← Chapters

အခန်း ၂၈၇

Vol. 29 Ch. 287

အခန်း ၂၈၇

Vol. 29 Ch. 287

အခန်း (၂၈၇) ဝတ်ရုံလုပွဲ - ၂၉

“ဆင့်လောင်းကြေးထပ်အပြီးမှာ ဒီကောင်လေးကလည်း အဲဒါကို နားလည်သဘောပေါက်သွားတာလား…”

စစ်ပွဲသည် လေထဲတွင် ပျံဝဲနေရင်း အောက်ခြေမီတာရာပေါင်းများစွာရှိ ဖုန်းပုကြွယ်ကို ငုံ့ကြည့်ကာ ပြောလိုက်သည်။

“ဟီးဟီးဟီး… မင်းက ရလဒ်ကို ဆုံးဖြတ်ပြီးသားလို့ ထင်နေတာလား”

ဝူဒီ၏ ညစ်ညမ်းသော ရယ်မောသံက သူ့ဘေးမှ ထွက်ပေါ်လာလေသည်။

စစ်ပွဲက သူ့ခေါင်းကို နောက်လှည့်၍ အမြဲတမ်း တလက်လက်တောက်နေသည့် မျက်မှန်နှင့် အနက်ရောင်ဝတ်စုံဝတ် အမျိုးသားကို ကြည့်ကာ ပြောလိုက်သည်။

“ဆင့်က ဘာဖြစ်လို့ ဒီသတ်ဖြတ်ခြင်းဂိမ်းကို စီစဉ်ခဲ့တာလဲဆိုတာ ငါ အခုမှပဲ နားလည်သွားတော့တယ်”

“သူက ငါ့ကို ကူညီနေတာလို့ မင်းထင်နေလား”

ဝူဒီက လှမ်းမေး၏။

“မဟုတ်လို့လား”

စစ်ပွဲက ပြန်မေးခွန်းထုတ်လိုက်သည်။

“ဆစ်ဒ်က သူ့တပည့်ပဲလေ၊ တကယ်လို့ ကူညီမယ်ဆိုရင်လည်း သူက ဆစ်ဒ်ရွေးချယ်ခဲ့တဲ့ လူကိုပဲ ကူညီသင့်တာပေါ့”

ဝူဒီက ရယ်မောလိုက်သည်။

“ဟီးဟီးဟီး… မင်း မှားသွားပြီ၊ ဆင့်က ငါ သူ့အကူအညီ မလိုဘူးဆိုတာကို အထင်အရှား သိထားပြီးသား”

သူ့လေသံက ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး လေးနက်သောအသံဖြင့် ဆက်ပြောသည်။

“ဒါ့အပြင်… အဆုံးသတ်မှာတော့ ဒီပွဲမှာ အနိုင်ရသူတစ်ယောက်ပဲ ရှိနိုင်တာလေ၊ ဘယ်သူ့ကိုပဲ ကူညီကူညီ အဆုံးသတ်မှာ ကိုယ်ကိုယ်ကိုယ်အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်တာပဲ”

“မင်းပြောတာလည်း ဟုတ်တယ်”

စစ်ပွဲက ပြန်ဖြေလိုက်သည်။

“ဒါပေမဲ့ အခုအချိန်မှာတော့ အရှေ့တိုင်း စကားပုံတစ်ခုနဲ့ ဖော်ပြရရင်… ‘အမြတ်လည်းရ၊ ဟန်လည်းပြ’ လို့ပဲ ပြောရလိမ့်မယ် ထင်တယ်”

“ဟီးဟီးဟီး… အမှန်ပဲ၊ ဓမ္မဓိဌာန်ကျကျပြောရမယ်ဆိုရင် ဖုန်းပုကြွယ်က မဟာအကျိုးအမြတ်ကြီး ရသွားတာပေါ့”

ဝူဒီက ယင်းကို မငြင်းသည့်အပြင် ပါးစပ်ကြီးအဖြဲသား ပြုံးလိုက်သေးသည်။

“ဒါပေမဲ့ ဒါက ဆင့်နဲ့ ဘာမှမသက်ဆိုင်ပါဘူး”

သူ ခဏရပ်လိုက်သည်။

“ဆင့်က ဒီသတ်ဖြတ်ခြင်းဂိမ်း မစခင်ကတည်းက ဖုန်းပုကြွယ်ဟာ စိတ်ဝိညာဉ်ရည်ရွယ်ချက်ကို နားလည်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်ဆိုတာ မသိခဲ့ဘူး။

ဖုန်းပုကြွယ်က အရမ်းပါရမီပါတဲ့ လူတစ်ယောက် ဖြစ်ပေမယ့် သူ့ရဲ့ ဉာဏ်ပညာကပဲ အတားအဆီးတစ်ခု ဖြစ်နေခဲ့တာ၊ ပြီးခဲ့တဲ့ ဂိမ်းတွေမှာ သူက တကယ့်မျှော်လင့်ချက်မဲ့တဲ့ အခြေအနေတွေနဲ့ သူသေကိုယ်သေတိုက်ပွဲတွေကို ကြုံတွေ့ရမယ့် အခွင့်အရေး ရှားပါးခဲ့တယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူက ပြဿနာတွေကို ဖြေရှင်းဖို့ နည်းဗျူဟာကိုပဲ အမြဲတမ်းသုံးလေ့ရှိပြီး တိုက်ပွဲရဲ့ အခက်အခဲကို လျှော့ချပစ်တာ ဒါမှမဟုတ် လုံးဝရှောင်တိမ်းပစ်လိုက်တာမျိုး လုပ်တတ်လို့ပဲ။

တကယ်လို့ သူသာ သိုင်းပညာအထူးပြု ကစားသမားတစ်ယောက်လို ကိုယ့်ထက် သန်မာတဲ့အရာတွေကို အမြဲတမ်း တန်ပြန်တိုက်ခိုက်ခဲ့မယ်ဆိုရင် ဆင့်ရွေးချယ်ခဲ့တဲ့ လူထက်တောင် စိတ်ဝိညာဉ်ရည်ရွယ်ချက်ကို စောစောစီးစီး နားလည်သွားနိုင်ခြေ ရှိတယ်”

“မင်းရဲ့ ဆိုလိုတာက… ငါရွေးချယ်ခဲ့တဲ့ လူက မင်းရွေးချယ်ခဲ့တဲ့ ကောင်လေးလောက် ပါရမီမပါဘူးလို့ ပြောချင်တာလား”

ထိုစကားကို ကြားပြီးနောက် စစ်ပွဲက မေးမြန်းလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဘာဖြစ်လို့လဲဆိုတော့ ခုနှစ်ထွေသတ်ဖြတ်ခြင်းမှာ သိုင်းပညာအထူးပြု ကစားသမားတစ်ဦး ဖြစ်သဖြင့် ဝူဒီ၏ စကားလုံးများက အလွန် နားဝင်ဆိုးလှသောကြောင့်ပင်။

“ဟီးဟီးဟီးဟီး… ဒါက သိသိသာသာကြီး မဟုတ်လား”

ဝူဒီ၏ ရယ်မောသံက ပိုမိုညစ်ညမ်းလာ၏။

“မင်းရွေးချယ်ခဲ့တဲ့ လူတင်မကဘူး၊ အခြားလူအားလုံးလည်း နားလည်သဘောပေါက်မှုပိုင်းမှာတော့ ဖုန်းပုကြွယ်ကို ယှဉ်နိုင်မှာ မဟုတ်ဘူး”

သူသည် ယခုအခါ ဖုန်းပုကြွယ်အပေါ် အမုန်းပွားစေရန် သွေးထိုးလှုံ့ဆော်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

“အစွမ်းထက်တဲ့ ပြိုင်ဘက်တွေကို တိုက်ခိုက်ရတာ၊ ကိုယ့်ရဲ့ အကန့်အသတ်ကို တွန်းပို့ရတာက စိတ်ဝိညာဉ်ရည်ရွယ်ချက်ကို နားလည်ဖို့ အခြေခံအခြေအနေပဲ၊ မင်းရွေးချယ်ခဲ့တဲ့ လူအများစုက သိုင်းပညာအထူးပြု ကစားသမားတွေ ဖြစ်ပြီး အဲဒီလိုအတွေ့အကြုံမျိုးတွေ အများကြီး ရှိခဲ့ကြတယ်၊ ပြီးတော့… အဲဒီလူတွေမှာ ‘ကြောက်ရွံ့မှု’ ဆိုတဲ့ အကူအညီလည်း ရှိသေးတယ်၊ ဒါပေမဲ့ ဖုန်းပုကြွယ်ကတော့ ဘာကြောက်ရွံ့မှုမှ မရှိဘဲ သူ့ရဲ့ စိတ်ဆန္ဒတစ်ခုတည်းအပေါ် အမှီပြုပြီး အဲဒီအတားအဆီးကို ဖြတ်ကျော်သွားခဲ့တာပဲ”

“ဟွန်း… မင်းကြွားချင်တယ်ဆိုရင်လည်း အခုပဲ ကြွားထားလိုက်စမ်းပါ”

စစ်ပွဲက ဆိုသည်။

“ငါ့ရဲ့ အမြင်ကတော့ ပြောင်းလဲမှာ မဟုတ်ပါဘူး၊ တိုက်ပွဲအတွင်းမှာ ခုနှစ်ထွေသတ်ဖြတ်ခြင်းက ‘ဝါးမြိုခြင်းသရဲရှောင်’ ကလွဲလို့ ဘယ်သူ့ကိုမှ ရှုံးနိမ့်လိမ့်မယ်လို့ ငါ မထင်ဘူး”

“ဟီးဟီးဟီး… ဒါဆိုလည်း စောင့်ကြည့်ကြတာပေါ့”

ဝူဒီက သူ့မျက်မှန်ကို ပင့်တင်လိုက်ပြီး “အိုး… ဒါနဲ့ ဆင့်ရဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီးတော့… ငါ မင်းကို အရိပ်အမြွက်တစ်ခု ပြောပြမယ်…”

သူက လျှို့ဝှက်ဆန်းကြယ် ဆိုလိုက်သည်။

“တစ်ခါတစ်လေမှာ အနိုင်ရဖို့အတွက် မင်းက ရှုံးနိမ့်မှုကို ခံယူရတတ်တယ်”

စစ်ပွဲသည် ဝူဒီကို စကားတစ်ခွန်းမှ မပြောဘဲ နောက်တစ်ကြိမ် လှမ်းကြည့်လိုက်သော်လည်း သူ၏ ဆိုလိုရင်းကို နားလည်သွားခဲ့ပြီ ဖြစ်သည်။

…

“ကောင်းပြီ၊ အနောနီးမတ်၊ မင်းတို့ တခြားကမ္ဘာက ခရီးသွားတွေကြားထဲမှာ ဘယ်လိုမျိုး မသင့်မြတ်စရာကိစ္စတွေ ဖြစ်ပျက်ခဲ့လဲဆိုတာ ငါမသိဘူး၊ သိလည်းမသိချင်ဘူး”

သျှီဝအဖြူရောင် အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီးနောက် စူပါဟီးရိုးသုံးဦးက ဖုန်းပုကြွယ်၏ ပတ်ပတ်လည်တွင် ဝိုင်းရံလိုက်ကြလေသည်။ ယခုတစ်ကြိမ်တွင် သေခြင်းတမန်တော်က သူ၏ အသံနက်ကြီးဖြင့် စတင်စကားပြောလိုက်ခြင်း ဖြစ်သည်။

“ဒါပေမဲ့ မင်းလုပ်ခဲ့တဲ့ လုပ်ရပ်တွေအတွက်တော့ သေချာပေါက် တန်ဖိုးတစ်ခု ပေးဆပ်ရလိမ့်မယ်။”

ဖုန်းပုကြွယ်သည် သူ၏ သက်လုံအမှတ်ကို စစ်ဆေးကြည့်လိုက်ရာ ၁၀၀ / ၂၈၀၀ သာ ကျန်တော့ကြောင်း တွေ့လိုက်ရသဖြင့် စိတ်ထဲမှ တွေးတောမိသည်။

‘စိတ်ဝိညာဉ်ရည်ရွယ်ချက်ရဲ့ အကူအညီနဲ့ တိုက်ပွဲအတွင်းမှာ လိုအပ်တဲ့သက်လုံကို အသေးစိတ် ထိန်းချုပ်နိုင်စွမ်း ရှိနေပြီ၊ မလိုအပ်တဲ့ လှုပ်ရှားမှုတွေကို ‘ရိုးရှင်းအောင်’ ပြုလုပ်လိုက်ရင် မူလက သက်လုံအမှတ် သုံးမှတ် ဒါမှမဟုတ် လေးမှတ်လောက်လိုတဲ့အရာတွေကို အခုဆို တစ်မှတ်တည်းနဲ့ ပြီးမြောက်အောင် လုပ်နိုင်တယ်။

ဒါပေမဲ့… အခု သူတို့က သုံးယောက်ရှိနေတာ၊ ဒီမီယံနဲ့ သူ့နောက်လိုက်ကတော့ သိပ်မသန်မာပါဘူး၊ သူတို့တစ်ဦးချင်းစီရဲ့ တိုက်ခိုက်ရေးစွမ်းရည်က သျှီဝအောက်မှာပဲ ရှိတယ်၊ ဒါပေမဲ့ သေခြင်းတမန်တော်ကတော့… သာမန်တိုက်ခိုက်မှုပိုင်းမှာ ဆိုရင် သူက မူလဘက်မန်းထက်တောင် ပိုရက်စက်နိုင်လောက်တယ်၊ နိုက်ဝင်းနဲ့ တော့ဒ်တို့တောင် သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။

ဒါ့အပြင် သူတို့သုံးယောက်လုံးက ရုပ်ပြဇတ်လမ်းထဲက အဓိကဇာတ်ကောင်တွေဆိုတော့ တကယ်လို့ ငါ့ရဲ့ ကောက်ချက်သာ မှန်မယ်ဆိုရင်… ဒီလို အမေရိကန်ကာတွန်းကမ္ဘာမျိုးမှာ အဓိက ဇာတ်ကောင်တစ်ယောက်အပေါ် မကောင်းတဲ့ သတ်ဖြတ်လိုစိတ်မျိုး တကယ်ထားလိုက်မယ်ဆိုရင် မိုးကြိုးပစ်တာတောင် ခံရနိုင်တယ်…’

“ဒါတေ့ ဒုက္ခပဲ…”

ဖုန်းပုကြွယ် ရေရွတ်လိုက်မိသည်။

“သက်လုံအမှတ် ၁၀၀ ဆိုတာက ထွက်ပြေးဖို့အတွက်တောင် လောက်ချင်မှလောက်မှာ…”

ရုတ်တရက် ဝှစ်ခနဲ မြည်သံနှင့်အတူ

တစ်ပြိုင်နက် ဖြစ်ပေါ်လာသည့် လေတိုးသံသုံးချက် ထွက်ပေါ်လာပြီး အနက်ရောင်အရိပ်သုံးခုက ညဥ့်ကောင်းကင်ယံကို ဖြတ်သန်းသွားလေသည်။

နောက်လိုက်မလေးနှင့် ဒီမီယံတို့မှာ အချိန်မီ မရှောင်တိမ်းနိုင်ခဲ့သဖြင့် နှစ်ဦးလုံး ထိမှန်ခံလိုက်ရပြီး သေခြင်းတမန်တော် တစ်ဦးတည်းသာ ဘေးသို့ လွှားခနဲခုန်လိုက်သဖြင့် ကပ်သီလေး ရှောင်တိမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

“လင်းနို့မြှားတိုတွေလား”

ဟီးရိုးသုံးဦးလုံး ထိတ်လန့်သွားကြသည်။

ဤလင်းနို့မြှားတိုများမှာ ပြုပြင်မွမ်းမံထားခြင်း ဖြစ်ပြီး ကြိုးများဖြင့် မြှားတိုတစ်ခုချင်းစီကို ချိတ်ဆက်ထားကာ ချိတ်သေနတ်မှ ပစ်ခတ်ရခြင်း ဖြစ်သည်။ ဤအရာများ၏ သဘောတရားမှာ မြှားတို့နှစ်ခုက လူတစ်ယောက်၏ ဘေးတစ်ဖက်တစ်ချက်မှ ဖြတ်သန်းသွားပြီး ကြိုးများ ခန္ဓာကိုယ်နှင့် ထိတွေ့မိသွားချိန်တွင် ထိုမြှားတိုနှစ်ခုက မတူညီသော ဦးတည်ချက်နှစ်ခုအတိုင်း ဝိုင်းပတ်သွားကာ လူတစ်ဦးအား စက္ကန့်ပိုင်းအတွင်း တုတ်နှောင်ပစ်လိုက်ခြင်း ဖြစ်သည်။

ဒီမီယံနှင့် နောက်လိုက်မလေးတို့သည် ဒဏ်ရာအပြင်းအထန် မရရှိခဲ့သော်လည်း သူတို့၏ ခန္ဓာကိုယ်များမှာ ယာယီတုတ်နှောင်ခံလိုက်ရပြီး ထိုအရှိန်ကြောင့် လဲပြိုသွားကာ လမ်းမပေါ်သို့ ပြုတ်ကျသွားကြသည်။

“ဒီဘက်”

အဆောက်အအုံတစ်ခု အမြင့်တစ်နေရာမှ အမျိုးသားတစ်ဦး၏ အသံ ထွက်ပေါ်လာ၏။

ဖုန်းပုကြွယ်သည် ယင်းမှာ သူ့ကို ရည်ညွှန်းနေခြင်းဖြစ်ကြောင်း သိလိုက်သည်။ ထိုလူက မည်သူဖြစ်ကြောင်း သို့မဟုတ် ၎င်းက ထောင်ချောက်တစ်ခု ဖြစ်နေမလားကို သူမသိသော်လည်း သူ့ထံတွင် ရွေးချယ်စရာ မရှိချေ။ ဒီမီယံနှင့် သူ့နောက်လိုက်တို့မှာ မကြာခင် အချုပ်အနှောင်များမှ ရုန်းထွက်သွားကြမည် ဖြစ်သဖြင့် သူ့တွင် တွေဝေနေရန် အချိန်မရှိပေ။

အစ်ကိုကြွယ်သည် သူ့ဘေးနားရှိ မီတာသုံးလေးမီတာမျှသာ ကျယ်သော လမ်းကြားလေးထဲသို့ လျင်မြန်စွာ လှိမ့်ဝင်လိုက်လေသည်။ သူသည် ဘေးတစ်ဖက်တစ်ချက်စီရှိ အဆောက်အအုံနှစ်ခု၏ အပြင်ဘက်နံရံများကြားတွင် ဟိုဘက်ဒီဘက် ကူးလူးခုန်ပျံရင်း ခြောက်ထပ်အဆေက်အအုံ၏ ခေါင်မိုးပေါ်သို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့သည်။

သေခြင်းတမန်တော်ကမူ သဘာဝအတိုင်း နောက်မှ ထပ်ကြပ်မကွာ လိုက်လံဖမ်းဆီးခဲ့သည်။ သူသည် အခြားကလေးနှစ်ယောက်မှာ သူ့အကူအညီမလိုဘဲ အချုပ်အနှောင်မှ ရုန်းထွက်နိုင်မည်ကို သိထားသဖြင့် လောလောဆယ် သူ့ဦးစားပေးမှာ ပစ်မှတ်ကို ထိန်းချုပ်ထားရန်နှင့် ဤ “အနောနီးမတ်” အား ထွက်ပြေးခွင့် မပေးရန်သာ ဖြစ်သည်။

မမျှော်လင့်ထားသည်မှာ လျင်မြန်လှသော နောက်အရိပ်နှစ်ခုက ညဥ့်ကောင်းကင်ယံမှနေ၍ တိုက်ခိုက်လာပြန်သည်။ တစ်ခုမှာ ဘက်မန်းလက်နက်ဖြစ်ပြီး အခြားတစ်ခုမှာမူ မီးခိုးဗုံး ဖြစ်သည်။ ယခုတစ်ကြိမ်တွင်မူ သေခြင်းတမန်တော်သည် သူ၏ ဓားနှစ်လက်ကို အသုံးပြု၍ ထိုတိုက်ခိုက်မှုများကို ကာကွယ်လိုက်သည်။ သူသည် ဘက်မန်းလက်နက်ကို ဖယ်ထုတ်နိုင်ခဲ့သော်လည်း မီးခိုးဗုံးမှာမူ တောက်လောင်နေသော အနီရောင်ဓားသွားများနှင့် ထိတွေ့မိသွားချိန်တွင် ပေါက်ကွဲသွားပြီး သူ့အား မီးခိုးလုံးကြီး၏ ဗဟိုချက်ထဲသို့ လုံးဝဖုံးလွှမ်းသွားစေတော့သည်။

သေခြင်းတမန်တော် ထိုအဖြူရောင်မီးခိုးလုံးကြီးထဲမှ ခုန်ထွက်လာချိန်တွင်မူ အနောနီးမတ်နှင့် ချောင်းမြောင်းတိုက်ခိုက်ခဲ့သူ နှစ်ဦးစလုံးမှာ အမြင်အာရုံပြင်ပသို့ ပျောက်ကွယ်သွားကြပြီ ဖြစ်သည်…။

…

ဆယ့်ငါးမိနစ်အကြာတွင် ဝိန်းတာဝါ၏ ခေါင်မိုးထက်၌။

“မင်း ရဲရုပ်ရှင်တွေ အကြည့်များသွားတာလား၊ ငါတို့က တကယ်ကြီး ဒီနေရာမှာ တိုက်ခိုက်ရမှာလား”

ဖုန်းပုကြွယ်က မေးမြန်းလိုက်သည်။

ဘက်မန်းဝတ်စုံအပြည့် ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးက သူ့ဆန့်ကျင်ဘက်တွင် ရပ်နေပြီး ဟာသပြောလိုက်သည်။

“စိတ်မကောင်းပါဘူး၊ ငါက ရဲတစ်ယောက်မို့လို့ပါ”

လက်တွေ့တွင်မူ ခုနှစ်ထွေသတ်ဖြတ်ခြင်း၏ စကားက အမှန်တရား ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ အစစ်အမှန်ကမ္ဘာတွင်လည်း သူက ရဲသားတစ်ဦးပင်။

“မင်းလည်း ထူးဆန်းတဲ့လူတစ်ယောက်ပဲ…”

ဖုန်းပုကြွယ်က ဆက်ပြောလိုက်သည်။

“ငါ သျှီဝနဲ့ တိုက်ခိုက်နေကတည်းက မင်းဒီနေရာကို ရောက်နေခဲ့တာ မဟုတ်လား”

“အာ… မှန်တာပေါ့၊ ငါဝတ်ထားတဲ့ ဒီကိရိယာတွေက အရမ်းအထင်ကြီးစရာပဲ”

ခုနှစ်ထွေသတ်ဖြတ်ခြင်းက သူ့ဦးထုပ်ကို လက်ညှိုးထိုးပြရင်း ပြန်ဖြေလိုက်သည်။

“ဒီဦးထုပ်တစ်ခုတည်းမှာတင် ညကြည့်မှန်ပြောင်း၊ အပူလှိုင်းဖမ်းစနစ်၊ အသံလှိုင်းဖမ်းစနစ်၊ ဓာတ်ငွေ့ကာမျက်နှာဖုံး၊ အသေးစား ရေဒီယိုလှိုင်းဖမ်းစနစ်နဲ့ ဆက်သွယ်ရေးစနစ်တွေ တပ်ဆင်ထားတာကွ၊ ဒီအရာတွေနဲ့ဆိုရင် ပုန်းတာ၊ စောင့်ကြည့်တာ၊ ခြေရာခံတာတွေက… အရမ်းလွယ်တဲ့ ကိစ္စတစ်ခုပဲ”

“ဒါကြောင့်လည်း ငါက မင်းကို ထူးဆန်းတဲ့လူလို့ ပြောတာပေါ့…”

ဖုန်းပုကြွယ်က ဆိုသည်။

“မင်း ဒီလောက်စောစောစီးစီး ရောက်နေတာတောင် ဘာလို့… ငါနဲ့ သျှီဝနဲ့ တိုက်ခိုက်နေတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး ချောင်းမြောင်းမတိုက်ခိုက်ခဲ့တာလဲ၊ ဒါမှမဟုတ် ငါတို့ တိုက်ခိုက်ပြီးသွားချိန် ဘာလို့ ဘေးကနေ ထိုင်ကြည့်နေရတာလဲ”

သူက မေးမြန်းလိုက်သည်။

“ဘယ်လိုနည်းဗျူဟာမဆို ငါ့ကို ကယ်တင်ပြီးတော့ ဒီနေရာမှာ တစ်ယောက်ချင်းစီ ပြန်တိုက်ခိုက်ဖို့ ရွေးချယ်တာထက်စာရင် ပိုအကျိုးအကြောင်းသင့်တယ် မဟုတ်လား”

ခုနှစ်ထွေသတ်ဖြတ်ခြင်း ရယ်မောလိုက်ပြီး အခြားလူများအတွက်မူ အနည်းငယ် မယုံကြည်နိုင်စရာကောင်းသော အကြောင်းပြချက်တစ်ခု ပေးလိုက်လေသည်။

“ဘာဖြစ်လို့လဲဆိုတော့ ငါက တစ်ယောက်ချင်းစီပဲ တိုက်ခိုက်တတ်တဲ့ လူမျိုးမို့လို့လေ”

All Chapters