← Chapters

အခန်း (၅)

Vol. 32-Extra Ch. Extra-5

အခန်း (၅)

Vol. 32-Extra Ch. Extra-5

“ပြီးတော့ ရှင် ကျွန်မ အဝတ်အစားတွေကိုပါ ကူညီပြီးတော့ တွဲဖက်ပေးရမယ်။ နောက်ပြီးတော့ အားလုံးကို လှပါတယ်လို့ ပေါ့ပေါ့ပါးပါး ပြောဆိုတာမျိုး လုံးဝ မလုပ်ရဘူး”

“ကိုယ် သေချာပေါက် အဲ့လိုမလုပ်ဘူး”

လုမင်လီ သူ့လက်များကို သုတ်လိုက်ရင်း ဆက်ပြောသည်။

“အရာအားလုံးကို ကိုယ့်ဆီမှာပဲ ထားလိုက်။ မင်း လုပ်ရမှာက ကိုယ့်အနားမှာပဲ အမြဲတမ်း ရှိနေပေးဖို့ပါပဲ”

ဟွာကျွင်း ရှက်သွေးဖြန်းကာ မျက်နှာလေး နီရဲသွားပြီး လုမင်လီကို စိုက်ကြည့်ရင်း အူကြောင်ကြောင်လေး ပြုံးမိနေတော့၏။

“ဟို... အဟမ်း…”

မော့ချွမ်း ကြားထဲကနေ ဖြတ်ပြောလိုက်သည်။ “ခင်ဗျားတို့နှစ်ယောက်အတွက် ပိုပြီးတော့ စိတ်လှုပ်ရှားစရာ ကောင်းသွားအောင် ကျွန်တော် ဒီဝရန်တာပေါ်ကနေ အောက်ကို ခုန်ချပြရမလား”

အန်နာဂူ ပြတိုက်သို့ တစ်ကြိမ် လာရောက်လည်ပတ်ပြီး နောက်ပိုင်းမှ စ၍ အပတ်စဉ် ပုံမှန်လာရောက် လေ့ရှိသည်။ သူမ ရှေးဟောင်းပစ္စည်းများကို အလွန်ပင် မြတ်နိုးတန်ဖိုးထားသဖြင့် တစ်ခုချင်းစီ၏ တည်နေရာကိုပင် မှတ်မိနေတော့၏။

ယနေ့တွင် သူမ ဒုတိယမြောက် ပြခန်းအတွင်း၌ ယခင်က ရှိမနေဖူးသော ပစ္စည်းအသစ်တစ်ခုကို ထပ်မံ ရှာတွေ့သွားသည်။

“မော့ချွမ်း”

သူမ ပင်မခန်းမဆီသို့ အပြေးအလွှား ရောက်လာပြီး မင်္ဂလာစာလုံးများကို ရေးသားနေသော မော့ချွမ်း အရှေ့တည့်တည့်တွင် မတ်မတ်ရပ်လိုက်ရင်း မေးတော့၏။

“ရှင့်ဓားမြှောင်က ဘာဖြစ်လို့ မှန်ဘောင်ထဲကို ရောက်နေရတာလဲ”

“အော်... အဲဒါလား…”

မော့ချွမ်း၏ လက်ထဲက ဘောပင် ရပ်တန့်သွားခြင်းမရှိ ပြန်လည်ဖြေကြားသည်။

“ကျွန်တော် အဲဒီနေရာလေးက လွတ်နေတာကို မြင်လိုက်ရလို့ ကြည့်ရတာ သိပ်ပြီး အဆင်မပြေတာနဲ့ ဒီအတိုင်းပဲ ထည့်သွင်းပြသထားလိုက်တာပါ”

အန်နာဂူ: “အရင်တုန်းကတော့ ရှင့်ဆီကနေ အဲဒီဓားမြှောင်ကို တစ်ချက်လောက် ကြည့်ခွင့်တောင်းတာတောင် ရှင် အသက်နဲ့လဲရမလိုမျိုး တွန့်တိုနေခဲ့ပြီးတော့ အခုကျတော့မှ လူတိုင်း မြင်နိုင်အောင် မှန်ဗီရိုထဲကို ရက်ရက်ရောရော ထည့်ထားတယ်ပေါ့။ ရှင် ကျွန်မကို သီးသန့် ရည်ရွယ်ပြီး လုပ်နေတာလား”

မော့ချွမ်း: “ဒါက မတူဘူး။ ခင်ဗျားရဲ့ ရည်ရွယ်ချက်က ပြင်းထန်တာကို။ ကျွန်တော် ခင်ဗျားကို အဲဒီဓားမြှောင် ဘယ်လိုလုပ် ပေးရဲမှာလဲ”

“ကျွန်မ... ကျွန်မမှာ ဘာရည်ရွယ်ချက် ရှိလို့လဲ”

“ခင်ဗျား မျက်ဝန်းတွေထဲကနေ လောဘတက်နေတဲ့ အလင်းရောင်တွေကို ကျွန်တော် သေချာ‌ပေါက် မြင်ရတယ်”

မော့ချွမ်း အန်နာဂူ၏ မျက်ဝန်းများကို သေသေချာချာ စိုက်ကြည့်လိုက်သည်။

ထိုအခါမှသာ အန်နာဂူ မော့ချွမ်း၏ မျက်လုံးအရောင်သည် အညိုဖျော့ရောင် ဖြစ်နေသည်ကို သတိပြုမိသွားပြီး တိုးတိုးလေးရေရွတ်လိုက်မိ၏။

“ရှင် မှားနေတာ ဖြစ်လိမ့်မယ်”

မော့ချွမ်း ခေါင်းငုံ့လိုက်ရင်း စာ ဆက်လက်ရေးသားနေသည်။

“ခင်ဗျားကိုယ်တိုင် အသိဆုံး ဖြစ်မှာပါ”

အန်နာဂူ ဘာမှထပ်မပြောနိုင်တော့ဘဲ လှည့်၍ အိမ်သို့ ပြန်လာတော့၏။

သူမ ကားမောင်းနေစဉ်အတွင်း ထိုဓားမြှောင်အကြောင်းကို စဉ်းစားမိရင်း မော့ချွမ်း၏ ကြယ်ရောင်တောက်ပမျိုးမှုန် အကြောင်းကို ရုတ်တရက် သတိရမိသွားပြီး ၎င်းကို ပျိုးထောင်မှုအပိုင်းမှ တိုးတက်မှု အတိုင်းအတာကို သိချင်သွားသည်။

နောက်ထပ် လမ်းဆုံတစ်ခုအရောက်တွင် အန်နာဂူ ကားကို ချက်ချင်းပင် လှည့်လိုက်ပြီး ဓာတ်ခွဲခန်းဆီသို့ ဦးတည်မောင်းနှင်လာတော့၏။

ဓာတ်ခွဲခန်းသို့ ရောက်ရှိသည့်အခါ သူမ ဓာတ်ခွဲခန်းသုံးဝတ်စုံကို လဲလှယ်ဝတ်ဆင်လိုက်ပြီး လက်အိတ်နှင့် ဘေးကင်းလုံခြုံရေး မျက်မှန်များကို တပ်ဆင်ကာ ကြယ်ရောင်တောက်ပမျိုးမှုန်ကို အနီးကပ် လေ့လာစောင့်ကြည့်လိုက်၏။

ဖန်ပြွန်အတွင်းရှိ လျှပ်စစ်အလင်းရောင် ဖြာထွက်နေသော မှိုမျှင်စုလေးက သူမ စိတ်ကို အပြည့်အဝ ဆွဲဆောင်နေတော့သည်။

“မူလ မိခင်မှိုမျှင်စုက ဘယ်မှာလဲ” သူမ မေးမြန်းလိုက်သည်။

“ဒီဘက်မှာပါ” သုတေသနပညာရှင်က သူမကို ဓာတ်ခွဲခန်း၏ ဗဟိုအချက်အချာ အကျဆုံးနေရာရှိ မှန်ကန် ဆီသို့ ခေါ်ဆောင်သွားသည်။

“ဒီမှိုမျှင်စုက တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းလွန်းတယ်။ တစ်ခါတလေဆို သူ့မှာ အသက်ဝိညာဉ် ရှိနေသလိုမျိုး ခံစားရစေပါတယ်”

သူ စကားပြောပြီးရုံမျှ ရှိသေး ဖုန်းသံ ထွက်ပေါ်လာ၏။ သူ ဖုန်းလက်ခံဖြေကြားပြီးနောက် အန်နာဂူကို အားနာစရာကောင်းစွာ ပြောလိုက်သည်။

“ပရော်ဖက်ဆာဂူ ကျွန်တော့်မှာ ကိုင်တွယ်ဖြေရှင်းစရာ ကိစ္စတစ်ခု ရှိလာလို့ပါ။ ခင်ဗျား ဒီအတိုင်းပဲ ခဏလောက် လှည့်ပတ်ကြည့်ရှုနေလို့ ရမလား”

သူ စကားပြောပြီးနောက် အန်နာဂူတစ်ယောက် မှိုမျှင်စုကိုသာ အာရုံဝင်စားစွာ စိုက်ကြည့်နေပြီး မည်သည့် တုံ့ပြန်မှုမျှ မရှိသည်ကို မြင်တွေ့ရသဖြင့် ခေါင်းခါယမ်းလျက် ထွက်သွားတော့သည်။

အန်နာဂူ မှန်ကန်အတွင်း၌ အနည်းငယ် လှုပ်ရှားနေသော မှိုမျှင်စုလေးကို စိတ်ဝင်တစား စိုက်ကြည့်နေမိ၏။ ၎င်းက အလွန်ပင် လှပ ဆွဲဆောင်မှု ရှိပြီး သူမထံသို့ လာပြီး ငါ့ကို ထိတွေ့စမ်းပါဦးဟု ဆွဲဆောင်နေသလို ခံစားရသည်။

သူမ အညှို့ခံလိုက်ရသည့်အလား လက်အိတ်ကို ချွတ်လိုက်ပြီး လက်ညှိုးကို ဆန့်ထုတ်ကာ ထိုမှိုမျှင်စုလေးနား ဖြည်းဖြည်းချင်း ကပ်သွားတော့၏။

မှိုမျှင်စုလေးသည် အသက်ဝိညာဉ် ရှိနေသည့်အလား သူမ လက်ညှိုးလေးကို ဖြည်းဖြည်းချင်း ရစ်ပတ်လာသည်။ နူးညံ့ပျော့ပျောင်းလွန်းကာ လေပြေအေးလေး ဖြတ်သန်းသွားသည့်နှယ် ခံစားရစေ၏။ အန်နာဂူ အံ့သြဝမ်းသာစွာ ပြုံးလိုက်မိတော့သည်။

ရုတ်တရက်ဆိုသလို မှိုမျှင်စုလေးများသည် တစ်ခုနှင့်တစ်ခု လိမ်ယှက်သွားပြီး ၎င်းထဲက အမျှင်တစ်ခုက သူမ လက်ညှိုးကို ဖောက်လိုက်တော့သည်။

“အား”

အန်နာဂူ နာကျင်မှုကြောင့် အော်ဟစ်လိုက်မိရင်း သူမ လက်ကို ချက်ချင်း အနောက်သို့ ဆွဲထုတ်လိုက်မိ၏။

သူမ လက်ထိပ်လေးကို သေသေချာချာ စစ်ဆေးကြည့်သော်လည်း မည်သည့် ဒဏ်ရာတစ်စုံတစ်ရာမျှ ရှာမတွေ့ချေ။ မှန်ကန်အတွင်းရှိ မှိုမျှင်စုလေးကို ပြန်ကြည့်ရှုလိုက်သည့်အခါတွင်လည်း မူလအခြေအနေတိုင်းပင် ပြန်လည်တည်ငြိမ်သွား၏။

ထိုအခါမှသာ အန်နာဂူသည် သူမ မည်မျှအထိ ပရော်ဖက်ရှင်နယ် မဆန်သော အပြုအမူကို လုပ်ဆောင်မိသွားသနည်းဆိုသည်ကို သတိပြုမိသွားသည်။ သူမသည် မှန်ကန်ကို ထောင့်ပေါင်းစုံကနေ သေသေချာချာ စစ်ဆေးကြည့်လိုက်ပြီး မည်သည့် ပုံမှန်မဟုတ်သော အရိပ်အယောင်မျှ ရှိမနေသည်ကို မြင်တွေ့ရသည့်အခါမှ စိတ်အေးသွားတော့၏။

သူမ အိမ်သို့ ပြန်လည်ရောက်ရှိချိန်တွင် မှောင်ရီပျိုးနေတော့၏။ အရာအားလုံးမှာ ပုံမှန်အတိုင်းပင် ဖြစ်ပေသည်။ သူမ အလုပ်များကို အပြီးသတ်လိုက်ပြီး လက်ပ်တော့ကို ပိတ်ကာ ရေနွေးပူပူဖြင့် ရေချိုးလိုက်၏။

ထို့နောက် စောင်ပုံထဲတွင် သက်သောင့်သက်သာ လှဲလျက် မဂ္ဂဇင်းတစ်စောင်ကို ဖတ်ရှုရန် ရည်ရွယ်ထားသော်လည်း မည်သို့ဖြစ်သည်မသိ ဝေဝေဝါးဝါးဖြင့် အိပ်မောကျသွားတော့၏။

သူမ သတိပြန်လည်ရရှိလာသည့်အခါတွင် ကျယ်ပြောသော မြက်ခင်းပြင်ကြီးတစ်ခုထက် မတ်မတ်ရပ်နေသည်ကို ရှာတွေ့သွားတော့သည်။ နေရောင်ခြည်က သူမ အပေါ်သို့ တန်းတန်းမတ်မတ် ကျရောက်နေခဲ့သဖြင့် အလွန်အမင်း ပူပြင်းပြီး ပတ်ဝန်းကျင်တစ်ခုလုံးသည် တုန်လှုပ်စရာကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေ၏။

အန်နာဂူ သူမကိုယ်သူမ ပြန်လည်ငုံ့ကြည့်လိုက်၏။ သူမသည် တောင်တက်ဘောင်းဘီနှင့် လေကာအင်္ကျီ ကို ဝတ်ဆင်ထားပြီး ၎င်းမှာ သူမ ပြင်ပကွင်းဆင်းလေ့လာမှုများ ပြုလုပ်လေ့ရှိသည့် အခါတွင် ဝတ်ဆင်လေ့ရှိသော ဝတ်စုံပင်။

“ငါ အဖေနဲ့ လူချင်းကွဲသွားတာလား” သူမ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ “အဖေ...လူအိုကြီးဂူရေ ဘယ်မှာလဲ”

မည်သူမျှ ပြန်ထူးခြင်း မရှိချေ။

ရာသီဥတု အလွန်အမင်း ပူပြင်းသဖြင့် သူမ လေကာအင်္ကျီကို ချွတ်လိုက်ပြီး လက်ထဲတွင် ကိုင်ကာ လက်တိုအင်္ကျီတစ်ထည်တည်းကိုသာ ဝတ်ဆင်ထားလိုက်၏။

ရုတ်တရက်ဆိုသလို မြင်းခွာသံများကို သူမ ကြားလိုက်ရသည်။ သူမ အသံလာရာဘက်သို့ လှမ်းကြည့်လိုက်ရာ မကြာမီမှာပင် မြင်းအချို့ သူမထံသို့ ဒုန်းစိုင်းမောင်းနှင်လာ၏။

သူမ အင်္ကျီကို မြှောက်လိုက်ပြီး ဝှေ့ယမ်းပြလိုက်ရင်း အော်ဟစ်၏။ “ဟေး”

မြင်းစီးသမားများ ရပ်တန့်မည့် အရိပ်အယောင် လုံးဝ ရှိမနေချေ။ သူတို့ သူမ ဘေးနားကနေ ဖြတ်သန်းသွားစဉ် ဦးဆောင်လာသော အမျိုးသားက သူမကို ငုံ့ကြည့်သွား၏။ သူက သူမ ရင်းနှီးကျွမ်းဝင်နေခဲ့သော မျက်နှာတစ်ခု ဖြစ်ပေသည်။

“မော့ချွမ်း”

အန်နာဂူ ချက်ချင်း တုံ့ပြန်လိုက်ရင်း မြင်းများနောက်သို့ အပြေးအလွှား လိုက်ပါသွားကာ အော်ဟစ်တော့သည်။ “မော့ချွမ်း၊ မော့ချွမ်း၊ ရှင် ဘယ်ကို သွားမလို့လဲ၊ ကျွန်မကိုပါ တစ်ခါတည်း ခေါ်သွားပေး”

“ဟေ့”

မော့ချွမ်း မြင်းဇက်ကြိုးကို ဆွဲကာ ရပ်တန့်လိုက်ပြီး အန်နာဂူကို လှည့်ကြည့်လိုက်၏။

သူ့အပေါင်းအဖော်များက အနောက်သို့ လှည့်ကြည့်လိုက်ကြရင်း မေးမြန်းကြ၏။ “တတိယမင်းသား ဘာဖြစ်လို့လဲ”

“အဲဒီအမျိုးသမီးက…” မော့ချွမ်း သူ့ထံသို့ အပြေးအလွှား လာနေသော အန်နာဂူကို စိုက်ကြည့်လိုက်ရင်း ဖြည်းဖြည်းချင်း ပြောသည်။

“အဲဒီအမျိုးသမီးရဲ့ ဝတ်စုံက တကယ့်ကို ထူးဆန်းလွန်းတယ်။ သူ့လက်မောင်းတွေက အပြင်ကို ထွက်နေတယ်”

“မဟုတ်ဘူး” မော့ချွမ်း ပြော၏။ “သူ ခုနကတင် ကျွန်တော့်နာမည်ကို လှမ်းပြီး ခေါ်လိုက်တာ”

အန်နာဂူတစ်ယောက် အနားသို့ ပြေးလွှားရောက်ရှိလားသည်။ သူမ မော့ချွမ်း၏ မြင်းပေါ်သို့ အားကိုးတကြီးဖြင့် ဖက်တွယ်ကာ တက်ရောက်လိုက်၏။ မော့ချွမ်း၏ အခြံအရံများသည် ဤအခြေအနေကို မြင်တွေ့လိုက်ရသည့်အခါ အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားကြတော့၏။

“နောက်ဆုံးတော့ ကျွန်မ သိတဲ့လူတစ်ယောက်ကို မြင်လိုက်ရပြီ”

အန်နာဂူ မြင်းပေါ်သို့ တက်ရောက်လိုက်ပြီးနောက် ပြော၏။

“မြက်ခင်းပြင်ကြီးရဲ့ ရာသီဥတုက အပြောင်းအလဲ မြန်လွန်းတယ်။ ကျွန်မတို့တွေ အမြန်ဆုံး တည်ခိုးဖို့ နေရာတစ်ခု သွားရှာရမယ်”

မော့ချွမ်း သူမ အပြုအမူများကြောင့် မျက်မှောင်ကြုတ်လိုက်မိပြီး သူမကို မြင်းပေါ်ကနေ တွန်းချပစ်လိုက်ချင်သော်လည်း သူ့ကိုယ်သူ ထိန်းချုပ်ထားလိုက်သည်။

All Chapters