← Chapters

တပ်မက်မှု တဏှာက သူရဲကောင်းအားလုံးအတွက် ရန်သူပဲ

Vol. 2 Ch. 16

တပ်မက်မှု တဏှာက သူရဲကောင်းအားလုံးအတွက် ရန်သူပဲ

Vol. 2 Ch. 16

အခန်း (၁၆) : တပ်မက်မှု တဏှာက သူရဲကောင်းအားလုံးအတွက် ရန်သူပဲ

ဤစစ်ဆေးမှုတွင် ဝမ်ဝေ့ နှစ်လတား အချိန်ကို အသုံးပြုရသည့် အကြောင်းပြချက်တစ်ခု ရှိသည်။ ထိုအရာက သူ့ချစ်သူ သစ္စာဖောက်လိုက်သောကြောင့် သူ ကျရှုံးသွားသည့်အတွက် မဟုတ်ပေ။

ပထမတစ်ခေါက် ကျရှုံးပြီးနောက် သူ ချက်ချင်း စစ်ဆေးမှု ထပ်မံခံယူခဲ့သည်။ ယခုတစ်ခေါက်တွင် အရာအားလုံး အဆင်ပြေချောမွေ့သွားသည်။

အထဲသို့ ဝင်ရောက်ပြီးသည်နှင့်တစ်ပြိုင်နက် မောင်းမဆောင်မှ လူများအား ဆွဲဆောင်ပညာရပ် မသုံးဖို့ ဝမ်ဝေ့တားမြစ်လိုက်သည်။ ထုတ်သုံးမိပါက အကျိုးဆက်ကို သူတို့ ရင်ဆိုင်ရမည် ဖြစ်သည်။

သူ့အပေါ်တွင် ဆွဲဆောင်ပညာရပ်ကို သုံးဖို့ကြိုးစားသည့် လှပသည့် အမျိုးသမီး ဘယ်သူမဆို သူ ကိုယ်တိုင် ခေါင်းဖြတ်ခြင်းကို ခံရမည်။

အင်ပါယာ၏ အတွင်းရေးပြဿနာများကို တည်ငြိမ်အောင် လုပ်ထားပြီးနောက် စစ်တပ်နှင့်အတူ စစ်တိုက်ထွက်သည်။ ခံစားချက်ကို ကစားသည့် အမျိုးသမီးများအားလုံးနှင့် ရင်ဆိုင်ရသည့်အခါ သူ အားလုံးကို လျစ်လျူရှုခြင်း သို့မဟုတ် အင်ပါယာအတွက် သစ္စာခံများကို ပေးအပ်လိုက်သည်။

သူ့ကို အမှန်တကယ် ကူညီသူများအား မြေ၊ ငွေနှင့် ဂုဏ်သရေရှိရာထူးများ ပေးအပ်ခဲ့သည်။

သူ သဘောကျရသော အမျိုးသမီးနှင့် ပြန်လည်တွေ့ဆုံသည့်အခါ သူ့ကို သူမ လုပ်သွားခဲ့သည့်အတိုင်း သူ တစ်ထေရာထဲ ပြန်လုပ်လိုက်သည်။ သူမ သူ့ကို သတ်ဖို့ ကြိုးစားသော်လည်း သူကသာ သူမကို သတ်လိုက်ပြီး သူမအတွက် လက်စားချေပေးမည်ဆိုသော ခေါင်းစဉ်ဖြင့် သူမ ပိုင်ဆိုင်သည်များကို သိမ်းပိုက်လိုက်သည်။

အင်ပါယာတည်ငြိမ်သွားသည့်အခါ သူက သူမကို ဧကရီအဖြစ် တင်မြှောက်ကာ တော်ဝင်ဂူဗိမာန်တွင် မြှုပ်နှံလိုက်သည်။ ထို့နောက် ဧကရီက တိုင်းပြည်အတွက် စတေးသွားသည့်အတွက် အင်ပါယာတစ်ခုလုံး ပူဆွေးဝမ်းနည်းသည့် အထိမ်းအမှတ်လုပ်ရန် နေ့ရက်တစ်ရက် သတ်မှတ်လိုက်သည်။

ထိုစစ်ဆေးမှုအပိုင်း ပြီးသွားသည့်အခါ ဝမ်ဝေ့ တော်တော်များများကို သင်ယူနိုင်လိုက်သည်။ ထိုနိုင်ငံရေးကစားပွဲတွင် အချိန်များစွာ အသုံးပြုပြီးနောက် ခံစားချက်ကို ဘယ်လိုထိန်းချုပ်ရမလဲနှင့် ဘယ်လိုအခြေအနေမျိုးမှာမဆို မျက်နှာထားကို တည်တည်ငြိမ်ငြိမ်ထားဖို့ ဝမ်ဝေ့ သင်ယူခဲ့ရသည်။

သူ့ခံစားချက်ကို ကစားဖို့အတွက် စီစဉ်ထားသော အမျိုးသမီးများနှင့် တွေ့ဆုံပြီးနောက် ဝမ်ဝေ့ ခံစားချက်ကို အသေးစိတ် ခွဲခြားတတ်လာသည်။ ထို့အပြင် တခြားသူများ၏ စိတ်ခံစားချက်ကို သိရှိဖို့အတွက် လူတစ်ယောက်၏ ဝိညာဉ်လှုပ်ခတ်မှုကို သတိထားမိနိုင်သည့် အရည်အချင်းလည်း တိုးတက်လာခဲ့သည်။

ဝမ်ဝေ့ ယခုထိ ဤစစ်ဆေးမှုကို ဖြတ်ကျော်လို့ မပြီးသေးသော်လည်း ဤစစ်ဆေးမှုမှ များပြားသော အကျိုးအမြတ်များကို ရရှိခဲ့သည်။ ဤစစ်ဆေးမှုတွင် ဒုတိယအပိုင်းတစ်ခု ရှိနေသေးသည်။

တစ်နေ့တွင် ဝမ်ဝေ့က စစ်မက်ရေးရာတွင် ပိုမိုမြင့်သောအဆင့်သို့ ရောက်ရန်အတွက် သီးသန့်ကျင့်ကြံနေခဲ့သည်။ သူ တရားထိုင်နေစဉ်အတွင်း ရုတ်တရက် ပန်းရောင်တိမ်တိုက်က အခန်းတစ်ခုလုံးကို အလျင်အမြန် ဖုံးအုပ်သွားသည်။

ပန်းရောင်တိမ်တိုက်က သူ့ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကာ ချက်ချင်း စတင် အလုပ်လုပ်တော့သည်။ သူ့ တခြားခံစားများအားလုံးကို ဖိနှိပ်ထားလိုက်ပြီး ရမ္မက်စိတ်သာ စိတ်ကူးယဉ်၍မရနိုင်သော ပမာဏသာ ကျန်ရှိခဲ့တော့သည်။ သူ စဉ်းစားနိုင်သည့်အရာအားလုံးက သူ့စွမ်းအင်ကို ဘယ်လိုမျိုး လွှတ်ထုတ်ရမလဲဆိုသည့် အကြောင်းအရာသာ ဖြစ်သည်။

မကြာခင်တွင် လှပသော မောင်းမများ သူ ကျင့်ကြံသော အခန်းထဲသို့ ဝင်လာကြပြီး သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် အဝတ်တစ်စပင် ကပ်မနေဘဲ လှပမှု၊ ငယ်ရွယ်မှုနှင့် တပ်မက်မှုတို့ကို ဖော်ထုတ်ထားသည်။

ထိုအမျိုးသမီးများ ထိုအခန်းထဲသို့ ဝင်လာသည်နှင့်တစ်ပြိုင်နက် ဝမ်ဝေ့၏ စိတ်ထဲတွင် စကားတစ်ခွန်းကို ကြားယောင်းလိုက်ရသည်

“ မင်း ဒီထဲက အမျိုးသမီးတစ်ယောက်ယောက်ကို ထိလိုက်တာနဲ့ မင်းရဲ့ ကမ္ဘာဦးယန်ဓာတ် စုပ်ယူခံရပြီးတော့ အရမ်းဆိုးရွားစွာ သေဆုံးသွားရလိမ့်မယ်”

ဤစစ်ဆေးမှု၏ ဒုတိယပိုင်းအကြောင်း ကြားလိုက်ရသည့်အချိန်တွင် ဝမ်ဝေ့အနေဖြင့် “ သေပြီ ငါတော့ ပြီးပြီ”ဟုသာ စဉ်းစားချိန်ရလိုက်ပြီး အသိစိတ်ပျောက်သွားကာ သူ့ ခန္ဓာကိုယ်က နှစ်တစ်ထောင်သက်တမ်းရှိ မံမီကဲ့သို့ ခြောက်ကပ်သွားကာ စစ်ဆေးမှု ကျရှုံးသွားသည့်အတွက် မျှော်နန်းဆောင်အပြင်ဘက်သို့ ရောက်ရှိသွားသည်။

မျှော်နန်းဆောင်၏ အပြင်ဘက်သို့ မောင်းထုတ်ခံရပြီးသောအခါ ဝမ်ဝေ့က စိတ်ကို ပြင်ဆင်ဖို့အတွက် အချိန်ယူလိုက်ပြီး လေးနက်စွာ စဉ်းစားလိုက်သည်။ မျှော်နန်းဆောင်ကို ဖန်တီးခဲ့စဉ်က ထိုအပိုင်းကို သူ လုပ်ခဲ့ခြင်း မဟုတ်သည့်အတွက် ယခုတစ်ခေါက် သူ အနည်းငယ် ထိတ်လန့်အံ့ဩသွားရသည်။ တစ်စုံတစ်ယောက်က စစ်ဆေးမှုတွင် ထိုအပိုင်းကို ထည့်သွင်းဖို့အတွက် အကြံရသွားပုံပေါ်သည်။

တစ်စုံတစ်ယောက်က သူ့စစ်ဆေးမှုကို ပြုပြင်လိုက်သည့်အတွက် ဝမ်ဝေ့ စိတ်တိုဒေါသထွက်ခြင်းမရှိဘဲ အတော်လေး စိတ်လှုပ်ရှားနေမိသည်။ သူက တန်ခိုးနှင့် ပြည့်စုံနေသောသူတစ်ယောက် မဟုတ်သည့်အတွက် စီစဉ်သည့်အခါ ဖြစ်လာမည့်ကိစ္စများကို ကြိုတင်ကြည့်ရှုထားခြင်းက ပုံမှန် ဖြစ်သည်။

သူ ကာမအားတိုးဆေး၏ အရေးပါပုံကို ကြည့်ခဲ့စဉ်ကနှင့် ဆင်တူသည်။ သူ၏ ယခင်ဘဝတုန်းက ကာမအားတိုးဆေးများက သိပ္ပံနည်းကျ အတည်ပြုထားခြင်း မရှိသလို အကျိုးသက်ရောက်မှုက မူမမှန်သောအဆင့်အထိ ရောက်နိုင်တယ်ဆိုတာမျိုးလည်း မရှိပေ။ ထို့ကြောင့် ဝမ်ဝေ့ အနာဂတ်တွင် အစီအစဉ်များ လုပ်ခဲ့စဉ်က ကြိုတင်ကြည့်ရှုထားခဲ့သည်။ အားလုံးသိထားပြီးသည့်အတိုင်း ဝမ်ဝေ့က အနာဂတ်အတွက် အစီအစဉ်များ ချမှတ်ထားပြီးပြီ ဖြစ်၏။ သို့သော် ထိုအရာကို ကျော်ပစ်ခဲ့မိသည်။

ထိုအရာက အင်အားတောင့်သော နောက်ခံရှိနေခြင်း၏ အကျိုးကျေးဇူးပင် ဖြစ်သည်။ အရင်းအမြစ်များစွာ ရရုံသာမက ချို့ယွင်းချက်ကို ပြင်ပေးသည့် လူများပါ ရှိနေသေးသည်။ ထို့ကြောင့် အလုပ်နှင့် ပန်းတိုင်ကိုသွားရာလမ်းတွင် အထိအခိုက် နည်းပါးလိမ့်မည်။

အနာဂတ် စစ်ဆေးမှုများက ထင်ထားသလောက် ချောမွေ့မှာ မဟုတ်ကြောင်းနှင့် များပြားသော အံ့ဩမှုများက သူ့ကို စောင့်ကြိုနေကြောင့် ဝမ်ဝေ့ မျှော်လင့်ထားသည်။ သူ ထိုအရာအတွက် အရမ်းစိတ်လှုပ်ရှားနေပြီဖြစ်သည်။

အရာအားလုံးကို သိနေတော့ရော ဘာလုပ်ရမှာလဲ

ဝမ်ဝေ့က ကြိုတင်ပြင်ဆင်ထားရသည်ကို ကြိုက်နှစ်သက်သော်လည်း မသိရခြင်းကြောင့် ဖြစ်ပေါ်လာသော စိတ်လှုပ်ရှားမှုကိုလည်း သူ နှစ်သက်သည်။ သူ ကြိုတင်ပြင်ဆင်ထားရသည်ကို ကြိုက်နှစ်သက်ရခြင်းက မထင်မှတ်ထားသော အခြေအနေများ ဖြစ်ပေါ်လာပါက အခြေအနေကို ထိန်းချုပ်ရန် နည်းလမ်းမျိုးစုံ စဉ်းစားထားနိုင်ခြင်းကြောင့် ဖြစ်သည်။

ဝမ်ဝေ့က လေးခုမြောက် မျှော်နန်းဆောင်စစ်ဆေးမှု ဒုတိယအပိုင်းတွင် အချိန်နှစ်လထက်ပိုပြီး အသုံးပြုခဲ့သည်။ နေ့တိုင်း အားပြင်းသော ကာမအားတိုးဆေးခတ်ခံရပြီး သူ၏ စိတ်ဆန္ဒရမ္မက်ကို တိုက်ပွဲဝင်ရသည်။

သူ အကြိမ်ပေါင်းများစွာ ကျရှုံးခဲ့သော်လည်း ကျရှုံးမှု တစ်ခုချင်းစီကြောင့် စစ်ဆေးမှု အောင်မြင်နိုင်သော အဆင့်ထိ ရောက်ရှိခဲ့သည်။

ဝမ်ဝေ့ စစ်ဆေးမှုကို ဖြတ်ကျော်ပြီးနောက် လီကျွင်းလည်း ဖြတ်ကျော်နိုင်သွားသည်။

ဝမ်ဝေ့ ထိုသတင်းကို ကြားသည့်အခါ အံ့ဩသွားသည်။ ထိုစစ်ဆေးမှုကို ဖြတ်ကျော်နိုင်ဖို့အတွက် ဘယ်လိုနာကျင်မှုမျိုးကို သည်းခံရမလဲဆိုတာကို သူ ကောင်းကောင်းသိသည်။ ကလေးခန္ဓာကိုယ်ထဲတွင် ရောက်နေသော လူကြီးတစ်ယောက်အနေဖြင့် ဘဝနှစ်ခုကို နေပြီးနောက် သေချာသိသည်။

လီကျွင်းကလည်း သူနှင့် တူညီလုနီးပါးဖြစ်သော အချိန်ကိုသာ သုံးခဲ့သည့်အတွက် သူ မအံ့ဩဘဲ မနေနိုင်တော့ပေ။

ထိုသတင်းကို ကြားပြီးနောက် ဝမ်ဝေ့က သူ့ သတင်းများကို စုစည်းပေးသူဖြစ်သည့် အစေခံခေါင်းဆောင်ကို ခေါ်ဖို့ လူတစ်ယောက်ကို စေလွှတ်လိုက်သည်။

ထို့နောက် သူမ အခန်းထဲသို့ ဝင်လာကာ အရိုအသေပေးရင်း ပြောလိုက်သည်

“ သခင်လေး ခေါ်ပါသလား”

“ ဟုတ်တယ်။ လီကျွင်းလည်း စစ်ဆေးမှုကို အောင်မြင်သွားတယ်ဆို ဟုတ်လား”

“ဟုတ်ပါတယ်။ သခင်လေး လီကျွင်းလည်း သခင်လေး စစ်ဆေးမှုအောင်မြင်ပြီး ရက်အနည်းငယ်ကြာမှာ အောင်မြင်သွားတာပါ”

ဝမ်ဝေ့ မျက်မှောင်ကြုတ်ကာ အနည်းငယ် တွေဝေသွားပုံပေါ်သည်။ ထိုအရာက ဝမ်ဝေ့ မနာလိုဖြစ်တာ မဟုတ်သလို၊ ဂုဏ်မောက်နေခြင်း မဟုတ်သော်လည်း လီကျွင်း စစ်ဆေးမှုဖြတ်ကျော်နှုန်းက အရမ်းမြန်နေသောကြောင့် ဖြစ်၏။ ဝမ်ဝေ့က သူ့ညီလေးသည် အဓိကဇာတ်ဆောင်လား၊ သူ့ကို အမြင့်ရောက်အောင် လုပ်ပေးနိုင်သည့် အရာနှင့် တွေ့ခဲ့တာလားဆိုတာကို စတင် သိချင်လာမိသည်။

သူက မေးလိုက်သည်

“ နောက်ထပ် အချက်အလက် ရှိသေးလား”

အစေခံခေါင်းဆောင်က တုံ့ပြန်လိုက်သည်

“ ကျွန်မ ရရှိထားတဲ့ အချက်အလက်အရတော့ သခင်လေးလီကျွင်းက ကာမအားတိုးဆေးတွေ အများကြီးကို တစ်ခါတည်း သောက်ချလိုက်ပြီးတော့ တောင့်ခံဖို့အတွက် သူ့ဘာသာသူ အခန်းတံခါးပိတ်ပြီး နေတယ်တဲ့။ မဟာအကြီးအကဲ လီကျန်း သူ့ကို တွေ့တော့ ကြမ်းပြင်ပေါ်မှာ သွေးတွေနဲ့ လဲနေတာကို တွေ့လိုက်ရတာ။ မဟာအကြီးအကဲက သူ့အသက်ကို ကယ်ပေးဖို့အတွက် သူတော်စင်အဆင့် အားဖြည့်ဆေးကိုတောင် အသုံးပြုပေးခဲ့တာ”

သူ့ အစေခံခေါင်းဆောင်၏ ရှင်းပြချက်ကို ကြားပြီးနောက် လီကျွင်းက ဘယ်လိုလုပ်ပြီးတော့ စစ်ဆေးမှုကို အရမ်းမြန်မြန်ဆန်ဆန် အောင်မြင်သွားလဲဆိုတာကို ဝမ်ဝေ့ နားလည်သွားသည်။ ထိုစစ်ဆေးမှုက သူ့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်သည်ဆိုတာကို သိသည့်အတွက် လီကျွင်းက စစ်ဆေးမှုကို မြန်မြန် ဖြတ်သန်းနိုင်စေရန်အတွက် သူ့ ဆန္ဒကို ထိန်းချုပ်ဖို့ သေခြင်းနှင့် ရှင်ခြင်းကြားမှာ ပြန်ပြန်လှန်လှန် သွားလာနေခဲ့သည်။

သေခြင်းနှင့် ရှင်ခြင်းကြားမှာ ဖြတ်သန်းရာတွင် ကြီးမားသည့် ကြောက်စရာကောင်းသော အရာရှိကြောင်း ကျင့်ကြံသူတိုင်း သိသည်။ ထိုအရာကို ကျော်ဖြတ်နိုင်သွားလျှင် ကြီးမားသော အကျိုးအမြတ်ကို ရရှိမည်ဖြစ်ပြီး မကျော်ဖြတ်နိုင်ပါက သူတို့ သေသွားမည် ဖြစ်သည်။

လူတွေအများကြီးက အဲဒီအကြောင်းကို သိပေမဲ့လည်း ဘယ်သူကတော့ သူတို့အသက်ကို အန္တရာယ်ထဲ အကျခံပါ့မလဲ။ ဒါပေမဲ့ အဲဒီအချက်က လီကျွင်းအပေါ်မှာတော့ သက်ရောက်မှု မရှိတဲ့ပုံပဲ

ဒီကောင်လေးက တကယ်ကို ရူးနေတာပဲ။ သူ့စစ်ဆေးမှုကို ဖြတ်ကျော်နိုင်ဖို့အတွက် သူ့ အသက်နဲ့တောင် ကစားခဲ့တယ်။ အဲဒါကြောင့် ရလဒ်ကလည်း အံ့ဩစရာပဲ။ လီကျွင်းလည်း စိတ်အားထက်သန်စွာနဲ့ စစ်ဆေးမှုကို အလျင်အမြန် ဖြတ်ကျော်သွားဖို့ လုပ်နိုင်တယ်

ထို့အပြင် လီကျွင်း၏ စိတ်အားထက်သန်မှုက သူတို့ဂိုဏ်းကိုပါ အမြင့်သို့ ဆွဲခေါ်သွားနိုင်သည်။

အဲဒါကြောင့် မဟာအကြီးအကဲက သူ့ကို ကယ်တင်ဖို့ သူတော်စင်အဆင့် ဆေးလုံး အသုံးပြုလိုက်တာ မတွေ့ဘူးလား …

လီကျွင်းက စတင် မကျင့်ကြံရသေးသည့် သေမျိုးတစ်ယောက်ဖြစ်သည့်အတွက် သာမန်ဆေးလုံးဖြင့်တင် သူ့ကို ကုစားနိုင်သည်။ မြေကမ္ဘာဆေးလုံးကို အသုံးပြုရုံဖြင့် သူ၏ အုတ်မြစ် မပျက်စီးစေရန် အာမခံပေးနိုင်သည်။

သို့သော် မဟာအကြီးအကဲက သူ့ဒဏ်ရာများကို ကုသပေးဖို့အတွက် သူတော်စင်အဆင့် ဆေးလုံးကို အသုံးပြုခဲ့သည်။ ဆေးလုံးများကိုလည်း လက်နက်များကဲ့သို့ နက်နဲအဆင့်၊ မြေကမ္ဘာအဆင့်၊ ကောင်းကင်အဆင့်၊ သူတော်စင်အဆင့်၊ အထွတ်အထိပ်အဆင့်၊ ဧကရာဇ်တစ်ပိုင်းအဆင့်နှင့် ဧကရာဇ်အဆင့်ဆိုပြီး ခွဲခြားထားသည်။

သူတော်စင်အဆင့် ဆေးလုံးများ အထူးသဖြင့် သူတော်စင်အဆင့် ကုစားဆေးလုံးက အင်မတန် ရှားပါးသည်။ ဆေးလုံးအဆင့်မြင့်လေလေ စွမ်းအင်ပိုမိုများပြားလေလေ ဖြစ်ပြီး စုပ်ယူဖို့အတွက် ကျင့်ကြံဆင့်မြင့်မြင့်ကို လိုအပ်လေလေဖြစ်သည်။ အဆင့်နိမ့်ကျင့်ကြံသူသာ ထိုသူတော်စင်ဆေးလုံးကို သောက်သုံးလိုက်ပါက ရလဒ်က ပေါက်ကွဲ သေဆုံးသွားဖို့ ဖြစ်နိုင်ချေများသည်။

သို့သော် အားဖြည့်ဆေးက အရမ်းထူးခြားသည်။ ထိုဆေးထဲတွင် ပါဝင်သောစွမ်းအင်က အရမ်းယဉ်ပါးသည့်အတွက် စွမ်းအင်ကို ဖြည်းဖြည်းချင်းသာ ထုတ်လွှတ်ပေးသည်။ ထို့ကြောင့် လီကျွင်းကဲ့သို့ သေမျိုးပင် သောက်သုံးလို့ရနေခြင်း ဖြစ်သည်။ ထိုလုပ်ဆောင်ချက်က ထိုဆေးလုံး၏ တန်ဖိုးကို မြှင့်တင်ပေးလိုက်နိုင်သည်။

All Chapters