← Chapters

တပ်မက်မှု တဏှာက သူရဲကောင်းအားလုံးအတွက် ရန်သူပဲ

Vol. 1 Ch. 14

တပ်မက်မှု တဏှာက သူရဲကောင်းအားလုံးအတွက် ရန်သူပဲ

Vol. 1 Ch. 14

အခန်း (၁၄)  : တပ်မက်မှု တဏှာက သူရဲကောင်းအားလုံးအတွက် ရန်သူပဲ

ဝမ်ဝေ့နှင့် အခြားလူများက သူတို့အခြေအနေ ပြန်ကောင်းဖို့ လဝက်တာ အချိန်ယူပြီးနောက် လေးခုမြောက် စစ်ဆေးမှု ခံယူရန် မျှော်နန်းဆောင်ဆီ ပြန်ရောက်လာကြသည်။

ဤစစ်ဆေးမှု၌ ဝမ်ဝေ့က သူ ဘယ်သူမှန်း၊ ဘယ်နေရာက လာမှန်း မေ့လျော့သွားလေသည်။ ဤစစ်ဆေးမှုတွင် သူက တာအိုအခွင့်အလမ်းဂိုဏ်း၏ သခင်ငယ်လေး မဟုတ်တော့သလို ကမ္ဘာမြေမှ ကူးပြောင်းလာသူလည်း မဟုတ်တော့ပေ။ ယခု သူက နယ်မြေများစွာ အုပ်စိုးသည့် မဟာရှားအင်ပါယာ၏ ဧကရာဇ် ဖြစ်နေလေပြီ။

သူ့အင်ပါယာကြီးက စည်ပင်ကြွယ်ဝကာ သာမန်လူအားလုံး စားသောက်ဖို့ ဖူလုံသလို ဆောင်းတွင်း အအေးဓာတ်မှ ကာကွယ်ပေးရန် အဝတ်အထည်များလည်း အလုံအလောက် ဝတ်ဆင်နိုင်သည်။ သူတို့က စိတ်လွတ်ကိုယ်လွတ် ချမ်းချမ်းသာသာ နေနိုင်ကြ၏။

အမတ်များအားလုံးကလည်း ဧကရာဇ်အပေါ် သစ္စာရှိကာ တပ်မဟာ အင်အား ကိုင်ဆုပ်ထားသည့် စစ်သူကြီးများကလည်း သစ္စာရှိကြပြီး ပုန်ကန်လိုစိတ် မရှိကြပေ။

အခြားသော တိုင်းပြည်များကလည်း မဟာရှားတိုင်းပြည်ကို လေးစားကြပြီး နယ်စပ်ကို မကျူးကျော်ရဲကြပေ။ သူတို့က နှစ်စဉ်နှစ်တိုင်း အခွန်အခများစွာလည်း ပေးအပ်ကြသည်။

လှပပြီး အာဏာကြီးမားသည့် တိုင်းပြည်ဆိုတာ ဘာလဲ … ဝမ်ဝေ့က ဒီလိုမျိုး စည်ပင်ကြွယ်ဝသည့် တိုင်းပြည်ကို တာဝန်ယူထားရသည်။

တကယ်တော့ ထိုအရာအားလုံးက သူ ထင်ယောင်ထင်မှား ဖြစ်ခြင်းသာ ဖြစ်၏။

တကယ်တမ်း မဟာရှားအင်ပါယာက ပြိုလဲလုနီးပါး ဖြစ်နေလေပြီ။ နယ်မြေ၏ ကြွယ်ဝချမ်းသာမှုအားလုံးနှင့် နယ်မြေအများစုက မင်းမျိုးမင်းနွယ်လက်ထဲ ရောက်နေလေသည်။ အမှုထမ်းအများစုကလည်း တစ်ယောက်နှင့် တစ်ယောက် တိုက်ခိုက်ကာ အာဏာလုနေကြသည်။

တရားရုံးတော်ကို ခေါင်းဆောင်ကုန်းကုန်းနှင့် အမတ်ချုပ်တို့က ချုပ်ကိုင်ထားသည်။ ထိုလူနှစ်ဦးက မြို့တော်၏ အာဏာ ၉၀ ရာခိုင်နှုန်းကျော်ကို ဆုပ်ကိုင်ထားကြသည်။ စီရင်စုအသီးသီး၌ နယ်ပိုင်အုပ်ချုပ်သူများက နိုင်ငံရေးအာဏာကို ဆုပ်ကိုင်ထားပြီး မြို့စောင့်တပ်များကို ထိန်းချုပ်ထားသည်။

မဟာရှားအင်ပါယာ နယ်စပ်၌ တပ်များက သူတို့စစ်သူကြီးအပေါ်သာ သစ္စာရှိကြပြီး ဧကရာဇ်ကို မမှတ်မိကြပေ။

သာမန်လူတွေလား …

သူတို့ဘဝများက လမ်းဘေးခွေးထက်ပင် ဆိုးရွားလှသည်။ မကြာသေးမီ မိုးခေါင်မှုကြောင့် သူတို့ အငတ်ဘေးကို ကြုံတွေ့ခဲ့ရသည်။ အုပ်ချုပ်ရေးပိုင်းက သူတို့ဘဝအား အညစ်အကြေးများထက်ပင် နှိမ့်ချဆက်ဆံခဲ့သည်။

မင်းမျိုးမင်းနွယ်များက သူတို့အလုပ်ပေါ် ခေါင်းပုံဖြတ်ကာ ဆက်လက် အလုပ်လုပ်နိုင်ရန်အတွက် မသဒ္ဒါရေစာသာ ပေးကမ်းထားသည်။

နယ်စပ်နား နေထိုင်ကြသည့် သာမန်ပြည်သူများ၏ ဘဝက ပိုဆိုးရွားလေသည်။ ရေမြေရပ်ခြား တိုင်းပြည်များက မြေဩဇာကောင်းမွန်သည့် အလယ်ပိုင်းလွင်ပြင်ကို တပ်မက်ကာ မဟာရှားအင်ပါယာ နယ်စပ်ကို မကြာမကြာ ကျူးကျော်တိုက်ခိုက်လေ့ရှိသည်။

သို့သော်လည်း နယ်စပ် စစ်သူကြီးများက ကျူးကျော်လာသူများကို မတိုက်ထုတ်ဘဲ ဂိတ်တံခါးဖွင့်ကာ အထဲဝင်စေးပြီး သူတို့လူများကို သတ်ခွင့်၊ နှိပ်စက်ခွင့်၊ မုဒိမ်းကျင့်ခွင့် ပေးနေသည်။ သူတို့ လိုချင်တာရပြီးနောက် တိုင်းတပါး ရပ်ခြားမျိုးနွယ်က သူတို့တိုင်းပြည်သူ ပြန်သွားကြသည်။

သာမန်ပြည်သူများကရော …

သူတို့ကို မည်သူက ဂရုစိုက်မည်နည်း။ ထိုအခြေအနေမျိုး၌ သူတို့က တော်လှန်ဖို့ ကြိုးစားကြသော်လည်း သူတို့ အစပြုလိုက်သည်နှင့် တပ်က ချက်ချင်းဝင်လာကာ တော်လှန်သူများကို ချေမှုန်းပစ်ကြသည်။

ဒီလိုရုန်းရင်းဆန်ခတ် အချိန်မျိုး၌ ကျန်းဟူမှ လူများက ပို၍ ဆူပူလာသည်။ အမျိုးမျိုးသော သူရဲကောင်းများ ပေါ်ထွက်ခဲ့ပြီး သူတို့သိုင်းပညာကြောင့် နာမည်ကျော်လာကြသည်။ တစ်ချိန်တည်းတွင် ရည်ရွယ်ချက်ကြီးမားသူများက မဟာရှားအင်ပါယာသည် မကြာခင် ဖျက်စီးခံရတော့မည် ဖြစ်ကြောင်း သတိထားမိ၍ သူတို့ဘာသာ ဧကရာဇ်ဟု ထုတ်ဖော်ကြေညာရင်း တိုင်းပြည်သစ် ထူထောင်ဖို့ စတင် ပြင်ဆင်ကြသည်။

ဒီလိုဆိုရင် အကုန်လုံးက ဝမ်ဝေ့ ဘယ်မှာလဲလို့ မေးကြလိမ့်မယ် ….

အခု သူက သူ့အင်ပါယာ အေးချမ်းသာယာ စည်ပင်ဝပြောနေသည်ဟု ထင်ကာ မောင်းမဆောင်ထဲ အလှလေးများကြား သာယာနေလေသည်။

ဒီစစ်ဆေးမှု၏ အဓိက အကြောင်းအရာမှာ တပ်မက်မှု တဏှာ ဖြစ်၏။

ဝမ်ဝေ့က နေ့စဉ်နေ့တိုင်း သူ့မောင်းမဆောင်ထဲမှ အမျိုးသမီးများနှင့် ပျော်ရွှင်မှု အရသာကို ခံစားနေသည်။ အမျိုးသမီးအားလုံးက လှပကာ လူများကို ဆွဲဆောင်ဖို့ နည်းလမ်းကို လေ့ကျင့်ထားကြသည်။

မတူညီ ကွဲပြားသော အမျိုးသမီးများစွာ ရှိလေသည်။

အေးစက်ကာ နတ်ဘုရားမလို မာနကြီးသူမျိုး၊ နတ်ဆိုးလို ဆွဲဆောင်မှုပြင်းသူမျိုး၊ ဘေးအိမ်က အပြစ်ကင်းစင်တဲ့ ကောင်မလေးလိုမျိုး၊ သေချာဂရုစိုက်ပေးတတ်တဲ့သူမျိုး … အမျိုးမျိုးသော အမျိုးသမီးများက သူ့မောင်းမဆောင်ထဲ ရှိလေသည်။

ထို့အပြင် သူတို့က သီးသန့်နည်းလမ်းတွေပါ လေ့ကျင့်ထားကြသေး၏။ ထိုနည်းလမ်းများက သူတို့၏ ကျင့်ကြံရေးကို အသုံးချကာ သူတို့ခန္ဓာကိုယ် အစိတ်အပိုင်းတချို့ထဲ ချောချောမွေ့မွေ့ ထိုးဖောက်နိုင်ပြီး အသာလွန်ဆုံး စိတ်သာယာမှု ရစေသည်။ တချို့ကျင့်ထားသည့် နည်းလမ်းများက ဝိညာဉ်ကိုပါ သာယာမှု ပေးနိုင်လေသည်။

ဝမ်ဝေ့က အချိန်အားလုံးကို မောင်းမဆောင်ထဲ သာယာမှုရှာဖွေရင်း ကုန်ဆုံးနေသည်။ ရံဖန်ရံခါမှသာ သူက အင်ပါယာအကြောင်း သူ့ကုန်းကုန်းကို မေးကာ စစ်ဆေးကြည့်လိမ့်မည်။ သူ လက်ခံရရှိသည့် တုံ့ပြန်ချက်အားလုံးက အမြဲတမ်း သတင်းကောင်းများ ဖြစ်သောကြောင့် စစ်ဆေးကြည့်ဖို့ပင် စိတ်ထဲ မရှိပေ။

ဤသည်က သူ့မြို့တော် တော်လှန်ရေးတပ် လက်အောက် ကျရှုံးသွားပြီး အစောင့်အားလုံးနှင့် ကုန်းကုန်းအားလုံး ထွက်ပြေးသွားသည့်အထိ ဖြစ်သည်။ ထို့နောက် တော်လှန်ရေးတပ်က သူ့မောင်းမဆောင်ထဲ ဝင်လာကာ သူ့အား ခေါင်းဖြတ်ကွပ်မျက်ခဲ့သည်။

ဝမ်ဝေ့က ဒီစစ်ဆေးမှု ကျရှုံးသွားသောကြောင့် မျှော်နန်းဆောင် အပြင်ဘက် ပို့ဆောင်ခံလိုက်ရသည်။

စစ်ဆေးမှုမှ ထွက်လာပြီးနောက် ဝမ်ဝေ့အနေနှင့် အသိပြန်ဝင်ကာ ပုံရိပ်ယောင်မှ နိုးထလာဖို့ အချိန်ခဏမျှ ကြာမြင့်ခဲ့သည်။ ထို့နောက် သူက ရှက်သွေးဖြာလာမိပြီး ချက်ချင်းဆိုသလို ကြောက်ရွံ့မှုလည်း လွှမ်းခြုံသွားလေသည်။

ဒီစစ်ဆေးမှုက အမှန်တကယ် ကြောက်ဖို့ကောင်းလှသည်။ သူက ဒီတပ်မက်စိတ် တဏှာများကြားသာ နှစ်မြှပ်နေခဲ့ပြီး သူ့ဘာသာ ပျောက်ဆုံးခဲ့ရသည်။ ဒီစစ်ဆေးမှုသာ လက်တွေ့ဖြစ်လာခဲ့လျှင် သူ ဘယ်လိုလွတ်မြောက်နိုင်မှာလဲ။

ဝမ်ဝေ့က ခဏတာ တွေးလိုက်ပြီးနောက် မဖြစ်နိုင်ကြောင်း အဖြေထွက်လာသည်။ သူ သိထားသလောက် ဒီစစ်ဆေးမှုသည် မြေခွေးနတ်ဆိုးမျိုးနွယ်၏ အုပ်ချုပ်သူ အစစ်အမှန်က သူတို့မျိုးနွယ် ဆွဲဆောင်နိုင်စွမ်းပေါ် မူတည်၍ သီးသန့်ပုံဖော်ထားခြင်း ဖြစ်၏။ ထို့ကြောင့် ဒီစစ်ဆေးမှုက မယုံနိုင်လောက်ဖွယ် အဆင့်သို့ ရောက်နေလေပြီ။

အနာဂတ်၌ သူ့ရန်သူများက အလှပဂေး ထောင်ချောက် အသုံးပြုလာနိုင်ဖွယ် ရှိလေသည်။

ဒီလိုဆိုရင် လက်ရှိ သူက ဒီလိုမျိုး ရိုးရှင်းတဲ့ ထောင်ချောက်မျိုးကို ကျရှုံးခဲ့ပြီး ဧကရာဇ် လမ်းစဉ် ထာဝရ ဖြတ်တောက်ခံရလိမ့်မည်။

ဝမ်ဝေ့အနေနှင့် အတိတ်ဘဝတုန်းက မောင်းမဆောင်ထဲမှ အလှလေးများကြောင့် တိုင်းပြည်ကို လျစ်လျူရှုထားသည့် ဧကရာဇ်များစွာအကြောင်း ဇာတ်လမ်းများ ကြည့်ဖူးလေသည်။ သူက သူတို့အား အရည်အချင်းမဲ့ပြီး စိတ်ဓာတ်ပျော့ညံ့သည်ဟု တွေးခဲ့မိသေးသည်။ သို့သော် ယခုတွင် သူသည်လည်း အလှပဂေး ထောင်ချောက်ထဲ ကျဆင်းခဲ့ရသည်။

တကယ်တော့ ရှုံးနိမ့်မှုက ဝမ်ဝေ့၏ စိတ်ဓာတ်ပျော့ညံ့မှုကြောင့် မဟုတ်ပေ။ ကျင့်ကြံရေးက ဆင့်ကဲပြောင်းလဲခြင်း နည်းလမ်းတမျိုး ဖြစ်၏။ ထို့ကြောင့် ကျင့်ကြံနိုင်သည့် အမျိုးသမီးများက အလွန်တရာ လှပကြသည်။ အထူးသဖြင့် ဝမ်ဝေ့ ယခင်ဘဝမှ အမျိုးသမီးများနှင့် ယှဉ်လိုက်လျှင် ဖြစ်သည်။ စတားများပင် နှင်းလိုဖြူဆွတ်ကာ ကလေးတင်လုံးလေးကို ချောမွတ်နေကြသည့် ကျင့်ကြံသူ မိန်းမပျိုများနှင့် မယှဉ်နိုင်ပေ။

ဝမ်ဝေ့က ဒီဘဝတွင် ရှစ်နှစ်သာ နေထိုင်ရသေးသည်။  သူ မွေးဖွားလာကတည်းက အလှပဂေးများ ဝန်းရံခဲ့သော်လည်း ကမ္ဘာကြီးနှင့် အသားမကျသေးပေ။ ထို့အပြင် ထိုလူများက သူ့အပေါ် ဆွဲဆောင်သည့် နည်းလမ်းများကို မသုံးပေ။ ဝမ်ဝေ့၏ လျို့ဝှက်ဆန်းကြယ် ဝိညာဉ်က ထိုအဆိုးမြင် အခြေအနေများကို ခံနိုင်ရည်ရှိပုံပေါ်၏။

သို့သော်လည်း ဝမ်ဝေ့က ကျေနပ်လွယ်သည့် လူ မဟုတ်ပေ။

တစ်ရက်ရက် သူ့လျို့ဝှက်ဆန်းကြယ် ဝိညာဉ် ရှုံးနိမ့်သွားခဲ့ရင်ရော …

ဒါမှမဟုတ် တစ်ယောက်ယောက်က သူ့ခံနိုင်ရည်ကို ချိုးဖောက်နိုင်မဲ့ နည်းလမ်း ရှာတွေ့သွားခဲ့ရင်ရော …

ထို့အပြင် သူ လေ့လာထားသလောက် သူ့ဝိညာဉ်သည် အဆိုးမြင် အခြေအနေများကို ခံနိုင်ရည်အပြည့်အဝ ရှိခြင်း မဟုတ်ဘဲ ခံနိုင်ရည် မြင့်မားရုံသာ ဖြစ်၏။ ဤသို့ဖြင့် သူက စစ်ဆေးမှုတဆင့် ကြိုးစားကြည့်ဖို့ စီစဉ်ထားသည်။

သူက သတိကြီးကြီးထားရမည်။

ဒီကိစ္စက သူ့အနာဂတ်လမ်း ပါဝင်နေလေရာ ဘယ်လိုအလွယ်လေး ယူဆလို့ ရမည်နည်း။

All Chapters