← Chapters

အခန်း ၂၇၅

Vol. 28 Ch. 275

အခန်း ၂၇၅

Vol. 28 Ch. 275

275 01

အပိုင်း (၂၇၅)

“ဟေ့ ကြားပြီးပြီလား။ ဗဟိုနယ်မြေရဲ့ D မြို့ အခြေစိုက်စခန်းက လာတဲ့ သတင်းတွေအရ သဘာဝလွန်စွမ်းအားရှင်တွေကို ဆင့်ကဲပြောင်းလဲစေနိုင်တဲ့ ဆေးရည်ကို တီထွင်ပြီးပြီတဲ့”

“တကယ်ပေါ့ ငါက အဲ့ဒီမှာ တာဝန်လုပ်ပြီး ပြန်လာကာစ စွမ်းအားရှင် တစ်ယောက်ဆီက သိရတာလေ။ D မြို့ အခြေစိုက်စခန်းက နှစ်လနေရင် ကျင်းပမယ့် မျိုးရိုးဗီဇပြောင်းလဲမယ့်ဆေးရည် တွေ့ဆုံပွဲမှာ အခြားအခြေစိုက်စခန်းတွေကို ဖိတ်ခေါ်ထားတယ်”

“တွေးတောင်မတွေးနဲ့။ ငါတို့ သာမာန်လူတွေက အဲဒီကို သွားဖို့အခွင့်အရေးမှ မရှိတာ။ ဆိုတော့ လက်တွေ့ကျကျကိုပဲ တွေးသင့်တယ်”

လူအုပ်နှင့် ရောနှောပြီး ဖရဲသီးစိတ်စားနေသော ရှုရှင်းကလည်း သူတို့၏ စကားပြောခန်းကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ သတင်းကြီးကို ကြားသိလိုက်ရသော ရှုရှင်းကလည်း ရုံးခန်းသို့ ခပ်မြန်မြန်ပြန်သွားသည်။ မမျှော်လင့်ထားစွာပင် ရုံးခန်းထဲမှ လူတိုင်းကလည်း ထိုသတင်းကို ပြောနေကြသည်။

“တိုက်တိုက်ဆိုင်ဆိုင် ငါတို့ကလည်း D မြို့ အခြေစိုက်စခန်းက ဖိတ်ကြားစာကို ရကာစ”

ယန်မော့က လက်ကို လှမ်း၍ ရှုရှင်းကို ဆွဲကာ နံဘေးတွင် ဝင်ထိုင်စေသည်။

“ဟင် တစ်ခုခုက လွဲနေတယ်လို့ ငါဘာလို့ ခံစားမိနေတာလဲ”

ရှုရှင်းကလည်း ယန်မော့၏အရှေ့မှခွက်ကို ကောက်ယူလိုက်ရင်း ရေကို တစ်ငုံသောက်ပြီးမှ ယန်မော့ကို စိတ်လှုပ်ရှားစွာကြည့်သည်။

“ငါတို့က သတင်းရကာစ၊ ဒါပေမဲ့ သတင်းက သာမာန်လူတွေကြားမှ ပြန့်နေပြီဆိုလိုတာက သာမာန်လူတွေက ငါတို့ထက်အရင် သတင်းရတာလား”

“ရှင်းပေါင်က တော်လိုက်တာ ပြဿနာကို ချက်ချင်းသိတာပဲ”

ယန်မော့ကလည်း ခွက်အလွတ်ကို သဘာဝကျကျယူပြီး ရှုရှင်းကြိုက်သော ရေနွေးကြမ်းကို ထပ်ထည့်ပေးရင်း ပြောသည်။

နံဘေးနားတွင် အဖြူရောင်ကုတ်အင်္ကျီကို ဝတ်ရင်း ခပ်အေးအေးထိုင်နေသော ပုယွမ်ကျိုးက အနည်းငယ် ပင်ပန်းနေသည့် မျက်ခွံကို ပွတ်ကာ ပြောသည်။

“ပုံမှန်အားဖြင့် အခြေစိုက်စခန်းတစ်ခုချင်းစီတိုင်းက ထိပ်တန်းခေါင်းဆောင်တွေက သတင်းကို အရင်ရရမှာ။ အဲဒီနောက်မှ သတင်းက ပြန့်မှာလေ။ ဒါပေမဲ့ ဒီတစ်ခေါက်တော့ ပြောင်းပြန်ဖြစ်နေတယ်”

“D မြို့အခြေစိုက်စခန်းက ပုံမှန်အားဖြင့် သိုသိုသိပ်သိပ်နေနေကျ။ သူတို့က အမြဲတစေ အစီအစဉ်တကျ လုပ်ဆောင်နေကျပါ။ မမျှော်လင့်ထားဘဲ ဒီလောက် သတင်းအကြီးကြီးကို ထုတ်လိုက်တ။ယ် ဒီသတင်းကသာ မှန်ကန်နေမယ်ဆိုရင် သတင်းကို စောစောပေါက်ကြားတာက နိမ့်ကျတဲ့ စီမံမှုကိုပဲ ပြောရတော့မယ်။ သတင်းက မှားနေခဲ့ရင်တော့ တစ်ခုခုက ဖြစ်နေလို့ပဲ”

“စင်ကို ဆောက်ပြီးပြီ ဆိုမှတော့ ငါတို့လည်း သွားပြီး ပွဲကြီးပွဲကောင်းကြည့်ရမှာပေါ့။ ဟုတ်တယ်မလား”

စကားအနည်းငယ်ကို နားထောင်ပြီးရုံနှင်တင် ရှုရှင်းကလည်း ထိုကိစ္စက ထိုမျှ မရိုးရှင်းကြောင်း နားလည်လိုက်သည်။ ထို့ကြောင့် စိတ်လှုပ်ရှားစွာ ပြုံးသည်။

မည်သူကမှ ဘာမှ မလုပ်ထားသည်မှာ တော်တော်ကြာပြီ ဖြစ်သည်။

“ရှင်းပေါင် ပြောတာ မှန်တယ်။ အချက်အလက်အတွေအရ ငါတို့ရဲ့ အခြေစိုက်စခန်းကပဲ သတင်းရတာမှ မဟုတ်တာ။ အခြားအခြေစိုက်စခန်းကြီးတွေကလည်း သတင်းကို ရလိမ့်မယ်။ သူတို့က ဒီလို ဝရုန်းသုန်းကားလုပ်ပြီး ပန်းတိုင်ကို ရအောင် မလုပ်နိုင်ခဲ့ဘူးဆိုရင် သေချာပေါက် လက်လျှော့အုံးမှာ မဟုတ်ဘူး”

ယန်မော့၏ အနက်ရောင်မျက်လုံးထဲတွင် အမှောင်အလင်းက လက်သွားသည်။

“အားလုံးပဲ ကျေးဇူးပြုပြီး မင်းတို့ လုပ်လက်စ အလုပ်တွေကို အခြားသူနဲ့ လွဲပြောင်းပေးပြီး ယူလာချင်တဲ့ ပစ္စည်းတွေကို ထုပ်သိမ်းထားကြ ငါတို့ သုံးရက်မြောက်နေ့ မနက်စာစားပြီးတာနဲ့ D မြို့ကို ထွက်ခွာမယ်”

“အင်း ကောင်းပြီ”

သူတို့က ထိုပွဲကို သွားတက်မည့် အကြောင်းကို သိလိုက်သောအခါ အားလုံးကလည်း အေးဆေးသွားကြသည်။ သူတို့၏ အသင်းမှ ပုံမှန်အဖွဲ့ဝင်များအပြင် သူတို့ကို အဖော်ပြုရန်အလို့ငှာ အထူးစွမ်းအားရှိသော အင်အားကြီးမားသော အသင်းနှစ်သင်းကိုလည်း ခေါ်လာကြမည် ဖြစ်သည်။ စိတ်မကောင်း ဖြစ်ရခြင်းထက် လုံခြုံလျှင် ပိုကောင်းပေလိမ့်မည်။ သိထားရမည်မှာ ခြင်္သေ့ကပင် ယုန်ကို အကောင်းဆုံးတိုက်ခိုက်ရန် ကြိုးစားတတ်သည်။ အခြားသူက ဝက်ယောင်ဆောင်ပြီး ကျားသား စားမစား မသိနိုင်ပါပေ။

…

275 02

တစ်ခဏခန့် ကြာပြီးနောက် D မြို့ အခြေစိုက်စခန်းဆိုသော လမ်းညွှန်ဆိုင်းဘုတ်ကို မြင်သောအခါ ရှုရှင်းက သူမ၏ကားထဲတွင် အကြာကြီး ထိုင်လာသောကြောင့် ဖင်နာနေသော ခံစားချက်ကပင် နောက်ဆုံးတွင် သက်သာသွားသည်ဟု ခံစားရသည်။

အဆုံးသတ်ကာလမှ လမ်းခရီးအခြေအနေက အမှန်တကယ်ပင် ဆိုးရွားသည်။

ဖင်အောက်တွင် ကူရှင် အထပ်ထပ် ထပ်ထားမည် ဆိုလျှင်ပင် စုတ်ပြဲသွားမည့် အရေးမှ မလွှတ်မြောက်နိုင်သေးပေ။ အနှေးနှင့် အမြန်စုတ်ပြဲခြင်းသာ ဖြစ်သည်။

ထိုမျှခရီးအရှည်ကြီးကိုသာ မကြာခဏ သွားနေရမည်ဆိုပါက တော်တော်လေးကို အင်အားကြီးများသော ဖင်ရလာလောက်သည်။

D မြို့ အခြေစိုက်စခန်းသို့ အလွန်အမင်း ချောမွေ့စွာ ဝင်ရောက်သွားသည်။ သူတို့အတွက် သတ်မှတ်ပေးထားသော အခန်းများ မရခင်အထိ ရှုရှင်းသည်လည်း အမှားအယွင်းကို မခံစားမိပေ။

“တစ်ခုခု သတိထားမိလား”

သူတို့နောက်သို့ လိုက်လာသော အထူးစွမ်းအား အသင်းနှစ်သင်းထဲမှ တစ်သင်း၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်သော မုန့်ဟယ်ကျစ်က ပါးစပ်ကို အကြိမ်အနည်းငယ် လုပ်လိုက်ပြီး စကားတစ်ခွန်းကိုသာ ပြောသည်။

“အချိန်အတိုင်းအတာ တစ်ခုအတွင်းတော့ ဘာမှ မတွေ့သေးဘူး”

“ဟုတ်တယ် ကိစ္စမရှိဘူး။ ပြောချင်တာရှိရင် ပြော”

ရှုရှင်းက သူ့ကို ပြောသည်။

“ဝင်လာပြီးတဲ့ နောက်မှာ ဘာဇွန်ဘီကိုမှ မတွေ့ရဘူးဆိုတာ နည်းနည်းထူးဆန်းတယ်”

မုန့်ဟယ်ကျစ်က တုံ့ဆိုင်းစွာနှင့် သံသယကို ဖော်ပြသည်။

ရှုရှင်းကလည်း ထိုစကားကို ကြားပြီး မှင်သက်သွားသည်။ အနားမှ ယန်မော့ အသိအမှတ်ပြုသော အမူအရာပြသည်။

“အမှန်ပဲ တစ်ကောင်မှ မရှိဘူး။ D မြို့ အခြေစိုက်စခန်းရဲ့ အပြင်ဘက်ခြမ်းကတောင် အထူးရှင်းလင်းထားတာထက်တောင် ရှင်းလင်းနေသေးတယ်”

ယန်မော့က အတည်ပြုပေးသည်။

“ဒီနေ့အတွက်တော့ ဒီလောက်ပဲ။ မင်းတို့ ပြန်ပြီးကောင်းကောင်းနားလိုက်အုံး။ မင်းတို့ တစ်ချိန်လုံး ခရီးထွက်လာရတာဆိုတော့ ပင်ပန်းနေမှာပဲ။ D မြို့ မှာ အချို့ထူးခြားတဲ့ အခြေအနေ ရှိနေရင်တောင်မှ လူတိုင်းမရောက်ခင်အထိ စအုံးမှာ မဟုတ်ဘူး။ ဆိုတော့ မနက်ဖြန်မှပဲ အခြေအနေကို သေချာ ဆွေးနွေးတာပေါ့”

အားလုံးက ပင်ပန်းနေကြောင်း မြင်သောအခါ ယန်မော့ကလည်း သူတို့ကို အထူးတလည် ပြန်ပြီး အနားယူခိုင်းလိုက်သည်။

အားလုံးထွက်သွားပြီးမှသာ ဆိုဖာပေါ်တွင် ခပ်မတ်မတ် ထိုင်နေသော ရှုရှင်းက ရုတ်တရက် ပျော့ခွေကျသွားပြီး ပန်ကိတ်ကဲ့သို့ပင် ပြားကပ်သွားသည်။

“ပင်ပန်းလိုက်တာ”

“ကြည့်ရတာ ရှင်းပေါင်က ကိုယ့်ဘာသာကိုယ် ရေချိုးနိုင်တဲ့ အင်အား မရှိတော့ဘူးထင်တယ် ငါကူညီပေးမယ်လေ”

ယန်မော့က တစ်ဖက်သူကို‌ ကောက်ပွေ့လိုက်ပြီး လက်ထဲမှ သူ၏ ရုန်းကန်မှုကို လျစ်လျူရှုရှင်း ရေချိုးခန်းထဲသို့ ခေါ်သွားသည်။ သေချာစွာပင် ယန်မော့သည်လည်း ဒီအတိုင်း ရေချိုးပေးမည် မဟုတ်လေဘဲ အသားအနည်းငယ် စားလိုက်သေးသည်။ ထို့‌နောက် သူ၏ ချိုမြိန်ကာ နူးညံ့သော ဇနီးလေးကို ပွေ့ဖက်ကာ အိပ်မောကျသွားသည်။

******

All Chapters