အခန်း ၂၇၄
Vol. 28 Ch. 274
274 01
အပိုင်း (၂၇၄)
ထိုသို့ဖြင့် မျက်တောင်တစ်ခတ်အချိန်အတွင်းတွင် သုံးနှစ်က ကုန်ဆုံးသွားသည်။
အာရုဏ်ဦးအခြေစိုက်စခန်းကလည်း အဆုံးသတ်ကာလ၏ ထိပ်တန်းမဟာအခြေစိုက်စခန်းများထဲမှ တစ်ခုဖြစ်လာသည်။ အင်အားအရဖြစ်စေ တိုက်ခိုက်နိုင်စွမ်းရည်အရဖြစ်စေ အင်အားအကြီးဆုံးသော အနည်းစုထဲမှ တစ်ခုဖြစ်လာသည်။
အာရုဏ်ဦးအခြေစိုက်စခန်းအပြင် မြို့တော် C မှ အခြေစိုက်စခန်း တောင်ပိုင်းရှိ အထီးကျန်ဝံပုလွေအခြေစိုက်စခန်းတို့ကလည်း လျှင်မြန်စွာဖြင့် ဦးမော့လာကာ B မြို့ တရားဝင် အရာရှိ အခြေစိုက်စခန်းကိုပင် ကျော်သွားသေးသည်။
ရှုရှင်း၊ ယန်မော့တို့အဖွဲ့၏အင်အားက နေ့တိုင်းဆိုသလို တိုးတက်နေသည်။ သိသာစွာပင် သုံးနှစ်အတွင်းတွင် ယန်မော့၏စွမ်းရည်အဆင့်က အဆင့်ရှစ်အဆင့်မြင့်အဆင့်သို့ပင် အောင်မြင်စွာ တက်သွားခဲ့သည်။ ရှုရှင်း၏အဆင့်ကမူ အဆင့်ခြောက် အလယ်အလတ်အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ပုရှန်းဝမ်နှင့် မူချီမိုင်တို့၏ အဆင့်ကလည်း အဆင့်ခုနှစ် အဆင့်မြင့်အဆင့် ဖြစ်ကြသည်။ ပုယွမ်ကျိုးကမူ သူ၏ အင်အားအများစုကို ဓာတ်ခွဲခန်းတွင်သာ မြုတ်နှံထားသောကြောင့် သူ၏ ခွန်အားတိုးတက်မှုက အနှေးကွေးဆုံးဖြစ်သည်။ သို့သော် သူကလည်း ရှုရှင်းနှင့် တူညီစွာပင် အလယ်အလတ် အဆင့်ခြောက်ဖြစ်သည်။
ကမ္ဘာကပ်ဘေးကာလပြီးနောက်ပိုင်း ဆေးဝါးများက စားစရာနည်းတူ ရှားပါးလေသည်။
ပုယွမ်ကျိုးက ဓာတ်ခွဲခန်းထဲတွင် နေခဲ့သော အချိန်များက အလဟဿမဖြစ်ခဲ့ပါပေ။ သုံးနှစ်အတွင်းတွင် နောက်ပိုင်း သူနှင့် ပူးပေါင်းလာခဲ့သည့် သုတေသန ပညာရှင်အသစ်များနှင့် ပူးပေါင်းခြင်းအားဖြင့် ကမ္ဘာကပ်ဘေးကာလမှ မြေဆီလွှာတွင် စိုက်ပျိုး၍ အဆင်ပြေသော ကောက်ပဲသီးနှံအမျိုးအစား သုံးမျိုးကို ထပ်ပြီးထုပ်လုပ်နိုင်ခဲ့သည်။ အလားတူပင် အယောင်ကျဆေးနှင့် သွေးတိတ်ဆေးတို့ကို ထုတ်နိုင်လာသည်။
ထိုဆေးသည် သာမာန်ဒဏ်ရာများကိုသာ သက်ရောက်မှု ရှိနေခြင်း မဟုတ်ပေ။ ဇွန်ဘီများကြောင့် ဖြစ်သော နေရာများတွင်သာ သက်ရောက်မှု ရှိသည်။
စိတ်စွမ်းအားပညာရှင်များက ဇွန်ဘီများနှင့် တိုက်ခိုက်သောအခါ မလွဲမသာ ဒဏ်ရာရပေလိမ့်မည်။ စိတ်စွမ်းအား ပညာရှင်များ အနေဖြင့် ဇွန်ဘီများနှင့် ကုတ်ခြစ်မိခြင်း ကိုက်မိခြင်းတို့ ဖြစ်ပေါ်သည့်အခါ ပိုးကူးစက်၍ ဇွန်ဘီ မဖြစ်သွားကြပေ။ သို့သော် ထိုဒဏ်ရာများက ကုသရန် ခက်သည်။ သွေးတိတ်ရန်လည်း ခက်သည်။ ယောင်ကိုင်းနေပြီး ပျောက်ရန်ခက်ခဲကာ ပိုးများ ဝင်ရောက်ခြင်းတို့ကြောင့် အတော်လေးကို ဒုက္ခများပြီး ရွံစရာ ကောင်းလေသည်။
သို့သော် ယခုရရှိလာသည့် ထိုသွေးတိတ်ဆေးကို အလုံးအရင်းနှင့် ထုတ်ပြီးသည်နှင့် အဓိက အခြေစိုက်စခန်းကြီးများက အပြေးအလွှား လုယက်ကြခြင်းအားဖြင့် တစ်ချိန်တည်းတွင်ပင် ကုန်သွားသည်။
ကုန်လွန်ခဲ့သော နှစ်များအတွင်းတွင် ကျန်းရန်ဖင်၏ ဂုဏ်သတင်းကလည်း ကျော်ကြားလာသည်။ သူ၏ အင်အားကလည်း တိုးတက်လာသည်။ သူသည် လက်နက် သွန်းလုပ်ရာတွင် အလွန်အမင်း ပါရမီကြီးသည်။ ရှုရှင်းကလည်း မကြာခဏဆိုသလို အချို့သောသတိပေးချက်များ စိတ်ကို လှုံ့ဆော်ပေးသော အချက်အလက်များကို ကပ်တိုးလေး သွားသွားပြောလေ့ရှိသည်။ ထို့ကြောင့် သူ ယခု ထုတ်လုပ်ထားသော လက်နက်များကလည်း အမျိုးမျိုးသော အခြေစိုက်စခန်းများကြားတွင် ဂုဏ်သတင်းပျံ့နှံ့ကျော်စောနေပြီ ဖြစ်သည်။
လူအများစုက လက်နက်များကို လာရောက်ကာ တောင်းဆိုကြသည်။
လက်နက်များကို တောင်းဆိုသော လူက များသည်။ သို့သော် လူတိုင်းကတော့ဖြင့် မရရှိနိုင်ကြပေ။ ထိုလက်နက်များကို ယူရန် နည်းလမ်းနှစ်မျိုးရှိသည်။ တစ်မျိုးကမူ ခြောက်လတစ်ကြိမ် အာရုဏ်ဦးအခြေစိုက်စခန်း၏ အလဲအလှယ်ဌာနတွင် ကျင်းပသော လေလံပွဲတွင် ဝင်ရောက်ကာ လေလံဆွဲခြင်းဖြစ်သည်။ အခြားသော တစ်မျိုးကမူ ကျန်းရန်ဖင်က မကြာခဏဆိုသလို တောင်းဆိုတတ်သော လိုအပ်ချက်များနှင့် ကိုက်ညီရန်ဖြစ်သည်။ ထိုလိုအပ်ချက်များကို ကိုက်ညီအောင် လုပ်ပေးသော သူနှင့် ကွက်တိသင့်လျှော်မည့် လက်နက်များကို ကျန်းယန်ဖင်က အထူးတလည် လုပ်ဆောင်ပေးမည် ဖြစ်သည်။ ထိုကဲ့သို့သော အထူးတလည် လုပ်ပေးနိုင်မည့် လက်နက်မျိုးကို ရရှိလိုသော်လည်း လိုအပ်ချက်နှင့် မပြည့်မှီက အခြားသော နည်းလမ်းမျိုးဖြင့် ပြော၍ ရသည်။ ထိုနည်းလမ်းကလည်း ပိုက်ဆံစွမ်းရည်ဖြစ်သည်။ ကျန်းယန်ဖင်က သဘောတူလောက်မည့် တန်ကြေးမျိုးကို ပေးနိုင်သမျှ ရနိုင်သည်။
274 02
အာရုဏ်ဦးအခြေစိုက်စခန်းမှ လူများကမူ ထိုနည်းလမ်းမျိုးကတဆင့် တကူးတက လုပ်ဆောင်နေရန် မလိုအပ်ပါပေ။ မည်သို့ပင် ဆိုစေ သူတို့၏ တာဝန်ခန်းမတွင်ဆုပေးစနစ် ရှိသည်။ ထို့ကြောင့် သူတို့ အကျိုးပြုမှုအရ ဆုလာဘ်များနှင့် လဲလှယ်နိုင်သည်။ ထိုအခါ တာဝန်များကို လုပ်ဆောင်ပြီး ရရှိလာသော အမှတ်များက လုံလောက်သည်နှင့် ကျန်းရန်ဖင်က လုပ်ပေးသော လက်နက်များကို ရွေးချယ်ထုတ်ယူနိုင်မည် ဖြစ်သည်။
အမှတ်လိုအပ်ချက်ကမူ မြင့်သော်လည်း မည်သူကမှ စိတ်ထဲမထားကြပါပေ။ မည်သို့ပင်ဆိုစေ သူတို့၏ ကြွယ်ဝမှုက ထိုနေရာတွင် ရှိသည်။ သူတို့ ထုတ်ပေးသော လက်နက်များကလည်း ခုခံရမည့် ပစ္စည်းသီးသန့်ပင် မဟုတ်ကြပေ။ ထိတွေ့ကိုင်တွယ်၍ရပြီး အလွယ်တကူပင် ကိုင်တွယ်ထား၍ ရသည်။ ထို့အပြင် မကျေမနပ် ဖြစ်စရာပင် မရှိပါပေ။
လူသာများသည် အမှန်ပင် လိုက်လျောညီထွေအဖြစ်ဆုံး မျိုးနွယ်ဖြစ်သည်။ ကမ္ဘာအဆုံးသတ်ကာလပြီးနောက် နှစ်တော်တော်များများ ကြာလာချိန်တွင် အခြေစိုက်စခန်းကြီးတိုင်းက အုပ်ချုပ်မှု စနစ်အသစ်များကို ထုတ်နိုင်သွားကြပြီဖြစ်ပြီး အရာအားလုံးကလည်း ကောင်းမွန်သော ဦးတည်ရာဘက်သို့ ရွေ့လျားနေကြသည်။
နောက်ဆုံးအစီအစဉ်က ကျရှုံးသွားခဲ့ပြီးနောက် လူနေနည်းပါးသော နေရာများတွင် ပုန်းအောင်းနေသော ဝမ်ကျန်းဖင်ကလည်း ယခင်က သုံးနှစ်လုံးလုံး သူ၏ အင်အားကို ခိုးစုနေခဲ့ခြင်း ဖြစ်သည်။
ယဲ့ယီအန်း၊ ရှောင်းလုံနှင့် ရှုရှင်းတို့၏အားက သူ့ကို ဆွဲဆောင်နိုင်သည်။ သူသည်လည်း ထိုလူများ၏ အမြူအတေများကို စုပ်ယူနိုင်မည် ဆိုပါက သူသည် ဒီလောက တစ်ခုလုံးကို အုပ်ချုပ်နိုင်မည်ဟု ခံစားနေရသည်။
ခန္ဓာကိုယ်ထဲမှ တိုးထွက်လာနေသော စွမ်းအားများကို ခံစားမိနေသည့် ဝမ်ကျန်းဖင်သည်လည်း သူသည် အပြင်သို့ လူလုံးထွက်ပြ၍ အတော်လေးကို ငြိမ်းချမ်းနေသော ထိုလူများကို အံ့အားသင့်မှုများ ဆောင်ယူပေးရန် အချိန်ကျပြီဟု ခံစားရသည်။
ဒီတစ်ခေါက်တွင်မူ သူသည် လိုချင်သည့်အရာကို သေချာပေါက် ရပေလိမ့်မည်။
******