← Chapters

အခန်း ၂၇၃

Vol. 28 Ch. 273

အခန်း ၂၇၃

Vol. 28 Ch. 273

273 01

အပိုင်း (၂၇၃)

မဟာမိတ်ရှာသောအခါ အလွန်အမင်းသတိထားရန် လိုအပ်သည်။ ယန်မော့က ချက်ချင်း သဘောမတူသည့် အချက်ကိုလည်း ရှောင်းလုံနှင့် ကျန်းမောင်တို့က စိတ်အေးသွားကြသည်။

ယန်မော့ကသာ မစဉ်းစားချင်ဘဲ သဘောတူလိုက်လျှင်မူ အခြားသော သူများက ပြင်ဆင်ထားသော ထောင်ချောက်ထဲသို့ ကျသွားခြင်း ရှိမရှိ စဉ်းစားရအုံးပေမည်။ မြို့တော် C နှင့် မြို့တော် B ၏ ပူးပေါင်းထားသည့် အင်အားကလည်း အခြေစိုက်စခန်း အားလုံးကြားမှ ထိပ်ဆုံးဖြစ်နေလေသည်။ ထို့ကြောင့် အာရုဏ်ဦး အခြေစိုက်စခန်းအနေဖြင့် မဟာမိတ်အတွက်ရှာလိုလျှင် အကောင်းဆုံးဖြစ်ပြန်သည်။

တစ်စုံတစ်ရာကို ဆွေးနွေးရန် လိုအပ်လျှင်မူ အမှန်တကယ်အားဖြင့် ဆွေးနွေးဟန်ဆောင်ရုံသာ ဖြစ်လေသည်။

ရှုရှင်းတို့အဖွဲ့က အစည်းအဝေးခန်းထဲတွင် တစ်ညနေလုံး နေလိုက်ကြပြီး ညရောက်မှသာ ထွက်သည်။

အခြားသော အခြေစိုက်စခန်းများနှင့် ပူးပေါင်းမှု သဘောတူညီချက် မူကြမ်းကို ရေးဆွဲထားပြီးသားဖြစ်သည်။ အခြေစိုက်စခန်းနှစ်ခု၏ ထုတ်ပြလာသော အခြေအနေများအတိုင်း အချို့သောအချက်အလက်များကို ချိန်ညှိရန် လိုအပ်လောက်သည်။

သို့သော် ပူးပေါင်းမှု သဘောတူညီချက်ပါ အချက်အလက်များကိုမူ အခြေစိုက်စခန်းတစ်ခုတည်းက ဆုံးဖြတ်လိမ့်မည် မဟုတ်ပေ။ အခြေစိုက်စခန်း သုံးခုလုံးက ခေါင်းချင်းဆိုင်ကာ တစ်ပတ်လုံးလုံးဆွေးနွေးပြီး ညှိနှိုင်းမှုများ ပြုလုပ်ပြီးမှသာ အတည်ပြုနိုင်ခဲ့သည်။ မြို့တော် B နှင့် မြို့တော် C မှ လူများ ထွက်သွားခဲ့ပြီးနောက် အာရုံဦးအခြေစိုက်စခန်းကလည်း ပုံမှန်အတိုင်း ပြန်လည်ငြိမ်းချမ်းသွားသည်။

ရှုရှင်း၏ အဆင့်လေး သဘာလွန်စွမ်းအားကလည်း အောင်မြင်စွာနှင့် အဆင့်ငါးကို တက်နိုင်သွားပြီ ဖြစ်သည်။ သို့သော် ထိုသို့တက်ရန်အလို့ငှာ မရေမတွက်နိုင်သော အခြေပြုစွမ်းအားမရှိသည့် ဇွန်ဘီသလင်းအမြူအတေ မြောက်များစွာ လိုအပ်လေသည်။

အဆင့်ငါးသို့ ရောက်ရှိသွားသောအခါ စွမ်းအားရှင်များအနေဖြင့် တံစက်မြိတ်တစ်ခုကို ကျော်ဖြတ်သွားနိုင်သည့် လက္ခဏာဖြစ်သည်။

သို့ရာတွင် ရှုရှင်းကမူ စိတ်ရှုပ်နေသည်။

အစောပိုင်းကာလမျိုးတွင် သူမ၏သဘာဝလွန်စွမ်းအားက အဆင့်တက်သွားသောအခါ စွမ်းအားသစ်တစ်ခုကို ရတတ်သည်။ ယခုတစ်ခေါက်တွင်လည်း ယခင်လို ဖြစ်နေမည်ဟု ထင်ထားသည်။ သို့သော် မမျှော်လင့်ထားစွာပင် သူမ၏သဘာဝလွန်စွမ်းအား အသစ်က ထပ်မရလာဘဲ အစောပိုင်း မှော်တုတ်တံကသာ ပြောင်းသွားသည်။

ထိုမှောင်တုတ်တံသည် နဂိုက သူမ၏ သဘာဝလွန်စွမ်းအားကို ထုတ်လွှတ်ရန် ရည်ရွယ်သောကြောင့်သာ ဆန္ဒဖြည့်ပေးခြင်းဟု ခေါ်ဆိုခဲ့သည်။ သူဟာ ကြည့်ကောင်းသော တုတ်တံပုံစံ ကလွဲပြီး ကစားစရာ အရုပ်နှင့်ပင် မခြားနားပါပေ။

သို့သော် အဆင့်တက်သွားပြီးနောက်တွင် သူ၏ပုံစံက မည်သည့်စွမ်းအားမှ မကုန်ဆုံးစေဘဲ ပြောင်းနိုင်သွားသည်။ သူမ ဆန္ဒရှိသည့် ပုံစံအတိုင်းကို ပြောင်းနိုင်ခြင်း ဖြစ်သည်။

“အင်း အရေးကြီးတဲ့ အချိန်မှာ ရန်သူကို အငိုက်မိစေလောက်မယ့် ပုံစံမျိုးကို ပြောင်းနိုင်တဲ့ လက်နက်မျိုးလိုပဲ”

သူမက နားလည်သွားပြီးသည်နှင့် ရှုရှင်း၏မျက်လုံးထဲတွင် အလင်းတန်းက တောက်ပလာသည်။ သူမသည် ဝှက်ဖဲများလာပြီ ဖြစ်သည်။

သူမကလည်း သတင်းကောင်းအား ယန်မော့ကို အမြန်ဆုံး ပြောပြသည်။

“ရှင်းပေါင်က တော်လိုက်တာ။ ရှင်းပေါင် မင်း အဆင့်တက်ဖို့ အများကြီး ကြိုးစားခဲ့တာပဲ။ ငါ ဒီည မင်းကို ကောင်းကောင်း ချက်ကျွေးမယ်”

ရှင်းပေါင်၏စာကို ရသည်နှင့် ယန်မော့က လုပ်လက်စအရာများကို ချက်ချင်း ပစ်ချကာ အပြေးအလွှား သွားတော့သည်။ သူသည်လည်း ရှင်းပေါင်က တံခါးပိတ်ကျင့်ကြံနေသောကြောင့် တစ်လကျော်လုံးလုံး တစ်ဖက်သူကို မတွေ့သေးပေ။ ထို့ကြောင့် သူသည်ပင် အိမ်ကို လွမ်းဖျားလွမ်းနာကျနေသလို ခံစားရပြီး ဇနီးလေးနှင့် အတူရှိရန် မစောင့်နိုင်တော့ပေ။

စုယွမ်တွင် စွမ်းရည်အသစ် ရလာသည်။ ရှင်းပေါင်အား ထိုစွမ်းရည်အသစ်နှင့် ရင်းနှီးကျွမ်းဝင်ပြီး ခပ်မြန်မြန်ကျင့်သားရသွားစေရန်အလို့ငှာ ယန်မော့ကလည်း သူမဟာ စုယွမ်၏ ပြောင်းလဲနိုင်သော ဝိသေသလက္ခဏာအတိုင်း လိုက်လျောညီထွေဖြစ်မည့် လေ့ကျင့်ရေးပုံစံမျိုးကို ဖန်တီးပေးလိုက်ပြီး အကျင့်အတိုင်း ကိုက်ညီစွာ အသုံးပြုနိုင်အောင် ပြင်ဆင်ပေးသည်။

273 02

ရှုရှင်းက ရုတ်တရက် အမျိုးမျိုးပြောင်းလဲနိုင်သော တုတ်တံကို ကြည့်ကာ တိတ်ဆိတ်သွားသည်။

ရှုရှင်း : မဟုတ်သေးပါဘူး သိသိသာသာကိုပဲ ငါ့အတွက် တမင်တကာ ဒုက္ခပေးနေသလိုပဲ

…

အခြေစိုက်စခန်းသုံးခုက ကောက်ပဲသီးနှံပထမတစ်သုတ်မှ မျိုးစေ့များကို ပြန်သယ်ယူပြီးသည်နှင့် အောင်မြင်စွာ စိုက်ပျိုးနိုင်သည်ဆိုသော သတင်းကို ပြန်လည် အကြောင်းကြားကြကာ အာရုဏ်ဦးအခြေစိုက်စခန်း၏ နာမည်ကလည်း အဆုံးသတ်ကာလအတွင်းရှိ အခြေစိုက်စခန်းအသီးသီးအနှံ့ ပြန်နှံ့သွားလေသည်။ အထူးစွမ်းရည်မရှိသော သာမာန်လူများကပင် ကြားကြသည်။

ရှုရှင်းက သက်ပြင်းချပြီး လက်ထဲမှ ဖိုင်ကြီးဖြင့် မျက်နှာကို အုပ်ထားကာ ကုလားထိုင်အနောက်ဖက်သို့မှီပြီး အိပ်မက်ပျောက်နေသော ဆားစိမ်ငါး ပုံစံဖြစ်သွားသည်။

“အာ….”

မျှော်လင့်ထားတဲ့အတိုင်းပဲ အလုပ်က ချီးလိုပဲ…

အာရုဏ်ဦးအခြေစိုက်စခန်း၏ ဂုဏ်သတင်းများ ပျံ့လာသည်နှင့် အင်အားကြီးမားသော အခြေစိုက်စခန်းပေါင်းများစွာက ဒုတိယလေလံအတွက် လာရောက်စုံစမ်းကြသည်။ အခြေစိုက်စခန်းကို ပူးပေါင်းလိုသော သာမာန်လူများနှင့် စွမ်းအားရှင်ပေါင်းများစွာလည်း ရှိသည်။ ထို့ကြောင့် နေ့တိုင်းလိုလို လုပ်ဆောင်ရမည့်ကိစ္စက အများကြီး တိုးသွားသည်။ ယန်မော့တို့ကလည်း နေ့တိုင်းလိုလို မအားမလပ် ဖြစ်နေကြောင်း မြင်သောအခါ အခြေစိုက်စခန်းပိုင်ရှင်ဖြစ်သည့် ရှုရှင်းကလည်း ဒီအတိုင်း ထိုင်မကြည့်နိုင်တော့ပေ။ ထို့ကြောင့် သူမသည်လည်း ဝန်ထုပ်ဝန်ပိုး တစ်စိတ်တစ်ပိုင်းကို လွဲပြောင်းယူပေးသည်။

ထို့ကြောင့် လဝက်လုံးလုံး မနက်ရှစ်နာရီမှ စတင်ပြီး ညခြောက်နာရီ သို့မဟုတ် ခုနှစ်နာရီအထိ တောက်လျှောက် လုပ်နေရလေသည်။ သူမသည် ရုံးခန်းထဲမှပင် မထွက်နိုင်ပေ။ ထိုသို့ဖြင့် မနက်ရှစ် ညခုနှစ်အထိ အလုပ်လုပ်ရသော သူအဖြစ် အောင်မြင်စွာ ပြောင်းလဲနိုင်သွားလေသည်။

ရှုရှင်းသည်လည်း မှင်စာတစ်ကောင်က သူမ၏စွမ်းအင်များ စုပ်ယူသွားသကဲ့သို့ပင် ခံစားနေရပြီး အင်အားအလွန်ကုန်ဆုံးနေလေသည်။ ထို့ကြောင့် ခန္ဓာကိုယ်တစ်ခုလုံးက အတန်းစာသင်ခန်း၏ရနံ့ဟုဆိုသော အရာမျိုးထက်ပင် ဆိုးလွန်းနေသည်ဟု ခံစားနေရသည်။

“ပင်ပန်းလို့လား”

ယန်မော့ကလည်း သူမအတွက် ပြင်ဆင်ထားသည့် ကိတ်မုန့်လေး တစ်စိတ်ကို အနားသို့ တိုးပေးလိုက်ရင်း ပြောသည်။

“နည်းနည်းပေါ့”

ရှုရှင်းကလည်း သူမအကြိုက်ဆုံးအရသာ ရေခဲမုန့်ကိတ်ကို မြင်လိုက်သည်နှင့် ချက်ချင်းဆိုသလို ခုန်ထကာ လက်ထဲမှ စာအုပ်များကို ပစ်ချ၍ အပြေးအလွှားသွားစားသည်။

Cupcake ထက် ဘယ်အလုပ်ကများ တန်ကြေးရှိလို့လဲ။

ယန်မော့က ချော့သည်။

“လေလံပွဲအတွက် ပြင်ဆင်မှုတွေ အားလုံးက ပြီးမြောက်လုနီးပါးဖြစ်နေပြီ။ စည်းမျဉ်းတွေ လုပ်ဆောင်ရမယ့် ကိစ္စတွေအားလုံးကလည်း နေရာတကျပဲဆိုတော့ ငါတို့ ကိုယ်တိုင် လုပ်ဖို့ မလိုတော့ဘူး။ ယန်ပေ့ နဲ့ အခြားလူတွေက သူတို့ဘာသာ ကိုင်တွယ်နိုင်ပါတယ်။ ငါတို့ဘာသာ ကောင်းကောင်းနားလို့ရပြီ”

ရှုရှင်းကလည်း ကိတ်မုန့်စားနေရင်း ခေါင်းညိတ်သည်။ အစောပိုင်းကမူ အခြေစိုက်စခန်းသို့ ဝင်ရောက်လာခဲ့သည့် ပထတစ်သုတ် ကလေးများထဲမှ မျိုးစေ့ကောင်းများကို‌ ရွေးထုတ်ထားပြီးသား ဖြစ်သည်။ ထိုထဲမှ လူငါးယောက်က ကိစ္စပေါင်းများစွာကို အသီးသီး လုပ်ဆောင်နိုင်လိမ့်မည် ဖြစ်သည်။

သူတို့သည် တစ်စုံတစ်ရာကို ထွက်လုပ်ရန် သို့မဟုတ် ကိစ္စတစ်ခုခုရှိ၍ အပြင်သို့ ထွက်သွားရန် လိုအပ်လျှင်ပင် ထိုငါးယောက်အပြင် အိမ်တော်ထိန်း001 တို့ ရှိခြင်းအားဖြင့် အခြေစိုက်စခန်းကြီး တစ်ခုလုံးကို စီမံခန့်ခွဲနိုင်သည်။

ပျော်ရွှင်စရာကောင်းသော ညနေခင်း ရေနွေးကြမ်း သောက်ချိန်ကလည်း အမြဲတစေ တိုတောင်းလေသည်။

ကိတ်မုန့်ကို ပျော်ရွှင်စွာ မွေ့လျော်ပြီးနောက် အရှေ့မှ ဖိုင်အထပ်လိုက်ကို ကြည့်ကာ အလုပ်ကို တက်တက်ကြွကြွ လုပ်ရပြန်သည်။

******

All Chapters