အခန်း ၂၆၈
Vol. 27 Ch. 268
268 01
အပိုင်း (၂၆၈) အံ့အားသင့်စရာရလဒ်
“လာပြီ လာပြီ”
ရှုရှင်းကလည်း လူမရောက်ခင်ကတည်းက အသံက အရင်ရောက်လာသည်။
“ဘာလဲ ဘာလဲ ဘယ်မှာလဲ။ ယွမ်ကျိုးရဲ့ ရလဒ်က ဘယ်မှာလဲ”
ရှုရှင်းက ကားထဲမှ အပြေးအလွှား ခုန်ဆင်းလာပြီးနောက် သေချာပင် ကောင်းအောင် မရပ်နိုင်သေးခင် ဘေးဘီကို လျှောက်ကြည့်သည်။
ယန်မော့က သူမကို လက်ဖြင့် လှမ်းဆွဲပြီး ယမ်းခါနေသောကိုယ်ကို ထိန်းရသည်။
“ရှင်းပေါင် သတိထားလေ။ ဘာလို့ ဒီလောက်ထိ အလျှင်လိုနေတာလဲ။ ပစ္စည်းက ထွက်ပြေးမှာမှ မဟုတ်တာ”
ရှုရှင်းက နည်းနည်း စိုးရိမ်စိတ်များနေမှန်း သိသည်။ ထို့ကြောင့် ရယ်လိုက်ရင်းပြောသည်။
“ငါလား ဘယ်မှာလဲ။ ပစ္စည်းက ဘယ်မှာလဲ”
“လာ…လာ…လာ သူတို့ အားလုံး စောင့်နေကြတာ”
ယန်မော့က သူမ၏လက်ကို ဆွဲပြီး ဓာတ်ခွဲခန်း၏ အနောက်ဖက် မြေကွက်လပ် ကွင်းပြင်သို့သွားသည်။
“ဟင် ဒါက”
အပြုံလိုက်ပေါက်နေသော အဝါရင်ရောင်အပင်များ၏ အရှေ့တွင် လူသုံးယောက်က ခေါင်းချင်းဆိုင်း စုဝေးနေကြပြီး တစ်စုံတစ်ရာကို စိတ်ဝင်တစား ဆွေးနွေးနေကြ၏။ ရှုရှင်း၏အသံကို ကြားသောအခါ သူတို့က လှည့်ကြည့်သည်။
ရုတ်တရက် အာရုံစိုက်ခံရသူ : “ဘာလဲ ဘာလဲ ဘာလို့ ကြည့်တာလဲ”
ရှုရှင်းက အကြည့်ခံရသဖြင့် နည်းနည်းအာရုံများသွားသည်။
“မြန်မြန် မြန်မြန် မရီး မြန်မြန်လာ မင်းနောက်ဆုံးတော့ ရောက်လာပြီပေါ့။ ဒီအပင်ကို စနစ်ဆီကို တင်ပြလိုက်ပြီး ယွမ်ကျိုးရဲ့သုတေသန ရလဒ်က အလုံးအရင်းနဲ့ စိုက်ပျိုးလို့ရမရ ကြည့်ရအောင်”
ပုရှန်းဝမ်ကလည်း ပုယွမ်ကျိုး၏ရလဒ်ကို အများကြီး စိတ်လှုပ်ရှားနေပုံရသည်။
“ယွမ်ကျိုးရဲ့သုတေသန ရလဒ်က ဒါလား။ ငါ သေချာကြည့်လိုက်ပါအုံးမယ်”
ရှုရှင်းက ပုယွမ်ကျိုး၏အနားသို့ လျှောက်သွားပြီးနောက် လက်ထဲမှအပင်ကို ဂရုတစိုက် ကြည့်သည်။
“အင်း အပင်ကတော့ မသိတဲ့အပင်ပဲ”
ယန်မော့ “ရှင်းပေါင် အရင်တင်သွင်းလိုက်ပါ”
ရှုရှင်းကလည်း သူမ၏လက်ရှိခံစားချက်က သူတို့နှင့် မခြားနားမှန်း ခံစားမိလိုက်သည်။ ထို့ကြောင့် အသက်ကို ပြင်းပြင်းရှုပြီးသည်နှင့် ယွမ်ကျိုး၏လက်ထဲမှ နမူနာပုံစံကို ယူကာ သူမ၏ စိတ်ထဲတွင် ပေါ်လာသည့် သင့်လျှော်သော စာမျက်နှာကို ကလစ်တစ်ချက် နှိပ်ကာ လှန်လိုက်ပြီးနောက် တင်ကာ တင်သွင်းလိုက်သည်။
အဖြူရောင်အလင်းက တစ်ချက်လက်သွားသည်။ နဂိုက သူမ၏လက်ထဲတွင် ကိုင်ထားသော အသင်းက ရုတ်တရက် ပြောင်းသွား၏။ စနစ်၏ ဗလာဖန်သားပြင်ပေါ်တွင် ထိုအပင်ပုံလေးက ပေါ်လာသည်။
အိမ်တော်ထိန်း 001; စနစ်က scan ဖတ်ပြီး စစ်ဆေးနေပါတယ်။ ကျေးဇူးပြုပြီးစောင့်ပါ။
ရှုရှင်းက အသက်အောင့်ထားသည်။ ဖန်သားပြင်ကိုသာ စိုက်ကြည့်နေပြီး ရလဒ်ကို စောင့်သည်။
အပင်နမူနာပုံစံကို scan ဖတ်…ဖတ်…ဖတ်….
အပင်ရဲ့လုပ်ဆောင်နိုင်စွမ်းအားတွေကို scan ဖတ်…
ရလဒ်တွေကို ထုတ်…ထုတ်…
268 02
ဗီဇပြောင်းလဲထားတဲ့ ဂျုံအသစ်က ကြီးထွားချိန်ကာလ သုံးလကြာမြင့်မှာဖြစ်ပြီး မြင့်မားတဲ့ အပူချိန် ငါးဆယ်မှ ခုနှစ်ဆယ်ဒီဂရီအထိ တောင့်ခံနိုင်စွမ်းရည် ရှိပါတယ်။ တန်ဖိုးကုန် အထွက်နှုန်းက ကီလိုဂရမ် 2300 မှ 2500 အထိ ရရှိနိုင်ပြီး ဆိုးရွားပျက်ဆီးနေတဲ့ မြေဆီလွှာတိုင်းမှာ စိုက်ပျိုးနိုင်ပါတယ်။
တင်…
သုတေသနရလဒ်ကို တင်သွင်းပြီးပါပြီ။ စမ်းသပ်နယ်မြေရဲ့ပထမတစ်ပိုင်းကို ဖွင့်ဖို့ အရည်အချင်း ပြည့်မှီပါတယ်။ စမ်းသပ်နယ်မြေရဲ့ဒုတိယတစ်ပိုင်းဖို့ ဖွင့်ဖို့လုပ်ရမယ့် တာဝန်ကိုလည်း ထုတ်ပြန်ပါမယ်။ ကျေးဇူးပြုပြီး စစ်ဆေးကြည့်ပါ
ရှုရှင်းသည်လည်း နောက်ပိုင်းစာများကို ဂရုမစိုက်တော့ပေ။ အရှေ့ပိုင်းစာကတင် သူမကို အလွန်အမင်းအံ့ဩစေပြီးသားဖြစ်သည်။ သူမက တံတွေးကို ပြင်းပြင်းထန်ထန် မြိုချသည်။ လည်ပင်းက ခြောက်သွေ့လာသလို ခံစားရသည်။
“ရလဒ်ထွက်လာပြီ။ ရလဒ်ထွက်လာပြီး စနစ်ကပြောတယ်။ ဒီဗီဇပြောင်းသွားတဲ့ ဂျုံအမျိုးအစားအသစ်က အောင်မြင်မှုကို ကီလိုဂရမ် 2300 ကနေ 2500 အထိရအောင် ထွက်နိုင်တယ်တဲ့။ နောက်ပြီး မြင့်မားတဲ့အပူချိန်ဒဏ်ကိုလည်း ခံနိုင်တယ်တဲ့။ နောက်ပြီး ကြာချိန်ကလည်း သုံးလတည်းတဲ့”
!!!
စနစ်က စမ်းသပ်စစ်ဆေးပြီး ထွက်လာသော ရလဒ်က သတင်းအချက်အလက် များလွန်းသည်။ ထိုအခိုက်တန့်တွင် အပ်ကျသံကပင် ကြားရသည်။
ရှုရှင်းနှင့် ပုရှန်းဝမ်တို့က အရင်ဦးဆုံး တုံ့ပြန်လိုက်ပြီး ပုယွမ်ကျိုးအား ရှားပါးသော တိရစ္ဆာန်တစ်ကောင်ကို ကြည့်သလို ကြည့်သည်။
“အဟမ်း… မင်း သူ့ကို ဒီလိုစိုက်ကြည့်နေမယ်ဆိုရင် သဝန်တိုတော့မယ်”
ယန်မော့က ရှုရှင်းကို နံဘေးသို့ ဆွဲခေါ်လိုက်ကာ နားနားကပ်ပြီး ပြောသည်။
“ငါက သဝန်တိုရင် ပြန်ချော့ဖို့ ခက်မှာနော်”
ထိုစကားကို ကြားသော် ရှုရှင်းကလည်း ကိုယ့်ကိုယ်ကိုယ် သေချာပြန်ထိန်းလိုက်ပြီး အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။
အာ…ကြည့်ကောင်းတဲ့ တိရစ္ဆာန်ကို တန်ဖိုးထားရမှာတော့ အမှန်ပဲ ဒါပေမဲ့ ကိုယ့်အသက်က ပိုအရေးကြီးတယ်။
“ကျွတ်…ကျွတ်..ကျွတ် ယွမ်ကျိုး မင်း…မင်းက ဒီလို မြုပ်နေတဲ့ ပါရမီရှင်လို့ ငါမထင်ထားဘူး”
ပုရှန်းဝမ်က အရှေ့ဖက်သို့ လျှောက်သွားလိုက်ပြီး ပုယွမ်ကျိုး၏မျက်နှာကို ထိလုနီးပါးပင် ကပ်သွားသည်။
“အထွက်နှုန်းက ငါမျှော်လင့်ထားတာ ထက်ကိုတောင် ကျော်နေတာပဲ။ ဒါက ငါ့ရဲ့ ကြိုးစားအားထုတ်မှုတွေတင် မဟုတ်ပါဘူး။ မင်းတို့ အစောပိုင်းက စုဆောင်းလာခဲ့တဲ့ အရည်အသွေးမြင့်မားတဲ့ မျိုးစေ့တွေ ဒေတာတွေကြောင့်လည်း အများကြီး အကူအညီ ဖြစ်ခဲ့တာပါ”
ပုယွမ်ကျိုးက နောက်ဆုံးတွင် ဆက်ပြီးသည်းမခံနိုင်တော့ဘဲ အရှေ့မှလူကို အတင်းတွန်းထုတ်ပစ်လိုက်သည်။
“စနစ်ကလည်း ဒါကို အလုံးအရင်းနဲ့ စိုက်ပျိုးလို့ရတယ်လို့ ပြောတယ်ဆိုကတည်းက ငါတို့ နောက်ပိုင်း လုပ်ရမှာတွေက အရမ်းကိုများနေပြီ။ ယွမ်ကျိုး မင်း အခုတလော ရက်အနည်းငယ်လောက် ဆက်တိုက် ကောင်းကောင်း နားလိုက်အုံး။ နောက်ထပ် စမ်းသပ်မှုကို အလျှင်စလို မလုပ်နဲ့၊ ပြီးတော့မှ ငါတို့ လုပ်ရမယ့် ကိစ္စတွေကို အသေးစိတ် ဆွေးနွေးကြမယ်”
******