အခန်း ၂၇၇
Vol. 28 Ch. 277
277 01
အပိုင်း (၂၇၇)
“တစ်သိန်း”
“သုံးသိန်း”
“ငါးသိန်းခွဲ”
“…”
လေလံက လမ်းတဝက်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။ အခြေစိုက်စခန်းအမြောက်အများထဲမှ ဆေးရည်ကို မရသေးသောသူများကလည်း သိသိသာသာကိုပင် အကြိတ်အနယ် ယှဉ်ပြိုင်လေလံ ဆွဲနေကြသည်။မည်သူကမှ လက်မလျော့ချင်ကြပေ။
မနေ့အတိုင်း တူညီသောအခန်း၊ တူညီသောနေရာတွင် ရှိနေသာ ရှုရှင်းကလည်း အောက်ဖက်မှ သေးငယ်သော အခြေစိုက်စခန်းများ အလယ်အလတ် အခြေစိုက်စခန်းများ၏ အကြိတ်အနယ် လေလံဆွဲနေမှုကို ကြည့်နေပြီး မျက်မှောင်ကြုတ်နေသည်။ တစ်စုံတစ်ရာက မူမမှန်သလိုခံစားနေရသည်။
ရှုရှင်း “သူတို့က နည်းနည်း စိတ်လှုပ်ရှားလွန်းမနေဘူးလား”
ထိုစကားကို ကြားသော အခန်းထဲမှ လူများအားလုံးက အောက်ထပ်သို့ လှမ်းသို့ အာရုံစိုက်ကာ တစ်ချက် ကြည့်သည်။ ထို့နောက် မျက်မှောင်ကို ကြုတ်သည်။
“မဖြစ်နိုင်တာ သူတို့က ဖြန့်ဝေပေးတဲ့ စားစရာတွေကို တကယ် ဆေးခပ်ထားတာလား”
ပုရှန်းဝမ်၏ အမူအရာကလည်း ဖော်ပြရန်ခက်သည်။
ယန်မော့၏ စူးရှသော မျက်လုံးက အခန်းတစ်ခုလုံးကို အကဲခပ်ကြည့်ပြီးနောက် စားပွဲပေါ်မှ ရေဆီသို့ ရောက်သွားသည်။
“ယွမ်ကျိုး ရေကို တစ်ချက် ကြည့်လိုက်အုံး”
လက်ရှိ ရှိနေသူများ ထဲတွင် တစ်ဦးတည်းသော ကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်သည့် ပုယွမ်ကျိုးက စားပွဲပေါ်မှ ရေကို ယူပြီး နှာခေါင်းအောက်နားကပ်ကာ အနံ့ခံကြည့်သည်။ ထို့နောက် လက်ကို ပြန်ထုတ်ကာ တစ်စက်ယူလိုက်ပြီး ပါးစပ်ထဲသို့ ထည့်ကာ အရသာ ခံကြည့်သည်။ ထို့နောက် သူ၏ အမူအရာက လေးနက်သွားသည်။
“ရေထဲကို လူတွေကို စိတ်လှုပ်ရှားစေတဲ့ ဆေးခပ်ထားတယ်”
ကမ္ဘာအဆုံးသတ်ကာလပြီးနောက် သောက်စရာ ရေရနိုင်သော ပမာဏက နည်းသထက် နည်းပါးလာသည်။ ကျန်သော ကာကွယ်ခံထားရသည့် ရေအရင်းအမြစ် အနည်းငယ်အပြင် ရေအများစုကို ရေအခြေပြု စွမ်းအားရှိသောသူများထံမှ လာသည်။ လူတိုင်းကလည်း ထိုနေရာကို တန်ဖိုးထားပြီး မည်သူကမှ ထိုရေကိုအ လွယ်တကူ မဖြုန်းတတ်ပေ။
D မြို့ အခြေစိုက်စခန်းမှ လူများက ရေကို ဆေးခပ်ထားပြီး ရေကို ဘယ်သောအခါမှ မဖြုန်းတတ်သည့် အခြေအနေကို အခွင့်ကောင်း ယူထားခြင်းဖြစ်သည်။ အခြေစိုက်စခန်း၏ စားပွဲပေါ်မှ ရေအများစုက ထိုသို့ ဖြစ်နေသည်။ ကျန်သော ရေများကလည်း သောက်ရန် ခက်လောက်သည်။
“ဒီကိစ္စရဲ့ နောက်ကွယ်က လူက အများကြီး ရင်းနှီးမြုပ်နှံထားတာပဲ။ သူက ငါတို့အားလုံးကို ဒီမှာ ခေါ်ထားချင်တာ”
ရှုရှင်းကလည်း ဖုံးကွယ်ထားသည့် အဓိပ္ပာယ်ကို အကင်းပါးစွာ သိလိုက်သည်။
“အခုက စပြီး ဆေးခပ်နေပြီဆိုတော့ လေလံပွဲပြီးတဲ့နောက် စတော့မယ်ထင်တယ်။ ဆိုတော့ အားလုံးပဲ ပစ္စည်းတွေကို စစ်ထားကြ”
ယန်မော့က ရှုရှင်းကို လှည့်ပြောသည်။
277 02
“ရှင်းပေါင် မင်း နေရာလပ် နယ်မြေထဲက အင်းအားကြီးတဲ့ လက်နက်တွေကို ထုတ်ပြီး သူတို့ကို ပေးထားလိုက်။ နောက်ပြီး အချို့ထူးခြားတဲ့ လက်နက်တွေကိုလည်း ပြင်ထား။ ဒါမှ လိုအပ်တဲ့အခါ ချက်ချင်း ထုတ်နိုင်မှာ”
“ရှန်းဝမ် သွား ရှောင်းလုံ၊ ကျန်းမောင်နဲ့ အခြားသူတွေကိုလည်း ပစ္စည်းတွေကို စစ်ဆေးပြီးတဲ့ နောက်မှာ တစ်ခုခု စားထားဖို့ သတိပေးထားလိုက်။ သူတို့ အခြေအနေ ရှိနေဖို့လိုတယ်”
ယန်မော့က ထိုသို့ပြောပြီးနောက် အခန်းထဲမှ လူများကို တိတ်တဆိတ် လှုပ်ရှားပြီး အစီအစဉ်တကျ လုပ်ဆောင်စေသည်။
အောက်ထပ်မှ လေလံပွဲက အလုံးအရင်းဖြင့် လှုပ်ရှားနေသေးသည်။ ဆေးရည်များကိုလည်း တစ်ပုလင်းပြီးတစ်ပုလင်း ရောင်းချနေခဲ့သည်။ ကျန်သော အခြေစိုက်စခန်းများက အတတ်နိုင်ဆုံးကြိုးစားပြီး ရအောင်လုနေကြသည်။ ထိုသို့ဖြင့် အတော်လေး ကြာသထက် ကြာလာသည်။
လေလံပွဲက ကြာလေလေ ရှုရှင်းတို့အတွက် ကောင်းလည်း ကောင်းသလို ဆိုးလည်း ဆိုးလေသည်။
ကောင်းသောကိစ္စကမူ ပြင်ဆင်ချိန်ရသည်။ ဆိုးသောကိစ္စကမူ ခန်းမထဲတွင် ခပ်ထားသော ထိုဆေးကလည်း သူတို့၏ခန္ဓာကိုယ်ထဲတွင် အနည်ထိုင်လာသည်မှာ ကြာရှည်လာသောအခါ သက်ရောက်မှု ပိုပြင်းလာပေလိမ့်မည်။
တစ်ဖက်သူ ရေထဲထည့်ထားသော သက်ရောက်မှု အဓိက အသေးစိတ်အချက်အလက်ကို မသိနိုင်သေးပေ။ အခြေအနေများ ဝရုန်းသုန်းကား ဖြစ်လွန်းလာလျှင် ဒုက္ခရောက်ပေလိမ့်မည်။
မနေ့က ဆေးကို မိတ်ဆက်ပေးခဲ့သော ဝတ်စုံအပြည့်နှင့် လူက စင်ပေါ် ထပ်ရပ်လာချိန်တွင် လေလံပွဲ စတင်ပြီး သုံးနာရီခန့် ကြာသွားပြီးလေပြီ။ ယခုက အဆုံးသတ်ချိန်ရောက်သည်။
“လေလံပွဲက အဆုံးသတ်ပါတော့မယ်။ အားလုံးပဲ ဒီလို ယုံကြည်ပေးပြီး အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ငါတို့ရဲ့ခေါင်းဆောင်က လူတိုင်းအတွက် အထူးကျေးဇူးတင်လက်ဆောင်ကို ပြင်ဆင်ပေးထားတယ်။ နောက်ထပ်လာမှာကတော့ အားလုံးပဲ မင်းတို့အတွက် ပြင်ဆင်ပေးထားတဲ့ ကျေးဇူးတင် အခန်းအနားကို မွေ့လျော်ပေးကြပါ”
ဝတ်စုံအပြည့်နှင့်လူက သံသယဝင်စရာ အပိုင်းကို ပြောပြီးသည်နှင့် ရပ်တန့်သွားကာ ခေါင်းကိုငုံ့၍ အောက်ဖက်မှ စိတ်လှုပ်ရှားနေသော သူများကို ကြည့်ပြီး ရည်မှန်းချက် ကြီးသော အပြုံးမျိုးထုတ်ပြသည်။
ဘမ်း…
နဂိုက ပိတ်ထားသော ခန်းမ၏တံခါးက တွန်းဖွင့်ခံရသည်။ နောက်ထပ် တစ်စက္ကန့်တွင် သူတို့၏ နားတွင် ကျယ်လောင်သော ဇွန်ဘီများက အော်ဟစ်သံကို ကြားရသည်။ ဝတ်စုံပြည့်နှင့် လူက အသံက ငရဲမှ အသံနှင့် တူသည်။
“ဇွန်ဘီ သုခဘုံကနေ ကြိုဆိုပါတယ်”
သူက ထိုသို့ ပြောပြီးသည်နှင့် အပြင်ဘက်မှ ဇွန်ဘီများကလည်း အမိန့်ကို ရလိုက်သကဲ့သို့ ခန်းမထဲသို့ အပြေးဝင်လာသည်။
အခြေစိုက်စခန်းများမှ အတော်ဆုံးသောသူများကလည်း ထိုနေရာတွင် တည်ရှိနေကြသည်။ သူတို့က ဆေးခပ်ခံရလျှင်ပင် ခန္ဓာကိုယ် တုံ့ပြန်မှုက အားလုံးထက်ပို၍ မြန်ဆန်သည်။ သူတို့အားလုံးက သဘာဝလွန်စွမ်းအားကို လက်ထဲတွင် စုစည်းကား တွန်းလှန်ရန် ပြင်ဆင်ကြသည်။ ထိုအခါ သူတို့အလွန်ကျွမ်းကျင်သော စွမ်းအားများကို မည်သည့်နည်းနှင့်မျှ စုစည်း၍ မရတော့ကြောင်း သိလိုက်ရသည်။ ဒီနေ့ စားပွဲပေါ်မှ ရေကို မသောက်ထားသော လူအနည်းစုနှင့် အနည်းငယ်သာ သောက်ထားသော လူများကသာ သဘာဝလွန်စွမ်းအားကို ထုတ်သုံးနိုင်ကြသည်။
ဇွန်ဘီများသည် သူတို့၏စားစရာကို တုန့်ပြန်ရန် အချိန်ပေးလိမ့်မည် မဟုတ်ပေ။ စက္ကန့်အနည်းငယ်တည်းနဲ့ပင် အရှေ့ပိုင်းမှ ဇွန်ဘီများက အပြေးအလွှား ရောက်လာပြီ ဖြစ်သည်။ လူတစ်ယောက်ဆိုလျှင် မတုန့်ပြန်နိုင်သေးခင်မှာတင် မအော်နိုင်သေးဘဲ သေသွားသည်။
277 03
လျှင်မြန်စွာ တုန့်ပြန်နိုင်သော စွမ်းအားရှင်တစ်ယောက်က သူတို့၏ လက်နက်များကို ထုတ်ကာ ဇွန်ဘီများကို တိုက်ခိုက်ကြသည်။ သူတို့၏ရှင်သန်လိုသော စိတ်ဆန္ဒထဲမှ အလားအလာများက ပေါက်ထွက်လာ၏။ ထိုသို့ဖြင့် သူတို့သည် ဇွန်ဘီများကို ဂရုမစိုက်နိုင်ဘဲ အင်အားထည့်၍ ကြိုးစားကြသည်။
လေလံပွဲက ရပ်တန့်သွားသည်နှင့် ရှုရှင်းတို့ အဖွဲ့ကလည်း အခန်းထဲမှ ထွက်ကာ ရှောင်းလုံနှင့် ကျန်းမောင်နှင့် အခြားသော အခြေစိုက်စခန်းဘက်မှ လူများနှင့် စုစည်းပြီးသားဖြစ်သည်။
အပေါ်ထပ်ရှိ အခြားသော အခြေစိုက်စခန်းမှ လူများက တစ်စုံတစ်ရာက မှားယွင်းနေကြောင်း သတိထားမိလိုက်ကြကာ အခန်းထဲမှ အပြေးအလွှား ထွက်လာကြသည်။
လေလံပွဲခန်းမကြီးက စိတ်စွမ်းအားဖြင့် ထောက်လှမ်းမှုကို တွန်းလှန်ရန် ပစ္စည်းအပြည့် ထည့်သုံးထားသည်။ ထို့ကြောင့် အောက်ဖက်မှ အခြေအနေကို အချို့က မသိကြသေးပေ။ ထို့ကြောင့် အပြေးအလွှား မထွက်သွားကြသေးပေ။
“ဘုရားရေ ဒီဇွန်ဘီတွေ ဘယ်က ရောက်လာတာလဲ။ မနေ့က ဇွန်ဘီတွေ လုံးဝမရှိပါဘူး”
အောက်ဖက်မှ မင်သက်ဖွယ်ကောင်းသော ဇွန်ဘီများကို မြင်သောအခါ ပုရှန်းဝမ်၏ လေသံက အံ့အားသင့်မှုများ ပြည့်နှက်လျှက်သာ ပေါ်လာသည်။
လွန်ခဲ့သော ရက်အနည်းငယ်က ဒီအနီးအနားတွင် မှင်သက်ဖွယ်ကောင်းသော ဇွန်ဘီများ ပေါ်လာခဲ့ပါက သူတို့သည်လည်း တစ်စုံတစ်ရာကို သတိထားမိပေလိမ့်မည်။ သို့သော် လုံးဝမရှိခဲ့ချေ။ ဒီမနက်လေလံပွဲသို့ မဝင်ခင်အထိ တစ်ကောင်မှ မရှိခဲ့ပါပေ။ အရာအားလုံးကလည်း ထူးဆန်းလွန်းသည်။ ထို့ကြောင့် အားလုံးက ကျောချမ်းလာကြသည်။
လက်ရှိ အခြေအနေကလည်း သူတို့ကို အများကြီး တွေးချိန်မပေးတော့ပေ။ အရေးအကြီးဆုံးအချက်က မည်သို့ အသက်ရှင်ရမည်ဆိုသောအ ချက် ဖြစ်လာသည်။
“အောက်ထပ်က လူတွေက အကြာကြီး မထိန်းနိုင်လောက်ဘူး။ သွားရအောင် ခေါင်မိုးပေါ်ကို ခုန်တက်”
ယန်မော့ကလည်း လေလံပွဲခန်းမ၏ပြင်ဆင်ပုံပုံကြမ်းကို ကိုယ်တိုင်မြင်ထားပြီးသား ဖြစ်သည်။ ထို့ကြောင့် သူ၏ လူများကို ကိုယ်တိုင် ဦးဆောင်သွားလိုက်သည်။
အခြားသော အခြေစိုက်စခန်းသုံးခုမှ လူများက တိတ်နေသည်။ ထို့နောက် တစ်ဖက်လှည့်ပြီး ယန်မော့၏ အနောက်သို့ လိုက်လာကြသည်။
အားလုံးကလည်း အလွန်အမင်း လေးလံနေကြသည်။ သူတို့သည်လည်း ငတုံးမဟုတ်ချေ။ အောက်ဖက်တွင် ပေါ်လာသော ဇွန်ဘီပမာဏကတင် D မြို့ကြီးတစ်ခုလုံးက ကျသွားပြီ ဖြစ်ကြောင်း သိရန် မခက်ပေ။ ဒီနေရာကလွဲပြီး အခြားမည်သည့်နေရာတွင်မှ သက်ရှိ မရှိလောက်တော့ပါပေ။
သူတို့က အဆုံးသတ်က သေခြင်း ဖြစ်နိုင်ချေက 99% ရှိနေသည်။
သို့သော် လူတိုင်းကလည်း ရှင်သန်ရန်အခွင့်အရေးက တစ်ရာခိုင်နှုန်းတည်းဆိုလျှင်ပင် အကောင်းဆုံး ကြိုးစားပြီး အမိအရ တိုက်ခိုက်သွားမည် ဖြစ်သည်။
******