← Chapters

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

အခန်း ၅၁ - ထွက်ပြေးလွတ်မြောက်ခြင်း။

ခိုးယူသူများကို ရှာတွေ့ပြီဟူသော သတင်းကြောင့် သူဌေးမာနှင့် ကျင့်ကြံသူများသည် အပေါ်ထပ်ပြတင်းပေါက်များမှတစ်ဆင့် အလျင်အမြန် ထွက်ခွာသွားကြလေသည်။

ဝေ့ဝူတစ်ယောက်မှာမူ အလွန်ပင် မသွားချင်သော်လည်း သူတို့နောက်သို့ လိုက်ပါသွားရသည်။

ကျင့်ကြံသူတစ်ရာကျော်မှာ လေထဲတွင် အရောင်မျိုးစုံ တောက်ပလျက်ရှိပြီး သစ်တောငယ်တစ်ခုဆီသို့ ဦးတည်သွားကြတော့သည်။

ထိုနေရာသို့ ရောက်သောအခါ ဝေ့ဝူတို့ အံ့အားသင့်သွားကြသည်။ မြေပြင်တစ်ခုလုံးတွင် လေလံပွဲမှ ပျောက်ဆုံးသွားသော ရတနာပစ္စည်းများမှာ ဂိမ်းတစ်ခုထဲမှ ပစ္စည်းများ ကျသကဲ့သို့ ပျံ့ကျဲနေသည်။

ထိုပစ္စည်းများ၏ အလယ်တွင် ထိုဆရာနှင့်တပည့်နှစ်ဦးမှာ ပျော်ရွှင်စွာ ပွေ့ဖက်ပြီး ငါတို့ ချမ်းသာပြီ ချမ်းသာပြီဟု အော်ဟစ်နေကြသည်။

သူဌေးမာမှာ ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် ဒေါသထွက်ကာအော်ဟစ်တော့သည်။

" ခွေးမသားတွေ ငါ့ရဲ့ ကြယ်တာရာဓားကို ပြန်ပေးစမ်း။"

အစိမ်းရောင်ဝတ်စုံနှင့် ပညာရှိတစ်ဦးကလည်းဒေါသတကြီး အော်ဟစ်လိုက်သည်။

"ငါ့ရဲ့ ရတနာတွေကို ခိုးရအောင်ထိ မင်းတို့က ဘယ်လောက်တောင် ရဲတင်းရတာလဲ။"

ထိုအခါမှ ထိုဆရာနှင့်တပည့်မှာ အခြေအနေကို သဘောပေါက်သွားကာ မျက်နှာပျက်သွားကြသည်။

"ဟာ သတ်တော့မယ် ထွက်ပြေးကြစို့။"

ထို့သို့အော်ဟစ်ရင်း ပစ္စည်းအားလုံးကို သိုလှောင်အိတ်ထဲသို့ အမြန်ဆုံး သိမ်းလိုက်ကြသည်။

ရှောင်ရီက ထွက်ပြေးကြစို့ဟု အော်ဟစ်စဉ် ရုတ်တရက် ရပ်တန့်လိုက်ပြီး ဝေ့ဝူကို သတိရသွားကာ...

"အစ်ကိုကြီး ချောင်ချောင် ပစ္စည်းရပြီ ပြေးတော့ ပြေးတော့။"

အသံကုန်ဟစ်ကာအော်တော့သည်။

ဝေ့ဝူတစ်ယောက် ဒေါသထွက်လွန်းသဖြင့် သွေးပင် အန်ချင်လာမိသည်။ ဤအရူးနှစ်ကောင်က သူ့ကို သေလမ်းသို့ ပို့လိုက်ခြင်းပင်။

ရာနှင့်ချီသော ကျင့်ကြံသူများ အထူးသဖြင့် မန်ရှင်းအဆင့် ၈ ကျင့်ကြံသူတို့၏ သတ်ဖြတ်လိုသည့် အငွေ့အသက်များက ဝေ့ဝူကို အသက်ရှုကြပ်စေလေသည်။

သူသည် လှုပ်ရှားရန်ပင် မစွမ်းသာတော့ဘဲ အသေခံရတော့မည့် အခြေအနေသို့ တိုက်ရိုက်ရောက်ရှိသွားတော့သည်။

"သေချင်နေတာပဲ။"

သူဌေးမာက ဒါသတကြီးအော်ဟစ်လိုက်သည်။

ဝေ့ဝူ၏ မျက်လုံးများ မှောင်အတိ ကျသွားသည်။ သို့သော် ခဏအကြာတွင် အလင်းပြန်ရလာသည်။

ထိုစဥ်ရှောင်ရီ၏ အသံကို ကြားလိုက်ရသည်။

"အစ်ကိုကြီးချောင်ချောင် အဆင်ပြေရဲ့လား။"

ဝေ့ဝူက ဒေါသတကြီးဖြင့် ရှောင်ရီ၏ ဦးခေါင်းကို လက်သီးဖြင့် ထုလိုက်သည်။

"မင်းတို့ အရူးတွေ ငါ့ကို သတ်ချင်နေတာလား။"

ကျင့်ကြံသူများက သူတို့ရှိရာသို့ လှည့်ကြည့်လိုက်ကြသည်။ ဝေ့ဝူတို့ ထိုနေရာတွင် ရှိနေသည်ကို အံ့ဩနေကြသည်။

မန်ရှင်းအဆင့် ၈ ကျင့်ကြံသူနှင့် သူဌေးမာတို့က ဝေ့ဝူတို့သုံးဦးကို အထူးအလေးအနက်ထား ကြည့်ရှုလိုက်ကြသည်။

ထိုအကြည့်များကပင် သူတို့၏ အရေပြားကို ထိုးဖောက်မတတ်ကြောက်မက်ဖွယ်ကောင်းလှသည်။

"သေပြီ ပြေးကြစို့ ပြေးကြစို့။"

ရှောင်ရီက အသဲအသန်အော်ဟစ်တော့သည်။

ဝေ့ဝူမှာလည်း နောင်တကြီးစွာဖြင့် တွေးတောမိနေသည်။

"ဒီလိုဖြစ်မယ်ဆိုတာ သိရင် ဒီအဖွဲ့ထဲ မဝင်ခဲ့ပါဘူး။"

ရုတ်တရက် ရှောင်ရီက ဝေ့ဝူ၏ ပုခုံးကို ဆွဲလိုက်သည်။

"အစ်ကိုကြီး ချောင်ချောင်ကို သတိထား မေ့လဲနေဦးမယ်။"

ထို့နောက် ဝေ့ဝူ၏ ကမ္ဘာကြီးမှာ ထပ်မံအမှောင်ကျသွားပြီး တစ်ခဏချင်းတွင် သူတို့မှာ လွတ်မြောက်ရာ နယ်မြေအသစ်တစ်ခုဆီသို့ ရောက်ရှိသွားကြလေသည်။

လေလံခန်းမအပြင်ဘက်တွင်မူ ကျင့်ကြံသူများမှာ သူတို့အား ရှာမတွေ့တော့သဖြင့် အံ့အားသင့်နေကြသည်။

"သူတို့ ဘယ်ရောက်သွားတာလဲ။"

ကျင့်ကြံသူတစ်ဦးက သူ၏ လက်ဖဝါးပေါ်တွင် ကြေးပြားအချို့ကို တင်ကာ အတိတ်နိမိတ် ကြည့်လိုက်ပြီးနောက် အဖြေပေးလိုက်သည်

"တောင်ဘက်မှာ။"

ဝေ့ဝူတို့မှာမူ ထိုကျင့်ကြံသူ၏ အတိတ်နိမိတ်အတိုင်း အချိန်မရွေး အန္တရာယ်နှင့် ကြုံတွေ့ရတော့မည့် အခြေအနေတွင် တောင်ဘက်သို့ အသည်းအသန် ထွက်ပြေးရတော့မည် ဖြစ်သည်။

အခန်း ၅၂ - ရွှေ့ပြောင်းခြင်း ယန္တရားနှင့် အသက်လုထွက်ပြေးခြင်း။

ညခင်း၏ နက်ရှိုင်းမှုအောက်တွင် တိတ်ဆိတ်နေသော ချိုင့်ဝှမ်းသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အေးစက်နေသည်။

ဝေ့ဝူတစ်ယောက် လေလံပွဲမှ လွတ်မြောက်လာခြင်းအတွက် သက်ပြင်းချကာ စိတ်အေးလက်အေး ရှိနေစဉ်မှာပင် မြောက်ဘက်ကောင်းကင်ယံ၌ ထူးခြားသော မြင်ကွင်းတစ်ခု ပေါ်ပေါက်လာသည်။

ရောင်စုံအလင်းတန်းများဖြင့် တောက်ပနေသော အုပ်စုကြီးတစ်ခုသည် မီးတောက်များကဲ့သို့ပင် ကောင်းကင်ကို ဖြတ်သန်းကာ အရှိန်အဟုန်ဖြင့် ပြေးလွှားနေသည်။

ထိုအရာမှာ လေလံခန်းမမှ ဒေါသထွက်နေသော ကျင့်ကြံသူများ၏ အရှိန်အဝါများ ယန္တရားအလင်းတန်းများ ဖြစ်မှန်း ဝေ့ဝူချက်ချင်း ရိပ်မိလိုက်လေသည်။

"ဝါး... ကြယ်ပျံတွေက လှလိုက်တာ။ ဒီလောက်လှပတဲ့ မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးဘူး။"

ရှောင်ရီက ကလေးတစ်ယောက်ပမာ သဘောကျစွာ ရေရွတ်လိုက်လေသည်။

ဝေ့ဝူမှာမူ ဒေါသစိတ်ကြောင့် မျက်နှာတစ်ခုလုံးနီမြန်းလာနေသည်။

"အဲဒါ ကြယ်ပျံတွေမဟုတ်ဘူးဟ။ သူတို့ လိုက်လာကြပြီ။ မြန်မြန်ပြေးကြစို့။"

ဝေ့ဝူ၏ ပါးစပ်မှာ အလွန်ပြဲလန်လာပီး အားရပါးရအော်ဟစ်လိုက်လေသည်။

သူ၏ ကိုယ်ပိုင်အရှိန်အဟုန်ဖြင့်ဆိုလျှင် မန်ရှင်းအဆင့် ၈ ကျင့်ကြံသူ၏ လိုက်လံဖမ်းဆီးမှုကို ရင်ဆိုင်ရန် လုံးဝမဖြစ်နိုင်ကြောင်း သူသိသည်။

သို့သော် ယခုဖြစ်ပျက်ခဲ့သည့် အခြေအနေအရ ဤဆရာနှင့်တပည့်နှစ်ဦးတွင် အာကာသကို ကျော် ဖြတ်နိုင်သော နေရာပြောင်းရွှေ့ခြင်း စွမ်းရည်ရှိကြောင်း သူသေချာပေါက် သိရှိလိုက်သည်။

ထို့ကြောင့် သူ၏ အသက်ကို ကယ်တင်နိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ ဤရူးနှမ်းနေသော လူနှစ်ဦးအား အသုံးချရန်သာ ဖြစ်သည်။

သို့သော် ရှောင်ရီနှင့် ထိုလူမည်းကြီးမှာ ကြောက်လန့်တကြား ငိုယိုနေကြသည်။

"အီးဟီး ငါတို့ ပြေးလို့မရတော့ဘူး။ ဝိညာဉ်ကျောက်တုံးတွေ အကုန်ကုန်သွားပြီ။"

ရှောင်ရီက မျက်ရည်စက်လက်ဖြင့် ဝမ်းနည်းကြေ ကွဲစွာပြောလေသည်။ ဤစွမ်းရည်မှာ ဝိညာဉ်ကျောက်တုံးအမြောက်အမြား အသုံးပြုမှသာ အလုပ်လုပ်ကြောင်း ဝေ့ဝူသဘောပေါက်သွားသည်။

အခွင့်အရေးကို လက်လွတ်မခံဘဲ ဝေ့ဝူက အမြတ်ထုတ်လိုက်တော့သည်။

"ငါ့မှာ ဝိညာဉ်ကျောက်တုံးတွေ ရှိတယ်။ ဒါပေမဲ့ မင်းတို့ခိုးလာတဲ့ ပစ္စည်းတွေကို အရင်ပေးမှ ငါပေးမယ်။"

ရှောင်ရီက အလွန်တရာ ကျွမ်းကျင်သော စီးပွားရေးသမားတစ်ဦးပမာ ပြန်ပြောသည်။

"မန်ရှင်းအဆင့်ဆေးလုံး ၅ လုံးကို ကျောက်တုံး ၁၀,၀၀၀ နဲ့ ယူမလား။ အရည်အသွေးကောင်း ဈေးနှုန်းမှန် ရိုးသားတဲ့ စီးပွားရေးပဲ။"

ဝေ့ဝူမှာ ဒေါသထွက်လွန်းသဖြင့် ရှောင်ရီကို ကန်ထုတ်လိုက်ချင်သော်လည်း အချိန်ကား အလွန်တရာ ဆိုးရွားနေပေသည်။

နောက်ဆုံးတွင် ဝေ့ဝူသည် သူ၏ ဝိညာဉ်ကျောက်တုံး ၁၀,၀၀၀ ကို ပေးအပ်ကာ မန်ရှင်းအဆင့်ဆေးလုံးများနှင့် ရေခဲဝိညာဉ်ပုလဲကို ရယူလိုက်သည်။

သူ၏ အိတ်ကပ်ထဲတွင်ပါလာသမျှ ဝိညာဉ်ကျောက်တုံးများမှာ ပြောင်စင်သွားပြီး တစ်ညတည်းနှင့် သူမှာ ဆင်းရဲသားဘဝသို့ ပြန်လည်ရောက်ရှိသွားတော့သည်။

ထိုအချိန်တွင် သူဌေးမာမှာ အမျက်ဒေါသဖြင့် ရောက်ရှိလာတော့သည်။

"သူခိုးချောင်ချောင် မင်းသေဖို့ ပြင်ထားတော့။"

သူ၏ အသက်နှစ်ရာကျော်သက်တမ်းတွင် ယခုကဲ့သို့ ဒေါသထွက်ဖူးခြင်းမရှိပေ။

ရှောင်ရီ၏ အမူအရာမှာ ရုတ်တရက် တည်ကြည်သွားသည်။ မည်သည့်လှုပ်ရှားမှုကိုမျှ မမြင်လိုက်ရဘဲ ဝေ့ဝူတစ်ယောက် အာကာသအက်ကွဲကြောင်းအတွင်းသို့ ဝင်ရောက်သွားပြန်လေသည်။

ဤစွမ်းရည်မှာ အမှန်တကယ်ပင် အံ့ဩစရာကောင်းလှသည်။

ဝေ့ဝူအတွက်မူ မည်သူမျှ လိုက်မမီနိုင်သော အသက်ကယ်လက်နက်တစ်ခု ဖြစ်သည်။ ခဏအကြာတွင် သူတို့မှာ လူသူကင်းမဲ့သော တောင်ကုန်းတစ်ခုပေါ်သို့ ရောက်ရှိသွားသည်။

ဝေ့ဝူ သက်ပြင်းချလိုက်နိုင်သော်လည်း သူတို့၏ ရန်သူများမှာမူ နောက်ကွယ်မှ အဆက်မပြတ် လိုက်လံရှာဖွေနေဆဲဖြစ်သည်။

တောင်ကြားတွင် သူဌေးမာမှာ သူတို့ပျောက်ကွယ်သွားသည့် နေရာကို စိုက်

ကြည့်ကာ ဒေါသထွက်နေသည်။

ကျင့်ကြံသူမှာ ကြေးပြားများဖြင့် အတိတ်နိမိတ် ထပ်မံဖတ်ရှု ၍အဖြေထုတ်ပေးလိုက်ပြန်သည်။

"တောင်ဘက်ပဲ။"

ဝေ့ဝူမှာမူ လီယိုကို ခေါ်ထုတ်ကာ အမြန်ဆုံး ထွက်ခွာလေသည်။ လီယို၏ ကျောပေါ်တွင် ဝေ့ဝူ ထိုင်စီးနေပြီး၊ လီအိုမှာ ဘယ်ဘက်လက်ဖြင့် လူကြီးကို ဆွဲထားကာ ညာဘက်လက်ဖြင့် ရှောင်ရီကို ဆွဲထားသည်။

လေထဲတွင်ပင် တစ်ယောက်နှင့်တစ်ယောက် ရန်ဖြစ်ကာ ကန်ကျောက်နေကြသည့် ထိုဆရာနှင့်တပည့်ကြောင့် လီယို၏ ပျံသန်းမှုမှာ မတည်ငြိမ်ဘဲ ယိုင်နဲ့နဲ့ ဖြစ်လာနေသည်။

ဝေ့ဝူမှာမူ လွတ်မြောက်ရေးခရီးစဉ်တွင် မည်သို့ဆက်လက်ရှင်သန်ရမည်ကို စိုးရိမ်တကြီး စဉ်းစားရင်း ခရီးဆက်နေရတော့သည်။

All Chapters