တပ်မက်မှု တဏှာက သူရဲကောင်းအားလုံးအတွက် ရန်သူပဲ
Vol. 2 Ch. 15
အခန်း (၁၅) : တပ်မက်မှု တဏှာက သူရဲကောင်းအားလုံးအတွက် ရန်သူပဲ
ဝမ်ဝေ့ လေးခုမြောက် မျှော်နန်းဆောင် စစ်ဆေးမှုကို ကျရှုံးပြီးနောက် စိတ်ဓာတ်မကျဘဲ ထိုရှုံးနိမ့်မှုကို စိတ်အားထက်သန်မှု ရှိလာစေရန် ပြန်လည်အသုံးချခဲ့သည်။ သူ အိမ်ပြန်ရောက်သွားသည့်အခါ အမျိုးသမီး အစေခံများအားလုံးကို ဆွဲဆောင်ညို့ယူဖမ်းစားရေး ပညာရပ်များ သင်ကြားစေပြီး သူ့အပေါ်မှာ တစ်ချိန်လုံး အသုံးပြုစေသည်။
သူက တစ်လလုံးလုံး မိန်းမလှလေးတစ်စုမှ အာတာပူစီကိုပင် အရည်ပျော်သွားစေနိုင်သော အသံချိုချိုလေးများဖြင့် သူ့ကို “ သခင်လေး” ဟု ခေါ်ကာ ဆွဲဆောင်နေမှုများဖြင့် ဖြတ်သန်းခဲ့ရသည်။ တစ်လလုံးလုံး ကောင်းကင်ဘုံနှင့် ငရဲကို သွားလိုက်ပြန်လိုက် လုပ်နေရသလို ခံစားချက်မျိုး ဖြစ်နေခဲ့သည်။ အလှပဂေးလေးများ အနားမှာရှိနေသော်လည်း သူ ဒီအတိုင်းသာ လက်ပိုက်ကြည့်နေခဲ့ရသည်။ ထိုအရာက သူ အသက်ရှစ်နှစ်သာ ရှိနေသေးသောကြောင့် မဟုတ်ပေ။
တစ်လတာ လျှို့ဝှက်လေ့ကျင့်ပြီးနောက် စစ်ဆေးမှု ခံယူရန် ပြန်လည်ရောက်ရှိလာခဲ့သည်။ ထိုနေရာဆီ လာရာလမ်းတွင် ယခင်လအတွင်း ဂိုဏ်းရှိ အဖြစ်အပျက်များအကြောင်း အစေခံခေါင်းဆောင်ကို မေးမြန်းလိုက်သည်။ ထို့နောက် ဒီလို မငြိမ်မသက်ဖြစ်နေခြင်းက လေးခုမြောက် စစ်ဆေးမှုကြောင့် ဖြစ်ကြောင်း သူ သိလိုက်ရသည်။
အစေခံခေါင်းဆောင်၏ ပြောချက်အရ လူတော်တော်များများက သူ့လိုမျိုး စစ်ဆေးမှုကို ကျရှုံးခဲ့သော်လည်း သူတို့က သူ့ထက်ပိုပြီး အချိန်ကြာကြာ တောင့်ခံခဲ့ရုံသာ ဖြစ်သည်။ ထို့နောက် သူတို့က စစ်ဆေးမှုကို တာအိုနှလုံးသား လေ့ကျင့်ရန် မဟုတ်ဘဲ မိန်းကလေးများနှင့် တဏှာအတွက် ဝင်လိုကြောင်း သိလိုက်ရသည်။
ထိုအကြောင်းကို ကြားသိသော အကြီးအကဲများက ဒေါသထွက်သွားကာ ထိုကဲ့သို့ ပြုမူသောသူများ အားလုံးကို ကြီးမားလေးနက်သော အပြစ်ပေးလိုက်သည်။ ထို့ကြောင့် လူတစ်ယောက် မျှော်နန်းဆောင်ထဲသို့ ဝင်ပြီး တစ်ခါစစ်ဆေးမှုခံယူတိုင်း ပိုမိုတိုးတက်လာသင့်သည်။ မဟုတ်ပါက သူတို့ ပြင်းထန်စွာ အပြစ်ပေးခံရမည်ဆိုသော စည်းကမ်းတစ်ခု ထုတ်ထားလိုက်သည်။
နောက်ထပ် ထွက်ပေါ်လာသည့် သတင်းတစ်ခုက သူတို့ တာအိုအခွင့်အလမ်းဂိုဏ်း၏ တပည့်များ လေ့ကျင့်သည့်နေရာတွင် အတော်လေး လိုအပ်နေသေးကြောင်း သိသွားစေရန် မြေခွေးနတ်ဆိုးမျိုးနွယ်က ကူညီပေးခဲ့သည့်အတွက် ဂိုဏ်းမှ ထိုက်တန်စွာ ဆုချီးမြှင့်မည်ဆိုသော သတင်း ဖြစ်၏။
ယခင်လမှ ဂိုဏ်း၏ အတက်အကျ အနိမ့်အမြင့် သတင်းအားလုံးကို သိရှိပြီးနောက် ဝမ်ဝေ့က သက်ပြင်းချကာ ဒုတိယအကြိမ်မြောက် စစ်ဆေးမှုကို ခံယူဖို့အတွက် မျှော်နန်းဆောင်ထဲသို့ ဝင်သွားသည်။
စစ်ဆေးမှု အခင်းအကျင်းက ယခင်တစ်ခေါက်နှင့်အတူတူ ဖြစ်သော်လည်း သူ ရင်ဆိုင်သည့်ပုံစံက မတူတော့ပေ။ ဝမ်ဝေ့က မောင်းမများ၏ ဆွဲဆောင်မှုအောက်တွင် ကျရှုံးခြင်း မရှိတော့ပေ။ သူက ပုံမှန်အတိုင်း ညီလာခံ တက်ရောက်ပြီး ညီလာခံကို စတင်ထိန်းချုပ်ဖို့အတွက် သူ့ဉာဏ်ပညာကို အသုံးချနေသည်။
သူက တိုင်းပြည်၏ အုတ်မြစ်ကို အသုံးချကာ ညီလာခံကိုသာမက တစ်ကမ္ဘာလုံးကိုပါ စောင့်ကြည့်ဖို့အတွက် လျှို့ဝှက်အစောင့်အဖွဲ့ကို တည်ထောင်လိုက်သည်။ သူက သူ့တစ်ယောက်တည်းကိုသာ သစ္စာခံသည့် အင်အားကောင်းသော စစ်တပ်တစ်ခုကိုလည်း လျှို့ဝှက်စွာ ပျိုးထောင်ထားသည်။
ဝမ်ဝေ့တစ်ယောက် မောင်းမဆောင်တွင် ကုန်ဆုံးသည့်အချိန်က နည်းသည်ထက် နည်းလာသည်။ ကံမကောင်းစွာဖြင့် စစ်ဆေးမှုက ဒီလောက်ထိ မရိုးရှင်းပေ။ တိုင်းပြည်ကို လမ်းကြောင်းပေါ်ရောက်အောင် ပြန်လည်တည့်မတ်ပေးပြီးနောက် ခဏအနားယူကာ သူ၏ မောင်းမဆောင်သို့ ပိုမိုအာရုံစိုက်နိုင်ပြီဟု ဝမ်ဝေ့တွေးလိုက်မိသည်။
ခဏအကြာတွင် အရာအားလုံး ထိန်းချုပ်မှု ကင်းမဲ့လာသည်။ သူက မောင်းမဆောင်ကိုသာ အာရုံစိုက်သည်ထက် စိုက်လာသည်။ သူက အသိစိတ်ရှိကာ တိုင်းပြည်၏ ကိစ္စများကိုပါ ဂရုစိုက်သေးသော်လည်း သူ၏ ဦးစားပေးက ဘာလဲဆိုတာကို ဘယ်သူမဆို အလွယ်တကူ ခွဲခြားပြနိုင်သည်။
မကြာခင်တွင် သူ၏ ရန်သူများက သူ့ကို အဆိတ်ခတ်လုပ်ကြံဖို့အတွက် သူ သဘောအကျဆုံး မောင်းမတစ်ယောက်ကို စေခိုင်းလိုက်သည့်အတွက် စစ်ဆေးမှုကို ဒုတိယအကြိမ် ကျရှုံးသွားပြန်သည်။
ဝမ်ဝေ့က လေးဆင့်မြောက် စစ်ဆေးမှု ဖြတ်ကျော်သည့်နေရာတွင် နောက်ထပ်အချိန်နှစ်လ အသုံးချခဲ့သည်။ ဆွဲဆောင်မှုအပေါ် သူ၏ ဆန္ဒနှင့် ခုခံနိုင်စွမ်းက ထင်ထားသည်ထက် သိသိသာသာ တိုးတက်လာခဲ့သည်။
ဒုတိယအကြိမ် ကျရှုံးပြီးနောက် ဝမ်ဝေ့က နောက်ထပ်တစ်ကြိမ် စစ်ဆေးမှုကို ခံယူခဲ့ပြန်သည်။ ယခုတစ်ခေါက်တွင် သူ့၏ အာရုံအားလုံးကို မောင်းမဆောင်ပေါ် လုံးဝမထားခဲ့ဘဲ သူ၏ တိုင်းပြည်ကိုသာ ပြီးပြည့်စုံစွာ စီမံခန့်ခွဲခဲ့သည်။
သို့သော် မဟာရှားအင်ပါယာက ပျက်စီးနေပြီဖြစ်သည့်အတွက် ပြန်လည်ရှင်သန်အောင်လုပ်ဖို့ မလွယ်ကူခဲ့ပေ။ သူ အတွင်းပိုင်းဒုက္ခများကို ဖြေရှင်းပြီးနောက် ပိုင်နက်အတွင်း ပုန်ကန်မှုများကို နှိမ်နင်းကာ တခြားတိုင်းပြည်များ ကျူးကျော်သည့်ရန်မှ ကာကွယ်ရသည်။
ထို့ကြောင့် ဝမ်ဝေ့က စစ်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ကာ စစ်တပ်နှင့်အတူ စစ်တပ်သွားရသည်။ သူ၏ စစ်ရေးစွန့်စားခန်းတွင် ပုံစံမျိုးစုံဖြင့် လှပသော အမျိုးသမီးများဖြင့် တွေ့ဆုံရသည်။
သူ့မောင်းမဆောင်ရှိ အမျိုးသမီးများနှင့်မတူညီစွာ ထိုအမျိုးသမီးများက တဏှာရမ္မက်ပေါ် အာရုံစိုက်ထားခြင်းမဟုတ်ဘဲ ခံစားချက်နှင့် ကစားသည့်အပေါ် ပိုပြီး အာရုံစိုက်ထားပုံပေါ်သည်။
သူတို့ထဲမှ တချို့က ဝမ်ဝေ့ကို လှပမှုအတွက် လောဘ နိုးထသွားစေပြီး တချို့က သနားတတ်မှုကို ဖြစ်ပေါ်စေသည်။ တချို့က ရန်သူဖြစ်သော်လည်း ချစ်ကျွမ်းဝင်သွားသည်ဆိုသော ဇာတ်ရုပ်ကို သရုပ်ဆောင်နေကြသည်။
သူ ကြုံတွေ့ခဲ့ရသော အန္တရာယ်အရှိဆုံး အခြေအနေက ရိုးရှင်းစွာဖြင့် အချစ်အပေါ်ကိုသာ အခြေခံထားသည်။ သူ လက်တွဲဖော်အဖြစ် သတ်မှတ်ထားသည့် အရည်အချင်း အားလုံးကို ပိုင်ဆိုင်ထားသော အမျိုးသမီး တစ်ယောက်နှင့်လည်း တွေ့ဆုံခဲ့ရသည်။
သန်မာသည်။ စွမ်းအားကြီးသည်။ အမှီအခို ကင်းမဲ့သည်။ သူ့ကိစ္စများတွင် ကူညီပေးနိုင်ပြီး အင်မတန် လှပသည်။
သူမက ဖျက်စီးခံလိုက်ရတာ ကြာပြီဖြစ်သော တိုင်းပြည်၏ တော်ဝင်မျိုးနွယ် ဖြစ်သည်။ သူမ မွေးဖွားလာသည့်အချိန်တွင် သူမ၏ မိသားစုအမွေက ကုန်ခမ်းခါနီးအချိန် ဖြစ်သည်။ သူမတို့ဆီမှာ စီးပွားရေး၊ နိုင်ငံရေး သို့မဟုတ် စစ်အင်အားဆိုတာ မရှိပေ။ ထို့ကြောင့် သူမ၏ အဖေက ပိုက်ဆံအနည်းငယ်အတွက် သူမကို ပြည့်တန်ဆာခေါင်းဆီ ရောင်းဖို့သာ အာရုံစိုက်နေခဲ့သည်။
သို့သော် သူမက ဒီအတိုင်း ငြိမ်းငြိမ်းချမ်းချမ်းလေး မနေခဲ့ပေ။ ပြဿနာများကို သူမကိုယ်တိုင် ကိုင်တွယ်ခဲ့သည်။ သူမက မိသားစု၏ အမွေဖြစ်သော စစ်ဘက်ဆိုင်ရာ ပညာရပ်များကို လေ့လာကာ အတော်လေး စွမ်းအားကြီးလာခဲ့သည်။ သူမက ပိုက်ဆံရရှိရန်အတွက် မဟာရှားအင်ပါယာတစ်ခွင်တွင် ဆောင်ကြာမြိုင်များ တည်ထောင်လိုက်သည်။ ပိုက်ဆံရှာဖို့အတွက် ဖြစ်သော်လည်း ဒီထက်ပိုပြီးအရေးကြီးသည်က သတင်းစုဆောင်းဖို့ ဖြစ်သည်။
သူမက သူမကိုသာ သစ္စာခံသည့် စွမ်းအားကြီး အမျိုးသမီးစစ်သည်များစွာကို လျှို့ဝှက်လေ့ကျင့်ပေးထားခဲ့သည်။ သူမက သက်ရှိဒဏ္ဍာရီတစ်ခုဟု ခေါ်ဆိုနိုင်သည်။
သူ လုပ်ကြံခံရပြီးနောက် ထွက်ပြေးသည့်အခါ ဝမ်ဝေ့နှင့် သူမ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ သူမက သူ့ကို ကျန်းမာရေး ပြန်လည်ကောင်းမွန်လာအောင် ကုသပေးသည့်အချိန်တွင် သူ ချစ်မိသွားခြင်း ဖြစ်သည်။
ထို့နောက် သူက သူမကိုသာ အပြည့်အဝ အာရုံစိုက်ထားပြီး သူ၏ တိုင်းပြည်ကို မေ့လျော့သွားခဲ့သည်။ သူက သူမနှင့်အတူ ထာဝရနေသွားပြီး အပြင်လောကမှ ပြဿနာအားလုံးဆီကနေ ရှောင်ထွက်သွားချင်နေမိသည်။
ကံမကောင်းစွာဖြင့် ထိုစစ်ဆေးမှုက အချစ်ရေးရာများဖြင့် ရင်ခုန်နေရမည့် နေရာ မဟုတ်ပေ။ မကြာခင်မှာပင် ထိုအမျိုးသမီးက သစ္စာဖောက်ကာ နောက်ကျောဘက်မှနေ၍ နှလုံးသားကို ဓားဖြင့်ထိုးသွင်းလိုက်သည်။ ထို့နောက် သူမက သူ့သေဆုံးမှုအတွက် သူ့ ရန်သူထဲမှ တစ်ယောက်ကိုလွှဲချကာ တိုင်းပြည်အတွက် လက်စားချေသည်ဆိုသော ခေါင်းစဉ်ဖြင့် သူ့စစ်တပ်ကို အပိုင်သိမ်းလိုက်သည်။
သူမက ဝမ်ဝေ့ ချန်ထားခဲ့သည်များကို ဖြည်းဖြည်းချင်း သိမ်းပိုက်ပြီး ကမ္ဘာကို ပျက်ပြယ်စေဖို့ အများအပြားလုပ်ဆောင်ခဲ့သည်။ သူမက ကိုယ်ပိုင်အင်ပါယာတစ်ခု တည်ထောင်ကာ သူမ၏ သေသွားသော ယောက်ျားကို ဂုဏ်ပြုသောအားဖြင့် မဟာဝေ့အင်ပါယာဟု အမည်ခေါ်တွင်စေခဲ့သည်။
ဝမ်ဝေ့ သေသွားပြီးတော့ ဘာဖြစ်သွားလဲ။ သူ သရဲပုံစံပြောင်းသွားပြီးတော့ “ သူ၏ တစ်သက်တာ ချစ်သူ”လေးက သူ အင်ပါယာရဲ့ ပြာပုံပေါ်မှာ အင်ပါယာ တည်ထောင်လိုက်တာကို ကြည့်နေရပြီလေ
သို့သော် စစ်ဆေးမှုနှင့် ပတ်သက်ပြီး တစ်စုံတစ်ခု မှားယွင်းနေသည်ကို ဝမ်ဝေ့ သတိထားမိလိုက်သည်။ အချစ်ကို စွဲလမ်းစိတ်ကြောင့် ကျရှုံးပြီး သိပ်မကြာခင်မှာပင် စစ်ဆေးမှုထဲသို့ ပြန်လည်ရောက်ရှိပြီး သူ၏ အချစ်ဟောင်းနှင့် တွေ့သည့်အပိုင်းအထိ ရောက်ရှိသွားသော်လည်း သူ တွေ့လိုက်ရသည့်သူက ပထမတစ်ယောက်နှင့် လုံးဝ မတူဘဲ ကွဲပြားနေသည်။ နောက်ခံပုံစံနှင့် ဇာတ်ကြောင်းက ဆင်တူသော်လည်း မျက်နှာနှင့် စိတ်နေသဘောထားက လုံးဝကွဲပြားနေသည်။
အားလုံးကို ထိုအကြောင်း လိုက်လံမေးမြန်းကြည့်လိုက်သည့်အခါ စစ်ဆေးမှုတွင် မတူညီသော လူနှစ်ယောက်ကို တွေ့ခဲ့သည်က သူတစ်ယောက်တည်းသာ ရှိကြောင်း သိလိုက်ရသည်။ ထို့ကြောင့် သူ နားလည်နိုင်သည်ထက်ပိုသော အရာတစ်ခုခု ဖြစ်သွားပြီဆိုတာကို ဝမ်ဝေ့ သိလိုက်သည်။
ထိုအချိန်တွင် ဝမ်ဝေ့၏ ဆဌမအာရုံ နိုးကြားလာကာ သူ ထိုအမျိုးသမီးကို အနာဂတ် လက်တွေ့ဘဝမှာပါ တွေ့နိုင်ကြောင်း သိလိုက်ရသည်။ ထို့ကြောင့် သူမက သူ့ဘဝအတွက် အလွန်အရေးပါသော တည်ရှိမှု တစ်ခု ဖြစ်လာနိုင်ကြောင်း ခံစားလိုက်ရသည်။