← Chapters

အခန်း ၂၈၆

Vol. 29 Ch. 286

အခန်း ၂၈၆

Vol. 29 Ch. 286

အခန်း (၂၈၆) ဝတ်ရုံလုပွဲ - ၂၈

“ဆေ့ဂျ်… ကြားရလား ဆေ့ဂျ်…”

ဒီမီယံသည် စကားပြောစက်ထဲသို့ အကြိမ်အနည်းငယ် လှမ်းခေါ်လိုက်သော်လည်း မည်သည့်တုံ့ပြန်မှုမျှ မရှိချေ။ သူ တွေးလိုက်မိသည်။

“ငါ့စကားပြောစက်က ပျက်နေတာလား”

“ဒီမီယံ”

ရုတ်တရက် အခြားတစ်ဖက်မှ နိုက်ဝင်း၏ အသံ ထွက်ပေါ်လာခဲ့သည်။

“ဟေး… ဘာဖြစ်တာလဲ ဒစ်ခ်၊ ဆေ့ဂျ်က ဘယ်ရောက်နေတာလဲ”

ဒီမီယံက လှမ်းမေးလိုက်သည်။

“တစ်ယောက်ယောက်က လင်းနို့ဂူကို တိုက်ခိုက်သွားတယ်”

နိုက်ဝင်းက ပြန်ဖြေလိုက်သည်။

“ဘာ”

ဒီမီယံသာမက သူ့ဘေးတွင်ရှိနေပြီး ထိုစကားကို ကြားလိုက်ရသည့် နောက်လိုက်မလေးပါ အလွန် တုန်လှုပ်ခြောက်ခြားသွားရသည်။

“စိတ်မပူပါနဲ့၊ ဆေ့ဂျ်နဲ့ အဲဖရက်ဒ်တို့ နှစ်ယောက်စလုံး ဘာမှမဖြစ်ပါဘူး၊ သူတို့ကို ကြိုးနဲ့တုတ်ထားရုံတင်ပါ”

နိုက်ဝင်းက ဆိုသည်။

“လင်းနို့ဂူအခြေအနေက ဘယ်လိုလဲ၊ ဘယ်လောက် ပျက်စီးသွားလဲ”

ဒီမီယံက ဆက်မေး၏။

နိုက်ဝင်းသည် စက္ကန့်အနည်းငယ်မျှ တုံ့ဆိုင်းနေပြီးမှ ပြန်ဖြေလိုက်သည်။

“အခုထိတော့ တစ်ဖက်လူက သိပ်ပြီးတော့ ဖျက်ဆီးသွားပုံ မရဘူး၊ ငါ့ကိရိယာတွေနဲ့ စစ်ဆေးကြည့်သလောက်တော့ ဘာဗုံး ဒါမှမဟုတ် ဘာနားထောင်တဲ့ ကိရိယာမှ ရှာမတွေ့သေးဘူး”

သူ စကားရပ်လိုက်ပြီး အနည်းငယ် ထူးဆန်းသော လေသံဖြင့် ဆက်ပြောသည်။

“ဒါပေမဲ့… အဲဒီလူက လင်းနို့ဝတ်စုံ (Batsuit) တစ်ခုလုံးကို ခိုးသွားတယ်၊ ပြီးတော့… ဘရုစ်ရဲ့ ဝတ်ရုံကိုလည်း ယူသွားတယ် (ဒါ့ခ်ဆိုက်နဲ့အတူ သေဆုံးသွားခဲ့ပြီးနောက် စူပါမင်းနဲ့ ဝမ်းဒါးဝူးမန်း(Wonder Woman)တို့က ဘက်မန်းမသေဆုံးမီက ဝတ်ဆင်ခဲ့သော ဝတ်ရုံကို လင်းနို့ဂူထံ ပြန်လည်ပေးအပ်ခဲ့ခြင်း ဖြစ်သည်၊ နိုက်ဝင်းက ၎င်းကို ရည်ညွှန်းခြင်း ဖြစ်သည်)။”

“အဲဒါကို ဘယ်သူလုပ်လဲဆိုတာ မင်းသိလား”

ဒီမီယံက မေးလိုက်သည်။

“အခြားဘယ်သူ ရှိဦးမှာလဲ၊ သဘာဝအတိုင်း တခြားကမ္ဘာက လာတဲ့ခရီးသွားပဲပေါ့”

နိုက်ဝင်းက ပြန်ဖြေကြားလိုက်သည်။

“ငါတို့ဘက်က ကူညီပေးနိုင်တာမျိုး ရှိလား”

ဒီမီယံက မေးသည်။

“လောလောဆယ်တော့ ဘာမှမရှိသေးဘူး”

နိုက်ဝင်းက ဆိုသည်။

“မင်းတို့ဘက်က အခြေအနေကရော ဘယ်လိုလဲ”

“အိုး… ငါတို့ဘက်က အခြေအနေက ကောင်းသလား ဆိုးသလားတော့ ငါလည်း မသိတော့ဘူး”

ဒီမီယံက ပြန်ဖြေလိုက်သည်။

“အဲဒီအနောနီးမတ်ကောင်က ကျောက်ပြားဝိုင်းကို ထိန်းချုပ်ထားတဲ့ တခြားကမ္ဘာက ခရီးသွားနဲ့ တိုက်ခိုက်နေကြတာ”

သူသည် သူ့စကားလုံး၏ နောက်ဆုံးအသံထွက်ကို အနည်းငယ် ဆွဲလိုက်ပြီး “သူတို့က စူပါပါဝါရှိတဲ့ ရာဇဝတ်ကောင်တွေနဲ့ တူတယ်၊ ပြီးတော့ ရင်ဆိုင်ရတာ အတော်လေး ခက်တယ်၊ ငါတို့က အကူညီတောင်းဖို့ Justice Lague ဆက်သွယ်ရမလား စဉ်းစားနေတာ”

“မဖြစ်မနေ လိုအပ်တာမျိုး မဟုတ်ရင် အခြားဟီးရိုးတွေကို လှမ်းမခေါ်နဲ့ဦး”

နိုက်ဝင်းက ဆိုသည်။

“ငါ ဒီဘက်မှာ အစီအစဉ်တွေ လုပ်လိုက်ဦးမယ်၊ သူတို့ မကြာခင်မှာ မင်းတို့ဆီ ကူညီဖို့ ရောက်လာကြလိမ့်မယ်၊ အဲဒီအချိန်အထိတော့… သူတို့ကိုပဲ ဆက်တိုက်ခိုင်းထားလိုက်”

“နားလည်ပြီ”

…

အခြားတစ်ဖက်တွင်မူ သျှီဝနှင့် ဖုန်းပုကြွယ်တို့၏ သူသေကိုယ်သေတိုက်ပွဲမှာလည်း အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

“ဟမ့်… နောက်ဆုံးတော့ အဲဒါကို ဆက်မထိန်းထားနိုင်တော့ဘူး မဟုတ်လား”

သျှီဝသည် ဖုန်းပုကြွယ်၏ ခန္ဓာကိုယ်ပတ်လည်ရှိ မှိန်ဖျော့ဖျော့ အနီရောင်အလင်းတန်းများ ပျောက်ကွယ်သွားသည်ကို သတိထားမိလိုက်သည်။ ၎င်းက သူ၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်ကို မြှင့်တင်ရန်အတွက် အသုံးပြုသည့် ဆက်တိုက်သုံးစကေး ရပ်တန့်သွားခြင်းကို ဖော်ပြနေခြင်း ဖြစ်၏။

“လုံးဝ ရပ်တန့်ရမယ့် အဆင့်အထိတော့ မရောက်သေးပါဘူး”

ဖုန်းပုကြွယ်သည် သျှီဝက ခန္ဓာကိုယ်မြင့်တင်ခြင်းအတတ်ကို ရည်ညွှန်းခြင်းဖြစ်ကြောင်း သဘာဝအတိုင်း သိရှိထားသည်။ သူက ပြုံးလိုက်ပြီး ဆိုသည်။

“အဲဒါက… ငါ့အနေနဲ့ အဲဒီတိုက်ကွက်ကို ထပ်အသုံးပြုဖို့ မလိုတော့ဘူးလို့ ထင်လို့ပါ”

“အဲဒီလိုလား”

သျှီဝက ပြောလိုက်ပြီးနောက် နောက်ထပ်ပေါင်းစပ်တိုက်ကွက်တစ်ခုကို ထုတ်လွှတ်လိုက်ပြန်သည်။

“မင်းရဲ့ ပြင်းထန်တဲ့ ဆက်တိုက်တိုက်ခိုက်မှုတွေအတွက် ငါ့အနေနဲ့ မင်းကို ကျေးဇူးတင်ရတော့မှာပဲ”

ဖုန်းပုကြွယ်က ရှောင်တိမ်းရန် နောက်ဆုတ်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။

“အဲဒါက ငါ့ကို ဒီလိုအချိန်တိုလေးအတွင်း ဒီစွမ်းရည်အသစ်နဲ့ အသားကျသွားစေခဲ့လို့လေ”

ထို့နောက် သူသည် ရုတ်တရက် ပြိုင်ဘက်၏ နောက်ကျောသို့ လျှပ်တပြက် ရောက်ရှိသွား၏။

“အခုဆို ငါ ဒီတိုက်ပွဲရဲ့ စည်းချက်ကို ကျွမ်းကျင်သွားပြီ၊ ငါ့အတွက် အဲဒီစကေးကို မလိုအပ်တော့ဘူး”

“စွမ်းရည်အသစ် ဟုတ်လား”

သျှီဝက ရယ်မောလိုက်သည်။

“ဟမ့်… ဟာသပဲ၊ မင်းက ဘယ်ကိရိယာ၊ ဘယ်စကေး ဒါမှမဟုတ် ဘယ်စွမ်းရည်မြှင့်ဆေးမှ ရထားတာ မဟုတ်ဘူး၊ မင်း ဒီတိုက်ပွဲအတွင်းမှာ ဘယ်လိုစွမ်းရည်မျိုးကို ရသွားခဲ့တာလဲ”

သူသည် နောက်ထပ် ဝှေ့ယမ်းကန်ချက်တစ်ခုကို အလျားလိုက် ရိုက်ချလိုက်ပြန်သည်။

“မင်းက ဂိမ်းဆော့နေရင်းနဲ့ သိုင်းပညာတစ်ခုခုကို ရုတ်တရက် နားလည်သဘောပေါက်သွားတာလို့ ငါ့ကို ပြောချင်တာလား”

“ငါ မင်းကို ပြောပြရင်တောင် မင်းနားလည်နိုင်မှာ မဟုတ်ပါဘူး”

ဖုန်းပုကြွယ်သည် သူ့ခေါင်းကို အနည်းငယ်လှည့်လိုက်ပြီး သူ့မျက်စိရှေ့မှ ဖြတ်သန်းသွားသော ခြေထောက်ကို အားမလိုအားမရ ဖြစ်နေသည့် အကြည့်များဖြင့် ကြည့်ကာ ဆိုလိုက်သည်။

“မင်း ဂိမ်းလော့ဂ်အင်နေရာကို ပြန်ရောက်သွားတဲ့အခါမှပဲ ဖြည်းဖြည်းချင်း စဉ်းစားကြည့်လိုက်တော့”

သူသည် အမှန်တကယ်ပင် သျှီဝ၏ ခြေကျင်းဝတ်ကို ဖမ်းဆွဲလိုက်ပြီး တစ်ဖက်လူ၏ အရှိန်ကို အသုံးချ၍ လွှဲရိုက်ပစ်လိုက်ပြီး ၎င်းအား လမ်းမီးတိုင်တစ်ခုဆီသို့ လှမ်းပစ်လိုက်တော့သည်။

ဘုန်း။

သျှီဝ၏ ကျောပြင်မှာ လမ်းမီးတိုင်နှင့် ပြင်းထန်စွာ ရိုက်မိသွားလေသည်။ သူသည် ထိုထူထဲလှသော သံတိုင်ကို တိုက်မိပြီး နှစ်ပိုင်းကျိုးသွားစေခဲ့သည်။ သူ မည်မျှနာကျင်နေရသည်ကို သူကိုယ်တိုင်သာ သိပေလိမ့်မည်။ သူ၏ တစ်ခုတည်းသော စိတ်သက်သာရာရမှုမှာ တိုက်မိချိန်အတွင်း သူ၏ ကိုယ်ဟန်အနေအထား မှန်ကန်နေခြင်းနှင့် သူ၏ ချပ်ဝတ်တန်ဆာက သူ့ခန္ဓာကိုယ်အတွက် အကောင်းဆုံး ကာကွယ်မှုကို ပေးစွမ်းနိုင်ခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူ့ကျောရိုးက ကျိုးကြေသွားခြင်း မရှိချေ။

“ဒါက စိတ်ဝိညာဉ်ရည်ရွယ်ချက်လား…”

ဖုန်းပုကြွယ် စိတ်ထဲမှ ရေရွတ်လိုက်မိသည်။ သူ့ခံစားချက်များက ရှုပ်ထွေးနေရသည်။သူသည် အစောပိုင်းက အဆင့် ၂၈ ခုစလုံးမှာ အလကားဖြစ်နေခဲ့ရသလို့ ခံစားလိုက်ရခြင်းကြောင့် ဖြစ်သည်။

“တကယ်လို့ ငါဒါကို စောစောစီးစီး နားလည်ခဲ့မယ်ဆိုရင် ဂိမ်းမန်နေဂျာ (GM) တစ်ယောက်ကိုတောင် သတ်ပစ်နိုင်လောက်တယ်…”

“မင်း…”

သျှီဝသည် နောက်တစ်ကြိမ် ပြန်ထရပ်လိုက်သည်။ ကျောက်ပြားဝိုင်း ခြောက်ချပ်က သူ့ပတ်ပတ်လည်တွင် စုစည်းသွား၏။ သူသည် သတိမထားမိဘဲ ခံစစ်ပုံစံသို့ ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။

“မင်းက အဆင့်လေးနေရာမှာ ရှိနေတဲ့ အဲဒီအမည်မသိကောင်တော့ မဟုတ်ပါဘူးနော်…”

“မဟုတ်ပါဘူး”

ဖုန်းပုကြွယ်သည် ရှေ့သို့လှမ်းတက်ရင်း အရင်ကနှင့် မတူညီစွာ ပြန်ဖြေလိုက်လေသည်။

သျှီဝသည်လည်း ငြိမ်ခံမနေပါချေ။ ကျောက်ပြားဝိုင်းခြောက်ချပ် ပစ်ခတ်လိုက်ပြီး အလင်းတန်း ၁၈ ခုက ဖုန်းပုကြွယ်အား ဝါးမြိုရန်အတွက် ဧရာမ ပိုက်ကွန်ကြီးတစ်ခုအဖြစ် ယှက်စပ်သွားလေသည်။

“ငါ မင်းကို စိတ်ဝင်စားစရာတစ်ခု ပြပေးမယ်…”

ဖုန်းပုကြွယ် ပြောလိုက်ပြီး အမှန်တကယ်ပင် အလင်းတန်း အကာအကွယ်တံတိုင်းထဲသို့ ခုန်ဝင်လိုက်တော့သည်။

စက္ကန့်ပိုင်းမျှသော အချိန်အတွင်း မြည်ဟည်းသံများ ထွက်ပေါ်လာပြီး ဖုန်းပုကြွယ်၏ ပတ်ပတ်လည်တွင် စူးရှတောက်ပသော ပေါက်ကွဲမှုများစွာ ဖြစ်ပေါ်သွားလေသည်။

သျှီဝအနေဖြင့် သူ့ပြိုင်ဘက်၏ လှုပ်ရှားမှုများကိုပင် မမြင်တွေ့လိုက်ရချေ။ သူ့အမြင်အာရုံအတွင်း၌ ဖုန်းပုကြွယ်က သူ့ကိုယ်သူ ကာကွယ်ရန် အသုံးပြုနေသည့် သူ့လက်များ၏ ဝေဝေဝါးဝါး ပုံရိပ်များကိုသာ မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။

အလင်းတန်း ၁၈ ချက်၏ ပြင်းထန်လှသော ပစ်ခတ်မှုနှင့် ရင်ဆိုင်ရချိန်တွင် ဖုန်းပုကြွယ်သည် တစ်နည်းနည်းဖြင့် ဤမျှအံ့ဩဖွယ်ကောင်းလှသော အလင်းတန်းကာကွယ်မှုကို ထုတ်လွှတ်နိုင်ခဲ့ခြင်း ဖြစ်၏။

တိုက်ခိုက်မှုအားလုံးကို လုံးဝချေဖျက်ခံလိုက်ရပြီးမှသာ သျှီဝသည် ဖုန်းပုကြွယ်၏ လက်တစ်ဖက်စီ၏ လက်ညှိုးနှင့် လက်ခလယ်ကြားတွင် တောက်ပနေသော သေမင်းဖဲချပ်တစ်ချပ်စီ ကိုင်ဆောင်ထားသည်ကို မြင်တွေ့လိုက်ရတော့သည်။

“မင်းက ကောင်းကင်ဘုံကခုန်ခြင်း သဲနာရီရဲ့ အလင်းတန်းတွေကို ဖျက်ဆီးပစ်ဖို့ ဖဲချပ်နှစ်ချပ်တည်း သုံးလိုက်တာလား”

သျှီဝက အံ့အားသင့်စွာ အော်ဟစ်လိုက်မိသည်။

“ဒါက အကျိုးအကြောင်းမကျတာမျိုးလား”

ဖုန်းပုကြွယ်က ဆိုသည်။

“အမှန်တော့ မင်းလည်း အဲဒါကို လုပ်နိုင်ပါတယ်၊ အမြန်နူန်းပိုင်းနဲ့ ပြောရရင် ငါက အခု မင်းအဆင့်ရဲ့ ၄၀ ရာခိုင်နှုန်းလောက်မှာပဲ ရှိပါသေးတယ်”

“ပေါက်ကရတွေ…”

သျှီဝကမူ သူ့စကားကို သေချာပေါက် မယုံကြည်ပါချေ။

“မင်း ငါ့စကားကို မယုံတာကလည်း အကြောင်းရှိပါတယ်၊ ဒါပေမဲ့… ကျေးဇူးပြုပြီး ဒါကို စိတ်ကူးကြည့်လိုက်ပါ”

ဖုန်းပုကြွယ် ပြုံးလိုက်သည်။

“ဥပမာ စနစ်က ဒီအလင်းတန်းတိုက်ခိုက်မှုကို ဘာအမှားအယွင်းမှမရှိဘဲ ပြီးပြည့်စုံစွာ ပုံတူကူးချနိုင်တယ်လို့ သဘောထားလိုက်ပါ၊ ပြီးတော့ မင်းမှာ ငါခုနက လုပ်ခဲ့တဲ့ လှုပ်ရှားမှုတွေကို ကြိုးစားကြည့်ဖို့ အခွင့်အရေးဆယ်ကြိမ် ရှိတယ်ပေါ့”

သူသည် တစ်ဖက်လူကို တွေးတောရန် အချိန်ပေးသည့်အနေဖြင့် နှစ်စက္ကန့်မျှ စကားရပ်လိုက်သည်။

“မင်းရဲ့ အောင်မြင်မှု အခွင့်အလမ်းက အနည်းငယ် တိုးတက်လာလိမ့်မယ်လို့ မင်းထင်လား”

သျှီဝသည် အနည်းငယ် အံ့အားသင့်သွားရသည်။

“ဆယ်ကြိမ်ဆိုတာတော့ လုံးဝ မလုံလောက်သေးဘူး”

“မှန်တာပေါ့၊ ဆယ်ကြိမ်ဆိုတာ မလုံလောက်ဘူး၊ ဒါပေမဲ့ အကြိမ်တစ်ရာဆိုရင်ရော၊ အကြိမ်တစ်ထောင်ဆိုရင်ရော”

ဖုန်းပုကြွယ်က ပြောသည်။

“သီအိုရီအရ မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာအခြေအနေက ဒီလှုပ်ရှားမှုတွေကို ပြီးမြောက်အောင် ထောက်ပံ့ပေးနိုင်သရွေ့တော့ အကြိမ်ပေါင်းများစွာ ကြိုးစားကြည့်ပြီးရင် နောက်ဆုံးမှာ အောင်မြင်တဲ့တစ်ကြိမ်တော့ သေချာပေါက် ရှိလာမှာပဲ”

“အဲဒါကတော့ အကြိမ်ပေါင်းများစွာ ကြိုးစားကြည့်တဲ့ ဖြစ်စဉ်အတွင်းမှာ ဒီတိုက်ခိုက်မှုကို ရင်ဆိုင်ရမယ့် ငါ့ရဲ့ ကျွမ်းကျင်မှုက တိုးတက်လာမှာမို့လေ၊ ငါက အလင်းတန်းရဲ့ ဦးတည်ချက်နဲ့ အချိန်ကို တဖြည်းဖြည်း မှတ်မိလာပြီး သူ့အရှိန်ကို အသားကျသွားမှာ၊ အဲဒီလိုဆိုရင်တောင်မှ အောင်မြင်ဖို့အတွက် ကံတရားတချို့တော့ လိုဦးမှာပဲ”

သျှီဝက ဖုန်းပုကြွယ်၏ အတွေးအတိုင်း ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ မင်းက ပထမဆုံးအကြိမ်မှာတင် အောင်မြင်သွားတာလေ၊ အဲဒါကို မင်း ဘယ်လိုရှင်းပြမလဲ”

“ပထမဆုံးအနေနဲ့ မင်းက ဒီအရာကို ဖြစ်နိုင်ခြေ ရှုထောင့်ကနေ ကြည့်ရမယ်၊ (၀) ဆိုတာက ဘာဖြစ်စဉ်မှ မရှိတာကို ပြပြီး (၁) ဆိုတာက ဖြစ်စဉ်တစ်ခုကို ပြတယ်၊ ပြီးတော့ (၀) ထက်ကြီးပြီး (၁) ထက်ငယ်တဲ့ အခြေအနေတွေကတော့ ငါခုနက လုပ်ခဲ့တာမျိုးပေါ့…”

ဖုန်းပုကြွယ်က ပြန်ဖြေလိုက်သည်။

“ဖြစ်နိုင်ခြေနည်းတဲ့ ဖြစ်စဉ်တွေက သေချာပေါက် ဖြစ်ပေါ်လာလိမ့်မယ်ဆိုတဲ့ မူအရတော့ ကျပန်းဖြစ်စဉ်တစ်ခုကို မရေမတွက်နိုင်အောင် အကြိမ်ပေါင်းများစွာ ထပ်ခါတလဲလဲ ပြုလုပ်ပြီးတဲ့နောက်မှာ သုညမဟုတ်တဲ့ ဖြစ်နိုင်ခြေရှိတဲ့ ဘယ်ဖြစ်စဉ်မဆို သေချာပေါက် ဖြစ်ပျက်လာမှာပဲ”

သူသည် သူ့နားထင်ကို လက်ညှိုးတစ်ချောင်းဖြင့် ခပ်ဖွဖွ တောက်လိုက်သည်။

“ငါလုပ်ခဲ့တာကတော့ အဲဒီအကြိမ်တစ်ရာ သို့မဟုတ် အကြိမ်တစ်ထောင် ကြိုးစားကြည့်တဲ့ ဖြစ်စဉ်ကို စိတ်ထဲမှာ ကြိုတင်ပုံဖော်လိုက်တာပဲ”

“မင်း ရှင်းမပြချင်ဘူးဆိုရင်လည်း ရပါတယ်”

သျှီဝက ဆိုသည်။

“ဒါပေမဲ့ မင်းက ပိုပိုပြီးတော့ အဓိပ္ပာယ်မရှိတာတွေ ပြောလာပြီ…”

“မင်း နားမလည်သေးဘူးလား၊ ဒီလိုတွက်ချက်မှုက စက္ကန့်ပိုင်းအတွင်းမှာ ဖြစ်ပျက်သွားတာ၊ လူသားဦးနှောက်က ကမ္ဘာပေါ်က ဘယ်ကွန်ပျူတာနဲ့မှ နှိုင်းယှဉ်လို့မရနိုင်ဘူး”

ဖုန်းပုကြွယ်သည် သူ့လက်နှစ်ဖက်ကို ဖြန့်၍ သူ့မျက်လုံးများက ပတ်ပတ်လည်ကို စစ်ဆေးအကဲခတ်လိုက်သည်။

“မမေ့နဲ့ဦး၊ ငါတို့က အတုအယောင် ပုံရိပ်ယောင်ကမ္ဘာတစ်ခုထဲမှာ ရှိနေတာကို”

သူ သူ့ရင်ဘတ်ကို ပုတ်လိုက်လေသည်။

“ငါတို့ရဲ့ အခန်းကဏ္ဍက ဒေတာတွေ သက်သက်ပဲ၊ ငါ အခုမှ သဘောပေါက်လိုက်တာက… သည်းထိတ်ရင်ဖိုသုခဘုံထဲက အေအိုင်က အရမ်းကို ပုံမှန်မဟုတ်ဘူး… ဒီဂိမ်းက နယ်ပယ်တစ်ခုခုကို ကျော်လွန်သွားခဲ့ပြီ၊ ပြီးတော့ ဒါက တခြားအာရုံကြောချိတ်ဆက်မှုဂိမ်းတွေနဲ့ အရမ်းကွာခြားတယ်၊ စနစ်က ငါတို့ရဲ့ ဦးနှောက်ကို ‘ကန့်သတ်’ မထားတဲ့အပြင် အဲ့ဒါကို လှုံ့ဆော်ပေးပြီး ပိုဖွံ့ဖြိုးလာအောင် လုပ်ပေးတဲ့ သဘောရှိတယ်”

“မင်း ရုပ်ရှင်တွေ အကြည့်များသွားပြီ ထင်တယ်…”

သျှီဝက ကြားဖြတ်ပြောလိုက်သည်။ သူသည် ဖုန်းပုကြွယ်နှင့် စကားအနည်းငယ် ဆက်လက်ပြောဆိုနေရန် ဝန်မလေးချေ။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် သူအောက်စည်းရောက်နေသောကြောင့် ဖြစ်သည်။ သူသည် ဤအချိန်ကို အသုံးချ၍ တန်ပြန်ဗျူဟာတစ်ခုကို တွေးတောနိုင်သလို ကျောက်ပြားဝိုင်းမှ အလင်းတန်းတိုက်ခိုက်မှုကိုလည်း ကြာချိန် ပြန်ပြည့်အောင် ပြုလုပ်နိုင်မည် ဖြစ်သည်။

“ဟူး… တချို့အရာတွေကိုတော့ ကိုယ်ကိုယ်တိုင် ‘ရုတ်တရက် အလင်းပွင့်’ မှပဲ နားလည်နိုင်တာ၊ တခြားလူတွေက ဘယ်လောက်ပဲ ရှင်းပြရှင်းပြ သင်ပေးလို့ မရနိုင်ပါဘူး”

ဖုန်းပုကြွယ်က သက်ပြင်းချလိုက်သည်။

“ငါ့အနေနဲ့ ဒီလိုပဲ ပြောလိုက်မယ်၊ အခုအချိန်မှာ မင်းနဲ့ငါ့ကြားက ကွာဟချက်က စွမ်းအားအစစ်အမှန်ကြောင့် မဟုတ်ဘူး၊ ငါတို့ရဲ့ ‘နားလည်မှုအဆင့်’ ကြောင့်ပဲ ဖြစ်တယ်”

“မင်း နောက်ထပ်ပြောမယ့် စကားက… မင်းမြင်ရတဲ့ကမ္ဘာကြီးတစ်ခုလုံးက အစိမ်းရောင်ဒေတာစီးကြောင်းတွေ ဖြစ်ပြီး မင်းပျံသန်းနိုင်တယ်လို့ ပြောဦးမှာလား”

သျှီဝက စနောက်လိုက်သည်။

“ဒါက အစပဲ ရှိသေးတာပါ”

ဖုန်းပုကြွယ်သည် တွေးတောဆင်ခြင်၍ အလေးအနက် ပြန်ဖြေကြားလိုက်သည်။

“ပျံသန်းဖို့ဆိုတာကတော့ အချိန်တစ်ခုပဲ လိုတာပါ”

“ငါ့အနေနဲ့ မင်းကို အခုချက်ချင်း ဂိမ်းထဲကထွက်ပြီး စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုလုပ်ဖို့ အကြံပြုချင်တယ်…”

သျှီဝသည် ဤတစ်ကြိမ်တွင် တစ်ဖက်လူ၏ ဦးနှောက်တွင် ပြဿနာတစ်ခုခု ရှိနေပြီဟု အမှန်တကယ် တွေးတောမိသွားခြင်း ဖြစ်သည်။

“မလိုအပ်ပါဘူး၊ ငါ လွန်ခဲ့တဲ့ လအနည်းငယ်ကပဲ တစ်ခါ စစ်ဆေးခဲ့ပြီးသားပါ၊ ပြဿနာကြီးကြီးမားမားတော့ မရှိပါဘူး”

ဖုန်းပုကြွယ်က ချက်ချင်း ပြန်ဖြေလိုက်သည်။ သူသည် အမှန်အတိုင်း ပြောနေခြင်း ဖြစ်သည်။ သူဆေးရုံတက်နေရစဉ်အတွင်း သူ၏ ထူးဆန်းလှသောရောဂါကြောင့် ဆေးရုံက လုပ်ဆောင်နိုင်သမျှသော စစ်ဆေးမှုအားလုံးကို ခံခဲ့ရဖူးပေသည်။

“ကြီးမားတဲ့ ပြဿနာမရှိဘူးဆိုတော့… ပြဿနာတချို့တော့ ရှိနေတာပေါ့လေ ဟုတ်လား…”

သျှီဝ၏ တုန်လှုပ်ခြောက်ခြားမှုအဆင့်မှာ နောက်တစ်ကြိမ် လှုပ်ခတ်သွားရပြန်သည်။

“ဒါက မင်းနဲ့ သိပ်ဆိုင်ပုံမရပါဘူး၊ ငါတို့က အဲလောက်ကြီး ရင်းနှီးတာမှ မဟုတ်တာ”

ဖုန်းပုကြွယ်က ဆိုသည်။

“နတ်ဘုရားအားလုံးရဲ့ ခေါင်းဆောင်ဖြစ်တဲ့သူက ပေါက်ကရစကားတွေနဲ့ အချိန်ဆွဲဖို့ ကြိုးစားနေတာက ဘယ်လိုအပြုအမူလဲ”

သူသည် တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို အထင်အရှား မြင်တွေ့ထားခဲ့ပြီ ဖြစ်သည်။

သျှီဝလည်း အနည်းငယ်ဒေါသထွက်သွားပြီး ပြန်ဖြေလိုက်သည်။

“ဒါဆိုလည်း နောက်တစ်ကြိမ် ထပ်စမ်းကြည့်ကြတာပေါ့”

မည်သို့ပင်ဖြစ်စေ သူ့ကျောက်ပြားဝိုင်းမှာ အသုံးပြုရန်စောင့်ဆိုင်းချိန် ပြန်ပြည့်သွားပြီ ဖြစ်သည်။

“ဟွန်း… လုံးဝ ပျင်းစရာကောင်းလိုက်တာ”

ဖုန်းပုကြွယ် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ခြေလှမ်းများကို ရွှေ့ကာ ရှေ့သို့ ခုန်ဝင်လိုက်တော့သည်။

ယခုတွင်မူ အစ်ကိုကြွယ်သည် မလှုပ်ရှားမီမှာပင် သူ့စိတ်ထဲ၌ အစွမ်းအထက်ဆုံးလှုပ်ရှားမှုများကို ကြိုတင်စီစဉ်နိုင်စွမ်း ရှိနေပြီဖြစ်ရာ ၎င်းမှာ လက်ဖျစ်တစ်ချက်တီးရုံမျှ အချိန်သာကြာမြင့်ပြီး အလွန်တိကျစွာဖြင့် အကောင်အထည်ဖော်နိုင်ပေသည်။

ထို့ကြောင့် အလင်းတန်းများ၏ တားဆီးပိတ်ဆို့မှုမှာ အဓိပ္ပာယ်မရှိသော အရာတစ်ခု ဖြစ်သွားရချေပြီ။ လက်တွေ့တွင် သျှီဝ၏ ခုခံမှုမှာလည်း အချည်းနှီးသာ ဖြစ်၏။ အကယ်၍ သူ့တွင် စွမ်းအားနှင့် အမြန်နူန်းပိုင်း၌ သိသာသော အသာစီးရမှုမျိုး မရှိဘဲ အလွန်များပြားလှသော တိုက်ခိုက်ရေးစွမ်းရည်များ မရှိခဲ့ပါက သူသည် တိုက်ကွက် သုံးကွက်အတွင်း သေချာပေါက် ပြီးဆုံးသွားလိမ့်မည်ဖြစ်သည်။

စိတ်ဝိညာဉ်ရည်ရွယ်ချက်ကို အသားကျသွားပြီဖြစ်သဖြင့် ဖုန်းပုကြွယ်သည် ခံစစ်မှ တိုက်စစ်သို့ ပြောင်းလဲလိုက်ပြီး ဖဲချပ်နှစ်ချပ်ကို ကိုင်ဆောင်ကာ ဓားသွားများကဲ့သို့ ဝှေ့ယမ်း၍ တိုက်ကွက် ဆယ်ကွက်ကျော် ရင်ဆိုင်ပြီးနောက်တွင် သျှီဝထံမှ အသက်အမှတ်များ ကျဆင်းစေခဲ့ပြီး ၎င်းအား သတ်ဖြတ်နိုင်လိုက်တော့သည်။

သျှီဝ၏ အသက်အမှတ်မှာ သူ၏ တုန်လှုပ်ခြောက်ခြားနေသော မျက်ဝန်းများ၏ ရှေ့မှောက်တွင်ပင် ထိုးဆင်းသွားရသည်။ နောက်ထပ် တိုက်ခိုက်မှုအချို့ကို ထပ်မံခံရပြီးနောက် သူသည် အဖြူရောင် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ဇာတ်လမ်းအတွင်းမှ ထွက်ခွာသွားရတော့သည်။

All Chapters