← Chapters

အခန်း ၂၄၄

Vol. 17 Ch. 244

အခန်း ၂၄၄

Vol. 17 Ch. 244

အခန်း ၂၄၄ - ငါက အခြားသူတွေဆီကနေ အချည်းနီးခေါင်းပုံဖြတ်တတ်တဲ့လူ မဟုတ်ပါဘူး

"အရူးအိုကြီး... သေလိုက်စမ်း..."

နတ်ဆိုးတစ္ဆေဘုရင်က ကြမ်းတမ်းစွာ အော်ဟစ်လိုက်ပြီး သူ၏ လှံရှည်ကြီးကို ရှေ့သို့ ထိုးခုတ်လိုက်သည်။

"ဝုန်း..."

"ဝူး... ဝူး..."

လှံရှည်ကြီး၏ ထိုးခုတ်မှုကြောင့် လေထုမှာ တုန်ခါသွားခဲ့ပြီး မရေမတွက်နိုင်သော တစ္ဆေများ၏ ငိုကြွေးသံများနှင့် ဟိန်းဟောက်သံများကို ဖြစ်ပေါ်လာစေကာ ပတ်ဝန်းကျင် တစ်ခုလုံးမှာ ရက်စက်ကြမ်းကြုတ်သော ငရဲပြည်အလား ပြောင်းလဲသွားတော့သည်။

"သိပ်အစွမ်းထက်တာပဲ..."

ရွှေရောင်ဝတ်စုံနှင့် လူအိုကြီးက ခက်ခဲစွာ အသက်ရှူရှိုက်လိုက်ရသည်။

သူသည် အလျင်စလိုဖြင့် ဓားရှည်တစ်လက်ကို ဆွဲထုတ်လိုက်ပြီး တိုက်ခိုက်မှုကို သီသီလေး ကာကွယ်လိုက်နိုင်ခဲ့သည်။

လွှမ်းမိုးထားနိုင်စွမ်းရှိသော နတ်ဆိုးတစ္ဆေဘုရင်ကို ရင်ဆိုင်ရချိန်တွင် ကောင်းကင်ဝိညာဉ်မှန်၏ အထောက်အပံ့ မပါဘဲနှင့် သူသည် ဘုရင်၏ လှံရှည်ကြီး အစွမ်းကို မကာကွယ်နိုင်ခဲ့ချေ။

"ဘုန်း..."

သူ၏ ဓားရှည်မှာ ချက်ချင်းပင် လွင့်စင်သွားခဲ့ရသည်။

လှံရှည်ကြီး၏ အရိပ်မှာ ဝင်းခနဲ ဖြစ်သွားပြီး သူ၏ ပခုံးကို ချက်ချင်းပင် ထိုးဖောက်သွားတော့သည်။

"ဟားဟား... အရူးအိုကြီး... ကောင်းကင်ဝိညာဉ်မှန် မရှိရင် မင်းက ငါ့ပြိုင်ဘက် မဟုတ်ပါဘူးကွာ... ဒီနေ့ ငါ မင်းကို သတ်မယ်..."

နတ်ဆိုးတစ္ဆေဘုရင်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏ လှံရှည်ကြီးကို လူအိုကြီး၏ နဖူးဆီသို့ အလျင်အမြန် ထိုးချလိုက်သည်။

ဤတိုက်ခိုက်မှုက ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကို ပိတ်ဆို့သွားစေသည်။ ငိုကြွေးသံများနှင့် ဟိန်းဟောက်သံများမှာ ပိုမို၍ ကျယ်လောင်လာခဲ့ပြီး ပတ်ဝန်းကျင်ကို ငရဲပြည်အလား ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုအဖြစ် ပြောင်းလဲသွားစေတော့သည်။

ရွှေရောင်ဝတ်စုံနှင့် လူအိုကြီးက သူသည် ဤတိုက်ခိုက်မှုမှ မလွတ်မြောက်နိုင်တော့ကြောင်း သိလိုက်သဖြင့် သူ၏ မျက်လုံးများကိုသာ မှိတ်ထားလိုက်တော့၏။

"ဖေဖေ..."

သူမ၏ ဖခင်မှာ နတ်ဆိုးတစ္ဆေဘုရင်၏ တိုက်ခိုက်မှုကို ခံရပြီး ပြန်လည်ခုခံနိုင်စွမ်း မရှိသည်ကို မြင်လိုက်ရသည့်အခါ ကြောင်ဖြူလေးမှာ အလျင်အမြန် ပြေးထွက်သွားခဲ့၏။

သို့သော်လည်း သူမသည် မီတာအနည်းငယ်ခန့်သာ ပြေးနိုင်ခဲ့ပြီး သိပ်သည်းလှသော အနက်ရောင် တစ္ဆေချီများက သူမကို နောက်သို့ တွန်းထုတ်လိုက်လေသည်။

အရပ်မျက်နှာ အနှံ့အပြားမှနေ၍ ကောင်းကင်ဝိညာဉ်ကြောင် မျိုးနွယ်စုမှ ကံကြမ္မာနယ်ပယ်ရှိ မဟာမိစ္ဆာကြီး အချို့ကလည်း ရှေ့သို့ အလျင်အမြန် ပြေးထွက်လာခဲ့ကြသည်။

သူတို့၏ ကျင့်ကြံမှုနယ်ပယ်များမှာ သိပ်မမြင့်မားဘဲ ကံကြမ္မာနယ်ပယ် အဆင့် ၃ နှင့် ၆ ကြားတွင်သာ ရှိကြသဖြင့် ကံကြမ္မာနယ်ပယ် အဆင့် ၁၀ သို့ ရောက်ရှိနေသော နတ်ဆိုးတစ္ဆေဘုရင်ကို လုံးဝ တားဆီးနိုင်စွမ်း မရှိကြချေ။

လှံရှည်ကြီး၏ ထိပ်ဖျားမှာ လူအိုကြီး၏ နဖူးကို ထိမှန်တော့မည့် အချိန်လေးတွင် ကြီးမားသော လက်တစ်ဖက်က ရုတ်တရက် ထွက်ပေါ်လာပြီး တင်းကျပ်စွာ ဖမ်းဆုပ်လိုက်ရာ အနက်ရောင် လှံရှည်ကြီး၏ တိုးဝင်မှုကို လုံးဝဥဿုံ ရပ်တန့်သွားစေတော့သည်။

"ဘယ်သူလဲ... ငါ့ရဲ့ တစ္ဆေဘုရင်ဂိုဏ်း ကိစ္စတွေကို ဘယ်သူကများ ဝင်စွက်ဖက်ရဲတာလဲ..."

နတ်ဆိုးတစ္ဆေဘုရင်က ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး ခေါင်းမော့ကြည့်လိုက်သည်။

ဘယ်နေရာမှန်းမသိ ပေါ်ထွက်လာသော ဝတ်ရုံနက်ဝတ်ဆင်ထားသည့် လူတစ်ဦးမှာ ရွှေရောင်ဝတ်စုံနှင့် လူအိုကြီး၏ ဘေးတွင် ရပ်နေသည်ကို သူ တွေ့လိုက်ရသည်။

ဤလူက ကြီးမားလှသော သွားဖြူဖြူကြီးများကို ပေါ်လွင်စေလျက် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ဆိုလိုက်၏။

"တစ္ဆေပေါက်စလေး... မင်းက ရမ်းကားတာ နည်းနည်း လွန်သွားပြီနော်..."

နတ်ဆိုးတစ္ဆေဘုရင်မှာ မှင်တက်မိသွားခဲ့သည်။ ဤဝတ်ရုံနက်နှင့်လူကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။

‘ဒီလူက ဘယ်သူများလဲ...’

တစ္ဆေဘုရင်သည် သူ၏ လှံရှည်ကြီးကို နောက်သို့ ပြန်ဆွဲယူရန် ကြိုးစားလိုက်သော်လည်း လုံးဝ ရွေ့လျားခြင်း မရှိပေ။

ဝတ်ရုံနက်ဝတ်ဆင်ထားသော လူမှာ လှံရှည်ကြီး၏ ထိပ်ဖျားကို အလွယ်တကူပင် ဖမ်းဆုပ်ထားခဲ့ပြီး သူ၏ ဆုပ်ကိုင်ထားမှုမှာ အနက်ရောင် လှံရှည်ကြီးအပေါ်သို့ ဧရာမ တောင်တန်းကြီးတစ်ခုက ဖိနှိပ်ထားသကဲ့သို့ ဖြစ်နေသဖြင့် ဘုရင်မှာ လှံကို ပြန်လည်ဆွဲယူရန် မဖြစ်နိုင်တော့ချေ။

နတ်ဆိုးတစ္ဆေဘုရင်မှာ အကြောက်တရားများ လွှမ်းမိုးသွားခဲ့သဖြင့် လက်ကောက်ဝတ်ကို ခါယမ်းကာ လှံရှည်ကြီးကို လွှတ်ချလိုက်ပြီး နောက်သို့ အလျင်အမြန် ဆုတ်ခွာသွားတော့သည်။

မြင်းနက်ကြီးက နှုတ်ခမ်းကို သပ်လျက် သွားဖြဲပြုံးကာ ဆိုလိုက်သည်။

"တစ္ဆေပေါက်စလေး... မင်းပြေးလို့ လွတ်မှာတဲ့လား..."

ချက်ချင်းပင် မြင်းနက်ကြီးမှာ လူအိုကြီး၏ ဘေးမှ ရုတ်ချည်းပျောက်ကွယ်သွားခဲ့ပြီး နတ်ဆိုးတစ္ဆေဘုရင်၏ နောက်တွင် ဘွားခနဲ ပြန်လည်ပေါ်လာခဲ့သည်။

သူက လက်တစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး နတ်ဆိုးတစ္ဆေဘုရင်ကို လေထဲမှနေ၍ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။

"ဘုန်း..."

နတ်ဆိုးတစ္ဆေဘုရင်မှာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ကျသွားခဲ့ပြီး ဧရာမ တွင်းကြီးတစ်ခုဖြစ်အောင် နစ်ဝင်သွားခဲ့သည်။

ဖုန်မှုန့်များ လေထဲသို့ လွင့်စင်သွားတော့၏။

"ဦးလေးမြင်း... ဒီလိုမျိုး ယုတ်မာတဲ့ တစ္ဆေကို အသက်ရှင်ခွင့် ပေးထားလို့ မရဘူးနော်... သူ့ကို သတ်လိုက်..."

ထိုအခိုက်အတန့်တွင် ကြောင်နက်ကြီးမှာ ကွင်းပြင်ပေါ်သို့ ပြေးဝင်လာပြီး အော်ဟစ်လိုက်သည်။

"စိတ်ချပါ... ဒီတစ္ဆေလေးက လှည့်ကွက်တွေ သိပ်များတယ်... သူ့ကို အသက်ရှင်ခွင့် ပေးမှာ မဟုတ်ပါဘူး..."

မြင်းနက်ကြီးက ရယ်မောလိုက်ပြီး လေထဲမှနေ၍ ဖြည်းညင်းစွာ ဆင်းသက်လာခဲ့သည်။

နတ်ဆိုးတစ္ဆေဘုရင်မှာ နက်ရှိုင်းသော တွင်းကြီးထဲမှ တွားသွား၍ ထွက်လာခဲ့ပြီး အဆက်မပြတ် ချောင်းဆိုးနေခဲ့၏။ သူ၏ ကိုယ်တွင်းအင်္ဂါများမှာ ပြင်းထန်စွာ ဒဏ်ရာရသွားသကဲ့သို့ ခံစားလိုက်ရသည်။

သူ့ရှေ့မှ ဝတ်ရုံနက်ဝတ်ဆင်ထားသော လူကို ကြည့်ရင်း သူ မနေနိုင်ဘဲ ထိတ်လန့်တုန်လှုပ်သွားရတော့သည်။

‘ဒီလူ... သူက တာအိုနယ်ပယ် မဟာမိစ္ဆာကြီး တစ်ယောက် ဖြစ်လောက်တယ်ထင်တယ်... ကောင်းကင်ဝိညာဉ်ကြောင် မျိုးနွယ်စုက သူတို့ကို စောင့်ရှောက်ပေးဖို့ တာအိုနယ်ပယ် မဟာမိစ္ဆာကြီး တစ်ယောက်ကို ဘယ်လိုများ ခေါ်ထားတာလဲ...’

အပြင်ဘက်မှ ဆူညံသံများကို ခံစားလိုက်ရသဖြင့် ရွှေရောင်ဝတ်စုံနှင့် လူအိုကြီးမှာ သူ၏ မျက်လုံးများကို ဖွင့်လိုက်သည်။ နတ်ဆိုးတစ္ဆေဘုရင်မှာ ဝတ်ရုံနက်ဝတ်ဆင်ထားသော လူ၏ လက်ချက်ကြောင့် မြေပြင်ပေါ်သို့ ပစ်ကျသွားပြီး ပြင်းထန်စွာ ဒဏ်ရာရသွားသည်ကို မြင်လိုက်ရသည့်အခါ သူ အံ့အားသင့်သွားရတော့သည်။

'ငါ သေရတော့မယ့် အချိန်လေးမှာ ဒီထာဝရနယ်ပယ် မဟာမိစ္ဆာကြီးက ငါ့ကို ဝင်ကယ်ပေးလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး... ဒါက ငါ့ကို ကယ်တင်ရုံတင်မကဘူး... ကောင်းကင်ဝိညာဉ်ကြောင် မျိုးနွယ်စု တစ်ခုလုံးကို ကယ်တင်လိုက်တာပဲ... တကယ်လို့ ငါသာ သေသွားခဲ့ရင်... ကျန်ရစ်တဲ့ မျိုးနွယ်စုဝင်တွေထဲက ဘယ်သူမှ နတ်ဆိုးတစ္ဆေဘုရင်ကို ယှဉ်နိုင်မှာ မဟုတ်ဘူး... သူက ကောင်းကင်ဝိညာဉ်ကြောင် မျိုးနွယ်စု တစ်ခုလုံးကို သွေးချောင်းစီး သတ်ဖြတ်ပစ်မှာပဲ...'

"ကျွန်တော့်ရဲ့ အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက်... စီနီယာ့ကို ကျေးဇူးတင်ပါတယ်..."

သူက လက်ကိုယှက်လျက် နက်ရှိုင်းစွာ ဦးညွှတ်ကာ ဆိုလိုက်သည်။

မြင်းနက်ကြီးက လက်ကိုဝှေ့ယမ်းလိုက်ပြီး ပြုံးလျက် ဆိုလိုက်၏။

"ယဉ်ကျေးနေစရာ မလိုပါဘူး... မင်းက ခေါင်းမာတဲ့ လူအိုကြီးလေး တစ်ယောက် ဖြစ်ပေမဲ့ မင်းဆီမှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေတော့ မရှိပါဘူးလေ..."

ထိုသို့ပြောဆိုရင်း မြင်းနက်ကြီးက လေထဲသို့ လက်ညှိုးတစ်ချောင်း ညွှန်လိုက်ရာ သူ၏ လက်ချောင်းထိပ်မှနေ၍ မိုးကြိုးတစ်ချက် ထွက်ပေါ်လာကာ နတ်ဆိုးတစ္ဆေဘုရင်ကို ချက်ချင်းပင် ထိမှန်သွားခဲ့သည်။

"ဘုန်း..."

ကျယ်လောင်သည့် အသံကြီးနှင့်အတူ နတ်ဆိုးတစ္ဆေဘုရင်မှာ သူ၏ ကိုယ်ခန္ဓာတစ်ခုလုံး ရုတ်တရက် ပေါက်ကွဲထွက်သွားတော့သည်။

မြင်းနက်ကြီးမှာ မိုးကြိုးနှင့် လျှပ်စီးစွမ်းရည်တွင် အလွန်ပင် ကျွမ်းကျင်သူဖြစ်ရာ ၎င်းမှာ တစ္ဆေသတ္တဝါ အားလုံး၏ အဓိက အားနည်းချက် ဖြစ်ပေသည်။ ထို့ကြောင့် နတ်ဆိုးတစ္ဆေဘုရင်ကို ကိုင်တွယ်ရန်မှာ သူ့အတွက် မယုံကြည်နိုင်လောက်အောင် လွယ်ကူလှပေသည်။

သူမ၏ မျိုးနွယ်စု အမြစ်ပြတ်ချေမှုန်းခံရမည့် အန္တရာယ်ကြီးမှ ဤကဲ့သို့ လွတ်မြောက်သွားသည်ကို မြင်လိုက်ရသည့်အခါ ကြောင်ဖြူလေးမှာ အလွန်အမင်း ဝမ်းသာသွားရသည်။

သူမသည်လည်း အလျင်အမြန် လက်ကိုယှက်လျက် မြင်းနက်ကြီးကို ဦးညွှတ်ကာ ကျေးဇူးတင်စကားဆိုလိုက်၏။

"ကျွန်မတို့ရဲ့ အသက်တွေကို ကယ်တင်ပေးခဲ့တဲ့အတွက် ဦးလေးမြင်းကို ကျေးဇူးတင်ပါတယ်..."

"ကြောင်လေး... ငါနဲ့ ဒီလောက်အထိ ယဉ်ကျေးနေစရာ မလိုပါဘူး... ငါတို့ အားလုံးက နဂါးနတ်ဘုရားဂိုဏ်းသားတွေပဲဟာ..."

မြင်းနက်ကြီးက လက်ကိုဝှေ့ယမ်းလိုက်ပြီး ဟက်ဟက်ပက်ပက် ရယ်မောလိုက်တော့သည်။

ရွှေရောင်ဝတ်စုံနှင့် လူအိုကြီးက ကိုယ်ကိုလှည့်ကာ ကြောင်ဖြူလေးထံသို့ လျှောက်သွားလိုက်ပြီး ရှက်ရွံ့နေသော မျက်နှာဖြင့် ဆိုလိုက်၏။

"ငါ့ရဲ့ ချစ်လှစွာသော သမီးလေး... အဖေ မှားသွားပါတယ်... သမီးကို မျိုးနွယ်စုကနေ မနှင်ထုတ်သင့်ခဲ့ဘူး... အဖေ စောစောက ပြောခဲ့တာတွေကို တရားဝင် ပြန်ရုပ်သိမ်းပါတယ်... ပြီးတော့ သမီးကိုလည်း တောင်းပန်ပါတယ်... တကယ်လို့ သမီးက နဂါးနတ်ဘုရားဂိုဏ်းထဲ ဝင်ချင်တယ်ဆိုရင်လည်း ဝင်ပါတော့... အဖေ သမီးကို ထပ်ပြီး မတားတော့ပါဘူး..."

ဖခင်ဖြစ်သူ၏ စကားများကို ကြားလိုက်ရသည့်အခါ ကြောင်ဖြူလေးမှာ မိုးပေါက်များအလား မျက်ရည်များ စီးကျလာသည်အထိ ငိုကြွေးလိုက်တော့သည်။

သူမက တုန်ယင်နေသော အသံဖြင့် ပြောသည်။

"အဖေ... ရှေးဟောင်းပန်းချီကားက ပျောက်သွားတာ မဟုတ်လောက်ပါဘူး... သခင်ကြီးက အဲ့ဒါကို သိမ်းထားလိုက်တာ ဖြစ်မယ်လို့ သမီး ထင်တယ်..."

"သခင်ကြီး ဟုတ်လား..."

ရွှေရောင်ဝတ်စုံနှင့် လူအိုကြီးမှာ အနည်းငယ် မှင်တက်မိသွားပြီး ခေတ္တမျှ ရပ်တန့်သွားခဲ့သည်။ ဤ 'သခင်ကြီး' ဆိုသူမှာ အမှန်တကယ် ဘယ်သူများလဲ။

"သခင်ကြီးဆိုတာက ကျွန်မတို့ နဂါးနတ်ဘုရားဂိုဏ်းရဲ့ သခင်ကြီးပါ..."

ကြောင်ဖြူလေးက မျက်ရည်များကြားမှ ပြုံးလျက် ဆိုလိုက်သည်။ သူမ ကိုယ်ကိုလှည့်ကာ အပြင်ဘက်ရှိ အနက်ရောင် မြင်းရထားကို သွားရောက်ရှာဖွေရန် ပြင်လိုက်စဉ်မှာပင် အဖြူရောင် အလင်းတန်းတစ်ခု ရုတ်တရက် ဝင်းခနဲ ဖြစ်သွားပြီး သူမ၏ ဘေးတွင် ရီယွင် ပေါ်ထွက်လာခဲ့သည်။

"ရှာနေစရာ မလိုပါဘူး... ငါ ရှေးဟောင်းပန်းချီကားကို သိမ်းထားလိုက်ပြီ..."

ရီယွင်က တည်ငြိမ်စွာ ပြုံးလျက် ဆိုလိုက်သည်။

ရွှေရောင်ဝတ်စုံနှင့် လူအိုကြီးက ရုတ်တရက် ပေါ်ထွက်လာသော အဖြူရောင်ဝတ်စုံနှင့် လူငယ်ကို ခေါင်းမှခြေအထိ စူးစမ်းကြည့်ရှုလိုက်ပြီး အတွင်းစိတ်၌ အံ့အားသင့်သွားရသည်။

အဖြူရောင်ဝတ်စုံနှင့် လူငယ်ထံတွင် ကျင့်ကြံမှုနယ်ပယ်၏ အရိပ်အယောင် အနည်းငယ်မျှပင် မတွေ့ရသော်လည်း သူသည် အနှိုင်းမဲ့ မြင့်မြတ်သော အရှိန်အဝါများကို ထုတ်လွှတ်နေပြီး နတ်ဘုရားတစ်ပါးအလား သူ့ရှေ့တွင် ရပ်တည်နေကာ အကန့်အသတ်မဲ့သော အလင်းတန်းများ တောက်ပနေပြီး အံ့ဩထိတ်လန့်ဖွယ်ရာ ဖြစ်နေခဲ့သည်။

'ဒါက ဘယ်လိုမျိုး ကျင့်ကြံမှုနယ်ပယ်ကြီးလဲ...'

ရွှေရောင်ဝတ်စုံနှင့် လူအိုကြီးမှာ ဘာမှမတတ်နိုင်စွာဖြင့် အတွင်းစိတ်၌ ညည်းတွားလိုက်မိသည်။ သူ့ရှေ့မှ အဖြူရောင်ဝတ်စုံနှင့် လူငယ်မှာ မည်မျှအထိ မြင့်မားသော ကျင့်ကြံမှုနယ်ပယ်ကို ပိုင်ဆိုင်ထားကြောင်း သူ စိတ်ကူး၍ပင် မရနိုင်ချေ။

"ဂါရဝပြုပါတယ် သခင်ကြီး..."

မြင်းနက်ကြီး၊ အစွမ်းထက်သွေးနဂါးမိစ္ဆာနှင့် ကြောင်နက်ကြီးတို့မှာ အလွန်ပင် ရိုသေလေးစားသော အမူအရာဖြင့် အလျင်အမြန် ဦးညွှတ်ကာ နှုတ်ဆက်လိုက်ကြသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ရွှေရောင်ဝတ်စုံနှင့် လူအိုကြီးမှာ အလွန်အမင်း ထိတ်လန့်သွားပြီး ကျောက်ဆစ်ရုပ်တုတစ်ခုအလား ဖြစ်သွားရတော့သည်။

'ထာဝရနယ်ပယ် မဟာမိစ္ဆာကြီးကတောင် ဒီလောက်အထိ ရိုသေနေတယ်ဆိုတော့... ဒါဆိုရင်... ဒီအဖြူရောင်ဝတ်စုံနဲ့ လူငယ်ရဲ့ ကျင့်ကြံမှုနယ်ပယ်က ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်မလဲ... ဒီလိုမျိုး ကျင့်ကြံမှုနယ်ပယ်က... အနည်းဆုံးတော့ ထာဝရနယ်ပယ်ရဲ့ အထွတ်အထိပ် အဆင့် ၁၀ မှာ ရှိနေရမယ် မဟုတ်လား...'

ထိုအချိန်တွင် သခင်ကြီးက ရှေးဟောင်းပန်းချီကားကို အမှန်တကယ်ပင် သိမ်းဆည်းထားခဲ့ကြောင်း အတည်ပြုလိုက်ရသဖြင့် ကြောင်ဖြူလေးမှာ အနည်းငယ် ရှက်ရွံ့သွားခဲ့သည်။

"သခင်ကြီး... ဒီပန်းချီကားက သခင်ကြီးအတွက် အသုံးဝင်လို့လားရှင့်..."

သူမက ထစ်ငေါ့ကာ မေးမြန်းလိုက်သည်။

ရီယွင်က ခေါင်းညိတ်ပြလိုက်၏။

"ဒီရှေးဟောင်းပန်းချီကားက အတိတ်က ငါ့ရဲ့ ရင်းနှီးကျွမ်းဝင်သူ တစ်ယောက်နဲ့ သက်ဆိုင်တာလေ... ဒါကို မြင်လိုက်ရတော့ အတိတ်က အမှတ်တရတွေကို ပြန်သတိရသွားလို့ ငါ သိမ်းထားလိုက်တာ... ဒါပေမဲ့ ငါ မင်းတို့ရဲ့ ဆုံးရှုံးမှုအတွက်၊ ကောင်းကင်ဝိညာဉ်ကြောင် မျိုးနွယ်စုအတွက် အကျိုးမယုတ်စေရပါဘူး..."

ရီယွင် စကားပြောပြီးသည်နှင့် ရွှေရောင်ဝတ်စုံနှင့် လူအိုကြီး၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့ပြီး သူ၏ နှလုံးသားအတွင်း၌ လှိုင်းတံပိုးများ ပြင်းထန်စွာ ရိုက်ခတ်သွားတော့သည်။

'တကယ်လို့သာ အဖြူရောင်ဝတ်စုံနဲ့ လူငယ်က ရှေးဟောင်းပန်းချီကားထဲက မိစ္ဆာဘိုးဘေးကို သိနေတယ်ဆိုရင်... သူက အမှန်တကယ် ဘယ်သူများလဲ...'

သူက သူ့ရှေ့မှ ချောမောခန့်ညားသော အဖြူရောင်ဝတ်စုံနှင့် လူငယ်ကို ကြည့်ကာ ရိုသေစွာ ဆိုလိုက်သည်။

"စီနီယာ... စီနီယာက ကျွန်တော်တို့ရဲ့ ကောင်းကင်ဝိညာဉ်ကြောင် မျိုးနွယ်စုကို ကယ်တင်ပေးခဲ့တာပါ... ဒီလောက် ကြီးမားတဲ့ ကျေးဇူးကို ပြန်ဆပ်ဖို့ ကျွန်တော်တို့ ဘယ်လိုမှ မတောင်းဆိုရဲပါဘူး... ဒီရှေးဟောင်းပန်းချီကားက အဖိုးတန်ပေမဲ့... စီနီယာ လိုအပ်တယ်ဆိုရင် ဝမ်းမြောက်စွာ ပေးအပ်ဖို့ အသင့်ပါပဲ... အလိုရှိသလို ယူသွားလိုက်ပါ..."

"ငါက အခြားသူတွေဆီကနေ အချည်းနီးခေါင်းပုံဖြတ်တတ်တဲ့လူ မဟုတ်ပါဘူး..."

ရီယွင်က ခေါင်းခါယမ်းလိုက်ပြီး သူ၏ နှုတ်ခမ်းပေါ်တွင် မှိန်ဖျော့သော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။

သူသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ပြုံးလျက် ဆိုလိုက်၏။

"မင်းတို့ရဲ့ ကောင်းကင်ဝိညာဉ်ကြောင် မျိုးနွယ်စုရဲ့ ဘိုးဘေးတွေက တစ်ချိန်တုန်းက ယွင်ရှောင်ရဲ့ မိစ္ဆာအဖော်သားရဲတွေအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်... လွန်ခဲ့တဲ့ နှစ်သောင်းပေါင်းများစွာက သူတို့ဟာ အကန့်အသတ်မဲ့တဲ့ ဂုဏ်ကျက်သရေတွေ ရှိခဲ့မှာ ဖြစ်ပေမဲ့ အခုတော့ အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်နေရပြီ... ဒါဆိုရင် ဘယ်လိုလဲ... မင်းတို့လည်း နဂါးနတ်ဘုရားဂိုဏ်းထဲကို ဝင်လိုက်ပါလား..."

အခန်း ၂၄၄ ပြီးပါပြီ။

All Chapters