← Chapters

အခန်း ၉၂၉

Vol. 62 Ch. 929

အခန်း ၉၂၉

Vol. 62 Ch. 929

အခန်း (၉၂၉) မိစ္ဆာကောင်ကို ခုတ်ပိုင်းခြင်း။ ဟင်းလင်းပြင် မိစ္ဆာအသိုက်။ (၂)

“ရွှမ်း... ရွှမ်း... ရွှမ်း”

ချင်းမေ့ရှန်နှင့် ထိပ်တိုက်ရင်ဆိုင်ရမှုကို ရှောင်လွှဲရန် ကြိုးစားရင်း ဓားသွားဝိညာဉ်သည် ချင်းမေ့ရှန်၏ ခန္ဓာကိုယ်၊ လည်ပင်းနှင့် အခြားသော အစိတ်အပိုင်းများကို အရိုးပေါ်အောင်အထိ ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည်။ ချင်းမေ့ရှန်၏ မိစ္ဆာခန္ဓာကိုယ်မှာ အလွန်သန်မာလှသဖြင့် စူးချန်ခုန်း၏ ဓားသွားဝိညာဉ်သည် တစ်ချက်တည်းနှင့် အသက်ပျောက်အောင် မလုပ်နိုင်သော်လည်း ဒဏ်ရာများစွာ ရရှိစေကာ သူ၏ မိစ္ဆာစွမ်းအားများကို ဆုတ်ယုတ်သွားစေသည်။

“တောက်.. သူ့အနားကို ငါ ကပ်လို့မရပါလား”

တိုက်ပွဲ ကြာလာသည်နှင့်အမျှ ချင်းမေ့ရှန်မှာ ပိုမို ထိတ်လန့်လာသည်။ သူသည် စူးချန်ခုန်းအနားသို့ တိုးကပ်လိုသော်လည်း အမှတ်အသားတစ်ခုမှသည် ဧရိယာတစ်ခုလုံးသို့ ဖြန့်ကြက်ထားသော ဓားဝိညာဉ်စွမ်းအားမှာ ပင်လယ်နက်ကြီးကဲ့သို့ လေးလံလှသော အလေးချိန်ဖြင့် သူ့ကို နောက်သို့ အတင်းအကျပ် တွန်းပို့နေသည်။ သူသည် ဓားသွားဝိညာဉ်ကို လက်ဝါးဖြင့် ဖမ်းဆုပ်ရန် ကြိုးစားသော်လည်း လက်ဝါးမှာ အရိုးထိအောင် ပြတ်ရှသွားရုံသာ အဖတ်တင်ခဲ့သည်။

ဖုချင်းစစ်သည် ကောင်းကင်ယံ၌ ပေတစ်ရာမြင့်သော ထိုကြောက်မက်ဖွယ် မိစ္ဆာကြီး ရူးသွပ်စွာ ရုန်းကန်နေသည်ကို အဝေးမှ ကြည့်နေမိသည်။ ထိုမိစ္ဆာကြီး၏ ပတ်ဝန်းကျင်တွင် ဓားရှည်တစ်လက်မှာ အလင်းတန်းများနှင့် ပိုးချည်မျှင်များအဖြစ် ပြောင်းလဲကာ အရှိန်အဟုန်ဖြင့် ခုတ်ပိုင်းတိုက်ခိုက်နေသည်။ ချင်းမေ့ရှန်မှာ ဒေါသတကြီးဖြင့် ရန်သူကို အမှုန့်ဖြစ်အောင် ချေမှုန်းလိုသော်လည်း ခဏတာအတွင်းမှာပင် စူးချန်ခုန်းအနားသို့ ချဉ်းကပ်ရန် ခက်ခဲနေရသည်။

ချင်းမေ့ရှန်က မိစ္ဆာအတတ်ကို အသုံးပြုလိုက်တိုင်း စူးချန်ခုန်းက ကြိုတင်အာရုံခံမိပြီး ဓားသွားဝိညာဉ်ဖြင့် ဖြတ်တောက်ဟန့်တားလိုက်သည်။ ချင်းမေ့ရှန်၏ လက်သီးများနှင့် ဓားသွားဝိညာဉ်တို့ အကြိမ်ကြိမ် ထိတွေ့မှုက စူးချန်ခုန်းအပေါ်တွင် ကြီးမားသော ဖိအားကို ပေးနေသည်။ အကယ်၍ သူ၏ ဓားသွားဝိညာဉ်သည် ရွှေစွမ်းအင် အမြောက်အမြားကို စုပ်ယူထားခြင်း မရှိခဲ့လျှင် သော်လည်းကောင်း၊ အဆုံးစွန်ထိ သန့်စင်မထားခဲ့လျှင် သော်လည်းကောင်း၊ ရွှေအမြုတေနှင့် ပေါင်းစပ်မထားခဲ့လျှင် သော်လည်းကောင်း ချင်းမေ့ရှန်၏ လက်သီးတစ်ချက်တည်းနှင့်ပင် ပျက်စီးသွားနိုင်ပေသည်။

သူတို့နှစ်ဦး၏ တိုက်ပွဲမှာ အင်အားကုန်ခမ်းအောင် လုပ်ဆောင်သည့် အဆင့်သို့ ရောက်ရှိနေပြီး မည်သူကမျှ အသာစီး မရနိုင်သေးပေ။

“မဟန်တော့ဘူး”

ရုတ်တရက် ချင်းမေ့ရှန်၏ မျက်ဆန်များ ကျုံ့သွားသည်။ ပတ်ဝန်းကျင် လေထုထဲတွင် ခန့်မှန်းရခက်သော်လည်း အလွန်အစွမ်းထက်သော အရှိန်အဝါ အချို့ကို သူ ခံစားလိုက်ရသည်။ အန္တရာယ် နီးကပ်လာသည်ကို သိရှိလိုက်သည်နှင့် သူသည် စူးချန်ခုန်းနှင့် တိုက်ခိုက်နေမှုကို ချက်ချင်း ရပ်တန့်လိုက်ပြီး လက်နှစ်ဖက်ဖြင့် ဟင်းလင်းပြင်ကို ဆွဲဖြဲကာ ပရမ်းပတာ ဟင်းလင်းပြင်ထဲသို့ ထွက်ပြေးရန် ကြိုးစားလိုက်သည်။

သို့သော် နောက်ကျသွားပြီ ဖြစ်သည်။

“မိစ္ဆာကောင်... မင်းက ခုထိ ထွက်ပြေးနိုင်မယ်လို့ ထင်နေတုန်းလား။”

အဖိုးအိုတစ်ဦး၏ အသံသည် လေထုထဲ၌ ပဲ့တင်ထပ်သွားပြီး အသံမဆုံးမီမှာပင် ငွေရောင် နတ်ဓားပေါင်း ထောင်သောင်းချီတို့သည် ကျိုင်းကောင်အုပ်ကြီးအလား ချင်းမေ့ရှန်၏ ခန္ဓာကိုယ်ဆီသို့ တရစပ် ပစ်ဝင်လာကြသည်။ ၎င်းတို့သည် သူ၏ မိစ္ဆာခန္ဓာကိုယ်ကို ဖောက်ထွင်းနိုင်ခြင်း မရှိသော်လည်း အကြေးခွံများကြားသို့ ထိုးဖောက်ဝင်ရောက်ကာ သူ၏ လှုပ်ရှားမှုနှင့် မိစ္ဆာစွမ်းအားများကို ချုပ်နှောင်ထားသည့် စွမ်းအားတစ်ခုကို ပေးစွမ်းလိုက်သည်။

“ရောက်လာကြပြီပဲ”

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ စူးချန်ခုန်းလည်း သက်ပြင်းချနိုင်တော့သည်။ သူသည် ‘အရာခပ်သိမ်း မှန်ချပ်’ကို အသုံးပြုရန်ပင် ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုမှန်ချပ်ကို အသုံးပြုလျှင်ပင် အကောင်းဆုံးအနေဖြင့် မိမိကိုယ်ကို ကာကွယ်နိုင်ရုံသာ ရှိမည်ကို သူ သိသည်။ ၎င်းမှာ ‘မှန်ကမ္ဘာ’ မဟုတ်သဖြင့် ချင်းမေ့ရှန်အနေဖြင့် ချက်ချင်း ထွက်ပြေးရန်သာ ရွေးချယ်ပေလိမ့်မည်။ စူးချန်ခုန်း အချိန်ဆွဲပေးထားမှုကြောင့် ရှန်းကျန်းတောက်ရှစ်နှင့် အခြားသော သိုင်းဝိဇ္ဇာသူတော်စင်များသည် နတ်ဘုရားစွမ်းရည်ကို အသုံးပြုကာ တိုက်ပွဲမြေပြင်သို့ အချိန်မီ ရောက်ရှိလာကြခြင်း ဖြစ်သည်။

“ဒုန်း”

ဟင်းလင်းပြင်ထဲ၌ လှံရှည်တစ်စင်းသည် ချင်းမေ့ရှန်၏ နဖူးတည့်တည့်သို့ ထိမှန်သွားရာ သူသည် နောက်သို့ ယိုင်သွားပြီး နဖူးမှာလည်း ချိုင့်ဝင်သွားသည်။

“တောက်….သူတို့တွေ ဘယ်လိုလုပ် ဒီလောက် မြန်မြန် ရောက်လာတာလဲ။ ဒါက နတ်ဘုရားစွမ်းရည် တစ်မျိုးလား။”

ချင်းမေ့ရှန်မှာ ဒေါသထွက်ခြင်းနှင့်အတူ အခြေအနေ မဟန်ကြောင်း သိလိုက်သည်။ သူသည် တိုက်ခိုက်မှုများကို ဂရုမစိုက်တော့ဘဲ ဟင်းလင်းပြင် အက်ကြောင်းဆီသို့ အတင်းတိုးဝင်ရန် ကြိုးစားသည်။ ပရမ်းပတာ ဟင်းလင်းပြင်ထဲသို့ ရောက်သွားသည်နှင့် မိစ္ဆာအသိုက်က သူ့ကို လက်ခံပေးမည်ဖြစ်ပြီး မည်သူမျှ သူ့ကို ထိနိုင်တော့မည် မဟုတ်ပေ။

“မိစ္ဆာကောင်... မင်းက အရမ်းကို ရဲတင်းလွန်းနေတာပဲ။ လူသားမျိုးနွယ်မှာ မင်းကို တားမယ့်သူ မရှိဘူးလို့ ထင်နေတာလား။”

အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။ ချင်းမေ့ရှန်၏ ပတ်ဝန်းကျင်၌ မရေမတွက်နိုင်သော သဲပွင့်များ ပေါ်ထွက်လာပြီး ကျယ်ပြောလှသော သဲပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားသည်။ သဲလွှာများမှာ ချင်းမေ့ရှန်ကို ရစ်ပတ်ထားသဖြင့် ရုန်းထွက်ရန် ခက်ခဲလှသည်။ သူသည် အက်ကြောင်းနှင့် ခြေလှမ်းအနည်းငယ်သာ ဝေးတော့သော်လည်း ထိုအကွာအဝေးမှာ ကောင်းကင်ယံကဲ့သို့ပင် ဝေးကွာနေပြီး ဖြတ်ကျော်ရန် မဖြစ်နိုင်တော့ပေ။

ဤအတတ်ကို အသုံးပြုလိုက်သူမှာ ဝတ်ရုံဝါနှင့် လူတစ်ဦး ဖြစ်သည်။ သူသည် ငယ်ရွယ်သော ပုံသဏ္ဍာန်ရှိပြီး အေးစက်စက် မျက်နှာထားရှိသော်လည်း အားကောင်းသော ပညာရှင်တစ်ဦး၏ အရှိန်အဝါကို ထုတ်လွှတ်နေသည်။ သူ၏ မူလဇစ်မြစ်မှာ ထူးခြားလှသည်။ သူသည် အထက်သုံးနိုင်ငံမှ ‘ဟွမ်ထျန်း ဧကရာဇ်’ ဖြစ်ပြီး တတိယကောင်းကင်ဘုံအဆင့် သိုင်းဝိဇ္ဇာသူတော်စင်တစ်ဦး ဖြစ်သည်။

ရှန်းကျန်းတောက်ရှစ်၊ ကောင်းကင်နတ်ဘုရားဇိုးနှင့် ဟွမ်ထျန်းဧကရာဇ်တို့သာမက ရှယန်လုံ အပါအဝင် လူသားကိုးနိုင်ငံတော်မှ ထိပ်တန်း မြင့်မြတ်သော ပညာရှင် တစ်ဆယ်ကျော်တို့လည်း ရောက်ရှိလာကြသည်။ ချင်းမေ့ရှန်ကို သတ်ဖြတ်ရန်အတွက် ကိုးနိုင်ငံမှ အားအကောင်းဆုံး ပညာရှင်များ ဤနေရာတွင် စုစည်းလာကြခြင်း ဖြစ်သည်။ ချင်းမေ့ရှန် နောက်ဆုံးအကြိမ် ပေါ်ထွက်လာစဉ်က အဖြူရောင်ည နိုင်ငံတော်မှ ပြည်သူသုံးသန်းကျော်ကို သတ်ဖြတ်ခဲ့သည်။ အကယ်၍ သူ့ကို လွှတ်ထားပါက လူတိုင်းအတွက် ဘေးဒုက္ခ ဖြစ်လာမည်ဖြစ်ရာ မည်သူမျှ ဤခြိမ်းခြောက်မှုကို လျစ်လျူမရှုနိုင်ကြပေ။

“မောင်ရင်တာ့... ကျန်တာကို ငါတို့ကို လွှဲလိုက်ပါ။”

ရှန်းကျန်းတောက်ရှစ်သည် ဟင်းလင်းပြင်ထဲ၌ ပေါ်လာပြီး ပြုံးလျက် ပြောလိုက်သော်လည်း သူ၏ အပြုံးမှာ အေးစိမ့်လှသည်။ ယနေ့တွင် ဤမိစ္ဆာကောင်သည် သေကို သေရမည်။

“ဟုတ်ကဲ့။”

စူးချန်ခုန်းသည် ခေါင်းညိတ်လိုက်သော်လည်း သူ အနားမယူပေ။ သူ၏ ဓားသွားဝိညာဉ်ဖြင့် ချင်းမေ့ရှန်ကို အရပ်ရပ်မှ ဆက်လက် ခုတ်ပိုင်းနေသည်။ သူသည် မိမိတွင်ရှိသော ခွန်အားအားလုံးကို အသုံးပြုကာ ချင်းမေ့ရှန်အတွက် မည်သည့်အခွင့်အရေးမျှ မကျန်အောင် လုပ်ဆောင်နေခြင်း ဖြစ်သည်။ ဓားသွားဝိညာဉ်များ၏ ခုတ်ပိုင်းမှုနှင့်အတူ နတ်ဓားများမှာ မိုးရွာသကဲ့သို့ ကျဆင်းလာပြီး ရွှေရောင်လှံများကလည်း အဆက်မပြတ် ပစ်ခတ်နေသည်။ ချင်းမေ့ရှန်၏ စွမ်းဆောင်ရည်နှင့်ပင် ထိရောက်သော တုံ့ပြန်မှုကို မလုပ်နိုင်တော့ပေ။ သူ လုပ်နိုင်သည်မှာ ပေတစ်ရာမြင့်သော မိစ္ဆာခန္ဓာကိုယ်ဖြင့် ကြံ့ကြံ့ခံရင်း ပရမ်းပတာ ဟင်းလင်းပြင်ထဲသို့ ပြန်ဝင်ရန် ကြိုးစားနေခြင်းသာ ဖြစ်သည်။ သို့သော် ထိုအကွာအဝေးကို သူ မဖြတ်ကျော်နိုင်တော့ပေ။

“သေစမ်း‌…သေစမ်း… အဲဒီကောင်လေးကြောင့် ငါကိုယ်တိုင် မထွက်လာခဲ့သင့်ဘူး။ ငါသာ ပရမ်းပတာ ဟင်းလင်းပြင်ထဲမှာပဲ နေခဲ့ရင် ဒါမှမဟုတ် သိုင်းဝိဇ္ဇာသူတော်စင်တွေ ပေါ်လာတိုင်း ချက်ချင်း ပြန်ဝင်ခဲ့ရင် ငါဟာ အမြဲတမ်း အနိုင်မရနိုင်တဲ့သူ ဖြစ်နေဦးမှာပဲ။”

ချင်းမေ့ရှန်မှာ စိုးရိမ်ခြင်း၊ မျှော်လင့်ချက်မဲ့ခြင်းနှင့် နောင်တရခြင်းများ ရောပြွန်းနေသည်။ စူးချန်ခုန်းနှင့် တိုက်ခိုက်ခဲ့မိခြင်းကို သူ နောင်တရနေသည်။ စူးချန်ခုန်း၏ တိုးတက်မှုနှင့် စွမ်းရည်ကို ကြောက်ရွံ့ခြင်းက သူ၏ သတ်ဖြတ်လိုစိတ်ကို နှိုးဆော်ခဲ့ခြင်း ဖြစ်သည်။ အနာဂတ် ပြဿနာများကို ဖယ်ရှားရန် သူကိုယ်တိုင် ဆင်းသက်လာခဲ့သော်လည်း ရလဒ်မှာ ဤနေရာတွင် ပိတ်မိသွားခြင်းပင် ဖြစ်သည်။

တိုက်ပွဲမှာ သံသယဖြစ်ဖွယ် မရှိတော့ပေ။ အကယ်၍ တစ်ဦးချင်း တိုက်ခိုက်ခြင်း ဖြစ်ပါက ချင်းမေ့ရှန်အနေဖြင့် ဤမိစ္ဆာခန္ဓာကိုယ်ဖြင့် မည်သည့် သိုင်းဝိဇ္ဇာသူတော်စင်ကိုမဆို အနိုင်ရနိုင်မည်ဟု ယုံကြည်သည်။ သို့သော် ယခု သူ ရင်ဆိုင်နေရသည်မှာ တစ်ဦးတည်း မဟုတ်ဘဲ အထက်ကိုးနိုင်ငံမှ ထိပ်တန်း သိုင်းဝိဇ္ဇာသူတော်စင် တစ်ဆယ်ကျော် ဖြစ်သည်။ ဤမျှများပြားသော သိုင်းပညာရှင်များကို ရင်ဆိုင်ရန်မှာ နတ်ဘုရား ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော သိုင်းဝိဇ္ဇာသူတော်စင်များသာ တိုက်ခိုက်နိုင်စွမ်း ရှိပေလိမ့်မည်။ ချင်းမေ့ရှန်မှာမူ ထိုအဆင့်သို့ မရောက်သေးပေ။

ချင်းမေ့ရှန်၏ ခန္ဓာကိုယ်မှာ ပျက်စီးသွားလိုက်၊ ပြန်လည် ကုသသွားလိုက်နှင့် ဖြစ်နေစဉ် သူ၏ မိစ္ဆာစွမ်းအားများမှာ ဆက်တိုက် ဆုတ်ယုတ်နေသည်။ သိုင်းဝိဇ္ဇာသူတော်စင်များအားလုံးက သူတို့၏ အသေတိုက်ကွက်များကို ထုတ်ဖော်လိုက်သောအခါ ချင်းမေ့ရှန်၏ မိစ္ဆာစွမ်းအားမှာ နောက်ဆုံးတွင် ခန်းခြောက်သွားတော့သည်။ သူ၏ ဒဏ်ရာများမှာ ပြန်လည် မကုသနိုင်တော့ဘဲ ပေတစ်ရာမြင့်သော မိစ္ဆာခန္ဓာကိုယ်ကြီးမှာလည်း မထိန်းသိမ်းနိုင်တော့ဘဲ အလျင်အမြန် ကျုံ့ဝင်သွားတော့သည်။

“ဖောင်း”

စူးချန်ခုန်း၏ ဓားသွားဝိညာဉ်သည် ချင်းမေ့ရှန်၏ ဦးခေါင်းခွံကို ဖောက်ထွင်းသွားကာ ဝိညာဉ်ပင်လယ်ကို ဆုတ်ဖြဲလိုက်ပြီး သူ၏ မိစ္ဆာဝိညာဉ်ကို ခုတ်ပိုင်းပစ်လိုက်သည်။ ချင်းမေ့ရှန်၏ ခန္ဓာကိုယ်မှာလည်း ပညာရှင်အများအပြား၏ စုပေါင်းတိုက်ခိုက်မှုကြောင့် အပိုင်းပိုင်းအစစ ဖြစ်သွားတော့သည်။ ထိုအခါမှသာ ပညာရှင်များမှာ တိုက်ခိုက်မှုကို ရပ်တန့်လိုက်ကြသည်။

“ငါတို့ နိုင်ပြီ။ အဲဒီ မိစ္ဆာကောင်... သေသွားပြီ။”

ဖုချင်းစစ်သည် ဤမြင်ကွင်းကို ကြည့်ကာ သက်ပြင်းအရှည်ကြီး ချလိုက်ပြီး သူတို့ အောင်မြင်သွားပြီဖြစ်ကြောင်း သိလိုက်သည်။ ကောင်းကင်ယံမှ မိစ္ဆာတိမ်တိုက်များ ပျောက်ကွယ်သွားပြီး ချင်းမေ့ရှန် သေဆုံးမှုနှင့်အတူ အရာရာမှာ ပြန်လည် တည်ငြိမ်သွားတော့သည်။

“ဒီသောက်မိစ္ဆာကောင် နောက်ဆုံးတော့ သေသွားပြီကွ”

ဝဝတုတ်တုတ်နှင့် အမျိုးသားတစ်ဦးက ဝမ်းသာအားရ ပြောလိုက်သည်။ သူသည် အဖြူရောင်ည နိုင်ငံတော်၏ ဧကရာဇ်ပင် ဖြစ်သည်။ ဤကာလအတွင်း ချင်းမေ့ရှန်သည် သူ၏ ပြည်သူသုံးသန်းကျော်ကို အစာအဖြစ် အသုံးပြုခဲ့ရာ ၎င်းမှာ ဧကရာဇ်အတွက် ခံရခက်သော ဘေးဒုက္ခတစ်ခု ဖြစ်ခဲ့သည်။

“ဒီတစ်ကြိမ်မှာ မောင်ရင်တာ့ကို ကျေးဇူးအများကြီး တင်ရမယ်။”

ရှစ်ကျန်းတောက်ရှစ်သည် ပြုံးလျက် သူ၏ မုတ်ဆိတ်ကို သပ်ကာ ပြောလိုက်ရာ ကျန်ရှိသော သိုင်းဝိဇ္ဇာသူတော်စင်များကလည်း ခေါင်းညိတ် ထောက်ခံကြသည်။ စူးချန်ခုန်းသာ ဝင်မပါခဲ့လျှင် ချင်းမေ့ရှန်ကို အပြင်ထွက်လာအောင် မျှားထုတ်ရန်မှာ အလွန် ခက်ခဲပေလိမ့်မည်။

“ချင်းမေ့ရှန်က သူ့ရဲ့ မာနနဲ့ ပေါ့ဆမှုကြောင့် သေရတာပါ။” စူးချန်ခုန်းက စိတ်ထဲမှ တွေးလိုက်သည်။ ချင်းမေ့ရှန်သည် အမြဲတမ်း သတိရှိသူဖြစ်သော်လည်း သူ၏ စွမ်းအားများ မြန်မြန်ဆန်ဆန် တိုးတက်လာသောအခါ မည်သည့်အခြေအနေမှာမဆို မိမိကိုယ်ကို ကာကွယ်နိုင်မည်ဟု ယုံကြည်သွားခဲ့သည်။ စူးချန်ခုန်း၏ လှုံ့ဆော်မှုနှင့် စူးချန်ခုန်းအပေါ် ကြောက်ရွံ့မှုကြောင့် သူသည် ဝိုင်းဝန်းသတ်ဖြတ်ခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်။

ကောင်းကင်နတ်ဘုရားဇိုးနှင့် အခြားသူများမှာ တစ်ခုခု ပြောရန် ပြင်ဆင်နေစဉ် ဟင်းလင်းပြင် အက်ကြောင်းဆီသို့ ကြည့်လိုက်မိရာ သူတို့၏ မျက်နှာထားများ ချက်ချင်း ပြောင်းလဲသွားသည်။ ဟင်းလင်းပြင် အက်ကြောင်းအတွင်း၌ အနက်ရောင် မြူခိုးများ ဖုံးလွှမ်းနေသော စက်လုံးပုံသဏ္ဌာန် အရာဝတ္ထုတစ်ခု ပေါ်လာသည်။ ၎င်းမှာ အနီးနားတွင် ရှိနေသကဲ့သို့ ထင်ရသော်လည်း အဝေးကြီးမှာ ရှိနေသကဲ့သို့လည်း ဖြစ်နေကာ နှလုံးခုန်သကဲ့သို့ ခပ်အုပ်အုပ် တုန်ခါနေသည်။ ထိုအရာကို တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် သိုင်းဝိဇ္ဇာသူတော်စင်များမှာ မူးဝေသွားပြီး သူတို့၏ ဝိညာဉ်များမှာ ဆွဲထုတ်ခံရတော့မည့်အလား ခံစားလိုက်ရသည်။

“ဒါ... မိစ္ဆာအသိုက်လား။ မိစ္ဆာတွေကို မွေးဖွားပေးတဲ့ နေရာလား။” စူးချန်ခုန်းလည်း ထိုအရာကို မှတ်မိသွားသဖြင့် တောင့်တင်းသွားသည်။

လူတိုင်းမှာ အံ့ဩတုန်လှုပ်နေကြစဉ် မိစ္ဆာအသိုက်၏ အနက်ရောင် မြူခိုးများအတွင်း၌ တွန့်လိမ်နေသော မျက်နှာများ ပေါ်ထွက်လာသည်။ ထိုမျက်နှာများမှာ ဝေဝါးနေသော်လည်း စိမ်းဖန့်ဖန့် မျက်လုံးများ ရှိနေကြသည်။ ထိုမျက်လုံးများသည် ဟင်းလင်းပြင်၏ အပြင်ဘက်ရှိ လူများကို စိုက်ကြည့်နေကြပြီး နာကျည်းနေသော အသံများမှာ နားထဲသို့ ပဲ့တင်ထပ်ဝင်ရောက်လာသည်။ “ဒီနေ့တော့ မင်းတို့ နိုင်သွားတာပေါ့။ ဒါပေမဲ့ အရမ်း ဂုဏ်မောက်မနေကြနဲ့ဦး။ ငါဟာ... မသေနိုင်တဲ့သူပဲ။”

အသံများစွာမှာ ထပ်တူကျနေပြီး မျက်နှာတစ်ခုချင်းစီမှာ ချင်းမေ့ရှန်၏ မျက်နှာများ ဖြစ်နေကြသည်။ ၎င်းတို့အားလုံးမှာ မိစ္ဆာအသိုက်၏ မိစ္ဆာဝိညာဉ်များမှ တစ်ဖန် ပြန်လည် မွေးဖွားလာကြခြင်း ဖြစ်သည်။

All Chapters