← Chapters

အခန်း ၂၈၂

Vol. 29 Ch. 282

အခန်း ၂၈၂

Vol. 29 Ch. 282

အခန်း (၂၈၂) ဝတ်ရုံလုပွဲ - ၂၄

တိုက်ပွဲ၏ ထိုအခြေအနေတွင် သျှီဝအနေဖြင့် ဖုန်းပုကြွယ်၏ “ခွန်အား” ကို အသိအမှတ်ပြုလိုက်ပြီဖြစ်ကြောင်း ဤစကားလုံးများက သက်သေပြနေလေသည်။

သူ့မျက်စိရှေ့မှ ထိုလူသည် တိုက်ခိုက်ရေးအဆင့်သတ်မှတ်ချက်ဇယား၏ ထိပ်တန်းအယောက်နှစ်ဆယ်အတွင်း မရှိရုံတင်မကဘဲ အယောက်သုံးဆယ်အတွင်း ဝင်ရန်ပင် ရုန်းကန်ရနိုင်သော်လည်း ထိပ်တန်းဆယ်ယောက်အတွင်းရှိလူများနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည်မှာ အထင်အရှားပင် ဖြစ်၏။

ဇာတ်လမ်း၏ ပတ်ဝန်းကျင်နှင့် စည်းမျဉ်းများကို အသုံးပြု၍ နည်းဗျူဟာများ ချမှတ်ခြင်း၊ အခြေအနေကို ပြောင်းလဲရန် ၎င်းတို့ကို ထိရောက်စွာ အကောင်အထည်ဖော်ခြင်းတို့သည် ပုံမှန်ဖြစ်စဉ်နှင့် အလွန်မြင့်မားသော ကျွမ်းကျင်မှုအဆင့်ရှိသည့် ချဉ်းကပ်ပုံမျိုး ဖြစ်ပေသည်။ ပြင်ပမှ မရိုးမသား ပြုလုပ်ခြင်းမျိုး မရှိသရွေ့ ယင်းတွင် အပြစ်ဆိုဖွယ်ရာ မရှိပါချေ။ နည်းဗျူဟာသည်လည်း ခွန်အား၏ အစိတ်အပိုင်းတစ်ခုပင် မဟုတ်ပါလား။

သန်မာသူတစ်ဦးတွင် သန်မာသူတစ်ဦး၌ ရှိသင့်သည့် သဘောထားကြီးမှု ရှိရမည်ဖြစ်ပြီး ပြိုင်ဘက်၏ အားသာချက်များကို အသိအမှတ်ပြုတတ်ရန် သင်ယူရမည် ဖြစ်သည်။ မိမိကိုယ်ကို နှစ်သိမ့်ရန်အတွက် ဆင်ခြေများကို အမြဲတမ်းရှာဖွေနေခြင်းက ရလဒ်ကို ပြောင်းလဲစေမည် မဟုတ်ချေ။ မိမိ၏ ကိုယ်ပိုင်နည်းလမ်းများကို ဖက်တွယ်ရင်း ပြိုင်ဘက်ကို အနိုင်ယူခြင်းကသာ ကျွမ်းကျင်သူတစ်ဦး၏ အမှတ်အသားပင် ဖြစ်တော့သည်။

နတ်ဘုရားများအဖွဲ့၏ ထိပ်တန်းပုဂ္ဂိုလ်နှင့် ပရော်ဖက်ရှင်နယ် ဂိမ်းလောက၏ အသန်မာဆုံး ကစားသမားများထဲမှ တစ်ဦးဖြစ်သည့် သျှီဝသည် သဘာဝအတိုင်း သန်မာသူတစ်ဦး၏ သတိနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာကို ပိုင်ဆိုင်ထားပေသည်။ အစောပိုင်းက သူ၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုသည် သူ့ဝှက်ဖဲဖြစ်ပြီး ထိုတိုက်ကွက်ဖြင့် အရေးနိမ့်ခဲ့ပြီးနောက် ဗုံးကို မပေါက်ကွဲစေဘဲ အနိုင်ယူမည့် အစီအစဉ်ကို သူ စွန့်လွှတ်လိုက်ပြီ ဖြစ်သည်။

ထိုအချိန်တွင် သျှီဝသည် ဖုန်းပုကြွယ်၏ အရည်အချင်းကို အသိအမှတ်ပြုလိုက်ပြီ ဖြစ်သဖြင့် ဤအဆင့်ရှိသည့် ပြိုင်ဘက်တစ်ဦးနှင့် အတူတူသေဆုံးရခြင်းက အရှက်ရစရာ မဟုတ်ဟု ယုံကြည်လိုက်သည်။ ထို့ကြောင့် သျှီဝသည် တစ်ဖက်လူ၏ ခန္ဓာကိုယ်ပေါ်မှ အပူစွမ်းအင်သုံး လေဟာနယ်ဗုံးက အစစ်လား အတုလားဆိုသည်ကို ဂရုမစိုက်တော့ဘဲ ရုပ်ပိုင်းဆိုင်ရာအရ လုံးဝချေမှုန်းပစ်ရန်အတွက် အစွမ်းကုန်တိုက်ခိုက်လိုက်ခြင်း ဖြစ်တော့သည်။

သို့သော်လည်း ဖုန်းပုကြွယ်ကမူ တစ်ခုခု မှားယွင်းနေသည်ကို အာရုံခံမိလိုက်သည်။ ပြိုင်ဘက်၏ အကြည့်များ၊ စကားလုံးများနှင့် လှုပ်ရှားမှုများကို ခွဲခြမ်းစိတ်ဖြာကြည့်လိုက်ချိန်တွင် သူရရှိလိုက်သည့် သတင်းစကားမှာ “မင်း ဗုံးကို ဖောက်ခွဲလိုက်ရင်တောင် ငါမင်းကို သတ်မှာပဲ” ဟူ၍ ဖြစ်သည်။

ဤအခြေအနေသည် ဖုန်းပုကြွယ် အဖြစ်မခံချင်ဆုံး အခြေအနေပင် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူ့ကိုယ်တွင် ပတ်ထားသောဗုံးက အစစ်ဖြစ်နေသောကြောင့်ပင်…။

ဤသတ်ဖြတ်ခြင်းဂိမ်းတွင် “အားအနည်းဆုံး” ကစားသမားတစ်ဦးအနေဖြင့် ဖုန်းပုကြွယ်၏ “အားသာချက်” သည် ထိုစွမ်းအားကြီးပုဂ္ဂိုလ်များသည် သူနှင့်အတူတူ အသေမခံချင်ကြသည့် အချက်ပေါ်တွင် မူတည်နေခြင်း ဖြစ်သည်။ ကျောက်ရင်းဝမ်နှင့် ဝူစစ်ချန်ရွှမ်တို့နှစ်ဦးစလုံး ဖယ်ရှားခံလိုက်ရပြီဖြစ်သဖြင့် ကျန်ကစားသမားများ၏ အနိုင်ရနိုင်ခြေက သံသယဖြစ်ဖွယ်မရှိဘဲ မြင့်တက်လာပြီဖြစ်ရာ သူတို့သည် သူတို့အသက်ကို ပိုမိုနှမြောသင့်ပေသည်။ ဖုန်းပုကြွယ်အနေဖြင့် တိုက်ခိုက်ရေးစွမ်းရည် အဆင့်သတ်မှတ်ချက်ဇယား၏ ဒုတိယနေရာတွင် ရှိနေသည့်လူက သူ့ကို အမှန်တကယ် အသေအကြေ တိုက်ခိုက်လိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့မိချေ။

“ငါမင်းကို ပြောနေတယ်လေ… အရမ်း စိတ်မလောနဲ့၊ တကယ်လို့ ဗုံးပေါက်ကွဲသွားရင် ငါတို့နှစ်ယောက်စလုံး သွားပြီပဲ၊ မင်းကတော့ အစွမ်းထက်တဲ့ နတ်ဘုရားများရဲ့ ခေါင်းဆောင်လေ၊ ငါကတော့ အမည်မသိ လူငမွဲလေးတစ်ယောက်ပါပဲ…”

ဖုန်းပုကြွယ် ဖျောင်းဖျပြောဆိုမှုကို စတင်လိုက်ချိန်တွင် သူ့ခြေထောက်များသည် မြေပြင်မှ ဖြည်းညှင်းစွာ ကြွတက်လာသည်ကို သတိပြုမိလိုက်သည်။

လေးလံသော သွေးအေးချပ်ဝတ်၊ ကီလိုဂရမ် ဆယ်ဂဏန်းမျှရှိသော ရေခဲသေနတ်နှင့် သံချပ်ကာဝတ်စုံထဲမှ ဖုန်းပုကြွယ်ကိုယ်တိုင်ပါ အပေါ်သို့ လွင့်မျောလာလေသည်။

သျှီဝသည် ဖုန်းပုကြွယ်၏ စကားကို ဖြတ်ပြောရင်း နှာခေါင်းရှုံ့လိုက်သည်။

“ဘာမှမဖြစ်ပါဘူး၊ ငါထင်တာတော့… မင်းရဲ့ အရည်အချင်းနဲ့ဆိုရင် မင်းလည်း မကြာခင်မှာ ငါ့လို နာမည်ကြီးလာမှာပါ”

ထိုစကားကို ကြားရချိန်တွင် ဖုန်းပုကြွယ်စိတ်ထဲ၌ ကျောချမ်းသွားရသည်။ ကြည့်ရသည်မှာ တစ်ဖက်လူက ခြိမ်းခြောက်နေခြင်း မဟုတ်ပေ။

အမည် - ဆွဲငင်အားမဲ့ ထိတွေ့မှု

အထူးစွမ်းရည်အမျိုးအစား - တက်ကြွစွမ်းရည်

ကုန်ဆုံးမှု - အမြင့်ဆုံးသက်လုံအမှတ်၏ ၂၀ ရာခိုင်နှုန်း

အကျိုးသက်ရောက်မှု - ထိတွေ့လိုက်သော “အရာဝတ္ထု” အား ဆွဲငင်အားမဲ့အခြေအနေတွင် လွင့်မျောသွားစေသည် (အသုံးပြုရန်ကြာချိန် - ၁ နာရီ၊ တည်တံ့ချိန် - ၁ မိနစ်။ ပစ်မှတ်၏ ထုထည်သည် ၂၀ ကုဗမီတာထက် နည်းရမည်ဖြစ်ပြီး မိမိကိုယ်ကို အသုံးပြု၍ မရပါ)။

မှတ်ချက် - မင်းက တိုက်ခိုက်ရေးဂိမ်းတွေကို ကျွမ်းကျင်တယ်ဆိုရင် အကန့်အသတ်မရှိ လွင့်မျောနေစေတာက အကန့်အသတ်မရှိ ဆက်တိုက်တိုက်ကွက်တွေကို ဖန်တီးနိုင်တယ်ဆိုတာ အလွယ်တကူ နားလည်ပါလိမ့်မယ်။

ထိုစကေးမှာ သျှီဝ၏ ဘွဲ့အမည်ဖြစ်သော “ထိန်းချုပ်မှုသခင်” က ပေးအပ်ထားသည့် စွမ်းရည်တစ်ခု ဖြစ်သည်။ သူသည် ထိုဘွဲ့အမည်ကို သူ၏ အမြဲတမ်းတည်ငြိမ်မှု၊ အေးဆေးမှုနှင့် သက်တောင့်သက်သာ ရှိမှုတို့ကြောင့် ရရှိခဲ့ခြင်း ဖြစ်၏။

အဖွဲ့လိုက်မုဒ်တွင်မူ သျှီဝကဲ့သို့သော အသင်းဖော်တစ်ဦးသည် သံသယဖြစ်ဖွယ်မရှိဘဲ အားကိုးရသည့် ကျောက်ဆောင်ကြီးတစ်ခု ဖြစ်သည်။ သူ့အဆင့်ရှိသည့် ကစားသမားတစ်ဦးက အဖွဲ့အပေါ် ပေးစွမ်းနိုင်သည့် စိတ်ဓာတ်ပိုင်းဆိုင်ရာပံ့ပိုးမှုမှာ တိုင်းဆမရနိုင်ချေ။ သူသည် ဘာမှမလုပ်ဘဲ အနားတွင် ရှိနေရုံဖြင့်ပင် သူ့အသင်းဖော်များကို စိတ်အေးနေစေမည်ဖြစ်သည်။

ဥပမာအားဖြင့် လူငယ်ဘောလုံးအသင်းနှစ်သင်း ကစားနေကြသည်ဟု မြင်ယောင်ကြည့်လိုက်ပါ။ တစ်သင်းကို ဖာဂူဆန်က နည်းပြပြီး အခြားတစ်သင်းကိုမူ ကာမာချိုက နည်းပြသည်။ ပွဲက တင်းမာလာချိန် သို့မဟုတ် မမျှော်လင့်ဘဲ ဂိုးပေးလိုက်ရချိန်တွင် မည်သည့်ဘက်က စိတ်ဓာတ်ကျဆင်းသွားမည်ဆိုသည်မှာ ထင်ရှားလှပေသည်။

“ကောင်းပြီလေ… ဘာမှလုပ်လို့မရတော့ဘူးပဲ…”

ဖုန်းပုကြွယ်သည် လေထဲတွင် သူ့အနေအထား အတင်းအကျပ် ချိန်ညှိလိုက်ပြီး စက္ကန့်အနည်းငယ်အကြာတွင် ရေခဲသေနတ်ကို အောက်ဘက်သို့ နောက်ဆုံး၌ ချိန်ရွယ်နိုင်ခဲ့သည်။

သို့သော်လည်း သူ မပစ်ခတ်နိုင်မီ သို့မဟုတ် “ပစ်ခတ်” လိုက်ချိန်တွင် သျှီဝ၏ တည်နေရာက ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ထိုသို့ဖြစ်လင့်ကစား… ဖုန်းပုကြွယ်သည် မောင်းခလုတ်ကို ဆွဲညှစ်လိုက်ဆဲဖြစ်ပြီး ရေခဲသေနတ်၏ အလင်းတန်းကို ထုတ်လွှတ်လိုက်လေသည်။ ဤသည်မှာ မည်သို့ပင်ဖြစ်စေ ဧရိယာအလိုက် ဖျက်ဆီးနိုင်သော တိုက်ခိုက်မှုတစ်ခု ဖြစ်သဖြင့် ပစ်မှတ် အနည်းငယ်လွဲချော်သွားခြင်းက အရေးမကြီးချေ။ ဦးတည်ချက် အကြမ်းဖျင်း မှန်ကန်နေသရွေ့ လုံလောက်ပေသည်။

“ဟမ့်… ဒီလိုတိုက်ခိုက်တာက အရမ်းအန္တရာယ်များတယ်”

သျှီဝသည် အန္တရာယ်ကို သတိပြုမိသဖြင့် အကွာအဝေးတစ်ခုဆီသို့ ရှောင်တိမ်းလိုက်သည်။

သို့သော် ဖုန်းပုကြွယ်၏ ရည်ရွယ်ချက်က ထိုမျှနှင့် ရပ်တန့်မသွားချေ။ ရေခဲစွမ်းအင်တန်း၏ တွန်းကန်အားကြောင့် ဖုန်းပုကြွယ်သည် ရော့ကတ်တစ်ခုကဲ့သို့ ကောင်းကင်ထက် ပျံတက်သွားပြီး အလွန်မြင့်မားသော အမြင့်တစ်ခုသို့ ရောက်ရှိသွားလေသည်။

“အိုး… အဲဒီလိုလား… ဟီးဟီး… မင်းကိုတော့ တစ်စက္ကန့်တောင် ပေါ့ဆလို့ မရပါလား”

သျှီဝသည် ခပ်ဖွဖွရယ်မောလိုက်ပြီး သူ့အိတ်ထဲမှ ရော့ကတ်လောင်ချာတစ်ခုကို ထုတ်ယူလိုက်သည်…။

ဖုန်းပုကြွယ်သည် မြေပြင်အထက် မီတာရာဂဏန်းနီးပါးအထိ လျင်မြန်စွာ မြင့်တက်သွား၏။ တစ်ဖက်လူက RPG မြှောက်၍ သူ့ထံချိန်ရွယ်နေသည်ကို သူအထင်အရှား မြင်နေရသော်လည်း ဆွဲငင်အားမဲ့အခြေအနေတွင် ရှောင်တိမ်းရန် လုံးဝ မဖြစ်နိုင်ချေ။

“မကောင်းတော့ဘူး… တကယ်လို့ တင့်ကားဖျက်လက်နက်နဲ့ တည့်တည့်ထိခံလိုက်ရရင် သွေးအေးချပ်ဝတ်တောင် တောင့်ခံနိုင်မှာ မဟုတ်ဘူး”

ဖုန်းပုကြွယ် စိတ်ထဲမှ တွေးလိုက်သည်။

“ပြင်ပကာကွယ်ရေးစနစ် ပျက်စီးသွားတာနဲ့ မီးတောက်တွေ ပေါက်ကွဲမှုရဲ့ တုန်ခါမှုလှိုင်းတွေက အထဲကို တိုးဝင်လာမှာပဲ၊ အဲဒီအခါကျရင် ငါမသေရင်တောင်မှ အပူစွမ်းအင်သုံးဗုံးက ပေါက်ကွဲသွားလိမ့်မယ်…”

“ဂွတ်ဘိုင်…”

သျှီဝသည် ရေခဲစွမ်းအင်တန်း တည့်တည့်ထိမှန်မည့်ထောင့်နှင့် အကွာအဝေးတဟ်ခုမှနေ၍ ပစ်မှတ်ကို အလျင်အမြန်ချိန်ရွယ်လိုက်ပြီး ရော့ကတ်တစ်ခုကို ပစ်လွှတ်လိုက်တော့သည်။

RPG ၏ လုပ်ဆောင်ချက်နိယာမကို အကျဉ်းချုပ် ရှင်းပြရလျှင် ပစ်လွှတ်လိုက်သည်နှင့် ပြောင်းတွင်းရှိ ယမ်းမှုန့်များ မီးစွဲလောင်သွားပြီး ရော့ကတ်ကို ပစ်လွှတ်ပြောင်းထဲမှ ရှေ့သို့ တွန်းထုတ်လိုက်ခြင်းဖြစ်သည်။ ရော့ကတ်သည် အစပိုင်းတွင် တစ်စက္ကန့်လျှင် ၁၁၇ မီတာ နှုန်းဖြင့် သွားသည်။ ၀.၁ စက္ကန့်အကြာ ခန့်မှန်းခြေ ၁၁ မီတာခန့်တွင် ရော့ကတ်၏ အင်ဂျင်က စတင်အလုပ်လုပ်လာပြီး တည်ငြိမ်စေသည့်တောင်ပံများ ပွင့်ထွက်လာမည်ဖြစ်သည်။ ရော့ကတ်သည် စတင်လည်ပတ်လာပြီး ပစ်မှတ်ကို မထိမှန်မချင်း တစ်စက္ကန့်လျှင် ၂၉၄ မီတာနှုန်းအထိ မြင့်တက်သွားမည် ဖြစ်သည်။

ယင်းနှင့် နှိုင်းယှဉ်ပါက ဖုန်းပုကြွယ်၏ လှုပ်ရှားမှုအရှိန်မှာ ပြောပလောက်အောင် မရှိချေ။ ထို့ပြင် လေးလံသော သံချပ်ကာဝတ်စုံထဲ၌ ရှိနေပြီး ဆွဲငင်အားမဲ့အခြေအနေတွင် အားပြုစရာနေရာမရှိသဖြင့် ရေခဲသေနတ်၏ အနေအထားကို ပြင်ဆင်ရန်မှာ အလွန်ခက်ခဲလှသည်။ ထို့ကြောင့် ရေခဲစွမ်းအင်တန်းကို အသုံးပြု၍ ရော့ကတ်ကို ကြားဖြတ်ဖျက်ဆီးရန်က မဖြစ်နိုင်ချေ။

ရလဒ်က အသေအချာဖြစ်လုနီးပါးအချိန်တွင် မမျှော်လင့်ဘဲ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ထင်မှတ်မထားစွာဖြင့် လင်းနို့လက်နက်ပုန်းတစ်ခု ကြားဖြတ်ဝင်ရောက်လာခြင်းဖြစ်သည်။ ၎င်းသည် ပြောင်းထဲမှ ရော့ကတ် ထွက်ခွာသွားပြီး အမြင့်ဆုံးအရှိန်သို့ မရောက်ရှိမီ ၎င်း၏ထိပ်ဖူးကို တိကျစွာ ထိမှန်သွားသဖြင့် ပေါက်ကွဲသွားစေလိုက်သည်။

ယခုအကြိမ်တွင် ဖုန်းပုကြွယ်မှာ ဘာဒဏ်ရာမှမရခဲ့သော်လည်း သျှီဝကိုယ်တိုင်မှာမူ သူ့မျက်စိရှေ့မှ ပေါက်ကွဲမှုကြောင့် အသက်အမှတ် အတော်များများ လျော့နည်းသွားရလေသည်။

“မင်း…”

သျှီဝမှာ ဒေါသအိုးပေါက်ကွဲသွားပြီး လင်းနို့လက်နက်ပုန်း ရောက်လာရာ လမ်းကြောင်းဆီသို့ ဒေါသတကြီး စိုက်ကြည့်လိုက်လေသည်။

ဂျေဆန်တော့ဒ်သည် နေရာအတော်များများ ရွှေ့ပြောင်းခဲ့ပြီး ဖြစ်သဖြင့် ယခုတွင် သျှီဝ၏ ဘေးဘက်ရှိ အဆောက်အအုံတစ်ခုပေါ်တွင် မတ်တပ်ရပ်လျက် ရှိသည်။ သူ၏ အက်ရှရှအသံကြီးက နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။

“သောက်ရူးကောင်၊ တကယ်လို့ သူ့ရဲ့ အပူစွမ်းအင်သုံးဗုံးသာ လေထဲမှာ ပေါက်ကွဲသွားရင် ဂေါ့သမ်မြို့ရဲ့ သုံးပုံတစ်ပုံလောက်က ပြာကျသွားမှာကွ၊ မင်းနဲ့ငါလည်း ဒီနေရာတင် သေသွားရလိမ့်မယ်”

“ငါ့ကို လာတားဖို့ ကြိုးစားနေတာလား…”

သျှီဝသည် ကောင်းကင်ဘုံကခုန်ခြင်းသဲနာရီ၏ အစိတ်အပိုင်းများကို တော့ဒ်ဆီသို့ သတိမထားမိအောင် ပျံသန်းစေခဲ့ပြီး ဖြစ်သည်။

“ဒါဆိုလည်း မင်း အရင်သေလိုက်တော့”

တခဏအတွင်း ကျောက်ပြားဝိုင်း ခြောက်ချပ်သည် တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ပြီး အလင်းတန်းများက ထောင့်ပေါင်းစုံမှနေ၍ တော့ဒ်ရှိရာသို့ ယှက်သန်းကျရောက်သွားတော့သည်။

ရုတ်တရက် ပုံရိပ်တစ်ခု ပေါ်ထွက်လာပြီး ဓားနှစ်လက်ကို ဆက်တိုက်လျင်မြန်စွာ ဝှေ့ယမ်းလိုက်သည်။ အနီရောင်နှင့် အပြာရောင် မီးလျှံများက လေထုထဲတွင် စူးရှတောက်ပသော ဓားရိပ်များကို ဖန်တီးလိုက်ပြီး ကျောက်ပြားဝိုင်းများမှ ပစ်ခတ်လိုက်သော အလင်းတန်းအားလုံးကို ဖယ်ရှားပစ်လိုက်လေသည်။

“ကျစ်… သူများကိစ္စကို လာရှုပ်နေတာပဲ”

တော့ဒ်က တံတွေးထွေးလိုက်သည်။

သေခြင်းတမန်တော်က သူ့ဘေးတွင် မတ်တပ်ရပ်ရင်း ထေ့ငေါ့လှောင်ပြောင်လိုက်သည်။

“ရပါတယ်၊ အားနာမနေပါနဲ့”

တစ်ချိန်တည်းမှာပင် လေတိုးသံနှစ်ချက် ထွက်ပေါ်လာပြီး လေပြင်းနှစ်ခုက သျှီဝဆီသို့ ပျံသန်းလာခဲ့သည်။

သျှီဝသည် လျှပ်စီးကဲ့သို့ လျင်မြန်သောအရှိန်ဖြင့် တုံ့ပြန်လိုက်ပြီး နောက်ပြန်ဂျွမ်း အကြိမ်ကြိမ် ပစ်လိုက်သဖြင့် ကံကောင်းထောက်မစွာ ရှောင်တိမ်းနိုင်လိုက်သည်။ သူ ခေါင်းလှည့်ကြည့်လိုက်ချိန်တွင် “ပိုက်ကွန်သေနတ်ကျည်” နှစ်ခုက သူ့ဘေးမှ ဖြတ်သန်းသွားပြီး လမ်းဘေးရှိ အဆောက်အအုံတစ်ခုအား ထိမှန်သွားသည်ကို မြင်တွေ့လိုက်ရသည်။

ထို့နောက်တွင် ကျယ်လောင်သော ဘရိတ်သံများ လိုက်ပါလာပြီး ပိုက်ကွန်သေနတ်ကျည်များ ရောက်လာရာ လမ်းကြောင်းမှ ဒဏ္ဍာရီလာ Batmobile ကြီး ထွက်ပေါ်လာကာ သျှီဝနှင့် မီတာနှစ်ဆယ်ခန့်အကွာတွင် ခါယမ်းရပ်တန့်သွား၏။

ပြောရမည်ဆိုပါက ထိုကားသည် အမှန်တကယ်ပင် အလွန်မိမိုက်လှသည်။ ၎င်း၏ အသွင်အပြင်ကို “ရိုးရှင်းသော်လည်း ဆွဲဆောင်မှုရှိပြီး ရက်စက်ကြမ်းကြုတ်မှုကို ထိန်းသိမ်းထားသည်” ဟု ဖော်ပြနိုင်ပေသည်။ ၎င်းအမှောင်ထုထဲမှ ထွက်ပေါ်လာသည့် အခိုက်အတန့်တွင် ပြင်းထန်သော လွှမ်းမိုးမှုနှင့် အရှိန်အဝါတို့ကို ထုတ်လွှတ်လိုက်တော့သည်။

ကားတံခါးပွင့်သွားခဲ့ပြီး ဒီမီယံ ( ပဉ္စမမြောက် ရော်ဘင်၊ ဘရုစ်ဝိန်းနှင့် တာလီယာအိုဂူတို့၏ သား၊ သူ၏ အချစ်ဆုံးသားဖြစ်သဖြင့် ရှင်းပြနေရန် မလိုအပ်ပါချေ) နှင့် သူ့နောက်လိုက် (ဝတ်ရုံလုပွဲအတွင်းက နိုက်၏ နောက်လိုက်တစ်ဦးဖြစ်ပြီး သူမ၏ အထောက်အထား အစစ်မှာ ဟက်ချင်ဆန်ဟု ခေါ်သည့် အမျိုးသမီးဟီးရိုးတစ်ဦး ဖြစ်သည်) တို့သည် ကားထဲမှ ခုန်ထွက်လာခဲ့ကြသည်။

“တခြားကမ္ဘာက လာတဲ့လူ၊ မင်း အခုချက်ချင်း လက်နက်ချတာ ပိုကောင်းလိမ့်မယ်”

ဒီမီယံက ပြောလိုက်သည်။

သျှီဝက နှာခေါင်းရှုံ့လိုက်ပြီး ရော့ကတ်လောင်ချာထဲသို့ နောက်ထပ် ရော့ကတ်တစ်ခု ထည့်သွင်းလိုက်သည်။

“ငါတို့ နင့်အဖော်တစ်ယောက်ကို ဖမ်းထားတယ်၊ နင်သူ့ကို မှတ်မိလိမ့်မယ်လို့ ထင်ပါတယ်”

အမျိုးသမီးနောက်လိုက်က Batmobile ၏ နောက်ဖုံးကို ဖွင့်ရင်း ပြောလိုက်သည်။

နောက်ခုံတွင် အလှလေးတစ်ဦး ထိုင်နေသော်လည်း သျှီဝက သူမကို မမှတ်မိပါချေ။

သို့သော်လည်း သူသည် အာရှမျက်နှာပေါက်နှင့် ထူးထူးဆန်းဆန်း ဝတ်ဆင်ထားသည့် ဤမိန်းကလေးမှာ သံသယဖြစ်ဖွယ်မရှိဘဲ ကစားသမားတစ်ဦး ဖြစ်ရမည်ဟု ချက်ချင်း သဘောပေါက်သွားခဲ့သည်။ ပုဖန် (ငါမကြောက်ဘူး) ကလွဲလို့ တခြားဘယ်သူ ဖြစ်နိုင်ဦးမည်နည်း။

“ဟားဟားဟား…”

သျှီဝက ဟားတိုက်ရယ်မောလိုက်သည်။

ယင်းကိုမြင်သည်နှင့် ပုဖန်၏ အမူအရာက ပြောင်းလဲသွားပြီး တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို ရုတ်ချင်းနားလည်သွားသဖြင့် ချက်ချင်းပင် အော်ဟစ်တော့သည်။

“ငါ့ကို လွှတ်…”

ရွှီး… ဝုန်း။

ရော့ကတ်လောင်ချာက ပစ်လွှတ်လိုက်ပြီဖြစ်ရာ Batmobile ကြီးမှာ လေထဲသို့ လွင့်စင်ပေါက်ကွဲသွားခဲ့တော့သည်။

ဒီမီယံနှင့်သူ့နောက်လိုက်တို့သည် အပြင်သို့ လှိမ့်ထွက်သွားကြသဖြင့် ပေါက်ကွဲမှုမှ ကံကောင်းစွာ လွတ်မြောက်သွားကြသော်လည်း ပုဖန်မှာမူ ကံဆိုးသွားရရှာသည်။ သူမ၏ လက်များမှာ ကြိုးချည်ခံထားပြီး သူမ၏ ကိုယ်ခန္ဓာကိုလည်း ထိုင်ခုံနှင့် တွဲကပ်ထားသောကြောင့် စကားပင် ဆုံးအောင်မပြောလိုက်ရဘဲ လော့ဂ်အင်နေရာသို့ ပြန်ပို့ခံလိုက်ရလေသည်။

စကားပုံတစ်ခု ရှိသည်မဟုတ်ပါလား။ ယောကျာ်းကောင်းဟူသည် ပေါက်ကွဲမှုကို ဘယ်တော့မှ နောက်လှည့်မကြည့်တတ်။ ထို့ကြောင့် ရော့ကတ်ကို ပစ်လွှတ်ပြီးနောက် သျှီဝသည် ကိုယ်ကိုလှည့်ကာ ဖုန်းပုကြွယ်ရှိရာ လမ်းကြောင်းဆီသို့ ဦးတည်တော့သည်။

“ငါမင်းတို့ကို အကြိမ်ကြိမ် ပြောခဲ့ပြီးသားပဲ”

သျှီဝသည် နောက်ဆုံးတွင် သွေးဆာနေသော အခြေအနေသို့ ရောက်ရှိသွားပြီ ဖြစ်၏။

“ငါက သူတို့ဘက်က မဟုတ်ပါဘူးလို့”

ထိုခဏတွင် ဆွဲငင်အားမဲ့ထိတွေ့မှု၏ သက်ရောက်မှုများ ကုန်ဆုံးသွားပြီဖြစ်ရာ ဖုန်းပုကြွယ်သည် ကောင်းကင်ထက်မှ လျင်မြန်စွာ အောက်သို့ ပြုတ်ကျလာနေ၏။

သျှီဝသည် ကျည်ထည့်ခြင်း၊ ချိန်ရွယ်ခြင်းနှင့် ပစ်ခတ်ခြင်းတို့ကို တစ်ဆက်တည်း ပြုလုပ်လိုက်သည်။ ဟီးရိုးများသည် အစောပိုင်းက သူ၏ ရက်စက်လှသော လုပ်ရပ်ကြောင့် အံ့အားသင့်နေကြဆဲ အချိန်မှာပင် နောက်ထပ်ရော့ကတ်တစ်ခု ပြေးထွက်သွားပြန်ပြီ ဖြစ်သည်။

ရော့ကတ်သည် အဖြူရောင်မီးခိုးတန်းကြီးကို ချန်ရစ်ခဲ့ပြီး လေထဲတွင် ရှည်လျားကျဉ်းမြောင်းသော မျဉ်းကွေးကြီးတစ်ခုကို ဖန်တီးလိုက်သည်။ လရောင်အောက်တွင် ၎င်းသည် ညကောင်းကင်ဆီသို့ ပျံတက်သွားပြီး လူတိုင်း၏ မျက်စိရှေ့မှာပင် သွေးအေးသံချပ်ကာဝတ်စုံပေါ်သို့ တည့်တည့်မတ်မတ် သွားရောက်ထိမှန်တော့သည်…။

All Chapters