← Chapters

အခန်း ၂၈၂

Vol. 28 Ch. 282 - final

အခန်း ၂၈၂

Vol. 28 Ch. 282 - final

282 01

အပိုင်း (၂၈၂) အဆုံးသတ်

“ဟားဟား အတူမြုပ်ကြတာပေါ့”

ဝမ်ကျန်းဖင်က ရှေ့သို့ တစ်လှမ်းတိုးလိုက်သောအခါ သူ၏ခေါင်းနှင့်ကိုယ်က အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သည့်အထိ ပေါက်ကွဲသွားပြီး အသားများ၏ ကွဲအက်ကြောင်းရာများအတွင်းမှ အနက်ရောင်အလင်းများက ထိန်လင်းလာသည်။ အလင်းများက ပုံမှန်ဟုသာ ထင်ရသည်။ သို့သော် ကြောက်စရာကောင်းသော အားများကို သယ်ဆောင်ထားသည်။

“ဇွန်ဘီဘုရင် ရဲ့ လက်ရှိအခြေအနေက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲတာများလား”

ရှုရှင်းက တစ်ဖက်လှည့်၍ ယဲ့ယီအန်းကို ကြည့်သည်။

“ဟုတ်တယ်”

ယဲ့ယီအန်း၏နဖူးမှ ချွေးများ တစက်စက်စီးကျနေသည်။

“ဒါပေမဲ့ ငါတို့ တစ်မိနစ် လိုသေးတယ်”

ရှုရှင်း “ရတယ် ငါနဲ့ လွဲထား”

ယန်မော့ကလည်း ရှုရှင်း မည်သည့် ဆုံးဖြတ်ချက်ကို ချလိုက်မှန်း နားလည်သည်။ ထို့ကြောင့် သူ၏လေသံက စိုးရိမ်မှု ဒေါသများ ပြည့်သွားသည်။

“ရှင်းပေါင် မင်း…”

“ငါ့ကို ထပ်ပြီး ဖျောင်းဖျဖို့ မကြိုးစားနဲ့တော့… စုယွမ် ငါ့လက်ထဲမှာ ပေါ်လာတဲ့ အချိန်ကတည်းက အရာအားလုံးက ကံကြမ္မာပါပြီးသား”

ရှုရှင်းက စိတ်အေးသွားသလို ပြုံးသည်။ သဘာဝလွန်စွမ်းအားများ နှိုးထလာချိန်ကတည်းက သူမနှင့် အတူရှိခဲ့သော ခင်ပွန်းဖြစ်သူကို ကြည့်လိုက်ပြီး သူမ၏ မျက်ဝန်းထဲတွင် တွန့်ဆုတ်မှုက ဖြတ်ပြေးသွားသည်။

ကံကြမ္မာက သယ်ဆောင်ပေးသော လက်ဆောင်ကလည်း တန်ကြေးတစ်ခုနှင့် ရရှိခြင်းဖြစ်သည်။ သူမ၏ သဘာဝလွန်စွမ်းအား ယခင်တစ်ခေါက် အဆင့်တက်သောအခါ စုယွမ်ကို အသုံးပြုနိုင်သည့် နောက်ထပ် နည်းလမ်းတစ်မျိုးက စိတ်ထဲတွင် ပေါ်လာခဲ့သည်။

စုယွမ်ကို အဆင့်ခြောက်သို့ တက်ပြီး အပြည့်အဝ အသက်သွင်းလိုက်သောအခါ အခြားမည်သည့် စွမ်းအင်ကိုမှ မသုံးခင် နဂိုစုယွမ်၏ပုံသဏ္ဍာန်က ပေါ်ထွက်လာပေလိမ့်မည်။ အထူးသဖြင့် ပိုင်ရှင်က လွန်ကဲလွန်းသော အသက်ကို ခြိမ်းခြောက်ခံရသည့် အနေအထားမျိုးတွင်ဆိုပါက ပိုင်ရှင်ကိုယ်စား ကာကွယ်ပေးရင် စုယွမ်တစ်ခုလုံးက ပျက်ဆီးသွားနိုင်သည်။ ထို့နောက် မည်သည့် တိုက်ကွက်မဆို ပြီးသော အကာအကွယ်လွှာကြီးတစ်ခုအဖြစ် ပြောင်းလဲသွားမည်ဖြစ်ပြီး ကိုးဆယ်စက္ကန့်ပင် ကြာပေလိမ့်မည်။ အကျယ်အဝန်းကလည်း ငါးမီတာခန့်ပင် ကျယ်သည်။

ယခု အရေးကြီးဆုံးအပိုင်းကလည်း စုယွမ်က ပျက်ဆီးသွားပြီးနောက်တွင် ပြန်လည် မရရှိနိုင်တော့ခြင်း ဖြစ်သည်။

ထိုနည်းလမ်း၏ အသုံးပြုပုံ ထွက်လာ‌သောအခါ ရှုရှင်းက ယန်မော့ကိုသာ သီးသန့်ပြောပြခဲ့သည်။ ထို့ကြောင့် ရှုရှင်းက ပါးစပ်ဟလိုက်သည်နှင့် သူမ၏ကိုယ်ပိုင် သဘာဝလွန်စွမ်းအားကို စတေးမည့် အကြောင်းအရာကို နားလည်ပြီး သူမကို တားလိုသည်။

ရှုရှင်းက အခြားသော သူများကို ပေးထားသော စွမ်းအားများကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး သူမ၏လက်ထဲတွင် စုယွမ်က နဂိုပုံစံအတိုင်း ပေါ်လာသည်။ သူမ၏ ကိုယ်ထဲတွင် သဘာဝလွန်စွမ်းအား အနည်းငယ်သာ ကျန်တော့သည့်တိုင်အောင် စုယွမ်က အလွန်အမင်း ထိန်လင်းတောက်ပသော ရောင်စုံအလင်းများကို လွှတ်ထုတ်သည်။

ရှုရှင်းသည် စုယွမ်ကို လေထံသို့ ပစ်ထုတ်လိုက်ပြီး တဖြည်းဖြည်း ကွဲအက်ကြောင်းရာများ ကျယ်ပြန့်သထက် ကျယ်ပြန်လာသော ဝမ်ကျန်းဖင်၏ခေါင်းအထက်သို့ ရောက်ရှိသွားစေကာ နောက်ဆုံးလက်ကျန်စွမ်းအားများဖြင့် ထိုစုယွမ်ကို ကွဲကြေသွားသည်အထိ မောင်းနှင်ပစ်လိုက်သည်။

ဝုန်း…

ကွဲအက်သံက ထွက်ပေါ်လာသည်။ မှန်ကွဲသံကဲ့သို့ အသံမျိုးဖြစ်သည်။ သိပ်လည်း မကျယ်ချေ။ သို့သော် ထိုနေရာမှ လူတိုင်းက ကြားလိုက်ရသည်။

282 02

ဖျော့တော့လွန်းသော အဖြူရောင်စွမ်းအင်ဒိုင်းမျိုးက ရောင်စုံလင်းလက်နေသော အလင်းအရှိန်အဝါအပြည့်နှင့် ချက်ချင်းဆိုသလို ကျယ်ထွက်လာပြီး ဝမ်ကျန်းဖင်၏ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးမှုကြောင့် ထွက်ပေါ်လာသော စွမ်းအင်များကို တားဆီးပေးလိုက်တာ တစ်စက်မှပင် မယိုထွက်လာတော့ချေ။

ရှုရှင်းက လက်ကိုမြောက်၍ သူမ၏နှုတ်ခမ်းထောင့်မှ စီးကျလာသော သွေးကို သုတ်လိုက်ပြီး အကာအကွယ်ဒိုင်းအဖြစ် ပြောင်းလဲသွားသော စုယွမ်ကို ကြည့်ကာ တွေးသည်။

အာ…သူမရဲ့ အစွမ်းက အစကတည်းက သူများတွေနဲ့ ခြားနားတာ။ ဒီနေ့ အတွက်နဲ့ တူပါတယ်…

အကာအကွယ်စွမ်းအင်လွှာက ဇွန်ဘီဘုရင် ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးမှုကြောင့် ဖြစ်ပေါ်လာသော ပျက်ဆီးမှုတိုင်းကို ကာထားပေးသောကြောင့် အခြားသော သူများကလည်း လွတ်လွတ်လပ်လပ် လက်မြောက် ခေါင်းမော့နိုင်သွားပြီ ဖြစ်သည်။

ယန်မော့က ရှုရှင်း၏အနားသို့ ချက်ချင်းပြေးသွားကာ သူမ၏လက်ကောက်ဝတ်ကို တစ်ဖက်ဖြင့်ကိုင်ပြီး အခြားတစ်ဖက်ဖြင့် ပုခုံးကိုဖိကိုင်ကာ စိုးရိမ်တကြီး ပြောသည်။

“ရှင်းပေါင် အခု ဘယ်လိုနေလဲ။ ငါ့မှာ အဆင့်မြင့်အဆင့်သလင်းအမြူအတေတွေ ရှိတယ်။ မင်းမြန်မြန်‌လေး သုံးလိုက်”

သူ၏စကားတဝက်တပြတ်တွင်ပင် ရုတ်တရက် သူ၏ရှင်းပေါင်တွင် မည်သည့်သဘာဝလွန်စွမ်းအားမှ မရှိတော့သည့် အချက်ကို သတိရသွားသည်။ သဘာဝလွန်စွမ်းအား မရှိတော့သည့်အခါ သူမ၏ခန္ဓာကိုယ်ကလည်း သလင်းအမြူအတေကို စုပ်ယူလျှင် အလိုလျောက်ပင် မကုသနိုင်တော့ချေ။

“ငါ အဆင်ပြေတယ်။ ကြည့် ငါ အခု နင့်အရှေ့မှာ ရပ်နေတာပဲ မဟုတ်ဘူးလား”

ရှုရှင်းကလည်း သူမ၏ လည်ချောင်းထဲမှ ဆန်တက်လာသော သွေးများကို အတတ်နိုင်ဆုံး မျိုချပြီး အရှေ့မှ အမျိုးသားကို နှစ်သိမ့်သည်။ သို့သော် သူမ၏မျက်နှာက အခြားသော သူများထက် ဖြူစုပ်လွန်းနေသည်။ ယန်မော့ကလည်း ရှုရှင်း၏စကားကို လုံးဝ မယုံကြည်ပေ။

သဘာဝလွန်စွမ်းအားကို ဖျက်ဆီးထားတာ သွေးနည်းနည်း ထွက်ရုံလေးနဲ့ ဒီလောက် ရိုးရှင်းမှာလဲ။

သူက သူ၏ ကိုယ်ပိုင်သဘာဝလွန်စွမ်းအားကို သုံးကာ သူမ၏ ခန္ဓာကိုယ်ကို စစ်ဆေးတော့မည့် အချိန်တွင် ယဲ့ယီအန်းနှင့် ရှောင်းလုံတို့က လှမ်းအော်သည်။

သူတို့က အားလုံး၏အာရုံက အကာအကွယ်လွှာထံသို့ ရောက်သွားသည်။ ကိုယ့်ကိုယ်ကိုယ် ပျက်ဆီးမှုကလည်း မတွန်းလှန်နိုင်တော့ပေ။

ရုတ်တရက် ဝမ်ကျန်းဖင်၏ကိုယ်ထဲမှ ဖြာထွက်နေသော အနက်ရောင်အလင်းများအကြားတွင် အစိမ်းရောင်အလင်းများက ရုပ်ချည်းပေါ်ထွက်လာကာ အနက်ရောင်စွမ်းအားများကို လျှင်မြန်စွာဖြင့် ဝါးမြိုသွားသည်။ ထိုအနက်ရောင်စွမ်းအင်ကလည်း ခြိမ်းခြောက်ခံရသလိုမျိုး ပြန်လည်တိုက်ခိုက်ရန် ကြိုးစားသည်။ ထိုသို့ဖြင့် စွမ်းအင်နှစ်ခုက အချင်းချင်း အလျော့မပေးကြဘဲ ရင်ဆိုင်တိုက်ခိုက်နေကြသည်။ ဝမ်ကျန်းဖင်၏ခန္ဓာကိုယ်က လုံးဝကွဲကြေသွားသည်။ စွမ်းအင်နှစ်ခု၏ ပေါင်းစပ်မှုဒဏ်ကို သူက တောင့်မခံနိုင်တော့ခြင်းလည်း ဖြစ်သည်။

အင်အားကြီးမားသောစွမ်းအင်က အင်အားကြီးမားသော စွမ်းအင်အကာအကွယ်လွှာအတွင်းတွင်သာ ပေါက်ကွဲသွားသည်။ စွမ်းအင်သက်ရောက်မှုကလည်း ထိုအကာအကွယ်လွှာထံသို့ ဝင်တိုက်မိသွားသည်နှင့် စုပ်ယူခံရသကဲ့သို့ ပျောက်ကွယ်သွားလေသည်။

“အကာအကွယ်လွှာက အချိန်အကန့်အသတ်နဲ့ပဲ။ အားလုံးပဲ နင်တို့ရဲ့လက်ကျန် စွမ်းအင်ကို ရအောင်သုံးပြီး ကျန်တဲ့ စွမ်းအင်သက်ရောင်မှုကို တားနိုင်ဖို့ ကြိုးစားကြ”

ရှုရှင်းက အတတ်နိုင်ဆုံး ကျယ်လောင်စွာ ပြောလိုက်ရင်း တဖြည်းဖြည်း ကွဲကြေလာသော အကာအကွယ်လွှာကို ကြည့်သည်။

ဝုန်း

တစ်စက္ကန့်ခန့်ကြာပြီးနောက် အကာအကွယ်လွှာက လုံးဝကွဲကြေသွားသည်။ ပြင်းထန်သော လက်ကျန်စွမ်းအားများကလည်း ဖြာထွက်လာသည်။

…

“ရှင်းပေါင် လာ… ဒီနေ့ ချက်ထားတဲ့အာဟာရစာက အရသာ ရှိမရှိကြည့်ပါအုံး”

282 03

ယန်မော့က သူ၏ လက်ထဲမှ အဟာရဟင်းများကို အိပ်ယာပေါ်ရှိ ထမင်းစားပွဲလေးပေါ်သို့ တစ်ခုပြီးတစ်ခု ချပေးနေရင်း တူနှင့် ပန်းကန်လုံးကိုပင် နေရာတကျ ပြင်ပေးရင်းပြောသည်။

“အာ…”

သူမ၏ရှေ့မှ အနက်ရောင်အရာများကို ကြည့်နေရင်းမှ ရှုရှင်း၏ နှုတ်ခမ်းကလည်း တွန့်ကုန်သည်။

ဘာလို့ ကွာခြားချက်က ဒီလောက် ကြီးရတာလဲ။

သူမရဲ့အရှေ့က လူက သိသိသာသာကိုပဲ ဒဏ်ရာအပြင်းထန်ဆုံး။ ဒါပေမဲ့ လဝက်လောက်နဲ့ သူက သက်သာသွားတယ်။ အခြားသူတွေကလည်း သက်သာနေပြီ။ သူမတစ်ယောက်တည်းကပဲ တစ်လနီးပါး အိပ်ယာထဲမှာ လဲနေရတယ်။

သူမ၏ဒဏ်ရာများအား သက်သာစေရန်အလို့ငှာ နေ့တိုင်းလိုလို အရသာမရှိသော ထိုမဲမဲတူးတူး အရာများကိုသာ စားနေရလေသည်။

စုယွမ်က ပျောက်ကွယ်သွားသောကြောင့် တစ်ခုတည်းသော သတင်းကောင်းကမူ သူမ၏ သဘာဝလွန်စွမ်းအားများက ရှိနေ‌သေးသည်။ သို့သော် သူမသည် ယခုအခါ အသုံးမပြုနိုင်သေးပေ။ ထို့အပြင် သလင်းအမြူအတေကိုလည်း စုပ်ယူပြီး ဒဏ်ရာကိုလည်း မကုသနိုင်သေးပါပေ။

သူမ၏အရှေ့မှဇွန်းကို ကြည့်နေရင်း ရှုရှင်းသည်လည်း တွန့်ဆုပ်စွာနှင့် ပါးစပ်ကို ဟကာ တစ်လုပ်စားလိုက်ရသည်။

“အင်း ကောင်းပြီ။ ငါ ဆေးစက်ရုပ်ကို မေးထားတာ။ မင်း တစ်ပတ်လောက်နေရင်း ပုံမှန်အစားအစာတွေကို နည်းနည်းချင်းစီ စားလို့ရပြီတဲ့”

ယန်မော့ကလည်း ကူကယ်ရာမဲ့သလို သက်ပြင်းချရင်း ချော့ရသည်။

“တကယ်လား”

ရှုရှင်းကလည်း သူမ၏ ဘဝတစ်ခုလုံးက ချက်ချင်းဆိုသလို အရောင်အသွေးစုံသွားသလို ခံစားလိုက်ရသည်။ သူမ၏ ဒီအရှေ့မှ အရသာမရှိသော စားစရာများကပင် ထင်သလောက် မဆိုးတော့ပါပေ။

“အိုး…နောက်တစ်ကိုက်”

အင်း အာဟာရရှိတဲ့ စားစရာတွေက အရသာ ဆိုးနေတုန်းပဲ..

******

All Chapters