အခန်း ၂၇၁
Vol. 28 Ch. 271
271 01
အပိုင်း (၂၇၁) လေလံ
သုံးရက်ခန့် ကြာပြီးနောက် အခြေစိုက်စခန်းတစ်ခုချင်းစီမှ ကိုယ်စားပြုသူများက လက်တွေ့စမ်းသပ်မှု စိုက်ပျိုးရေးနယ်မြေသို့ ဖိတ်ကြားခြင်း ခံရသည်။
ထိုစင်မြင့်က လူများအုံနေသည်။ သို့သော် မည်သူကမှ စကားမပြောကြပေ။ အားလုံး၏ အာရုံကလည်း တဖြည်းဖြည်းရင့်မှည့်နေသော အပင်များထံတွင်သာ ရှိနေကြသည်။
ရှုရှင်းကလည်း ထိုရင့်မှည့်သည့်ဖြစ်စဉ်ကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ပြီး မျက်တောင်မခတ်ဘဲ ကြည့်နေသည်။
လုံလောက်အောင် ထူးဆန်းနေသည်မှာ အသစ်စက်စက် ဗီဇပြောင်းလဲထားပြီး ထုတ်လုပ်ပြီးကာစ စိုက်ပျိုးထားသော ထိုအပင်များ၏ကြီးထွားနှုန်းက လူအများ နားလည်ထားသော ကောက်ပဲသီးနှံများ၏ကြီးထွားနှုန်းကာလကို သာလွန်နေခြင်း ဖြစ်သည်။
ကမ္ဘာအဆုံးသတ်ကာလကဲ့သို့ တဖြည်းဖြည်းချင်းစီ ရင့်မှည့်သွားသော အနေအထားမျိုး မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် အစပိုင်းလအနည်းငယ်အတွင်းတွင်ပင် လုံးဝမမြင်နိုင်သော အနေအထားမျိုးအထိ လုံးဝကြီးပြင်းသွားခဲ့ခြင်း ဖြစ်သည်။ ကြီးပြင်းသော ဖြစ်စဉ်က တစ်ရက်တည်းနှင့် တဖြည်းဖြည်း စုစည်းကား ကြီးထွားသော ပုံစံမျိုးကဲ့သို့ သိသာထင်ရှားစွာပင် မြင်နိုင်လေသည်။
သိထားရမည်မှာ ထိုကဲ့သို့သော် မျိုးစေ့များအား သက်တမ်းနုလွန်းသောကြောင့် တိုက်ရိုက်ပင် စိုက်ပျိုး၍မရသော အနေအထားမျိုး ရှိတတ်သေးသည်။ ပထမသုံးလက အချက်အချာကျသည်။ သို့မဟုတ်ပါက လုံလောက်အောင် ရင့်မှည့်လာလိမ့်မည် မဟုတ်ပေ။
ထိုသို့ဖြင့် အခြေစိုက်စခန်းအသီးသီးမှ ကိုယ်စားပြုသူများအားလုံးကလည်း အံ့အားသင့်ဖွယ်ရာဖြစ်ရပ်ကို ကိုယ်တိုင်မျက်လုံးဖြင့် မြင်လိုက်ရသည်။ သူတို့သည် စိတ်လှုပ်ရှားလွန်းသဖြင့် မျိုးစေ့ကိုပင် မကာ ချက်ချင်း ထွက်ပြေးချင်နေကြသည်။
စားစရာ ရေအရင်းအမြစ်နှင့် လက်နက်များ အားလုံးက ကမ္ဘာကပ်ဘေးကာလမှ အရေးကြီးဆုံးသော အသက်သွေးကြောများ ဖြစ်သည်။ မည်သည့် အခြေစိုက်စခန်းကမဆို တစ်ခုကို လိုအပ်လိုက်သည်နှင့် ဒုက္ခများပေလိမ့်မည်။ သို့သော် တစ်ခုကို ပိုင်ဆိုင်ထားလျှင်မူ အကျွင်းမဲ့ပြောရေးဆိုခွင့် ရှိလာမည် ဖြစ်သည်။
“ဒီတစ်သုတ်အတွက် လေလံက ဘယ်တော့စမှာလဲ”
“ဟုတ်တယ် ဟုတ်တယ်။ ငါတို့ သလင်းအမြူအတေကို သုံးပြီး လေလံဆွဲရမှာလား။ ဒါမှမဟုတ် အခြားပစ္စည်းတွေကိုလည်း သုံးလို့ရတာလား”
“နောက်ပြီး ဒီတစ်ခေါက် မျိုးစေ့က ဘယ်လောက်များမှာလဲ”
အမျိုးမျိုးသော အခြေစိုက်စခန်းများမှ ကိုယ်စားပြုသူများအားလုံးကလည်း ယန်မော့တို့အဖွဲ့နားသို့ ဝိုင်းကာ အချက်အလက်များအားလုံးကို သိရန် မေးမြန်းကြသည်။
ယခုလေးတင် ရှုရှင်းက အပြင်ဘက်သို့ ထွက်ပြီး ပို၍ပင်ရှင်းလင်းစွာ မြင်ရရန် သေချာသွားကြည့်ခဲ့သေးသည်။ သူမက တစ်ဖက်သို့ လှည့်လိုက်ချိန်တွင် ယန်မော့တို့အားလုံးကို အခြားသော သူများက ဝိုင်းနေလေ၏။ သူတို့သည် အချိန်တိုအတွင်း မလွတ်မြောက်လောက်ပေ။
ရှုရှင်းကလည်း တံတွေးကို တိတ်တဆိတ် မျိုချလိုက်ပြီး နေရာလပ်နယ်မြေထဲမှ ကင်မရာကို တိတ်တဆိတ် ထုတ်လိုက်ကာ သူတို့၏အရှက်ရနေသော ပုံစံများကို တိတ်တဆိတ် မှတ်တမ်းတင်သည်။
သူမသည် သူတို့၏မျက်နှာပုံစံ အနီးကပ်ရိုက်ချက်များ လုပ်လိုက်သေးသည်။ ပြန်ရောက်သည်နှင့် လှောင်ရန် ဆုံးဖြတ်ထားသည်။
“ဒါနဲ့ ပတ်သက်တဲ့ အချက်အလက်တွေနဲ့ လေလံပွဲနဲ့ ပတ်သက်တဲ့ အသေးစိတ် အခြေအနေတွေအားလုံးကိုလည်း ဒီညနေ အစည်းအဝေးပွဲမှာ အားလုံးကို ရှင်းပြပေးပါ့မယ်”
အိမ်တော်ထိန်း 001 က အချိန်ကိုက် ရောက်လာကာ ရှေ့သို့အတင်းတိုးနေသော သူများကို တားရသည်။
အားလုံးကလည်း ရွေးချယ်စရာမရှိဘဲ ထွက်သွားရသည်။ သူတို့သည်လည်း သူတို့၏ ကိုယ်ပိုင်အခြေစိုက်စခန်းများသို့ ထပ်မံဆက်သွယ်ကာ အမြူအတေများကို အမြန်ဆုံး အလုံးအရင်းဖြင့် စုဆောင်းရန် နည်းလမ်းပေါင်းစုံ ရှာခိုင်းထားကြလေသည်။
271 02
သိထားရမည်မှာ အခြေစိုက်စခန်းတိုင်းကလည် သတင်းကို ရရှိသောအခါ မျိုးစေ့များအကြောင်းကို အပြည့်အဝ မယုံကြည်ကြပေ။ ထို့ကြောင့် အပြည့်အဝ မပြင်ဆင်ထားကြပါပေ။
ညနေပိုင်းမှ အစည်းအဝေးပွဲကလည်း ထိုဂျုံစပါး၏ ဝိသေသလက္ခဏာများကို အဓိကထား၍ ရှင်းပြခြင်းဖြစ်သည်။
နောက်ပိုင်းလေလံပွဲနှင့် ပတ်သက်သည့်အခြေအနေများကိုလည်း အသေးစိတ် ပြောပြပေးသည်။
ပုယွမ်ကျိုးသည်လည်း ထိုအရာတွင် ကြီးမားသော ပစ်ချက်ကြီးတစ်ခုရှိကြောင်း သိထားသည်။အကြောင်းမူကား ထိုယခုရလာသော မျိုးစေ့များကို နောက်ထပ် သုံးကြိမ်သို့မဟုတ် လေးကြိမ်ခန့် အထိသာ ပြန်လည်ပြီး စိုက်ပျိုးနိုင်မည် ဖြစ်သည်။ ဆိုလိုသည်မှာ ထိုသို့စိုက်ပျိုးလိုက် ရိတ်သိမ်းလိုက်ဖြင့်သုံးကြိမ် လေးကြိမ်ခန့် ဆက်တိုက် လုပ်ဆောင်ပြီးသောအခါ မျိုးစေ့များအားလုံးကလည်း သက်ရောက်မှု ပျောက်ဆုံးသွားမည် ဖြစ်သည်။ ထို့ကြောင့် ထပ်ဝယ်ရန် လိုအပ်သည်။ ထိုအတွက်ကြောင့်လည်း အခြားသော အခြေစိုက်စခန်းများက အာရုဏ်ဦးအခြေစိုက်စခန်းနှင့် ဆက်ဆံရေးကောင်းမွန်အောင် ထိန်းသိမ်းထားရန် လိုအပ်ပြန်သည်။ ထိုအခါမှသာ နောက်ပိုင်းမှ မျိုးစေ့များကို ထပ်မံဝယ်ယူနိုင်မည် ဖြစ်သည်။
ထိုအချက်အပြင် လေလံဆွဲရန်အလို့ငှာ သလင်းအမြူအတေကိုလည်း အသုံးပြုနိုင်သလို အခြားသော အမျိုးမျိုးသော အရင်းအနှီးများ သတ္ထုပစ္စည်းများကိုလည်း အသုံးပြုနိုင်သည်။ အခြေစိုက်စခန်းအတွင်းတွင် သလင်းအမြူအတေအမြောက်အများ မရှိနိုင်သည့်အချက်ကို ထည့်သွင်းစဉ်းစားခြင်းအားဖြင့် ပထမတစ်သုတ်နှင့် ဒုတိယတစ်သုတ်ခွဲပြီး ပို့ဆောင်ပေးရန် ဆုံးဖြတ်ထားသည်။
အနာဂတ်အတွက်ကြောင့်နှင့် မည်သည့်အခြေစိုက်စခန်းကမှ အလွဲသုံးစားမလုပ်ရဲပါပေ။
သို့သော် မျှတသော အကြောင်းပြချက်မျိုး ဖြစ်ရန်အလို့ငှာ အခြေစိုက်စခန်းကလည်း လေလံပွဲတစ်ခုချင်းစီတိုင်းတွင် မျိုးစေ့ကို လေလံအောင်ထားသော အခြေစိုက်စခန်းများက နောက်တစ်သုတ်တွင် မပါဝင်ရန် ကတိခံရသည်။ မည်သို့ပင်ဆိုစေ ပထမတစ်ခေါက် ဝင်ပါပြီးသွားသည်နှင့် နောက်ပိုင်း အကြိမ်တိုင်းလိုလို လေလံဆွဲနေရန် မလိုအပ်ပါပေ။ နောက်ပိုင်း အခြေစိုက်စခန်းများက မူလပေးထားသော ကြမ်းခင်းပေါက်ဈေးအတိုင်းသာ ဝယ်ယူနိုင်မည် ဖြစ်သည်။
ထိုအခြေအနေအရ အခြေစိုက်စခန်းတစ်ခုတည်းက ဈေးကွက်တစ်ခုလုံးကို လက်ဝါးကြီးအုပ်သွားသော အခြေအနေမျိုးမှ တားဆီးနိုင်သလို အခြားသော မျိုးစေ့မရသော အခြေစိုက်စခန်းများအတွက် ပူပင်သောက မရောက်စေရန် ရည်ရွယ်လေသည်။ ထိုသို့ဖြင့် အားလုံးကို အဆင်ပြေအောင် ပြင်ဆင်ထားကြသည်။
ထိုစကားကို ကြားမှသာ အခြေစိုက်စခန်းအများစုက စိတ်အေးသွားကြသည်။ ဒီနည်းအားဖြင့် သူတို့သည် ဒီတစ်ခေါက် မျိုးစေ့မရသွားခဲ့လျှင် အချိန်တစ်ခုသာ စောင့်ရန် လိုအပ်လေသည်။
အခြေစိုက်စခန်းကြီးများ အကြားတွင်လည်း ကွာဟချက်ရှိသည်။ ဥပမာအနေဖြင့် B မြို့ရှိ အခြေစိုက်စခန်းဖြစ်သည်။ ထိုအခြေစိုက်စခန်းက တရားဝင် အစိုးရဘက်မှ တည်ထောင်ထားခြင်းဖြစ်ပြီး စစ်တပ်က နောက်ခံရှိသည်။ ထို့ကြောင့် အခြားသော အခြေစိုက်စခန်းတိုင်းနှင့် အုပ်မြစ်ခြားနားလေသည်။
C မြို့၏ အခြေစိုက်စခန်းကမူ ရှောင်းလုံနှင့် ယဲ့ယီအန်းတို့က ကိုယ်စားပြုသည်။ သူတို့ကလည်း ခြားနားသည်။ ထိုလူနှစ်ယောက်က နတ်ဘုရား၏ရွေးချယ်ခံများ ဖြစ်သည်။ ထို့ကြောင့် သူတို့သည်လည်း ပစ္စည်းကောင်းများ မရှားပါပေ။ လေလံပွဲတွင် အခြေစိုက်စခန်း ဆယ်ခုက ပါဝင်ကြမည် ဖြစ်သည်။ အာရုဏ်ဦးအခြေစိုက်စခန်းက ဂျုံစပါးအား ကီလိုဂရမ်ငါးရာ ထောက်ပံ့ပေးမည်ဖြစ်ပြီး ပထမဦးဆုံး လေလံတင်သောအခါ ကီလိုဂရမ် 150 ဒုတိယတစ်ခေါက်ဆိုရင် ကီလိုဂမ် 120 100, 80, 50 အသီးသီး ခွဲသွားမည် ဖြစ်သည်။
အခြေစိုက်စခန်းအသီးသီးမှ ကိုယ်စားပြုသူများကလည်း သူတို့၏ ကိုယ်ပိုင်အခြေစိုက်စခန်းကို ကိုယ်စားပြုအနေဖြင့် ပေးထားသော ဈေးနှုန်းဘုတ်ပြားကတဆင့် မြောက်ကာ လေလံဆွဲနိုင်ကြသည်။
အိမ်တော်ထိန်း 001 က အားလုံးကို တာဝန်ယူဆောင်ရွက်ပေးမည် ဖြစ်သည်။
နောက်ဆုံးတွင် အခြေစိုက်စခန်းတစ်ခုချင်းစီတိုင်းက လေလံဈေးများက မြင့်ရာမှနိမ့်ရာသို့ စီမံခြင်းအားဖြင့် မည်သူက မည်သည့်ပမာဏအား ရရှိမည်ဆိုသော အနေအထားက ပြောင်းလဲသွားမည် ဖြစ်သည်။
ဖြစ်စဉ်တစ်ခုလုံးကိုလည်း အများရှေ့တွင် ပေါ်တင်လုပ်ပြသွားမည် ဖြစ်သည်။ ထိပ်တန်းအခြေစိုက်စခန်းငါးခုက ပေးသော ဈေးနှုန်းများကိုလည်း တရားဝင်ပြသသွားမည်ဖြစ်ပြီး အခြားသော နောက်ကွယ်မှု ကြိုးကိုင်ခြင်းမျိုး မရှိစေရကြောင်းကိုလည်း သေချာစေအုံးမည်ဖြစ်သည်။
271 03
အခြေစိုက်စခန်း အသီးသီးမှ ကိုယ်စားပြုများကလည်း ထိုအစီအစဉ်ကို မငြင်းဆန်ကြပေ။ အားလုံးကလည်း စိတ်အေးနေကြသည်။
နဂိုကဆိုလျှင် C မြို့ အခြေစိုက်စခန်းမှ လာသော သူများကလည်း အာရုဏ်ဦးအခြေစိုက်စခန်းမှ လူများနှင့် သိကျွမ်းနေကြောင်း ကြားသည့်အခါ လူအများက စိုးရိမ်ကြသေးသည်။ ထိုဖက်ကို ဘက်လိုက်မည်ကိုလည်း ကြောက်ကြ၏။ ယခုမှသာ သူတို့သည် အများကြီး စိုးရိမ်မိခဲ့ကြောင်း သေချာသွားသည်။
မနက်ဖြန်လေလံပွဲက ကိုယ်တိုင်၏စွမ်းရည်အပေါ် မူတည်လေသည်။
လူတိုင်းကလည်း နည်းလမ်းအမျိုမျိုးဖြင့် မျှော်လင့်စောင့်စားနေကြသည်။ အချို့သော သူများကဆိုလျှင် ကျန်းရန်ဖင်ထံသို့ပင် ချဉ်းကပ်ကြသည်။
ပို၍ပင် ချဲ့ကားသည်မှာ မည်သူကမှရှုရှင်းကို မရှာကြခြင်း ဖြစ်သည်။
ယန်မော့တို့ကလည်း ရှုရှင်းက အာရုဏ်ဦးအခြေစိုက်စခန်းမှ အပြည့်အဝထိန်းချုပ်နိုင်သော လူဖြစ်ကြောင်း သိနေသေးသည့်တိုင်အောင် အခြေစိုက်စခန်းတစ်ခုချင်းစီတိုင်းမှ ကိုယ်စားပြုများကမူ အပေါ်ယံတွင် သဘောတူထားသလို မကြားချင်ယောင်သာ ဆောင်နေကြသည်။ စိတ်ထဲလည်း မထားကြပါပေ။
သူတို့၏စိတ်ထဲတွင်မူ သူမဟာ အမျိုးသားများကိုသာ မှီခိုသည်။ ယန်မော့ကသာ အစစ်အမှန်ကြိုးကိုင်သူဟု ယုံကြည်ထားကြသည်။
ရှောင်းလုံနှင့် ယဲ့ယီအန်းကသာ ယန်မော့၏ပြောစကားက မှန်ကန်လောက်ကြောင်း သိနေသည်။
ရှုရှင်းကမူ သူတို့၏အတွေးကို ဂရုစိုက်မနေပေ။ ဆန့်ကျင်ဘက်အနေဖြင့် မည်သူကမှသူမကို ဒုက္ခလာမပေးသည့်အတွက် အတော်လေး ပျော်ရွှင်နေသည်။
ယန်မော့ကလည်း သူမ၏ ရည်ရွယ်ချက်ကို သိသည်။ ဒီတစ်ခေါက်တွင် သူတို့ကလည်း အခြားသော အခြေစိုက်စခန်းများအားလုံး၏ အာရုံကို လှည့်စားရန် လိုအပ်လေသည်။ သူတို့က အပေါ်ယံတွင် အဆင်ပြေနေသည်ဟု ထင်ရသည်။ သို့သော် အနည်းဆုံး အခြေစိုက်စခန်းကြီးပေါင်းများစွာက ရောက်လာကြသည်။ ရှောင်းလုံနှင့် ယဲ့ယီအန်းတို့ကလွဲပြီး အခြားသောအခြေစိုက်စခန်းကြီးများသည်လည်း အာရုဏ်ဦးအခြေစိုက်စခန်း၏ အစစ်အမှန် ပိုင်ရှင်က သူမမှန်း မသိကြပေ။
“အချစ် ငါတို့ လောင်းကြရင် ဘယ်လိုလဲ”
ညစာစားပြီးနောက် ရှုရှင်းက ယန်မော့၏ လက်မောင်းထဲတွင် ပျင်းတိပျင်းရွဲ့မှီလိုက်ရင်း ပြောသည်။
“အင်း ဘာလောင်းမှာလဲ”
ယန်မော့က လက်ထဲမှ စာအုပ်ကို ကိုင်ထားပြီး သူမ၏ နူးညံ့သော ဆံပင်လေးကို ခပ်ဖွဖွလေး ပုတ်ပေးနေသည်။
“ဘယ်အခြေစိုက်စခန်းက ထိပ်ဆုံးငါးနေရာကို ရမလဲဆိုတာလေ”
ရှုရှင်းက စိတ်လှုပ်ရှားသော မျက်နှာမျိုးဖြင့် ထိုင်နေသည်။
ယန်မော့ကလည်း သူ၏နူးညံ့သောဇနီးလေးနှင့် ဆော့ကစားရမည့် အခြေအနေကို ပျော်ရွှင်မိလေသည်။
“ဟေး ငါ အရင်ပြောမယ်နော်။ ငါအရင်ပြောမယ်”
ရှုရှင်းက ရယ်ပြီးနောက်
“ငါက မြို့တော် C၊ မြို့တော် B၊ မြို့တော် H၊ မြို့တော် Qနဲ့ အနောက်မြောက်ပိုင်း အခြေစိုက်စခန်းကို လောင်းတယ်။ နင် ငါနဲ့ တူလို့မရဘူး”
“အာ ရှင်းပေါင်က အရမ်းကို မင်းမူတာပဲ”
ယန်မော့က ရယ်သည်။
“အင်း ဒါဆိုရင်တော့ ငါက မြို့တော် B၊ မြို့တော် C၊ မြို့တော် M၊ မြို့တော် Qနဲ့ အနောက်မြောက်ပိုင်း အခြေစိုက်စခန်း”
ရှုရှင်း “ရတယ်”
သူမသည် အိမ်တော်ထိန်း 001 ထံမှ အတွင်းသတင်း အများကြီး ရထားသည်။ ဆိုတော့ သေချာပေါက် နိုင်မှာ။
“ငါနိုင်မယ်ဆိုရင် နင် တစ်ပတ်လုံးလုံး X ကို ချုပ်ထိန်းရမယ်”
ရှုရှင်းက ကြိုတင်တွေးထားပြီးသား တောင်းဆိုချက်ကို ပြောသည်။
ယန်မော့ကလည်း မငြင်းပေ။ သို့သော် သူ၏ မျက်နှာတွင် အဓိပ္ပာယ်အပြည့်နှင့် အပြုံးက ပေါ်လာသည်။
“ရတာပေါ့ တကယ်လို့ ငါနိုင်ရင်တော့ နောက်တစ်ပတ်ရဲ့ ညတိုင်းလိုလို … ငါ့အပိုင်ပဲ”
ခင်ပွန်းဖြစ်သူ၏ အပြုံးကို မြင်ရသည့်အခါ ရှုရှင်းက ရုတ်တရက် မသက်မသာဖြစ်သွားသည်။
သို့သော် သူမ အတွင်းသတင်းရထားသည့်အချက်ကို ပြန်တွေးမိလိုက်သောအခါ ယုံကြည်မှုပြန်ရှိသွားပြန်သည်။
ယန်မော : ကြည့်ရတာ ရှင်းပေါင်ကို ပူးပေါင်းပေးဖို့အတွက် ပုံစံအသစ်တွေ စဉ်းစားထားရတော့မယ် ထင်တယ်
******