အခန်း ၂၇၈
Vol. 28 Ch. 278
278 01
အပိုင်း (၂၇၈)
ခေါင်းမိုးပေါ်တွင် ရပ်နေသည့်အခါ မြင်ကွင်းကို ပိုကျယ်သွားသည်။ ထိုအခါ D မြို့ တစ်ခုလုံး၏အခြေအနေကို မြင်လိုက်ရသည့်အခါ သူတို့အားလုံးက ပင့်သက်ရှိုက်ကြသည်။ ထိုအခြေအနေက သူတို့မျှော်လင့်ထားသည်ထက် ပြင်းထန်လွန်းနေသည်။ D မြို့ကြီးတစ်မြို့လုံးတွင် မည်သည့် သက်ရှိမှ မရှိတော့ပေ။
ကြောက်စရာကောင်းသည်မှာ D မြို့က လုံးဝကျရှုံးသွားသည့်အချက် မဟုတ်ပေ။ သူတို့သည်လည်း ယခင်က ဇွန်ဘီ အရေအတွက်မြောက်များစွာကို မြင်ခဲ့ဖူးသည်။ သို့သော် ယခု ကြောက်စရာကောင်းသည့် အချက်ကမူ အပြင်ဘက်မှ သဲလွန်စများဖြစ်သည်။ အခြားသောသူများက ဇွန်ဘီကို တွန်းလှန်ထားသည့် လက္ခဏာမျိုးကို မမြင်ရခြင်းဖြစ်သည်။ သဘာဝလွန်စွမ်းအား အကျွင်းအကျန်ပင် မရှိပေ။ လုံးဝ ပုံမှန်မဟုတ်လွန်းနေသည်။ သိထားရသည်မှာ မည်သူကမှလည်း ထိုဇွန်ဘီများကို ရင်ဆိုင်ချိန်တွင် ငြိမ်ငြိမ်ထိုင်ပြီး အသေခံပေးလိမ့်မည်။ မဟုတ်ချေ။ သို့သော် ယခုအခါ ထိုကိစ္စကို စိုးရိမ်နေခြင်း မရှိချေ။ အရေးကြီးဆုံးအချက်က D မြို့မှ အသက်ရှင်လျှက် ထွက်သွားရန်ဖြစ်သည်။
“သောက်ငရဲလိုပဲ ဒီဇွန်ဘီတွေအားလုံးက ဘယ်ကရောက်လာတာလဲ။ ငါတို့ အရှင်လတ်လတ် ထွက်သွားနိုင်အုံးမှာလား”
လေလံပွဲမှ အချို့သောခြေမြန်လက်မြန်ရှိသော သူအချို့ကလည်း ခေါင်မိုးပေါ်သို့ လိုက်တက်လာကြသည်။ ထို့ကြောင့် အောက်ဖက်မှ မြင်ကွင်းကိုမြင်ပြီး သူတို့သည်လည်း ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ဘဲ အော်ဟစ်မိကြသည်။
သူတို့၏ တုန့်ပြန်မှုကလည်း အတော်လေးမြန်သည်။ ခေါင်းမိုးပေါ်ကို ဇွန်ဘီ စစ်တပ်က မသိမ်းယူသေးပေ။ သို့သော် အဆင့်မြင့် ဇွန်ဘီများကလည်း အဆင့်နိမ့်ဇွန်ဘီများအား အသင်းဖော်များအပေါ် တက်နင်း၍ ခေါင်းမိုးပေါ်သို့ တက်ခိုင်းနေလေသည်။
“ဘာရပ်လုပ်နေတာလဲ။ သေချင်လို့လား”
နောက်ကွယ်မှ လူများက လိုက်လာပြီး မှင်သက်နေကြချိန်တွင် ရှုရှင်းနှင့် အသင်းကလည်း လက်နက်ကြီးများကို ထုတ်သုံး၍ ဇွန်ဘီအုပ်ကို ရှင်းလင်းရေး စတင်နေပြီ ဖြစ်သည်။
အဆင့်မြင့်တင်ထားသော သံချပ်ကာ ကားများကလည်း ထိုနေရာအလွတ်နားတွင် ပေါ်လာသည်။ အခြေစိုက်စခန်းသုံးခုမှ လူများအားလုံးက နဂိုသဘောတူထားသည့်အတိုင်း ထိုကားများထဲသို့ အသီးသီးဝင်လိုက်ကြသည်။ ကားကို မောင်းနှင်သော သူကလွဲပြီး ကျန်သောသူတိုင်းကလည်း ဖြစ်နိုင်သော နည်းလမ်းမျိုးစုံသုံး၍ သူတို့ကို ဝိုင်းလာရန်ကြိုးစားနေသော အဆင့်မြင့်ဇွန်ဘီများကို အတတ်နိုင်ဆုံး ရှင်းနေကြသည်။ ကားကို မောင်းနေသော သူကမူ အမြန်ဆုံးသောနည်းဖြင့် မြို့ထဲမှ ထွက်ရန် ကြိုးစားလေသည်။ အနောက်မှ လိုက်လာသော သူများကလည်း အနားမှ ကပ်လိုက်လာကြသည်။ သူတို့သည်လည်း အံကို ကြိတ်ပြီး ရှင်သန်ရန်အခွင့်အရေး ရလိုရငြား ကပ်လိုက်ကြသည်။
သူတို့သည် သေချာပေါက် နည်းနည်း ထိတ်လန့်နေသည့်တိုင်အောင် မည်သို့ပင်ဆိုစေ အားလုံးကလည်း အဓိက အခြေစိုက်စခန်းအသီးသီးမှ လက်ရွေးစင်များ ဖြစ်လေသည်။ ထို့ကြောင့် လူအင်အားအနည်းငယ်ကို ဆုံးရှုံးပြီးနောက်တွင်လည်း အရှေ့ဖက်မှ အသင်းများကို ကပ်လိုက်နိုင်သွားသည်။
အမြင့်တွင် ရပ်နေသော ဝမ်ကျန်းဖင်က D မြို့၏ အဖြစ်အပျက်များကို ကြည့်နေသည်။
သူပစ်မှတ်ထားသော သားကောင်က အပြေးထွက်သွားကြောင်း မြင်သောအခါ သူ၏ နှုတ်ခမ်းက အသာကော့တက်ကာ ပြုံးသည်။
“ပျော်စရာပဲ။ နောက်ထပ် လာမှာကတော့ ငါ့ရဲ့ကိုယ်စားမှုနဲ့ ထိုက်တန်လားဆိုတာကို ကြည့်ရမှာပဲ”
ဝေါင်း…
ဝမ်ကျန်းဖင်၏လည်ချောင်းထဲမှ ခပ်အုပ်အုပ် အော်ဟစ်သံကို ထွက်ပေါ်လာသောအခါ အဆင့်လေးနှင့် အထက်မှ ဇွန်ဘီများအားလုံးကလည်း အရပ်မျက်နှာတစ်ခုတည်းသို့ ဦးတည်သွားကြသည်။
278 02
အဝေးမှ ဇွန်ဘီအော်သံကို ကြားသည့် ရှုရှင်းကလည်း ခေါင်းကို ချက်ချင်း လှည့်လိုက်ပြီးနောက် အသံလာရာဘက်သို့ ကြည့်သည်။
ဒီအသံ…
သိသိသာသာကိုပင် ဇွန်ဘီများ အားလုံးက လုပ်သည့်အသံကို သူတို့က ရင်နှီးနေကြသည်။ သို့သော် သူမ၏မသိစိတ်ကလည်း ထိုအသံဟာ သူမကို ဖမ်းခဲ့ဖူးသော ဇွန်ဘီကို လှမ်းခေါ်ခဲ့သည့် အသံနှင့် တူသလို ခံစားရသည်။
ယန်မော့ကလည်း အမြဲတစေ ရှုရှင်းကိုသာ အာရုံစိုက်ထားသူ ဖြစ်သည်။
“ရှင်းပေါင်”
ရှုရှင်းက ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ထိန်းပြီးနောက် ဇွန်ဘီများကို ဆက်သတ်သည်။
“ငါ အရင်တစ်ခေါက် အဖမ်းခံရတုန်းက ဒီအသံကို ကြားဖူးတယ်။ ငါ့ရဲ့မသိစိတ်ကလည်း သူ့ရဲ့ နောက်ခံက မရိုးရှင်းဘူးလို့ ခံစားရတယ်”
ကားထဲမှ လူတိုင်းကလည်း သူမ၏စကားကို ကြားသည်။ သူတို့၏စိတ်ထဲ အတွေးတစ်ခုက ပေါ်လာသည်။
ဇွန်ဘီဘုရင်…
အဆင့်မြင့်ဇွန်ဘီများအားလုံးက သူတို့ကို အရပ်မျက်နှာအနှံ့မှ ဝိုင်းလာကြောင်း မြင်သောအခါ ခန့်မှန်းချက်ကို အတည်ပြုနိုင်သွားသည်။ အချို့သော အထူးစွမ်းအားရှိသော ဇွန်ဘီများက သူတို့ကို တိုက်ခိုက်တော့မည် ဖြစ်သည်။
“ကားထဲကထွက်”
ယန်မော့က ဆုံးဖြတ်ချက် ပြတ်သားစွာပြောသည်။
သူတို့ကသာ ကားထဲတွင် ဆက်နေပြီး အဆင့်မြင့်သူများကို ကိုင်တွယ်မည်ဆိုပါက သေလမ်းရှာသလို ဖြစ်သွားပေလိမ့်မည်။
ထိုအချိန်တွင် သူတို့၏ ကားရပ်သော နေရာကလည်း D မြို့ အခြေစိုက်စခန်း၏ ဂိတ်ဝနှင့်သိပ်မဝေးချေ။
ရှုရှင်းသည် ကားကို နေရာလပ် နယ်မြေထဲသို့ ပြန်ယူရန်အချိန်မရှိလိုက်ခင် နောက်ပိုင်း သဘာဝလွန်စွမ်းအားမျိုးကြောင့် ပေါက်ကွဲသွားမည် ဖြစ်သည်။
အဆင့်မြင့်ဇွန်ဘီများ ဝိုင်းနေသောအခါ နေရာတစ်ခုလုံးက ဝရုန်းသုန်းကားဖြစ်နေသည်။ ကျည်ဆံများ၊ သဘာဝလွန်စွမ်းအားများကလည်း ပျံသန်းနေကြသည်။
သူတို့သည် ဇွန်ဘီများ၏တိုက်ကွက်ကို အာရုံစိုက်ထားရသည့်အပြင် အပေါင်းအဖော်များကြောင့် မတော်တဆ ဒဏ်ရာမရအောင် ဂရုစိုက်ရအုံးမည် ဖြစ်သည်။ ရှုရှင်းကလည်း ထိုအခိုက်အတန့်တွင် သူမ၏ စွမ်းရည်မှ ခြားနားချက်မျိုးကိုဖုံးကွယ်ရန် မကြိုးစားတော့ချေ။ သူက လက်ကို မြောက်ပြီး ဆန္ဒဖြည့်ခြင်း ဆိုသော စွမ်းရည်ကို သူမနှင့် လူများအပေါ် သုံးပေးလိုက်သည်။ တာ့ပိုင်နှင့် ရှောင်ပိုင်တို့ကလည်း နေရာလပ်နယ်မြေထဲမှ ချက်ချင်းဆိုသလို ထွက်လာကာ ဇွန်ဘီများကိုတိုက်ခိုက်ရာတွင် ကူညီပေးလေသည်။
ရှုရှင်းနှင့် အပေါင်းအဖော်များအနေဖြင့် ထိုတူညီသော နေရာမျိုးတွင် တည်ရှိနေပါက ဇွန်ဘီများအားလုံးကို ရင်ဆိုင်တိုက်ခိုက်ရန် မဖြစ်နိုင်ပါပေ။ သူတို့ဟာ ရုပ်ပိုင်းဆိုင်ရာ အင်အားအားဖြင့်သာမာန်လူများထက် နှစ်ဆသုံးဆခန့် သာလွန်နေသော သဘာဝလွန်စွမ်းအားရှင်များဆိုလျှင်ပင် နာကျင်ရကောင်းမှန်း ပင်ပန်းရကောင်းမှန်းမသိသော ဇွန်ဘီများအားလုံးကို တောက်လျှောက် ရင်မဆိုင်နိုင်ပေ။
ထိုမျှ ကြီးမားသော ဇွန်ဘီအုပ်ကြီးကလည်း သူတို့ကို လုံးဝ ဆွဲချသွားနိုင်လေသည်။ အဆင့်မြင့် ဇွန်ဘီများဆိုလျှင် ပို၍ပင် ဆိုးသေးသည်။
278 03
သူတို့အဖွဲ့ကလည်း လမ်းလျှောက်ရင်း တောက်လျှောက်တိုက်ခိုက်သွားကြကာ D မြို့ဂိတ် အရှေ့ဘက်မြေကွက်လပ်ထံသို့ စတင်ကာရွေ့သည်။ မည်သည့်အဆောက်အဦးကမှ အကာမရှိသည့်အခါ သာမာန်ဇွန်ဘီများ၏ကဏ္ဍက ပို၍ သေးငယ်သွားသည်။
အဆင့်မြင့် ဇွန်ဘီများအတွက်ကမူ နှောင့်နှေးကျန့်ကြာမှုပင် ဖြစ်သွားနိုင်လေသည်။
အဆင့်မြင့်ဇွန်ဘီများ၏တိုက်ကွက်များကို စိတ်စွမ်းအားကို မထိန်းချုပ်နိုင်ဘဲ တိုက်ခိုက်ရန်အပြေးလာသည့် အဆင့်နိမ့်ဇွန်ဘီများကိုသာ ထိမှန်သွားသေးသည်။
ဟိုး…ဟိုး….အိုး…
အဆင့်နိမ့်ဇွန်ဘီများကလည်း ဒီရေကဲ့သို့ နောက်ဆုတ်ကုန်သည်။
ဟိုး…ဟိုး….
ရုပ်ပိုင်းဆိုင်ရာ အင်အားကုန်ခမ်းမှု ပင်ပန်းနွမ်းနယ်မှုများက လူတိုင်း၏အသက်ရှူသံကို လေးလံလာစေသည်။
အစောပိုင်း တိုက်ခိုက်ပြီးနောက်တွင် အဆင့်ရှစ် အဆင့်ဇွန်ဘီ သုံးယောက် အဆင့်ခုနှစ် ငါးယောက်နှင့် အဆင့်ငါးနှင့် ခြောက် ဆယ်ယောက်ကျော်ခန့်သာ ကျန်ရစ်တော့သည်။
အာရုဏ်ဦးအခြေစိုက်စခန်းမှ လူဆယ့်ရှစ်ယောက်ထဲတွင် သုံးယောက်က အသတ်ခံရသည်။ C မြို့ အခြေစိုက်စခန်းမှ လူ ဆယ့်ကိုးယောက်ထဲတွင် လေးယောက်က အသတ်ခံရသည်။ B မြို့အခြေစိုက်စခန်းမှ လူ နှစ်ဆယ့်ငါးယောက်တွင် ခြောက်ယောက်က အသတ်ခံရပြီး လေးယောက်က လက်မောင်းကျိုးသွားသည်။ ကျန်သော သူများကလည်း အနည်းနှင့်အများ ဒဏ်ရာ ရထားကြသည်။
ယခုအခါ သူတို့၏အနောက်မှ လိုက်ထွက်လာသော အခြားသောစိတ်စွမ်းအားပညာရှင် ငါးယောက်သာလျှင် ကျန်ရစ်တော့သည်။ သူတို့၏ဒဏ်ရာများက ပို၍ပင်ပြင်းထန်သေးသည်။
ယန်မော့ “အခြေစိုက်စခန်းတစ်ခုကို အဆင့်ရှစ်ဇွန်ဘီ တစ်ကောင်။ ကျန်တာတွေကိုတော့ မင်းတို့ရဲ့ စွမ်းရည်အတိုင်း ကောက်ရွေးပြီး ရှင်းတော့”
လူတိုင်းကလည်း ငြင်းစရာမရှိပေ။ သူတို့ကလည်း တစ်ယောက်ကို တစ်ယောက် ကြည့်သည်။ ထို့နောက် ခပ်မြန်မြန် ရွေးချယ်ပြီး ပစ်မှတ်ထားကြသည်။
ရှုရှင်းသည် ယန်မော့နှင့်အတူ ပူးပေါင်းကာ အဆင့်ရှစ် စိတ်စွမ်းအား ဇွန်ဘီကို တိုက်ခိုက်သည်။ ရှောင်းလုံနှင့် ယဲ့ယီအန်းကလည်း အသင်းဖွဲ့ကာ အဆင့်ရှစ် ရေခဲဇွန်ဘီတစ်ကောင်ကို တိုက်ခိုက်သည်။
ကျန်းမောင်နှင့်အဆင့်ခုနှစ် စွမ်းအားရှင်တစ်ယောက်က ပူးပေါင်းကာ အဆင့်ရှစ် မီးဇွန်ဘီကို ရင်ဆိုင်သည်။ ကျန်သော သူများကလည်း အသီးသီး ရွေးချယ်ကြသည်။
သူတို့သည်လည်း အချင်းချင်းကျောချင်းကပ် တိုက်ခိုက်လာသည်မှာ အချိန်တစ်ခု ကြာသွားသည့် အလျောက် အချင်းချင်း နားလည်မှုက ပြင်းထန်လာပြီ ဖြစ်ပြီး ကပ်ဘေးကို အနိုင်ရနိုင်ချေကလည်းမြင့်မားလာသည်။
အချင်းချင်း နားလည်မှုအပြည့်နှင့် ပူးပေါင်းမှုကလည်း သူတို့ထက် အဆင့်မြင်သော ဇွန်ဘီများကို ရင်ဆိုင်နိုင်စွမ်းရည် ပြင်းထန်သည်။
ဘုန်း….
ဘမ်း…..
ဒိုင်း…
278 04
ဝူး…
ဇွန်ဘီများ၏ အော်သံနှင့်အတူ အမျိုးမျိုးသော သဘာဝလွန်စွမ်းအား အသံများကလည်း ထိုနေရာအတွင်း ပဲ့တင်ထပ်နေသည်။
D မြို့ မြေပြင်နှင့် ခိုင်မာသော နံရံများတွင်လည်း ကွဲအက်ကြောင်းရာများက ပြင်းထန်လာသည်။ တိုက်ပွဲက သိပ်မကြာရှည်လိုက်ချေ။ အားလုံး၏နားလည်မှုအပြည့်နှင့် ပူးပေါင်းမှုအောက်တွင် အဆင့်မြင့်ဇွန်ဘီများအားလုံးက တစ်နာရီတည်းနှင့် အသတ်ခံရသည်။
“ဟူး နောက်ဆုံးတော့ ပြီးသွားပြီ”
“ဟူး…ငါတို့တော့ အောင်ပြီ လွတ်ပြီ”
“ဝူး ဟူး ငါ အသက်ရှင်ပြီ အသက်ရှင်ပြီ”
အချို့သော သူများက မြေပြင်ပေါ်တွင် လဲကျသွားကြပြီး အချို့သောသူများက အော်ရယ်နေကြသည်။ ကပ်ဘေးမှ ရှင်သန်ပြီးနောက် ပေါ့ပါးနေသော သူများနှင့် မတူညီစွာပင် ရှုရှင်း၊ ယန်မော့၊ ရှောင်းလုံ၊ ယဲ့ယီအန်းနှင့် အခြားသော သူများက မပေါ့ပါးကြပေ။ ထိုအစား သူတို့၏ ကိုယ်ပေါ်က ပို၍တင်းကြပ်လာသည်။ သဘာဝလွန်စွမ်းအားကိုလည်း ခပ်မြန်မြန် ပြန်ဖြည့်ရန် ကြိုးစားနေကြရသည်။
“အပျော်မစောနဲ့ တစ်ခုခုမှားနေပြီ”
“ဘာအဓိပ္ပာယ်…”
မြေပြင်တွင် ထိုင်နေသေးသော သူ၏ စကားက မဆုံးလိုက်သေးခင် ရုတ်တရက် အနောက်ဖက်မှ လက်တစ်ဖက်ထွက်လာပြီး နှလုံးသားကို ဆွဲထုတ်သွားသည်။
“အင်း သဘောကျစရာ အရသာပဲ”
ထူးဆန်းသောအသံက ထွက်လာသည်။
******