← Chapters

အခန်း ၂၉၀

Vol. 29 Ch. 290

အခန်း ၂၉၀

Vol. 29 Ch. 290

အခန်း (၂၉၀) ဝတ်ရုံလုပွဲ - ၃၂

“ငါက ထူးခြားတဲ့ ပါရမီရှင်တစ်ယောက် ဖြစ်မနေနိုင်ဘူးလား”

ဖုန်းပုကြွယ် ခွန်းတုံ့ပြန်လိုက်သည်။

“အိုး ငါထင်တာတော့… အဲ့ဒါကို ပင်ကိုယ်စွမ်းရည်တစ်မျိုးမျိုးနဲ့ ရှင်းပြတာက ပိုအကျိုးအကြောင်းသင့်မယ်လို့ ထင်တာပဲ”

ခုနှစ်ထွေသတ်ဖြတ်ခြင်းက ပခုံးတွန့်လိုက်သည်။

“ဒါပေမဲ့… မင်း မပြောချင်ဘူးဆိုရင်လည်း ထားလိုက်ပါတော့”

သူ စကားခဏရပ်၍ ဆက်ပြောသည်။

“အဓိကအချက်ဆီကို ပြန်သွားကြစို့၊ ငါလည်း အဲဒါကို နားလည်သဘောပေါက်သွားပြီ ငါက ငြိမ်ငြိမ်လေးရပ်နေပြီး အပစ်ခံတာမျိုး မဟုတ်ရင် မင်း ငါ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး၊ ပြီးတော့ တိုက်ပွဲက ပိုကြာလေလေ မင်းရဲ့ နည်းနေတဲ့ အသက်အမှတ်နဲ့ သက်လုံအမှတ်တွေကြောင့် မင်းအတွက် ပိုပြီးတော့ အောက်စည်းရောက်လာလေလေပဲ ဖြစ်လိမ့်မယ်၊ ဒီအင်အားဖြုန်းတိုက်ပွဲရဲ့ ရလဒ်ကတော့ မင်းအရင်ဆုံး ရှုံးသွားလိမ့်မယ် ဆိုတာပဲ”

သူ ခေါင်းမော့၍ မေးမြန်းလိုက်သည်။

“မင်းအနေနဲ့ အဲဒါကို ငြင်းမယ် မထင်ဘူး၊ ဟုတ်တယ်မလား”

“ဟဲ… ဟဲဟဲ…”

ဖုန်းပုကြွယ်၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး အကြိမ်အနည်းငယ် ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။

“မင်းရဲ့ စကားတွေ အမှန်တကယ် ဖြစ်လာပါစေလို့ ငါမျှော်လင့်ပါတယ်”

“ဟဟ… အထင်မလွဲနဲ့ဦး၊ ငါက မင်းကို အရှုံးပေးဖို့ တိုက်တွန်းနေတာ မဟုတ်ဘူး၊ မင်းက သေမင်းနဲ့ ရင်ဆိုင်နေရရင်တောင်မှ မျက်ရည်တစ်စက်ကျမယ့် လူမျိုးမဟုတ်ဘူးဆိုတာ ငါ သိထားပြီးသားပဲ”

ခုနှစ်ထွေသတ်ဖြတ်ခြင်းက ရယ်မောလိုက်သည်။

“ငါက မင်းနောက်ဆုံးအသက်ရှူချိန်မရောက်သေးခင် ပြတ်ပြတ်သားသားနဲ့ မင်းရဲ့ အစွမ်းထက်ဆုံး တိုက်ကွက်ကို အသုံးပြုပြီး ဘာလို့ ငါနဲ့ အဆုံးအဖြတ် မပေးတာလဲလို့ အကြံပြုရုံသက်သက်ပါ”

ခုနှစ်ထွေသတ်ဖြတ်ခြင်းသည် စကားပြောဆိုနေရင်း သူ၏ ကိုယ်ဟန်အနေအထားကို ပြင်ဆင်လိုက်ပြီး တစ်စုံတစ်ခုအတွက် အရှိန်ယူနေသည့်အလား သူ့လက်မောင်းများကို စတင်လှုပ်ရှားလိုက်လေသည်။

“ဒါဆို… မင်းက ‘ဆန်းပြားတဲ့’ နည်းလမ်းနဲ့ အနိုင်ယူချင်တာပေါ့…”

ဖုန်းပုကြွယ်က မေးမြန်းလိုက်၏။

“မှန်တာပေါ့”

ခုနှစ်ထွေသတ်ဖြတ်ခြင်းက အမှန်အတိုင်း ဝန်ခံလိုက်သည်။

“မင်းလည်း arcade တိုက်ခိုက်ရေးဂိမ်းတွေကို ကစားဖူးတယ် မဟုတ်လား၊ ရန်သူက တစ်ယောက်တည်းပဲ ကျန်တော့ပြီး အဲဒီရန်သူရဲ့ သွေးကလည်း ကုန်ခါနီးဖြစ်နေတဲ့အချိန်မှာ သူတို့ကို အထူးတိုက်ကွက်တစ်ခုနဲ့ အဆုံးသတ်ပစ်ဖို့ ဆိုတာက လူတိုင်း ကြိုးစားကြတဲ့အရာပဲ မဟုတ်လား”

သူ၏ လင်းနိုးဦးထုပ်အောက်တွင် သူသည် နှစ်ခြိုက်ကျေနပ်နေသော မျက်နှာအမူအရာမျိုး ရှိနေခဲ့သည်။

“ပတ်ဝန်းကျင်က ကစားသမားတွေရဲ့ အားကျနေတဲ့ အကြည့်တွေအောက်မှာ စက်ခလုတ်ပေါ်ကနေ မင်းလက်တွေကို ဖယ်လိုက်ပြီး မင်းရဲ့ ဇာတ်ကောင်က အထူးတိုက်ကွက်ကို အနှေးပြကွက်အတိုင်း ဖော်ဆောင်နေတာကို ကြည့်နေရတဲ့အချိန်၊ ပြီးတော့ ‘VICTORY’ ဆိုတဲ့ စကားလုံးက စခရင်ပေါ်မှာ ပေါ်လာတဲ့အချိန်က ခံစားချက်မျိုးကတော့…”

“ကောင်းပြီ၊ ငါ နားလည်ပြီ”

ဖုန်းပုကြွယ်က သူ့လက်ကို ဝေ့ယမ်းလိုက်ပြီး ခုနှစ်ထွေသတ်ဖြတ်ခြင်း၏ စကားကို ဖြတ်ပြောလိုက်သည်။

“မင်းအနေနဲ့ ‘ငါ မင်းကို ဂိမ်းထဲကနေ ထုတ်ပစ်ဖို့ ငါ့ရဲ့ အစွမ်းထက်ဆုံး တိုက်ကွက်ကို ထုတ်သုံးတော့မယ်’ လို့ပဲ ပြောလိုက်ရုံနဲ့ ရပြီလေ၊ ဒီလောက်အထိ သီးခြားဥပမာတွေ ပေးနေဖို့ မလိုပါဘူး”

“အာ၊ ငါလည်း အဲဒါကို ပြောတာပဲ”

ခုနှစ်ထွေသတ်ဖြတ်ခြင်းက ဆိုသည်။

“သေချာတာပေါ့၊ တကယ်လို့ မင်းက ဒီလိုခွန်အားပြိုင်တဲ့တိုက်ပွဲကို ဆက်သွားချင်တယ်ဆိုရင်လည်း ငါကတော့ စိတ်မရှိပါဘူး”

“မလိုပါဘူး”

ဖုန်းပုကြွယ်က ဆိုသည်။

“မင်းအကြံပြုချက်က ကောင်းပါတယ်”

သူသည် အစွမ်းကုန်ကြိုးစားရန် ဆုံးဖြတ်လိုက်ပြီး သွေးဖြည့်ဆေးရည်တစ်လုံးကို ချက်ချင်းပင် သောက်သုံးလိုက်ကာ (အမှန်တော့ ဒါက သူရဲ့ ဒုတိယမြောက်ဆေးပဲ ရှိပါသေးတယ်) ခန္ဓာကိုယ်မြင့်တင်ခြင်းအတတ်ကို အသက်သွင်းလိုက်တော့သည်။

“မင်းက ဓူဝံကြယ်လက်သီးချက်ပုံစံမျိုးနဲ့ ပြတ်ပြတ်သားသား နိုင်တာကို ကြိုက်တယ်ပေါ့ ဟုတ်လား၊ ငါမင်းနဲ့အတူ အဆုံးအထိ လိုက်ကစားပေးပါ့မယ်”

ယခုအချိန်တွင် ခုနှစ်ထွေသတ်ဖြတ်ခြင်းအနေဖြင့် သူ့အပေါ်တွင် လုံလောက်သည်ထက် ပို၍ အလျှော့ပေးထားခဲ့ကြောင်း ဖုန်းပုကြွယ် ကောင်းစွာ သိရှိထားပေသည်။ အကယ်၍ အခြားလူတစ်ယောက်သာဆိုပါက သူ့အား ဤနောက်ဆုံးအခွင့်အရေးကို ပေးမည် မဟုတ်ပါချေ။

ဘက်မန်းဝတ်စုံကမူ အနီးကပ်တိုက်ခိုက်မှုပိုင်းတွင် လုံးဝ မရှုံးနိမ့်လုနီးပါးအရာဖြစ်ပြီး ၎င်း၏ ထူးကဲလှသော ခြေရာခံစနစ်ကြောင့်လည်း ထွက်ပြေးခြင်းက အဓိပ္ပာယ်မရှိပေ။ ခုနှစ်ထွေသတ်ဖြတ်ခြင်းအနေဖြင့် တိုက်ပွဲကို ရည်ရွယ်ချက်ရှိရှိ အချိန်ဆွဲထားသရွေ့ အနိုင်က သေချာပေါက် ရှိနေပြီးသားဖြစ်သည်ဟု ပြောနိုင်ပေသည်။

သို့သော်လည်း ဤဘိုင်ဝမ်းဖိုက်တာကတော့ ထိုသို့ မပြုလုပ်ခဲ့ချေ။ သူသည် ဤတိုက်ပွဲကို ထိုသို့သော နည်းလမ်းမျိုးဖြင့် အဆုံးသတ်သွားခြင်းကို မလိုချင်ပေ။

ထိုက်တန်စွာရှုံးနိမ့်သူတစ်ဦးသည် ဂုဏ်သိက္ခာရှိစွာ ရှုံးနိမ့်သင့်ပေသည်။ လုံလောက်စွာ သန်မာသော အနိုင်ရသူတစ်ဦးသည်လည်း ဂုဏ်သိက္ခာရှိစွာ အနိုင်ရရှိသင့်သည် မဟုတ်ပါလား။

“ဟား ကောင်းတယ်”

ခုနှစ်ထွေသတ်ဖြတ်ခြင်းသည် ကျယ်လောင်စွာ တုံ့ပြန်လိုက်ပြီး သူ၏ တိုက်ခိုက်လိုစိတ်များ ပြင်းထန်စွာ ထွက်ပေါ်လာကာ သူ့စွမ်းရည်များကိုလည်း ထုတ်လွှတ်ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။

“ဒါဆိုရင်တော့ ငါလည်း အားနာမနေတော့ဘူး”

ဖုန်းပုကြွယ်သည် ဗာဂျရာခေါင်းလောင်းကို ထုတ်ယူလိုက်ပြီး ၎င်း၏ စတုတ္ထမြောက် အကျိုးသက်ရောက်မှုကို အသက်သွင်းလိုက်တော့သည်။

‘သင်၏ နောက်ထပ် စိတ်ဝိညာဉ်မှော်အတတ် ကျွမ်းကျင်မှုစွမ်းရည်ကို နှစ်ဆသက်ရောက်စေသည် (သင့်တော်သော အခြေအနေများအောက်တွင်) ။’

ထို့နောက် သူသည် ဗာဂျရာခေါင်းလောင်းကို သူ့အပေါ်အင်္ကျီအိတ်ကပ်ထဲသို့ ထည့်သွင်းလိုက်ပြီး သူ့လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်လေသည်။ အစွမ်းထက် ကိုယ်ဟန်အနေအထားကို ပြင်ဆင်ရင်း သူသည် ‘ဒါကို ခံစားလိုက်စမ်း’ စကေးကို လက်ဗလာဖြင့် စတင်လိုက်ပြီး သဘာဝအတိုင်း “စိတ်ဝိညာဉ်အတတ်” အထူးပြုစွမ်းရည်ကိုသာ ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

ဖုန်းပုကြွယ်သည် ယခုအချိန်တွင် မည်သည့်လက်နက်မျှ မကိုင်ဆောင်ထားချေ။ အဓိကအကြောင်းရင်းမှာ ခုနှစ်ထွေသတ်ဖြတ်ခြင်း၏ အဆုံးစွန်တိုက်ကွက်က မည်သို့တိုက်ခိုက်လာမည်ကို သူမသိသောကြောင့်ပင်။ ဤအခြေအနေမျိုးတွင် လက်ဗလာဖြင့် တိုက်ခိုက်ခြင်းက တုံ့ပြန်ရန် ပိုမိုလွယ်ကူပေသည်။

နောက်ထပ် အကြောင်းပြချက်တစ်ခုကမူ… သူ့ကိုယ်ပိုင်ခံစားချက်အရ အကယ်၍ သူသာ အစွမ်းထက်ပြီး ခပ်မိုက်မိုက်စကေးတချို့ကို ကျပန်းရရှိလိုပါက ဂွ သို့မဟုတ် ခေါက်ကုလားထိုင်တို့ကို “လက်နက်” အဖြစ် သုံးစွဲခြင်းက သေချာပေါက် သက်ရောက်မှု ရှိမည်မဟုတ်ဟု ယုံကြည်ထားခြင်းကြောင့် ဖြစ်သည်။ ဓား သို့မဟုတ် နှင်တံတစ်ခုခုကို ကိုင်ဆောင်ထားခြင်းကသာ မျှော်လင့်ချက်အချို့ ရှိနိုင်ပေလိမ့်မည်။ သို့သော် သူ့တွင် ယခုအချိန်၌ ထိုအရာများထဲမှ တစ်ခုမှ မရှိသဖြင့် လက်ဗလာဖြင့် ရင်ဆိုင်ရန်သာ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

“ကောင်းပြီ… မခန့်မှန်းနိုင်တဲ့စွမ်းအင်တချို့တော့ ငါ့ခန္ဓာကိုယ်ထဲကနေ ရုန်းကြွလာနေပြီ၊ ဒါက ဘာများဖြစ်မလဲ…”

ဖုန်းပုကြွယ် ရေရွတ်လိုက်သည်။

“အထူးအလင်းတန်းအမြောက်၊ ချီစွမ်းအင်ဖြတ်တောက်မှု၊ ချီစွမ်းအင်ထိန်းချုပ်မှုကျည်ဆန်… ဒီအရာတွေထဲက ဘယ်တစ်ခုမဆို အခြေအနေကို ပြောင်းလဲပစ်နိုင်တယ်…” (ဤနေရာတွင်မူ အစ်ကိုကြွယ်သည် ချီစွမ်းအင်ပေါက်ကွဲမှု၏ သဘောသဘာဝကို အထင်လွဲသွားခဲ့ခြင်း ဖြစ်သည်။ လက်တွေ့တွင် ဤသုံးမျိုးစလုံးမှာ တိုက်ခိုက်ရေးစကေးများ ဖြစ်သဖြင့် သူ၏ စိတ်ဝိညာဉ်အတတ် အထူးပြုစွမ်းရည်တစ်ခုတည်းဖြင့် ၎င်းတို့ကို အသက်မသွင်းနိုင်ပေ။)

“မင်း ဘာတွေ ရေရွတ်နေလဲဆိုတာ ငါမသိပေမဲ့ ငါကတော့ စလှုပ်ရှားတော့မယ်…”

သူ့ပြိုင်ဘက်ကလည်း တန်ပြန်တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေသည်ကို မြင်တွေ့သောအခါ ခုနှစ်ထွေသတ်ဖြတ်ခြင်း စိတ်လှုပ်ရှားစွာဖြင့် ရှေ့သို့ ပြေးဝင်လိုက်ပြီး သူ့တိုက်ကွက်အမည်ကို ကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။

“ပက်ဂဆပ်ကြယ်တံခွန်လက်သီး (Pegasus Comet Fist)”

ခုနှစ်ထွေသတ်ဖြတ်ခြင်းသည် ၎င်းအား သူ၏ အဆုံးစွန်တိုက်ကွက်ဟု ခေါ်ဆိုရခြင်းမှာ ၎င်းက အဆင့် B တိုက်ခိုက်ရေးကျွမ်းကျင်မှုရှိသူများသာ သင်ယူနိုင်ပြီး တစ်ကြိမ်သာ အသုံးပြုနိုင်သည့် တစ်ခါသုံး စကေးတစ်ခု ဖြစ်ခြင်းကြောင့်ပင်။

အနိမဲကမ္ဘာထဲတွင်မူ အနိုင်မခံအရှုံးမပေးနိုင်သော ကောင်လေးတစ်ယောက်သည် တစ်ချိန်က ထိုတိုက်ကွက်ကို အသုံးပြု၍ နတ်ဘုရားများနှင့် မိစ္ဆာများကို သတ်ဖြတ်ခဲ့ပြီး ပြိုင်ဘက်ကင်း အောင်မြင်မှုကို ရရှိခဲ့ဖူးပေသည်။ ယခုအခါတွင်မူ မိမိ၏ စကြဝဠာစွမ်းအင် (cosmos) ကို မည်သို့ တောက်လောင်ရမည်ကို မသိသော ကစားသမားတစ်ဦးဖြစ်သည့် ခုနှစ်ထွေသတ်ဖြတ်ခြင်းက ၎င်းကို အသုံးပြုလိုက်ချိန်တွင် ၎င်း၏ စွမ်းအားမှာ လျော့နည်းသွားခဲ့သော်လည်း သာမန်လူသားများ တောင့်ခံနိုင်မည့်အရာ မဟုတ်ပါချေ။

ဤကဲ့သို့ ရက်စက်လှသော အကြမ်းဖက်တိုက်ခိုက်မှုသည် ခုနှစ်ထွေသတ်ဖြတ်ခြင်းအနေဖြင့် ဖုန်းပုကြွယ်၏ ခွန်အားကို အလွန်တန်ဖိုးထားလေးစားကြောင်း ဖော်ပြနေခြင်း ဖြစ်၏။ ဒဏ္ဍာရီလာ ပစ္စည်းကိရိယာများကို ဝတ်ဆင်ထားသည့် မိမိအား ဤမျှနောက်မဆုတ်တမ်း တန်ပြန်တိုက်ခိုက်နိုင်စွမ်းရှိသည့် ပြိုင်ဘက်မျိုးကိုတော့ ဤကြယ်တံခွန်လက်သီးချက် မပါဘဲနှင့် တစ်ချက်တည်း သတ်ဖြတ်ရန်မှာ အမှန်တကယ် ခက်ခဲလှသည်။

ဖုန်းပုကြွယ်ဘက်တွင်မူ တိုက်ခိုက်မှုအမည်ကို ကြားလိုက်ရချိန်တွင် သူ့နှလုံးသားက လေးလံသွားရသည်။ ထိုတိုက်ခိုက်မှုမျိုးနှင့် ရင်ဆိုင်ရချိန်တွင် သူ၏ စိတ်ဝိညာဉ်စွမ်းအားကပင် အသုံးမဝင် ဖြစ်သွားနိုင်၏။ သူသည် သူ့လက်ထဲရှိ အမည်မသိစကေးအပေါ်တွင်သာ အရာအားလုံးကို ပုံအောလောင်းကြေးထပ်လိုက်တော့သည်…။

ကြယ်တံခွန်လက်သီးချက်သည် လေထုကို ဖြတ်၍ ပျံသန်းလာပြီး ဧရာမ ဖြူပြာရောင် အလင်းတန်းကြီးတစ်ခုက ဖုန်းပုကြွယ်ရှိရာဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာတော့သည်။ ဤလက်သီးချက်က အလွန်တရာထည်ဝါပြီး စွမ်းအားပြင်းလှသဖြင့် ၎င်း၏ စွမ်းအင်က ကောင်းကင်ယံအထိ တောက်လောင်နေလေသည်။ ဖုန်းပုကြွယ်တစ်ယောက် သေမင်းနူတ်ခမ်းဝသို့ ရောက်ရှိနေရလေပြီ။

သို့သော်လည်း ယခုအချိန်တွင် သူသည် မည်သည့်ကြောက်ရွံ့မှုမှ မရှိဘဲ သူ့စိတ်က ကြည်လင်ပြတ်သားနေဆဲ ဖြစ်၏။ သူသည် သူ့လက်နှစ်ဖက်စလုံးကို ပင့်မြှောက်လိုက်ပြီး တိုက်ခိုက်မှုကို ထုတ်လွှတ်လိုက်တော့သည်။

ကောင်းကင်ယံတစ်ခုလုံးကို စွန်းထင်းသွားစေသည့် အနက်ရောင်အလင်းတန်းတစ်ခုမှာ အလွန်တရာ ခန့်ညားထည်ဝါပြီး ကြောက်မက်ဖွယ်ကောင်းစွာဖြင့် ၎င်းလမ်းကြောင်းပေါ်ရှိ အရာအားလုံးကို ဝါးမြိုပစ်မည့် ဝေလငါးကြီးတစ်ကောင်၏ အရှိန်အဟုန်မျိုးဖြင့် ဟိန်းဟောက်လျက် ထွက်ပေါ်လာလေတော့သည်။

အမည် - စဲရိုး(Cero)

စကေးကတ်ဂုဏ်သတ္တိ - တက်ကြွစွမ်းရည်၊ တစ်ကြိမ်အသုံးပြုပြီးနောက် ပျောက်ကွယ်သွားမည်

စကေးအမျိုးအစား - စိတ်ဝိညာဉ်အတတ်

အာနိသင် - စိတ်ဝိညာဉ်ဖိအားကို စုစည်းပြီး အလင်းတန်းကဲ့သို့သော လျှပ်စီးချက်တစ်ခုကို ထုတ်လွှတ်သည်

ကုန်ကျမှု - အမြင့်ဆုံးစိတ်ဝိညာဉ်စွမ်းအား၏ ၁၀၀ ရာခိုင်နှုန်း

သင်ယူရန်လိုအပ်ချက် - စိတ်ဝိညာဉ်အတတ် ကျွမ်းကျင်မှုအဆင့် C

မှတ်ချက် - မဟာအဆင့် သို့မဟုတ် ၎င်းထက်မြင့်မားသော ဟောလိုး (Hollows) များ အသုံးပြုနိုင်သည့် အတတ်ပညာများမှာ သာမန်အားဖြင့် အနီရောင်ဖြစ်သော်လည်း အမြင့်ပိုင်းအဆင့်ရှိ အသုံးပြုသူအပေါ် မူတည်၍ အရောင်က ကွဲပြားခြားနားနိုင်ပါသည်။

ယခုအချိန်တွင် ဖုန်းပုကြွယ်၏ စိတ်ဝိညာဉ်အတတ် ကျွမ်းကျင်မှုမှာ အဆင့် C သို့ ရောက်ရှိနေခြင်း ဖြစ်၏ (သူ၏ တိုက်ခိုက်ရေးကျွမ်းကျင်မှုကဲ့သို့ပင် ၎င်းကလည်း သျှီဝနှင့် တိုက်ခိုက်နေစဉ်အတွင်းမှာတင် စိတ်ဝိညာဉ်ရည်ရွယ်ချက်၏ အကူအညီဖြင့် မကြာသေးမီကမှ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်)။ တစ်ခါသုံးစကေးတစ်ခုကို အခြားတစ်ခါသုံးစကေးတစ်ခုနှင့် တန်ပြန်ရင်ဆိုင်ရာတွင် အဆင့် B ရှိ ပက်ဂဆပ်ကြယ်တံခွန်လက်သီးချက်မှာ သီအိုရီအရ ပိုမိုသာလွန်သင့်သော်လည်း… ဖုန်းပုကြွယ်ကမူ ဗာဂျရာခေါင်းလောင်းကို အသုံးပြုထားခြင်း ဖြစ်သည်။

ထို့ကြောင့် ဤတိုက်ကွက်၏ စွမ်းအားမှာ နှစ်ဆဖြစ်သွားခြင်းပင်။

ထိုစဲရိုး အလင်းတန်းသည် ရှေ့သို့တိုးဝင်လာသော ကြယ်တံခွန်လက်သီးချက်၏ အရှိန်အဟုန်ကို ချက်ချင်းဖိနှိပ်ပစ်လိုက်ပြီး ၎င်းအား တဖြည်းဖြည်းချင်း ဝါးမြိုပစ်လိုက်တော့သည်။

ဖုန်းပုကြွယ်အနေဖြင့် သူ့အောင်ပွဲကို နှစ်စက္ကန့်ပင် မခံစားရသေးမီမှာပင် စနစ်၏ အကြောင်းကြားချက် နှစ်ခုက သူ့နားထဲတွင် ဆက်တိုက်မြည်ဟည်းလာလေသည်။

“သင်၏ ကျပန်းတက်ကြွစွမ်းရည် “ဖန်တွမ်ဖလက်ရှ်” (Phantom Flash) က သင်၏ လက်ရှိ စိတ်ဝိညာဉ်စွမ်းအင်အားလုံးကို ကုန်ခမ်းသွားစေပါပြီ။ ဤစွမ်းရည်ကို အလွန်အကျွံ အသုံးပြုလိုက်ခြင်းကြောင့် သင်၏ အသက်အမှတ် ၃၀ ရာခိုင်နှုန်း ဆုံးရှုံးသွားပါသည်။”

“သင်၏ သက်လုံအမှတ် ကုန်ဆုံးသွားပါပြီ။ ကျန်ရှိနေသေးသော အလွန်အကျွံဆုံးရှုံးမှုကို သင်၏ အသက်အမှတ်ထဲမှ နုတ်ယူသွားပါမည်။”

(TL note – Pegasus Comet Fist က Saint Seiya anime ထဲကပါ။ Cero က Bleach animeထဲက စွမ်းအင်တစ်မျိုးပါ)

All Chapters