အခန်း ၂၈၀
Vol. 28 Ch. 280
280 01
အပိုင်း (၂၈၀)
ဘမ်း
အင်းအားကြီးမားလွန်းသော စွမ်းအင်များက လေထဲတွင်ပင် တိုက်မိသွားလေရာ နှစ်ဖက်လုံးမှ သဘာဝလွန်စွမ်းအားရှင်များ သူတိုက်ကွက်ကို လက်ခံကိုယ့်တိုက်ကွက်ကို လွှတ်ထုတ်လိုက်ရင်း ဖြစ်သွားလေသည်။
ပတ်ဝန်းကျင်ရှိလေထုကလည်း ညှစ်ထုတ်ခံရသကဲ့သို့ ပေါက်ကွဲသံများ ထွက်ပေါ်နေလေသည်။
ရှုရှင်းသည်လည်း အဝေးရှိသဘာဝလွန်စွမ်းအား အချင်းချင်း ထိပ်တိုက်ရင်ဆိုင်မှုမှထွက်သော သဘာဝလွန် စွမ်းအားများ၏ ကြောက်စရာ ကောင်းပုံ၊ အန္တရာယ်များပုံကို ခံစားမိနိုင်သည်။
မည်သည့်အခိုက်အတန့်တွင်မှန်းမသိ လေထဲမှ သဘာဝလွန်စွမ်းအားများက ရုတ်တရက် သတိပေးချက် အလျှင်မရှိဘဲ ပေါက်ကွဲသွားသည်။ စွမ်းအင်လှုပ်ခါမှုက ရေလှိုင်းများအလား ပြန့်ထွက်လာသည်။
ယန်မော့က သူ၏သဘာဝလွန်စွမ်းအားကို သုံးကာ သူ့အတွက် ဒိုင်းအဖြစ် ဖန်တီးပြီး ထိုစွမ်းအား၏ သက်ရောက်မှုကို ကာထုတ်လိုက်ရသည်။ သို့တိုင်အောင် သူသည်လည်း ခြေလှမ်းဆယ်လှမ်းကျော်အထိ ဆုတ်လိုက်ပြီး သွေးအန်လိုက်ရသည်။
ရှောင်းလုံနှင့်ယဲ့ယီအန်းတို့ကလည်း ခပ်မြန်မြန် တုန့်ပြန်ကြသည်။ သူတို့ သုံးယောက်လုံးက ဒဏ်ရာအလိမ်းလိမ်းနှင့် ဖြစ်နေကြပြီး အလွန်အမင်းကို အခြေအနေ ဆိုးနေကြသည်။
ရှုရှင်းသည်လည်း မကြာခဏဆိုသလို သူတို့အနားသို့သွားကာ ကုသမှုများ ပေးတတ်သေးသည်။ သို့မဟုတ်ပါက သူတို့၏ အခြေအနေကလည်း ယခုထက် ပိုဆိုးနေပေလိမ့်မည်။
အခြားတစ်ဖက်မှ ဝမ်ကျန်းဖင်ကမူ ခြေဆယ်လှမ်းခန့် ဆုတ်လိုက်ရသည်။ သူ၏ အကောင်းအတိုင်းရှိနေသော အဝတ်အစားများက စုတ်ပြတ်သတ်နေပြီး ခန္ဓာကိုယ်ကလည်း အမျိုးမျိုးသော အရွယ်အစားရှိသော ဒဏ်ရာများ ပြည့်နှက်နေသည်။ သို့သော် သူက ဇွန်ဘီဖြစ်သည်။ ထို့ကြောင့် မနာတတ်သလို သွေးလည်း မထွက်ချေ။ မပင်ပန်းနိုင်သော သူမျိုးပါပေ။ ထို့ကြောင့် ထိုဒဏ်ရာများက သူ့အပေါ် သက်ရောက်မှု မရှိပါပေ။
သို့သော် ညာဘက် တံတောင်အောက်ပိုင်း ပျောက်သွားသည့် ကိစ္စနှင့်ပတ်သက်ပြီး ဝမ်ကျန်းဖင်က ဒေါသထွက်သွားသည်။
“တကယ်လား ငါ့ရဲ့ ကောင်းနေတဲ့ စိတ်အခြေအနေပျောက်သွားပြီ”
ဝမ်ကျန်းဖင်က သူ၏ ပြတ်သွားသော တံတောင်ကိုကြည့်ပြီး သုန်မှုန်စွာ ပြောသည်။
“ဆိုတော့ မြန်မြန်လေး အဆုံးသတ်ရအောင်”
သူ ပစ်မှတ်ထားသော သားကောင်၏ကုတ်ခြစ်ခံရပြီးနောက် သူသည်လည်း ထိုသားကောင်များနှင့် ကစားရန် စိတ်မရှည်တော့ပေ။ ထိုသားကောင်ကို ခပ်မြန်မြန်ဖမ်းပြီး မွေ့လျော်ချင်တော့သည်။
လူအများကလည်း အဆင့်ကိုး ဇွန်ဘီ၏အင်အားက မည်မျှကြောက်စရာကောင်းကြောင်း ကြည့်ခွင့်ကြရပေမည်။ တစ်ချိန်းတည်းတွင်ပင် ဝမ်ကျန်းဖင်၏ပုံရိပ်က ပြန်ပေါ်လာသောအခါ စိတ်စွမ်းအား ပညာရှင်တစ်ယောက်၏အနားတွင် ဖြစ်သည်။ ထိုသူက အဆင့်လေး အဆင့်ငါး အဆင့်တွင် ဖြစ်သည်။ သို့သော် သူ့အနေဖြင့် မည်သို့မှ ခုခံနိုင်စွမ်းရည် မရှိဘဲ သေဆုံးသွားရသည်။
“အားလုံးပဲ သတိထား”
ဝမ်ကျန်းဖင်၏ ထိုသို့ဖော်ပြရန်ခက်ခဲလွန်းသော တိုက်ကွက်မျိုးကို ရင်ဆိုင်ရသည့်အခါ ယန်မော့ကလည်း ရှုရှင်း၏အနားသို့ ပြန်သွားလိုက်သည်။
ရှောင်းလုံနှင့် ယဲ့ယီအန်းတို့ကလည်း သူတို့၏အသင်းဖော်နားသို့ ပြန်ဆုတ်လိုက်ပြီး အသင်းဖော်များ၏သေဆုံးမှုကို လျော့ချရန် ကြိုးစားသည်။
ကျန်သော စွမ်းအားရှင်များကလည်း အလွန်အမင်း ထိတ်လန့်နေကြပြီး သူတို့၏ မျက်လုံးကပင် ကွဲထွက်မတတ် စိုးရိမ်ကြောင့်ကြနေကြသည်။
အချိန်မရွေး သေသွားနိုင်သည်ဆိုသော ခြောက်ခြားမှုမျိုးကလည်း မျှော်လင့်ထားနိုင်စွမ်းအားကိုပင် ကျော်လွန်နေသည့် ဖိနှိပ်မှုတစ်မျိုး ဖြစ်လေသည်။
280 02
လွန်ကဲလွန်းသော ပြင်းထန်သည့် ဖိနှိပ်မှုမျိုးကြောင့် လှုံ့ဆော်နိုင်သော အလားအလာကလည်း ခန့်မှန်းရန်ပင် ခက်ခဲသေး၏။ မည်သည့် လှုပ်ရှားမှုကမဆို အားလုံးကို ဒုက္ခရောက်သွားနိုင်သည့် ခံစားချက်မျိုး ဖြစ်သည်။
ဝမ်ကျန်းဖင်က တုံးကျစ်ရှီ၏အနားတွင် ပေါ်လာခဲ့ချိန်တွင် တစ်ဖက်သူက မတုန့်ပြန်ခင် တစ်ဖက်သူ၏ခန္ဓာကိုယ်က အလိုလျောက်ပင် အစစ်အမှန်အကျဆုံးသော လှုပ်ရှားမှုကို လုပ်လိုက်သည်။ သူသည်လည်း သူ၏သဘာဝလွန်စွမ်းအားများကို လက်ထဲတွင် သိပ်သည်းကာ စုလိုက်ပြီး အနောက်ဖက်သို့ အလိုလျောက်ပင် ပစ်ထည့်ပေးလိုက်သည်။
သူ၏ တုန့်ပြန်မှုက အလွန်အမင်းမြန်သည်။ သို့သော် ပြိုင်ဘက်က အဆင့်ကိုးဖြစ်နေသည်။ ထို့ကြောင့် သူ၏တိုက်ကွက်ကမူ ဇွန်ဘီဘုရင်၏တိုက်ကွက်အောက်တွင် အလွန်အမင်းနှေးသော အနေအထားမျိုး ဖြစ်သွား၏။ ထို့အပြင် သူ၏ကံကြမ္မာအတွက်မူ ပြောင်းလဲနိုင်စွမ်းရည်မရှိသော ကူကယ်ရာမဲ့မှုကို ခံစားရစေသည်။
“ငါမင်းနဲ့ တိုက်ခိုက်မယ်”
သူက သေရမည့် အကြောင်းကို တွေးမိသည့်တိုင်အောင် ဇွန်ဘီဘုရင်ကို သူဟာ ဒီအတိုင်း မလွှတ်ပေးနိုင်ပေ။ ထို့ကြောင့် တုံးကျစ်ရှီက အရက်စက်ကို ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲသည့် နည်းလမ်းကို အသုံးပြုလိုက်သည်။ သူ၏ခန္ဓာကိုယ်ထဲမှ သလင်းအမြူအတေက လျှင်မြန်လွန်းစွာ ကျုံ့သွားပြီးနောက် မြောက်များလွန်းသော စွမ်းအားများကို လွှတ်ထုတ်လိုက်သည်။ သူ၏ခန္ဓာကိုယ်ကလည်း စွမ်းအင်စီးဆင်းမှု နှုန်းကို တောင့်မခံနိုင်တော့ဘဲ ဒွါရ အပေါက်တိုင်းမှ သွေးများ စတင်ကာ စီးကျလာသည်။
သို့သော် ဝမ်ကျန်းဖင်ကလည်း သူ့ကို ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးခွင့် ပြုလိမ့်မည် မဟုတ်ချေ။ သူဟာ အဆင့်ကိုးအဆင့်ဆိုလျှင်ပင် ထိုအခြေအနေမျိုးကို ရင်ဆိုင်ရပါက ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားနိုင်သည်။ စွမ်းအားရှင်တစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးရန် စတင်လိုက်သည်နှင့် ရပ်တန့်၍ မရတော့ပေ။
ထိုအခြေအနေကို မြင်သောအခါ ယန်မော့တို့ကလည်း ပူးပေါင်းပေးလိုက်သည်။
တုံးကျစ်ရှီ၏စတေးမှုကို အလဟဿ မဖြစ်စေလိုပေ။
“သေစမ်း”
ယန်မော့၊ ရှောင်းလုံ၊ ယဲ့ယီအန်းတို့ကလည်း ရှုရှင်းအပြင် အခြားသော စွမ်းအားရှင်များအားလုံး၏ အကူအညီနှင့် တိုက်ခိုက်လာလေရာ ဝမ်ကျန်းဖင်ကိုယ်တိုင်ကလည်း တစ်ဖက်သူ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးသောကြောင့် ထွက်ပေါ်လာသော စွမ်းအားများ သက်ရောက်မည့် ဝန်းကျင်အတွင်းတွင်သာ အပိတ်ခံထားရသည်။
သူဟာ မရှောင်နိုင်ကြောင်း မြင်သောအခါ ဝမ်ကျန်းဖင်က ထိပ်တိုက်ရင်ဆိုင်ရန် ရွေးချယ်လိုက်သည်။
အဆင့်ခြောက်အဆင့်မြင့်အဆင့် စွမ်းအားရှင်တစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲသောအခါ ထွက်လာသော စွမ်းအားက လူတိုင်း မျှော်လင့်ထားသည်ထက် ပြင်းထန်လွန်းနေသည်။ လူအများစုကလည်း အံ့ဩသွားရသည်။
သူတို့၏အင်အားက တုံးကျစ်ရှီနှင့် ဆင်တူသည်။ သာမာန်တိုက်ကွက်လိုလောက်က ဇွန်ဘီဘုရင်အား မထိခိုက်စေနိုင်ပေ။ သူတို့သည်လည်း ဇွန်ဘီဘုရင်၏လက်ထဲတွင် ငကြောက်အဖြစ် မပြတ်မသား မသေစေလိုပေ။ သူတို့အနေဖြင့် တုံးကျစ်ရှီနည်းတူ သူ့ကိုယ်သူတို့ ဖျက်ဆီးလိုက်ခြင်းအားဖြင့် အပေါင်းအဖော်များကို ရှင်သန်ခွင့် ပေးသင့်လေသည်။
ဝမ်ကျန်းဖင်က ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသွားပြီး အလွန်အမင်းကို သုန်မှုန်နေသည်။ သူသည် နာကျင်မှုကို မခံစားရပေ။သို့သော် သူ၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများက သူ့ကို အတိုင်းအတာ တစ်ခုအထိ သက်ရောက်သေးသည်။ သူ၏ခန္ဓာကိုယ်ထဲမှ စွမ်းအင်ကုန်ဆုံးမှုကလည်း အတုအယောင်မဟုတ်ပါပေ။
ဝမ်ကျန်းဖင်က ခေါင်းကို ငုံ့၍ ကိုယ်မှ ဒဏ်ရာများကို ကြည့်သည်။ သူ၏ ဖြူစုတ်နေသော မျက်လုံးကလည်း လုံးဝမဲမှောင်သွားသည်။ အလင်းတစ်ချက်ပင် မမြင်ရတော့ချေ။ နဂိုအရောင်ပင် ပျောက်သွားသည်။
“ခံစားလို့ မကောင်းတော့ဘူး။ သူ့ကြည့်ရတာ ပြိုင်ဘက်ကင်းအကွက်ကို သုံးတော့မယ် ထင်တယ်”
ရှုရှင်းက ရေပြတ်လတ်နေသောကြောင့် ခြောက်သွေ့နေသော နှုတ်ခမ်းကို တင်းတင်းစေ့ပိတ်လိုက်ပြီး ခက်ခဲသော လေသံမျိုးနှင့် ပြောသည်။
တစ်ချိန်လုံး သူမ၏အနားတွင် ရပ်နေခဲ့သော ယန်မော့ကလည်း တခြားဘာကိုမှ မပြောတော့ဘဲ လက်ကိုသာ တင်းတင်းကိုင်ထားပြီး နံဘေးတွင်သာ နေပေးနေသည်။
280 03
ဒီလိုအခြေအနေမျိုးတွင် မည်သည့်စကားကို ပြောပြော အသုံးမဝင်လောက်ပေ။ သူသည် သူ၏အသက်ကို ရင်းကာ သူမကို ကာကွယ်သွားမည် ဖြစ်သည်။
ဝမ်ကျန်းဖင်၏ အနောက်ဖက်တွင် အနက်ရောင် စုပ်ဝဲကြီးတစ်ခုက ပေါ်ထွက်လာပြီး အနောက်ဖက်တွင် အနက်ရောင်အရည်များက လှုပ်လှုပ်ခတ်ခတ် ဖြစ်လာသည်။ စေးကပ်ပြီး ဆိုးယုတ်သော ထိုအရာများက ကြက်ဥ အရွယ်အစားခန့် ကြီးသည်။ သို့သော် လူအများအား မသက်မသာ ဖြစ်စေသည်။
“ငါတို့ အဲဒါကို ထုတ်ခွင့်ပြုလို့မရဘူး”
ယန်မော့က ခပ်တိုးတိုးအော်လိုက်ပြီး အခြားသူများကို သတိပေးလိုက်သည်။ ထိုအခါမှသာ အခြားသော သူများကလည်း အသိဝင်လာကြသည်။
တစ်ဖက်သူက အဆင့်ကိုးအဆင့် ဇွန်ဘီဘုရင်ဖြစ်သည်။ ဝမ်ကျန်းဖင်၏တိုက်ခိုက်စွမ်းအားက မျက်နှာကျက်အဆင့်ဖြစ်သည်။(အလွန်မြင့်သောအဆင့်) သူဟာ ဒဏ်ရာရနေပြီး အင်အားအများကြီး ကုန်နေသေးသည့်တိုင်အောင် ထိပ်တိုက်ရင်ဆိုင်ရန် မရွေးချယ်သင့်ပေ။ သူ့အနေဖြင့် အားလုံး၏တိုက်ကွက်ကိုလည်း ရှောင်ရှားရန် လွယ်ကူပေလိမ့်မည်။
ယန်မော့၊ ရှောင်လုံနှင့်ယဲ့ယီအန်းတို့ တိုက်ကွက်ကသာ သူ့ကို ထိမှန်နိုင်သည်။ လူတိုင်း၏သဘာဝလွန်စွမ်းအားများကလည်း အများကြီးကုန်ဆုံးနေကြောင်း ဇွန်ဘီဘုရင်ပေါ်သို့ အများကြီး မသက်ရောက်တော့ကြောင်းလည်း မြင်လိုက်ရသည်။ ထို့ကြောင့် စိတ်စွမ်းအားများအားလုံးကို အနောက်ဖက်ရှိ စုပ်ဝဲက စုပ်ယူသွားပြီး စုပ်ဝဲက ကြီးသထက် ကြီးလာသည်။
ရှုရှင်းက အတတ်နိုင်ဆုံးကြိုးစားကာ သူမ၏ခန္ဓာကိုယ်ထဲမှ သလင်းအမြူတေ၏ စွမ်းအားကို လွန်ကဲလွန်းစွာ ထုတ်သုံးမှုကြောင့် နာကျင်မှုကို လျစ်လျူရှုထားသည်။ သူမ၏ မျက်နှာက စက္ကူအလား ဖြူစုတ်လာသည်။ သူမက လက်ထဲမှ စုယွမ်ကို ဝမ်ကျန်းဖင်ထံသို့ ယမ်းလိုက်ပြီး သူ၏ အရှိန်နှုန်းကို နှေးကွေးအောင် လုပ်ပစ်လိုက်သည်။
ထိုနှေးကွေးသည့် သက်ရောက်မှု ပေးစွမ်းပြီးနောက် ဝမ်ကျန်းဖင်ပေါ်သို့ ကျရောက်လာသော သက်ရောက်မှုများက သိသိသာသာ မြင့်မားလာလေသည်။ သူမနှင့် ဇွန်ဘီဘုရင်၏အဆင့်ကွာဟချက်က သိသာလွန်းပြန်သည်။ ယခုလို နှေးကွေးသော စက်ကွင်းကိုလည်း အကြာကြီး ထိန်းထားနိုင်ရန်အလို့ငှာ သူမက သဘာဝလွန်စွမ်းအားများကို ဆက်တိုက်ဆိုသလို အများကြီး ထုတ်သုံးနေရပြီး ဖြစ်သည်။ သူမ၏နှုတ်ခမ်းများက သွေးများ ဆုံးရှုံးမှုကြောင့် ဖျော့တော့လာပြီး မျက်နှာကပင် ဖြူစုတ်လာသည်။
ယန်မော့ကလည်း မြင်သည်။ သူက ပို၍ပင် ရက်စက်လာသည်။
မူချီမိုင်နှင့်ပုရှန်းဝမ်တို့ကလည်း အလဟဿ ငြိမ်မနေကြပေ။ သူတို့က စွမ်အားများ ပူးပေါင်းထားခြင်းအားဖြင့် ဇွန်ဘီဘုရင်ကို ထိခိုက်စေသော သက်ရောက်မှုမျိုးက ယန်မော့ထက် မနိမ့်ပါပေ။
သူ ကိုယ်မှ ဒဏ်ရာများက ဝမ်ကျန်းဖင်ကို ပို၍သာဒေါသထွက်လာစေသည်။ သူ၏ လက်က မြန်သထက် မြန်ဆန်လာ၏။ အဝေးတွင် ရပ်နေသော ဇွန်ဘီများအားလုံးကလည်း တဖွဲ့ပြီးတဖွဲ့ ပြုတ်ကျကာ သူ့အတွက် အားဖြည့်စာများ ဖြစ်ကြကာ အနက်ရောင်တွင်းပေါက်ထဲသို့ စုပ်ယူခံရသည်။
ဇွန်ဘီစစ်တပ်ကြီးက ရောက်လာသည်နှင့်အမျှ ဝမ်ကျန်းဖင်၏အနောက်ဖက်မှ အနက်ရောင်တွင်းပေါက်ကြီးက သာမာန်မျက်စိဖြင့်မြင်ရသည့် အရှိန်နှုန်းဖြင့် ကြီးမားသထက် ကြီးမားလာပြီး ကြက်ဥအရွယ်အစားမှ နှစ်မီတာအထိပင် ကြီးသွားသည်။
“အဆင်သင့်ပဲလား ငါ့ရဲ့ ချစ်ရတဲ့ သားကောင်တို့”
ဝမ်ကျန်းဖင်က ရုတ်တရက် ရူးသွပ်စွာ ထရယ်သည်။
******