← Chapters

အခန်း ၂၇၀

Vol. 27 Ch. 270

အခန်း ၂၇၀

Vol. 27 Ch. 270

270 01

အပိုင်း (၂၇၀)

အဓိကအခြေစိုက်စခန်းတိုင်းကလည်း အာရုဏ်ဦးအခြေစိုက်စခန်းထံမှ ရောက်လာသော ထိုသတင်းကို အလွန်အမင်း အလေးအနက်ထားကြပြီး ကိုယ်စားပြုများကို စေလွှတ်ကြသည်။

သတင်းရသော အခြေစိုက်စခန်များအားလုံးက ယန်မော့တို့အသင်းက ရက်ပေါင်းများစွာ ဆွေးနွေးပြီးမှ အကြောင်းကြားခဲ့သည့် အခြေစိုက်စခန်းများမှသာ ဖြစ်သည်။ သူတို့သည် ကောင်းမွန်သော ဂုဏ်သတင်းနှင့် အင်းအားတို့ဖြင့် ကျော်ကြားသော အခြေစိုက်စခန်းကြီးများ ဖြစ်သည်။

သူတို့သည် သေးငယ်သော အခြေစိုက်စခန်းများ အလယ်အလတ်အဆင့် အခြေစိုက်စခန်းများကို ခွဲခြားဆက်ဆံခြင်းမျိုး မဟုတ်ပါပေ။ သို့သော် အပြစ်ကင်းစင်သော သူကလည်း ရတနာကို ပိုင်ဆိုင်ထားသည့်အခါ မပြစ်မကင်းစိတ် ရှိပေလိမ့်မည်။

အခြားသော အသင်းငယ် သို့မဟုတ် အလယ်အလတ်အဆင့် အခြေစိုက်စခန်းကြီးများက ရိုးရှင်းစွာပင် ရတနာကို ရလျှင်ပင် ကာကွယ်နိုင်စွမ်းရည် မရှိပါပေ။ သူတို့က ရတနာကို ဆုံးရှုံးရမည့်အပြင် ပိုင်ဆိုင်မှုများပါ ကုန်သွားနိုင်သေးသည်။ ဒါဟာ သူတို့ နဂိုမူလ ရည်ရွယ်ချက်နှင့် ဆန့်ကျင်သွားသည်။

သူတို့သည် ယခု အသစ်စက်စက် လက်တွေ့စမ်းသပ် ထုတ်လုတ်ပြီးကာစ ဂျုံအမျိုးအစားအသစ်ဟာ လူအမြောက်အများ အကျိုးအမြတ် ရစေနိုင်ရန် ရည်ရွယ်ထားသည်။ သို့သော် အခြားသော အခြေစိုက်စခန်းများက မည်သည့်အချိန် ရောက်လာမည်မှန်း မသေချာသည့်အတွက် ရှုရှင်းသည်လည်း အခြေစိုက်စခန်း၏ အတွင်းပိုင်းမှ အဆောက်အဦးတိုင်းကို အခြားသော အခြေစိုက်စခန်းများမှ ပုံစံများနှင့်တူအောင် ပြောင်းပစ်လိုက်သည်။

အိမ်တော်ထိန်း 001 ထံမှတဆင့် ထိုသို့ပုံပန်းသွင်ပြင် ပြောင်းလိုက်ခြင်းအားဖြင့် စွမ်းအင်အကုန်သက်သာကြောင်းသိသောအခါ အားလုံးကို ခပ်အေးအေး ပြောင်းထားလိုက်သည်။

သူမက ထိုစွမ်းအင်များကို မတတ်နိုင်သောကြောင့် မဟုတ်ဘဲ အပိုမကုန်ချင်သောကြောင့်သာ ဖြစ်လေသည်။

အာ…ဘာပဲဖြစ်ဖြစ် ပိုက်ဆံရှိတာက တစ်မျိုး၊ သုံးချင်တာ သုံးတာက တစ်မျိုးပေါ့။

အိမ်တော်ထိန်း 001 “သခင်က ထောက်လှမ်းရေးစက်ရုပ်တွေဆီက ပြန်ရောက်လာတဲ့ အကြောင်းကြားချက်တွေအရ မတူညီတဲ့အသင်းနှစ်သင်းကလည်း အခြေစိုက်စခန်းရဲ့ ငါးကီလိုမီတာ ဝန်းကျင်ထဲကို ဝင်လာပါတယ်”

ဆိုဖာပေါ်တွင် ဖရိုဖရဲ ခပ်အေးအေး လဲနေသော ရှုရှင်းက ရုတ်တရက် ဝရုန်းသုန်းကား ထထိုင်သည်။ ထို့နောက် မျက်တော်တစ်ခတ်အချိန်အတွင်းတွင်ပင် အခန်းထဲမှ ပျောက်သွားသည်။

အိမ်တော်ထိန်း 001 “…”

သခင်မက ငါပြောလို့တောင် မဆုံးသေးဘူး။ ပျောက်သွားတယ်ဆိုတော့ ငါ ဆက်ပြောရမှာလား မပြောရမှာလား…

ထို့နောက် သူသည်လည်း သူ၏အကြည့်ကို နံဘေးမှ သခင့်ဆီ အာရုံပြောင်းလိုက်သည်။

ယန်မော့ “ရတယ် ရတယ်။ ရှန်းဝမ်တို့ကို ဒီသတင်းကို သွားပြောလိုက်ပြီး ဧည့်သည်တွေကို ကြိုဖို့ ပြင်ခိုင်းလိုက်ပါ”

ထိုသို့ပြောပြီးသည်နှင့်သူသည်လည်း ထရပ်ကာ အပေါ်ထပ်သို့တက်ပြီး အဝတ်အစား သွားလဲသည်။

သူနှင့်ရှင်းပေါင် ဝတ်ထားသော အဝတ်အစားများက အိမ်နေရင်း အဝတ်အစားများသာ ဖြစ်သည်။ ပေါ့ပါးသည်။ သို့သော် ဧည့်သည်များကို တွေ့ဆုံရန် မသင့်လျှော်ပေ။

အပေါ်ထပ်သို့ ပြေးတက်သွားသောရှုရှင်းကလည်း အရေးပေါ် ပုံရိပ်ပြင်ဆင် ထိန်းသိမ်းမှုများကို လုပ်ဆောင်နေခြင်း ဖြစ်သည်။ သူမဟာ ဒီနေ့ အပြင်ထွက်ရန် မစီစဉ်ထားပေ။ ထို့ကြောင့် မနက်အိပ်ယာထခဲ့ချိန်တွင် ကိုယ့်ကိုယ်ကိုယ်ပင် သပ်ရပ်အောင် မလုပ်ထားပါပေ။ ထို့ကြောင့် အတော်လေးကို စုတ်ပြတ်နေသည်။ ဆံပင်ကပင် ပွနေသည်။

ယန်မော့ကလည်း သူမဟာ အိမ်တွင် မည်သို့ပုံစံနေမှန်း မြင်ဖူးပြီးသားဖြစ်သည်။ ပျင်းလျှင်လည်း အဆင်ပြေသည်။ သို့သော် သူမက အပြင်ထွက်သောအခါ မျက်နှာထိန်းရပေမည်။ အထူးသဖြင့် မိန်းကလေးများအတွက် ဖြစ်သည်။ ပြင်ဆင်ရန် အချိန်ကြာသည်။ အမျိုးသားများကဲ့သို့ အင်္ကျီကောက်လဲလိုက်ရုံဖြင့် ပြီးသွားသော အခြေအနေမျိုးလည်း မဟုတ်ပေ။ ကောင်မလေးများက ပို၍လုပ်ဆောင်စရာများသည်။ ထို့ကြောင့် ယန်မော့က အဝတ်အစားကို ခပ်အေးအေးသာ လဲသည်။ ထို့နောက် နံဘေးနားတွင် တိတ်တဆိတ် ထိုင်လိုက်ပြီး ကျန်းရန်ဖင်ကို လက်ကောက်ဝတ်မှ တဆင့် ဆက်သွယ်သည်။

270 02

ယန်မော့ “ရန်ဖင် မင်းရဲ့လူတွေကို အခြေစိုက်စခန်းရဲ့ ဂိတ်ဆီခေါ်သွားပြီး စောင့်နေလိုက် အခြေစိုက်စခန်းနှစ်ခုက လူနှစ်ဖွဲ့ရောက်လာလိမ့်မယ်။ မင်း သူတို့ကို ဧည့်ကြိုခန်းမထဲမှာ ခေါ်ပြီး စောင့်ခိုင်းထားလိုက်ပါ”

အခြားသောသူများ၏လေ့ကျင့်မှုကို စောင့်ကြည့်နေသော ကျန်းရန်ဖင်ကလည်း သူ၏ လက်ကောက်ဝတ်ရှိ လက်ကောက်ထံမှ တုန်ခါမှုကို ခံစားမိလိုက်သည်။

သူသည် သူ၏ညီမနှင့် ယန်မော့နှစ်ယောက်တည်းကိုသာ အထူးသတိပေးချက်အဖြစ် ထားထားသည်။ ထိုသို့ဖြင့် အရေးကြီးသော သတင်းများကို မလွတ်စေရန် ရည်ရွယ်သည်။

ကျန်းရန်ဖင် : “ကောင်းပြီလေ သိပြီ”

သတင်းကိုရသည်နှင့် ကျန်းရန်ဖင်က လက်ကို မြောက်လိုက်ပြီး အားလုံးကို ရပ်ခိုင်းသည်။ ထို့နောက် အင်အားကောင်းကာ ပုံပန်းသွင်ပြင်ကြည့်ကောင်းသည်ဟု ထင်ရသော လူအနည်းငယ်ကို ခေါ်လိုက်သည်။

ကျန်းရန်ဖင် “မင်းတို့တွေပြန်ပြီး ကိုယ်လက်သန့်စင်ပြီးတာနဲ့ သန့်ရှင်းတဲ့ အဝတ်အစားကို ဝတ်ပြီး ငါနဲ့အတူ ဂိတ်ဝကို လိုက်ခဲ့၊ အခြားအခြေစိုက်စခန်းက လူတွေကို ကြိုဆိုရမယ် ဆယ့်ငါးမိနစ်ဆို ရတယ်မလား”

သူ ဦးဆောင်သော အသင်းကိုလည်း ယန်မော့ကိုယ်တိုင်က အခြေစိုက်စခန်းသို့ ဝင်လာသည့် လူများအကြားမှ သေချာရွေးထုတ်ကာ လေ့ကျင့်ပေးထားသော သူများဖြစ်ပြီး အကြွင်းမဲ့သစ္စာရှိကြသည်။ လူအများ၏နှလုံးသားက တိုင်းတာရခက်သည်။ သူ့အသင်းဖော်များက နောက်ကျောဓားနှင့် မထိုးစေရန်အလို့ငှာ ထိုလူများ လက်မှတ်ထိုးထားသော စာချုပ်ထဲတွင်လည်း အထူးတလည် ပြင်ဆင်ထားသည့် စနစ်၏2.0 ဗားရှင်း ဖြစ်လေသည်။

ပထမဦးဆုံး ရောက်လာကြသည့် အခြေစိုက်စခန်း နှစ်ခုထဲမှ တစ်ခုက ရှောင်းလုံနှင့် ယဲ့ယီအန်းတို့ရှိသော C မြို့ အခြေစိုက်စခန်းမှ ဖြစ်သည်။ ဒုတိယတစ်ခုကမူ အကြီးမားဆုံး အခြေစိုက်စခန်းကြီးဟု ကျော်ကြားနေသော B မြို့ ၏ အခြေစိုက်စခန်းမှ ဖြစ်သည်။

ထိုအခြေစိုက်စခန်းနှစ်ခုမှ လူများက ကားထဲမှ ထွက်လိုက်သည်နှင့် တစ်ယောက်ကို တစ်ယောက် ရင်းနှီးစွာ နှုတ်ဆက်ကြပြီး ဂိတ်ဝထံသို့ အတူလျှောက်လာကြသည်။

“အာရုဏ်ဦးအခြေစိုက်စခန်းက ကြိုဆိုပါတယ်”

ဂိတ်ဝတွင် အသင့်စောင့်နေပြီးသား ကျန်းရန်ဖင်က သူတို့ ရောက်လာသည်နှင့် နှုတ်ဆက်လိုက်သည်။

“အခြေစိုက်စခန်းရဲ့ခေါင်းဆောင်ကလည်း မင်းတို့ကို ဧည့်ကြိုခန်းမထဲက စောင့်နေပါတယ်။ ကျေးဇူးပြုပြီး ငါ့ရဲ့နောက်က လိုက်လို့ စာရင်းသွင်းတဲ့ဖြစ်စဉ်ကို လုပ်ဆောင်ပြီး ယာယီသက်သေခံကတတ်ပြားကို ရပြီဆိုတာနဲ့ အခြေစိုက်စခန်းထဲကို ဝင်နိုင်ပါပြီ။ အဲဒီနောက် ဒီကာလအတောအတွင်းမှာ လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာနိုင်ပါတယ်”

အခြေစိုက်စခန်းနှစ်ခုလုံးမှ လူများ၏မျက်လုံးထဲတွင် အံ့အားသင့်မှုများက ဖြတ်ပြေးသွားသည်။

တစ်ဖက်တွင်မူ သူတို့သည်လည်း အာရုဏ်ဦးအခြေစိုက်စခန်း၏ သူတို့ရောက်လာမည့် အချိန်ကို ကြိုသိနေ၍ အံ့အားသင့်သွားခြင်း ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ ထိုမျှငယ်သေးသော ကောင်လေး တစ်ယောက်က သူတို့ကို လာကြိုနေခြင်း ဖြစ်သည်။

သိထားရမည်မှာ ထိုကောင်လေးကို လွှတ်ထားကတည်းက သူဟာ ဒီအခြေစိုက်စခန်းအတွင်းတွင် အာဏာမြင့်ရပေမည်။ အကြွင်းမဲ့ ယုံကြည်ခံရသူပင် ဖြစ်နိုင်သည်။

ယာယီနောက်ခံ သက်သေခံကတ်ပြားအဖြစ် အသုံးရသော ပစ္စည်းကလည်း လက်ပတ်သာလျှင် ဖြစ်သည်။ လက်ပတ်လုပ်သော ဖြစ်စဉ်ကလည်း မြန်ဆန်၏။

စာရင်းသွင်းသော အချက်အလက်များထဲတွင်လည်း အရမ်းကိုယ်ရေးကိုယ်တာကျသော အခြေအနေမျိုးမပါဝင်သည့်အတွက် အားလုံးကလည်း သဘောတူကြသည်။

လတ်လတ်ဆတ်ဆတ်ရသော သက်သေခံလက်ပတ်ကို ပတ်ပြီးသည်နှင့် ကျန်းရန်ဖင်တို့၏ နောက်မှ လိုက်ကာ အာရုဏ်ဦးအခြေစိုက်စခန်းထဲသို့ ဝင်ကြသည်။

270 03

သူတို့သည် လမ်းတွင်လည်း အာရုဏ်ဦးအခြေစိုက်စခန်းကို တောက်လျှောက် ကြည့်နေခဲ့ခြင်းဖြစ်သည်။ ထိုအာရုဏ်ဦးအခြေစိုက်စခန်းသည် ယခင်နှစ်နှစ်အတွင်း အလွန်အမင်း ကျော်ကြားလာခဲ့သည်။ သူတို့၏မျက်လုံးထဲမှ ခံစားချက်များက မကြာခဏဆိုသလို ပြောင်းလဲနေ၏။ သူတို့၏ အတွေးကိုမူ မသိနိုင်ပေ။

ကျန်းရန်ဖင်ကလည်း သူတို့၏ အကြည့်ကို သတိထားမိသည်။ သို့သော် မတားလိုက်ပေ။ သူတို့ကို ဝင်ခွင့်ပြုရဲကတည်းက တွေ့သွားမည့် အခြေအနေကို စိုးရိမ်ရန် မလိုအပ်ပါပေ။

လူအများ၏မျက်လုံးက တစ်နေရာကို ကြည့်နေကြောင်း မြင်လိုက်သည်နှင့် သူဟာ ထိုနေရာကို မိတ်ဆက်ပေးတတ်သည်။

မည်သို့ပင်ဆိုစေ နောက်တစ်ပတ်လုံးလုံး ကိုယ်စားပြု အဖွဲ့များက ရောက်ရှိလာအုံးမည် ဖြစ်သည်။ ထို့ကြောင့် အခြေစိုက်စခန်းက ပုံမှန်ထက် စည်ကားနိုင်သည်။

ယန်မော့ကလည်း ထိုအခြေအနေကို အခွင့်ကောင်းယူခြင်းအားဖြင့် ကျန်းရန်ဖင်အား ထိုကိုယ်စားပြု အသင်းများကို မည်သို့ကိုင်တွယ်ဖြေရှင်းရမည် ဖြစ်ကြောင်း ကြိုတင်ကာ သင်ကြားပေးပြီးသားဖြစ်သည်။ ဒီနည်းအားဖြင့် အခြားသောသူများကဆင်သော ထောင်ချောက်ထဲသို့မကျရန် အခြားသောသူများမသိသေးခင် ထောင်ချောက်ကို အသံတစ်စက်မထွက်စေဘဲ မည်သို့ထောင်ရမည်ဖြစ်ကြောင်း သင်ကြားပေးထားလေသည်။

ယန်မော့နှင့် နှစ်အနည်းငယ် အတူရှိခဲ့သော ရှုရှင်းကပင် ကျန်းရန်ဖင်အတွက် စိတ်မကောင်းဖြစ်သွားသည်။

အို ဗဟုသုတတွေကို အတင်းထိုးထည့်နေသလိုပဲ။

သူမသည်လည်း ရုတ်တရက် ဆိုသလိုပင် ပို၍သတိထားရန် လိုအပ်ကြောင်း ခံစားမိလိုက်သည်။

သူတို့သည် ယခင်က C မြို့ အခြေစိုက်စခန်းတွင် အတူပူးပေါင်း လုပ်ဆောင်ဖူးသောကြောင့် ဖြစ်လောက်သည်။ ရှောင်းလုံတို့အဖွဲ့ကလည်း ယန်မော့တို့နှင့် အတော်လေး ရင်းနှီးသည်။ သူတို့သည် အချင်းချင်း ပေါ့ပေါ့ပါးပါး စကားပြောနိုင်ကြသည်။ ထို့ကြောင့် အခြားသော သူများက သူတို့က ရင်းနှီးကြောင်း မြင်သောအခါ ရှောင်းလုံတို့ထံမှ အသုံးဝင်လောက်မည့် အချက်အလက်များကို မေးမြန်းတတ်သည်။

သို့သော် ရှောင်းလုံနှင့် ယဲ့ယီအန်းတို့အပြင် အခြားသော မည်သူကမဆို ဒီအချိန်အထိ ရှင်သန်နေခဲ့ပြီးသူများဖြစ်ကြပြီး မည်သူကမှ တုံးသူများ မဟုတ်ကြပေ။ ပြောသင့်သော စကား မပြောသင့်သော စကားများကို ကောင်းကောင်းနားလည်နေကြသည်။

သူတို့ ပြောသင့်သမျှ အချက်အလက်များကလည်း အခြားသော သူများ စုံစမ်းရရှိနိုင်သော အချက်အလက်များသာ ဖြစ်လေသည်။

အခြားသော သူများကလည်း သူတို့က ထိုသို့ပြောနေမှန်း သိသည်။ သို့သော် တစ်ဖက်သော သူများ၏အင်အားများကြောင်း မည်သို့မှ မတတ်နိုင်ပါချေ။

“ခေါင်းဆောင်ယန် ငါတို့ အားလုံးလည်း မင်းတို့ရဲ့ အခြေစိုက်စခန်းကိုဘာလို့ လာတယ်ဆိုတာကို မင်းတို့ သိပြီးသားလို့ ထင်တယ်။ ဒါကြောင့် အဲဒီအသစ်စက်စက် ထုတ်လုပ်ထားတဲ့ ကောက်ပဲသီးနှံအမျိုးအစား အသစ်ကို ကြည့်ဖို့ ဘယ်တော့များ ခေါ်သွားပေးမလဲလို့ စောင့်နေတာ။ မင်း ဒီထက် အချိန်ဆွဲတော့မယ် ဆိုရင်တော့ ငါတော့ ငြိမ်ငြိမ် မထိုင်နိုင်လောက်တော့ဘူး”

အခြေစိုက်စခန်းတွင် ရက်အနည်းငယ်နေပြီးသော ကိုယ်စားပြုအဖွဲ့ဝင်များကလည်း ကြာလာသောအခါ စိတ်မရှည်ကြတော့ဘဲစတင်ကာ မေးမြန်းကြသည်။

“မစိုးရိမ်ပါနဲ့ အသစ်စက်စက် ဗီဇပြောင်းလဲပြီး ထုတ်လုပ်ထားတဲ့ အဲဒီ ဂျုံက သုံးရက်နေရင် တရားဝင် ရင့်မှည့်တော့မှာ။ အဲဒီအချိန်မှပဲ ငါက ခင်ဗျားတို့ကို တစ်ခါတည်း ခေါ်သွားပေးပြီး အထွက်နှုန်းက ဘယ်လိုရှိတယ်။ ခူးလို့ပြီးတဲ့နောက်မှာ ဘယ်လိုအနေအထားမျိုး ရှိတယ်။ စသဖြင့် အခြေအနေတွေ အားလုံးကို လက်တွေ့ပြသမှာပါ။ ဒါကြောင့် အားလုံးလည်း သေချာကြည့်နိုင်ပါတယ်။ ဒီအသစ်စက်စက်ရရှိလာတဲ့ ဂျုံရဲ့ပထမ မျိုးစေ့တစ်သုတ်ကို ဘယ်လိုမျိုး အပြိုင်ဝယ်ရမလဲဆိုတာကိုပဲ စဉ်းစားထားကြပေါ့”

ယန်မော့က မျက်လုံးကို ဝင့်၍ ကိုယ်စားပြုများအားလုံးကို ကြည့်သည်။ သူ၏ အမူအရာက မပြောင်းလဲပါပေ။

အင်း…သူထင်ထားတာ ထက်တောင် စိတ်မရှည် ဖြစ်နေကြတာပဲ။

အချိန်အတိအကျကို သိရသည်နှင့် ကိုယ်စားပြု အသီးသီးကလည်း သူတို့ကို သတ်မှတ်ပေးထားသော နေရာသို့ ပြန်သွားကြကာ သူတို့၏အခြေစိုက်စခန်းမှ လူများကို ဆက်သွယ်ကြပြီး ပြင်ဆင်စရာရှိသည့် ကိစ္စများကို ပြင်ဆင်ခိုင်းထားလေသည်။

******

All Chapters