက္ခာများက ထိုးကျလာသည်နှင့်အမျှ စွမ်းအားရှိသော လူအများစုကမူ ဘီစကစ်များကိုသာ တတ်နိုင်တော့သည်။ သို့မဟုတ်လျှင်လည်း အသင့်စားခေါက်ဆွဲစသဖြင့် အခြားသော အသင့်စားများသာ ကျန်တော့သည်။ အသားသံဗူးနှင့် စွမ်းအင်ပါသော အရာမျိုးကပင် ဈေးကြီးပေးသော စားစရာမျိုးဖြစ်သည်။ သာမာန်လူများဆိုလျှင် ပို၍ဆိုးသေးသည်။ သူတို့၏ဝင်ငွေက အကန့်အသတ်နှင့်ဖြစ်သည်။ ထို့ကြောင့် သူတို့တတ်နိုင်သည်မှာ ဈေးပေါသော စားစရာသာဖြစ်သည်။ အစိုးရထုတ်ပေးထားသော အရာမျိုးကိုသာ မငတ်ရုံ မနည်းစားနေရသည်။

267 02

ထိုသို့ဖြင့် အလဲအလှယ်ဌာန၏တရားဝင်အခြေစိုက်စခန်းမှ ထုတ်ထားသော စားစရာများကို မရောင်းချပါပေ။ ပထမဦးဆုံးအနေဖြင့် ခရီးဝေးသွားကာ တာဝန်လုပ်ဆောင်သောသူများကလည်း သဘာဝကျကျပင် အင်အားကြီးမားသော အသင်းများဖြစ်သည်။ ထို့‌ကြောင့် ဘီစကစ်နှင့် အသင်းစားခေါက်ဆွဲကဲ့သို့သော စားစရာများကို တတ်နိုင်ကြသည့် ငွေကြေးအင်အားတောင့်တင်းသော သူများဖြစ်ကြသည်။ ဒုတိယအချက်အနေဖြင့် သူတို့သည်လည်း အစိုးရအခြေစိုက်စခန်းတွင် အချိန်တစ်ခုအတောအတွင်း အဆက်အသွယ် မလုပ်ချင်သေးပေ။

ထိုသို့ဖြင့် ပထမတစ်သုတ်ကို ဖွင့်လှစ်လိုက်ပြီး ရရှိလာခဲ့ချိန်တွင်မူ ထိုအလဲအလှယ်ဌာနက မည်သို့မည်ပုံရှိသည်ဆိုသောသတင်းက လျှင်မြန်စွာ ပြန့်နှံ့သွားခဲ့သည်။ သဘာဝလွန်စွမ်းအားပညာရှင်အသင်းအများစုကလည်း တာဝန်လုပ်နေရင်း လာရောက်ကြသည်။ ရှုရှင်းသည် သူမ၏အကောင့်ထဲတွင် တိုးပွားလာသော ပမာဏကို မြင်သောအခါ ပါးစပ်က နားရွှက်ချိတ်မတတ် ပြုံးရယ်နေသည်။ သီချင်းကိုပင် ငြီးနေတတ်သည်။ ထိုသို့ဖြင့် သူမက အကောင့်ထဲမှ သုညများကို ရေတွက်တော့မည့်အချိန်တွင်ပင် လက်ကောက်ဝတ်မှ လက်ပတ်က မြည်သည်။

ရှုရှင်းက ယန်မော့ ပို့လာသော စာကို ကလစ်နှိပ်ကာ ကြည့်သည်။

“ယွမ်ကျိုးက စမ်းသပ်နယ်မြေရဲ့ပထမတစ်ပိုင်းကို ဖွင့်နိုင်လောက်မယ့် သုတေသန ရလဒ်တစ်ခုကို အောင်အောင်မြင်မြင်နဲ့ စမ်းသပ်ထုတ်ဖော်ပြီးသွားပြီ။ မြန်မြန် လာကြည့်ကြတော့”

******

All Chapters