Chapters

အခန်း (၇)

Vol. 32-Extra Ch. Extra-7

အခန်း (၇)

Vol. 32-Extra Ch. Extra-7

အန်နာဂူ သူမ ခန္ဓာကိုယ်လေး ပေါ့ပါးသွားပြီး လွင့်ပျံသွားတော့မည့်အလား ခံစားလိုက်ရသည်။ သူမ အလျင်အမြန် မေးလိုက်၏။

“မော့ချွမ်း ကျွန်မ သွားတော့မယ်နော်။ ရှင် ကျွန်မကို မှတ်မိနေဦးမှာလား”

မော့ချွမ်း လှည့်ကြည့်လိုက်ရာ လန့်ဖျပ်သွားသည်။

“ခင်ဗျား... ခင်ဗျား သေတော့မလို့လား။ ခင်ဗျား ခန္ဓာကိုယ်က ဘာဖြစ်လို့ ဝေဝါးလာတာလဲ”

အန်နာဂူ: “ငတုံး ကျွန်မ သေမှာမဟုတ်ပါဘူး။ ထွက်သွားရုံပဲ။ ဒါနဲ့ စကားမစပ်... ရှင့်ဓားမြှောင်ကို ကျွန်မကို တစ်ချက်လောက် ပြလို့ရမလား”

မော့ချွမ်း သူ့ဘွတ်ဖိနပ်ထဲကနေ ဓားမြှောင်ကို ထုတ်ယူလိုက်ရင်း ကမ်းပေး၏။

“ဒီမှာပါ”

အန်နာဂူ သက်ပြင်းချလိုက်မိရင်း ရေရွတ်လိုက်သည်။

“အခုမော့ချွမ်းက ပိုပြီး လူကြီးလူကောင်းဆန်တယ်”

ကံဆိုးစွာ သူမ အမြင်အာရုံများမှာ ပို၍ ဝေဝါးလာသည်။ သူမ မျက်လုံးများကို ဇွတ်အတင်း ဖွင့်လိုက်မိရင်း အော်ဟစ်လိုက်၏။

“ငါ သေသေချာချာ မမြင်ရသေးဘူး”

ထို့နောက် သူမ ချက်ချင်း နိုးထလာတော့သည်။

သူမ လက်ထဲတွင် မဂ္ဂဇင်းကို ဆက်ကိုင်ဆောင်ထားသော်လည်း အနည်းငယ် ဝေဝေဝါးဝါး ခံစားနေရ၏။

“တကယ်ကို လက်တွေ့ဆန်တဲ့ အိပ်မက်တစ်ခုပဲ၊၊ ငါ သေချာပေါက် အဲ့ဓားမြှောင်အပေါ်မှာ စွဲလမ်းစိတ် တအားပြင်းထန်လွန်းလို့ ဖြစ်ရတာပဲ”

သူမ နားလည်သဘောပေါက်သွားပြီး မဂ္ဂဇင်းကို ချထားလိုက်ကာ အိပ်စက်ရန်အတွက် ပြင်ဆင်လိုက်တော့သည်။

ကုတင်ပေါ်တွင် နာရီဝက်ခန့်ကြာအောင် ဟိုလှန်ဒီလှန် လုပ်ဆောင်နေသော်လည်း အန်နာဂူ အိပ်မပျော်တော့ပေ။ သူမ ရိုးရှင်းစွာ ထိုင်ရာမှ ထလိုက်ပြီး အဝတ်အစားများကို လဲလှယ်ဝတ်ဆင်ကာ ဟွာကျွင်း၏ နေအိမ်သို့ နေရာဆီသို့ ကားမောင်းထွက်လာတော့သည်။

လုံခြုံရေးဝန်ထမ်းသည် အိမ်သို့ ပြန်လည်ရောက်ရှိသွားပြီ ဖြစ်သည်။ အန်နာဂူ လက်မလျှော့ချေ။ သူမ အင်္ကျီလက်များကို ခေါက်တင်လိုက်ပြီး ခြံစည်းရိုးပေါ်သို့ စတင်တွန်းတက်ကာ ကျော်ဖြတ်လာတော့သည်။

သူမ အမြင့်ဆုံး နေရာသို့ ရောက်ရှိသွားသည့်အခါ ခြံစည်းရိုးတံခါး ပွင့်ဟသွားခဲ့ပြီး အန်နာဂူကို အတွင်းဘက်သို့ လှည့်ပတ်ကာ ခေါ်ဆောင်သွားတော့သည်။

သူမ ငုံ့ကြည့်လိုက်သည့်အခါ မော့ချွမ်း နံရံကို မှီလျက် လက်ထဲတွင် အဝေးထိန်းခလုတ်တစ်ခုကို ကိုင်ဆောင်ထားသည်ကို တွေ့လိုက်၏။

“မော့ချွမ်း ရှင် ဘာဖြစ်လို့ ဒီမှာ ရှိနေတာလဲ”

မော့ချွမ်း: “ကျွန်တော် သူခိုးဖမ်းနေတာလေ။ ဒါဆိုရင် ခင်ဗျားရော ဒါရိုက်တာဂူ။ ခင်ဗျား ဘာဖြစ်လို့ ဒီကို ရောက်နေရတာလဲ”

အန်နာဂူ အောက်သို့ ဆင်းသက်လိုက်ရင်း ပြော၏။ “အဓိပ္ပာယ်မရှိတဲ့ စကားတွေ လျှောက်မပြောနဲ့။ ကျွန်မ ရှင့်ကို ကိစ္စတစ်ခုခုကြောင့် လာရှာတာ”

မော့ချွမ်း: “ဒါရိုက်တာဂူ ညဘက်အချိန်တွေမှာ ပြင်ပလူတွေကို ဝင်ရောက်ခွင့် မပြုပါဘူး။ ကျေးဇူးပြုပြီး ပြန်သွားပါ”

အန်နာဂူ သူ့ကို ဂရုမစိုက်တော့ဘဲ တည့်တိုး မေးမြန်းတော့၏။ “မော့ချွမ်း ရှင် ကျွန်မနဲ့ ပထမဆုံးအကြိမ် မဆုံတွေ့ခင်တုန်းက ကျွန်မကို တစ်ခါမှ မမြင်ဖူးဘူးမလား”

မော့ချွမ်း သူမကို ထူးဆန်းသော အကြည့်များဖြင့် စိုက်ကြည့်လိုက်ရင်း ပြော၏။

“ခင်ဗျား ရူးနေတာလား။ ခင်ဗျားစကားကို သေချာပြန်စဉ်းစားကြည့်ဦး”

အန်နာဂူ သူမအပြုအမူများသည် အလွန်အမင်း ပုံမှန်မဟုတ်တော့ကြောင်း သတိပြုမိသွားသည်။ အိပ်မက်တစ်ခုကြောင့် သူမ ဤမျှလောက်အထိ စိတ်လှုပ်ရှားသွားခြင်း ဖြစ်ပေ၏။ သူမ လက်ကို ပုတ်လိုက်ရင်း ပြော၏။

“ကဲပါ ထားလိုက်ပါတော့၊၊ ကျွန်မ ဘာမှမပြောခဲ့ဘူးလို့ပဲ သတ်မှတ်လိုက်ပါ။ ကျွန်မ သွားတော့မယ်”

တံခါးမှာ ပွင့်ဟနေခဲ့သဖြင့် သူမအနေဖြင့် ထပ်မံ၍ ကျော်တက်စရာ မလိုအပ်တော့ဘဲ အပြင်သို့ တိုက်ရိုက် ထွက်ခဲ့တော့သည်။

“ခဏလေး”

မော့ချွမ်း သူမကို လှမ်း၍ ခေါ်လိုက်သည်။

သူသည် အန်နာဂူ၏ အရှေ့သို့ လျှောက်လာပြီး ဓားမြှောင်ကို သူမထံ ကမ်းပေးလိုက်ရင်း ပြော၏။

“ကျွန်တော့်ကို ပြန်ပေးဖို့ မမေ့ပါနဲ့”

အန်နာဂူ ထိုဓားမြှောင်ကို လှမ်းယူလိုက်မိရင်း မော့ချွမ်း၏ အနောက်လှည့်ထွက်ခွာသွားသော ကျောပြင်ကြီးကိုသာ ငေးမောကြည့်နေမိ၏။ သူမ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။

“မော့ချွမ်း ရှင် ကျွန်မကို အခုထိ မှတ်မိနေသေးတယ် မဟုတ်လား”

မော့ချွမ်း အနောက်သို့ လှည့်ကြည့်ခြင်း မရှိ‌ပေ။ သူ့လက်ကိုသာ ပြန်လည်ဝေ့ယမ်းပြလိုက်ရင်း ပြောတော့၏။ “ခင်ဗျား တကယ့်ကို ဆူညံလွန်းလှတယ်”

အန်နာဂူ သူမနားကိုသူမ မယုံကြည်နိုင်ဖြစ်သွားပြီး အံ့သြဝမ်းသာကာ မျက်လုံးကြီးများ ဝိုင်းစက်လျက် စိုက်ကြည့်နေမိခဲ့ကာ နောက်ဆုံးတွင် သာယာလှပစွာ ပြုံးလိုက်မိပါတော့သည်။