← Chapters

အခန်း (၂)

Vol. 32-Extra Ch. Extra-2

အခန်း (၂)

Vol. 32-Extra Ch. Extra-2

လုမင်လီ သင်တန်းကျောင်းရှိ အရည်အချင်းအရှိဆုံး ဆရာ၊ ဆရာမမှန်သမျှကို သူတစ်ဦးတည်းအတွက် အကောင်းဆုံးနှင့် အထိရောက်ဆုံးသော သင်ကြားရေးအစီအစဉ်များ ရေးဆွဲခိုင်းရန်အတွက် ဂဏန်း (၆) လုံးရှိသော ငွေကြေးအမြောက်အမြားကို သုံးစွဲထားသည်။ ထို့နောက် သူသည် သင်ကြားရေးတိုးတက်မှုအပေါ် မူတည်ပြီး အစီအစဉ်များကို အချိန်မှန်မှန် ပြန်လည်မွမ်းမံလေ့ရှိသည်။

ယနေ့အချိန်အထိဆိုလျှင် သူ ၎င်းကို ပဉ္စမမြောက် ဗားရှင်းအထိ မွမ်းမံပြင်ဆင်ခဲ့သည်။ သူ ပြည်တွင်းနှင့် ပြည်ပ သမိုင်းကြောင်းမှန်သမျှကို လေ့လာပြီးစီးခဲ့ပြီး ဖြစ်ကာ နိုင်ငံခြားဘာသာစကားဝေါဟာရပေါင်း (၄၀၀၀) ကျော်ကိုပါ ကျွမ်းကျင်စွာ တတ်မြောက်ထား၏။ သိပ္ပံဘာသာရပ်များကသာ သူ့ကို အနည်းငယ် ခေါင်းခဲစေ၏။

သို့သော်လည်း ကံကောင်းထောက်မစွာ သူ၏ ရည်မှန်းချက်မှာ စာမေးပွဲများ အောင်မြင်ရန် မဟုတ်ပေ။ နောင်အနာဂတ်တွင် ဤနေရာ၌ နေထိုင်သွားနိုင်ရန်အတွက် အခြေခံအသိပညာအချို့ကို ကနဦး နားလည်သဘောပေါက်ရန်သာ ဖြစ်သဖြင့် ဤကိစ္စရပ်တွင် သူ့ကိုယ်သူ စံနှုန်းအလွန်အမင်း မြင့်မားစွာ သတ်မှတ်မထားချေ။

လုမင်လီတွင် ဇာတ်လိုက်တစ်ယောက်၏ ဂုဏ်ဒြပ်မျိုး ရှိနေပုံရ၏။ သူသည် ယုံကြည်ချက်ရှိပြီး တည်ငြိမ်ကာ ထူးခြားသော အမူအရာများကြောင့် မည်သည့် ခေတ်ကာလတွင်မဆို အမြဲတမ်း အာရုံစိုက်ခြင်း ခံရသည့် ဗဟိုချက်မ ဖြစ်နေတတ်သည်။ သူ VIP စာသင်ခန်းအတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် တစ်ပြိုင်နက် အပြင်ဘက်ရှိ လူများ တီးတိုးပြောဆိုလာကြတော့၏။

မိန်းကလေးတစ်ဦး စိတ်လှုပ်ရှားစွာ ပြောတော့သည်။

“ဝိုး၊ သူ ငါ့ကို လှမ်းကြည့်သွားတယ်ဟ။ သူ ခုနကတင် ငါ့ကို ကြည့်ပြီး ကျေးဇူးတင်ပါတယ်လို့တောင် ပြောသွားသေးတယ်။ ငါတော့ မခံစားနိုင်တော့ဘူး... တကယ့်ကို ဆွဲဆောင်မှု ရှိလွန်းလို့တယ်…”

သူမ၏ အမျိုးသားလုပ်ဖော်ကိုင်ဖက်က မျက်လုံးပင့်လိုက်ရင်း ပြောတော့သည်။

“အိပ်မက်ကနေ နိုးထစမ်းပါဦး၊၊ သူ လူတိုင်းအပေါ်မှာ ဒီလိုမျိုး ဆက်ဆံတတ်တာပါ။ ဟေး... မင်း သူ့ရဲ့ နာရီကို မြင်လိုက်လား၊ ဘာအမှတ်တံဆိပ်လဲဆိုတာ သိချင်မိတယ်”

“ကျွန်မ အဲဒီအမှတ်တံဆိပ်ကို မြင်ဖူးတယ်။ သူတို့ ပြောတာတော့... အဲဒီနာရီတစ်လုံးရဲ့ တန်ဖိုးက အိမ်တစ်လုံးကို ဝယ်ယူနိုင်တယ်လို့ ပြောကြတယ်”

မွန်းတည့် (၁၂) နာရီအချိန်တွင် မနက်ခင်းအတန်း ပြီးဆုံးသွားခဲ့သည်။ လုမင်လီ စာသင်ခန်းထဲကနေ ထွက်လာသည်နှင့် ဟွာကျွင်း အပြင်ဘက်တွင် စောင့်ဆိုင်းနေသည်ကို မြင်တွေ့လိုက်ရ၏။

လုမင်လီ၏ အမူအရာသည် ဟွာကျွင်းကို မြင်တွေ့လိုက်ရသည့်အခါ ချက်ချင်းပင် နူးညံ့ပျော့ပျောင်းသွားပြီး မေးလိုက်သည်။

“မင်း... ဘာဖြစ်လို့ ရောက်လာတာလဲ”

ဟွာကျွင်း မော့ကြည့်ကာ ပြုံးလိုက်ရင်း ဖြေ၏။

“ကျွန်မ ရှင့်ကို ကျောင်းကနေ လာကြိုတာပေါ့”

လုမင်လီ ခပ်တိုးတိုး ရယ်မောလိုက်ရင်း ပြောလိုက်သည်။

“အင်း... အဲလိုပြောတာလည်း မမှားပါဘူး။ ဒါဆိုရင် အုပ်ထိန်းသူကို မေးပါရစေ။ ကိုယ့်ကို ဘယ်နေရာ ခေါ်သွားဖို့ ပြင်ဆင်ထားလို့လဲ”

ဟွာကျွင်း တည်ကြည်လေးနက်ဟန် ဆောင်လိုက်ရင်း ပြော၏။

“မလောပါနဲ့၊၊ ကိုယ်တော်ချော ဒီနေ့ ကျောင်းမှာ စာသေသေချာချာ နားထောင်ရဲ့လားဆိုတာ သိရအောင် ဆရာကို အရင်ဆုံး မေးမြန်းရဦးမယ်”

ထို့နောက် သူမ စာသင်ခန်းထဲကနေ ထွက်လာသော ဆရာကို ဆွဲခေါ်လိုက်ရင်း မေးမြန်းတော့သည်။

“ဆရာဝမ် ကျွန်မတို့ ရှောင်လု ဒီနေ့ အတန်းထဲမှာ စာကို အာရုံမစိုက်ဘဲ စိတ်လွင့်နေတာမျိုး ရှိလား”

လုမင်လီ သူမကို တားဆီးခြင်းမပြုဘဲ သူမ အနားတွင် မတ်မတ်ရပ်လျက် ပြုံးရင်း စိုက်ကြည့်နေခဲ့၏။

ဆရာဝမ် ခဏတာမျှ ဆွံ့အသွားပြီး ဤအရာက ဘာကို ဆိုလိုမှန်း မသိချေ။ သူ လုမင်လီကို လှမ်းကြည့်လိုက်ပြီးနောက် ဝေခွဲမရစွာ ပြန်လည်ဖြေကြား၏။

“မစ္စတာလုက အတန်းထဲမှာ အရမ်းပဲ အာရုံစိုက်ပါတယ်။ စာမှတ်စုတွေကိုလည်း လှလှပပ ရေးမှတ်ထားပြီး အသိပညာတွေကိုလည်း ကောင်းကောင်းမွန်မွန် သင်ယူပါတယ်”

ဟွာကျွင်း ရယ်သံကို အောင့်အည်းလိုက်ရင်း ယဉ်ကျေးစွာ ပြောလိုက်သည်။

“ဒါဆိုရင် ကောင်းပါပြီရှင်။ ကြိုးစားအားထုတ်ပေးလို့ ကျေးဇူးတင်ပါတယ် ဆရာဝမ်။ အကယ်၍ သူ တစ်ခုခု မှားယွင်းတာလုပ်ခဲ့ရင် ကျွန်မဆီကို လွတ်လွတ်လပ်လပ် သတင်းပို့နိုင်ပါတယ်။ ဟေး... ရှင် ကျွန်မကို ဘာလို့ ဆွဲခေါ်နေတာလဲ”

လုမင်လီက ဆရာဝမ်အား နှုတ်ဆက်လိုက်ပြီးနောက် ဟွာကျွင်းကို ဆွဲခေါ်ကာ ထွက်ခွာသွားသည်။

“ကြိုးစားအားထုတ်ပေးလို့ ကျေးဇူးတင်ပါတယ်ဗျ”

ဟွာကျွင်း ဓာတ်လှေကားအတွင်းသို့ ရောက်ရှိသွားသည့်တိုင်အောင် တခစ်ခစ် ရယ်မောနေ၏။

လုမင်လီ: “စနောက်ရတာ ပျော်ရဲ့လား၊၊ ဒီနေ့ ဘာဖြစ်လို့ အစောကြီး နိုးနေရတာလဲ”

“ဒီနေ့ ဘာနေ့လဲဆိုတာ ရှင် မမှတ်မိတော့ဘူးလား” ဟွာကျွင်း မော့ကြည့်ကာ မေးလိုက်ရင်း ပြော၏။

“ဒါဆိုရင်တော့ ကျွန်မ တကယ့်ကို ဝမ်းနည်းရပါပြီ…” ထိုသို့ ပြောပြီးနောက် သူမသည် ခေါင်းငုံ့ကာ မျက်နှာကို လက်ဖြင့် အုပ်ထားလိုက်တော့သည်။

လုမင်လီ ပြာပြာသလဲ ဖြစ်သွားပြီး သူ့စိတ်ထဲတွင် အတွေးများစွာ ထွက်ပေါ်လာ၏။

‘သူ့ မွေးနေ့လည်း မဟုတ်ပါဘူး၊ ပွဲတော်ရက်လည်း မဟုတ်ပါဘူး…’

မည်သည်ကိုမှ စဉ်းစားမရသဖြင့် သူသည် မှတ်စုစာအုပ်ကို ထုတ်ယူကာ တဖျတ်ဖျတ် လှန်ကြည့်လိုက်တော့သည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက် သူ့လှုပ်ရှားမှုများ ရပ်တန့်သွားပြီး ဟွာကျွင်းကို လှမ်းကြည့်လိုက်ရင်း ပြောသည်။

“မင်း ကိုယ့်ကို ထပ်ပြီးတော့ လှည့်စားနေပြန်ပြီ ထင်တယ်နော်”

“မဟုတ်ပါဘူး... မဟုတ်ပါဘူး”

ဟွာကျွင်း အပြစ်ကင်းစင်လှသော မျက်လုံးဝိုင်းဝိုင်းကြီးများဖြင့် ပြော၏။

“ဒီနေ့က ရှင် ဒီနေရာကို ရောက်ရှိလာခဲ့တာ တစ်လပြည့်တဲ့ အထိမ်းအမှတ်နေ့လေ”

[T/N အူတက်]

လုမင်လီ: “…”

“ကိုယ်တို့တွေ ဒီလိုမျိုး နေ့ရက်တွေကို မှတ်မိနေဖို့ မလိုအပ်ပါဘူးနော်။ ဟုတ်တယ်မလား…”

သူ အကူညီမဲ့စွာ မေးလိုက်၏။

“ဘယ်လိုလုပ်ပြီး မလိုအပ်ရမှာလဲ”

ဟွာကျွင်း လေးနက်စွာ ပြောတော့သည်။

“ရှင်နဲ့ ပတ်သက်သမျှ အရာအားလုံးက အရေးကြီးပါတယ်။ ကဲပါ ကျွန်မတို့တွေ အရသာရှိတဲ့ အစားအစာတွေ သွားစားကြမယ်”

လုမင်လီ ရယ်မောလိုက်ရင်း ပြော၏။

“မင်း အပြင်ထွက်ပြီး လည်ပတ်ဖို့အတွက် ဆင်ခြေတစ်ခု ရှာနေတာပဲလို့ ကိုယ် ထင်တယ်နော်”

ဟွာကျွင်း: “ဟွန်း... ရှင် ဒီကို ရောက်လာတာ တစ်လရှိသွားပြီ။ ပြီးတော့ ကျွန်မနဲ့အတူ ရုပ်ရှင်နှစ်ကား လိုက်ကြည့်ပေးတာကလွဲရင် ရှင် နေ့တိုင်း စာလေ့လာတယ်၊ စာလေ့လာတယ်၊ စာပဲ ဆက်တိုက်လေ့လာနေတာ။ အရင်တုန်းကတော့ ကျွန်မ ဟွာရှန့် စာသေသေချာချာ မလေ့လာမှာကို စိုးရိမ်ခဲ့ရပေမဲ့ အခုတော့ ရှင် စာတွေကို အရမ်းကြိုးစားလွန်းနေမှာကို စိုးရိမ်နေရပြီ”

သူမ ဆက်လက်၍ တတွတ်တွတ် ပြောဆိုနေ၏။ လုမင်လီ ခဏတာမျှ စဉ်းစားကြည့်လိုက်ပြီးနောက် ခေါင်းငြိမ့်ပြရင်း ပြောသည်။

“မင်း ပြောတာ မှန်ပါတယ်။ ကိုယ် ပေါ့ဆသွားမိတာ”

သူ သင်တန်းကျောင်းသို့ ဖုန်းဆက်လိုက်ရင်း ပြောကြားလိုက်၏။

“ဆရာဝမ် ကျွန်တော့် သင်ခန်းစာတွေကို လောလောဆယ် ယာယီရပ်ဆိုင်းထားပေးပါဦး။ ဟုတ်ကဲ့... ကျွန်တော့်မှာ ကိုယ်ပိုင်ကိစ္စအချို့ ရှိလို့ပါ။ တစ်ပတ်လောက် ရပ်နားထားကြရအောင်။ ခင်ဗျားတို့အားလုံးလည်း နားရက်ယူလို့ ရပါပြီ။ ဒီအတောအတွင်းမှာ အားလုံးပဲ ကြိုးစားအားထုတ်ပေးခဲ့ကြလို့ ကျေးဇူးတင်ပါတယ်။ ငွေပြန်အမ်းဖို့ မလိုပါဘူး။ အင်း... ကျေးဇူးတင်ပါတယ်ဗျာ”

ဟွာကျွင်း၏ မျက်လုံးများ ဝိုင်းစက်သွားပြီး ပြောတော့သည်။

“ရှင် ဘာဖြစ်လို့ တစ်ပတ်တောင် နားရက်ယူလိုက်တာလဲ။ ကျွန်မ ဒီနေ့တစ်ရက်ပဲ ရှင်နဲ့အတူ အပြင်ထွက်ချင်တာပါ…”

လုမင်လီ သူ့ဖုန်းကို ပြန်လည်သိမ်းဆည်းလိုက်ပြီး သူမကို စိတ်အေးသွားစေမည့် အကြည့်မျိုးဖြင့် ကြည့်လိုက်ရင်း ပြောလိုက်သည်။

“ရပါတယ်။ ကိုယ် လေ့လာသင်ယူဖို့ လိုအပ်တဲ့ အရာအများစုကို တတ်မြောက်ထားပြီးပြီ။ မင်းနဲ့အတူ အရည်အသွေးရှိတဲ့ အချိန်တွေ ကုန်ဆုံးဖို့အတွက် အကောင်းဆုံး အချိန်အခါပါပဲ”

သူ ခဏတာမျှ စဉ်းစားလိုက်ပြီးနောက် ဆက်လက်၍ ပြောတော့သည်။

“ဒီတစ်ကြိမ် ဘာကိုမှ စိုးရိမ်မနေနဲ့။ ကိုယ့်ရဲ့ စီမံခန့်ခွဲမှုတွေအတိုင်းသာ လိုက်ခဲ့။ အဆင်ပြေမလား”

“ဒီလောက် ကောင်းတဲ့အရာမျိုး ရှိနေတာလား”

ဟွာကျွင်း အလွန်ပင် ပျော်ရွှင်သွား၏။ ဤမျှလောက် ရှည်လျားလှသော အချိန်ကာလအတွင်း၌ အိမ်မှာဖြစ်ဖြစ် မုန့်ဆိုင်မှာဖြစ်ဖြစ် သူမကိုယ်တိုင်သာ ဆုံးဖြတ်ချက်အကြီးအသေးမှန်သမျှကို အမြဲတမ်း ချမှတ်ခဲ့ရခြင်း ဖြစ်သည်။ သူမအနေဖြင့် မောပန်းနွမ်းနယ်ခြင်း မရှိပါဘူးဟု ပြောလျှင် လိမ်ညာရာ ရောက်ပေလိမ့်မည်။ တစ်နေ့တွင် သူမအနေဖြင့် အရာအားလုံးကို လုံးဝ လက်လွှတ်လိုက်ပြီး အခြားလူတစ်ဦး၏ စီမံခန့်ခွဲမှုအတိုင်းသာ လိုက်ပါသွားနိုင်လိမ့်မည်ဟု မျှော်လင့်မထားချေ။

သို့သော်လည်း

“ဒါဆိုရင် မုန့်ဆိုင်ကရော ဘယ်လိုလုပ်မလဲ”

ဟွာကျွင်း အနည်းငယ် စိုးရိမ်ပူပန်စွာ မေးမြန်းလိုက်သည်။

“မော့ချွမ်း ရှိနေတာပဲ။ ဘာပြဿနာမှ ဖြစ်လာမှာ မဟုတ်ပါဘူး”

သူ သူမကို နှစ်သိမ့်ပေးလိုက်ရင်း ပြော၏။

“သူ့ကို အထင်မသေးနဲ့။ သူက အရည်အချင်း ရှိတဲ့လူပါ၊ နည်းနည်းလေး ပျင်းရုံပါပဲ”

All Chapters