← Chapters

အခန်း ၂၁၉

Vol. 22 Ch. 219

အခန်း ၂၁၉

Vol. 22 Ch. 219

အခန်း ၂၁၉ - လက်မှတ်ထိုးလိုက်

အိုးယဲ့ကျီ...ထိုနာမည်က ရင်းနှီးသလို သူစိမ်းလည်း ဆန်နေလေသည်။သူ၏ အခြား ရင်းနှီးသော သူငယ်ချင်း တစ်ယောက်...အစပိုင်းတွင် အင်မော်တယ်၏ စစ်တုရင်ရုပ် တစ်ခု ဖြစ်ခဲ့ရာမှ နောက်ဆုံးတွင် သူ အင်မော်တယ်များကို သတ်ဖြတ်ချိန်၌ သူ၏ လက်ထဲရှိ အထက်မြက်ဆုံး ဓား ဖြစ်လာခဲ့ပေသည်။အကယ်၍ အိုးယဲ့ကျီ၏ အသွင်အပြင်သည် သူ၏ လမ်းကြောင်းကို လင်းထိန်စေသော အလင်းတန်း တစ်ခု နှင့် တူခဲ့လျှင်...ထိုအလင်းတန်း ကြောင့် လင်းထိန်နေသော ဤလမ်းကြောင်း ပေါ်တွင် အိုးယဲ့ကျီသည် သူ့ကို တိတ်ဆိတ်စွာ အဖော်ပြုပေးခဲ့သော ရင်းနှီးသည့် သူငယ်ချင်း ပင် ဖြစ်လေ၏။တစ်ယောက်က သူ့အတွက် သူ၏ တာအို၏ လမ်းကြောင်းကို ပြသပေးခဲ့ပြီး နောက်တစ်ယောက်က သူ တာအိုကို ရရှိပြီးနောက် သူ၏ ဆုတ်ခွာရာ လမ်းတစ်ခုကို ချန်ထားပေးခဲ့ပေသည်။နာမည် နှစ်ခုသည် စာလုံး တစ်လုံးသာ ကွာခြားသော်လည်း ပိုင်ယွီ၏ နှလုံးသားထဲတွင်မူ ထိုသူတို့သည် တန်းတူ အရေးပါလှပေသည်။ထို့ပြင် ဤစာအုပ်သည် သူ၏ ချစ်ခင်ရသော သူငယ်ချင်းက သူ့အတွက် ချန်ထားခဲ့သော ဆုတ်ခွာရာ လမ်း ပင် ဖြစ်လေ၏။ အမြဲတမ်း တိတ်ဆိတ်နေတတ်သော်လည်း ထိုသူသည် သူ၏ အနာဂတ် အတွက် နေရာ ချန်ထားပေးခဲ့ပေသည်။ပိုင်ယွီသည် မှတ်စုစာအုပ်ကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး အခြား လက်တစ်ဖက်ဖြင့် ကိုင်ထားသော ချီဘိုးဘေးကို မျက်လုံးစူးစိုက်ကြည့်နေခဲ့လေ၏။ သူက ဂရုမစိုက်စွာ ပြောဆိုလိုက်ပေသည်... "ချီ... ရှေးဟောင်းခေတ် ပြီးတဲ့နောက် မင်း ဘာတွေ ကြုံတွေ့ခဲ့ရလဲ ဆိုတာ ငါ မသိချင်ဘူး... မင်းက ငါ့ရဲ့ တာအိုလက်တွဲဖော် အဖြစ် ဟန်ဆောင်ခဲ့တာကို ငါ အရေးမယူဘဲ နေလို့ ရတယ်... အခု မင်းကို ငါ ရွေးချယ်စရာ တစ်ခု ပေးမယ်..."ချီဘိုးဘေးသည် တစ်ခဏမျှ အံ့အားသင့်သွားပြီးနောက် မေးမြန်းလိုက်လေသည်... "ဘယ်လို ရွေးချယ်စရာလဲ..."မှတ်စုစာအုပ်သည် မည်သည့် လေမျှ မရှိဘဲ ပထမဆုံး စာမျက်နှာသို့ ပွင့်သွားခဲ့ပေသည်။ ပိုင်ယွီသည် ချီဘိုးဘေးကို အချက်ပြကာ ပြောဆိုလိုက်လေသည်... "မင်းရဲ့ အစစ်အမှန်ဝိညာဉ် အစအန တစ်ခုကို ထုတ်ယူပြီး ဒီ မှတ်စုစာအုပ် ပေါ်မှာ မင်းရဲ့ နာမည်အစစ်ကို ရေးလိုက်..."ပိုင်ယွီ၏ စကားများကို ကြားသောအခါ ချီဘိုးဘေး၏ မျက်နှာပေါ်တွင် ထိတ်လန့်မှု နှင့် ဒေါသ နှစ်ခုစလုံး ပြည့်နှက်သွားခဲ့ပေသည်။ ဤခွေးက အင်မော်တယ် တစ်ပါးကို တကယ်ပဲ ထိန်းချုပ်ချင်နေတာလား ဟု တွေးတောမိသည်။အဓိပ္ပာယ်မရှိလိုက်တာ ဟု ဆက်တွေးလိုက်လေ၏။ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ဟု စဉ်းစားမိသည်။သေချာသည်မှာ ချီဘိုးဘေးသည် ပိုင်ယွီ၏ စကားများက ဘာကို ဆိုလိုသနည်း ဆိုသည်ကို နားလည်ထားပေသည်။ အကယ်၍ သူသာ ဤမှတ်စုစာအုပ် ပေါ်တွင် သူ၏ နာမည်အစစ်ကို သူ၏ အစစ်အမှန်ဝိညာဉ်ဖြင့် လက်မှတ်ထိုးလိုက်ပါက...ထိုအခါ ထိုလုပ်ရပ်သည် ရောင်းချခြင်း စာချုပ် (ကျွန်အဖြစ် ရောင်းချခြင်း) တစ်ခုကို လက်မှတ်ထိုးလိုက်သည် နှင့် တူသွားမည်ဖြစ်ပြီး ထိုအချိန်မှစ၍ သူသည် ပိုင်ယွီ၏ အမိန့်ပေးမှု အောက်တွင် ရောက်ရှိသွားမည် ပင် ဖြစ်ပေသည်။သူသည် သူ ကိုယ်တိုင် မွေးမြူထားသော ခွေး တစ်ကောင် ဖြစ်နေသည်မှာ ရှင်းလင်းနေသော်လည်း ယခု ထိုခွေးက ပြန်လှန်ပြီး သခင် ဖြစ်ချင်နေတာလား ဟု တွေးလိုက်မိသည်။ချီဘိုးဘေး လှောင်ပြောင်လိုက်ပြီး ပြောဆိုလိုက်လေသည်... "နေ့ခင်း အိပ်မက် မက်နေလိုက်..."အင်မော်တယ်များတွင်လည်း သူတို့၏ ဂုဏ်သိက္ခာ ရှိပေသည်။ဤကမ္ဘာတွင် အမြင့်မြတ်ဆုံး တည်ရှိမှု တစ်ခုအနေဖြင့် သူသည် ခွေး တစ်ကောင်ကဲ့သို့ အမိန့်ပေးခြင်းကို ဘယ်လိုလုပ် ခံနိုင်မည်နည်း။ချီဘိုးဘေးသည် သူ၏ နာမည်ကို အလွယ်တကူ လက်မှတ်ထိုးမည် မဟုတ်ကြောင်း ပိုင်ယွီ သဘာဝကျကျ သိထားပေသည်။သို့သော် ဤကိစ္စတွင် ချီဘိုးဘေး၌ ရွေးချယ်ခွင့် မရှိချေ။"အကယ်၍ မင်းက ဆန္ဒမရှိဘူး ဆိုရင် မင်း သဘောတူတဲ့ အထိ ဒီနေရာမှာ နေ့တိုင်း ကောင်းကင်မိုးကြိုး၊ ပိုင်ရှီးလေနှင့် ယင်မီး ဟူသော ကပ်ဘေးသုံးပါး ရဲ့ နာကျင်မှုကို မင်း ခံစားရလိမ့်မယ်..."

ပိုင်ယွီသည် ဂရုမစိုက်စွာ ခြိမ်းခြောက်လိုက်လေ၏။ကပ်ဘေးသုံးပါး၊ အခက်အခဲကိုးပါးနှင့် ဒုက္ခဆယ်ပါး တို့သည် မူလက သက်ရှိများ အားလုံးကို အပြစ်ပေးရန် အင်မော်တယ်များ ဖန်တီးခဲ့သော စည်းကမ်းထိန်းသိမ်းရေး နည်းလမ်းများ ပင် ဖြစ်လေ၏။ယခုအခါ အကယ်၍ ချီဘိုးဘေးသာ ဤစာအုပ်တွင် သူ၏ နာမည်အစစ်ကို လက်မှတ်ထိုးရန် ဆန္ဒမရှိပါက ပိုင်ယွီသည် ချီဘိုးဘေးအား အင်မော်တယ် တစ်ပါး အနေဖြင့် တစ်ချိန်က သူ ဖန်တီးခဲ့သော အပြစ်ပေးမှုကို ပြန်လည် ခံစားရစေမည် ပင် ဖြစ်ပေသည်။"မင်း တော်တော်လေး ကောင်းကောင်း သင်ယူထားတာပဲ အိုးယဲ့ကျီ... လီထိုက်ပိုင်ရဲ့ ဘေးမှာ နှစ်ပေါင်းများစွာ နေပြီးတဲ့နောက် မင်းက သူ့ရဲ့ အမူအရာတွေကို လုံးဝ အတုခိုးထားတာ မဟုတ်ဘူးလား... မင်းက ငါ့ရဲ့ ခွေး သက်သက်ပါပဲ... မင်းက အရင်ကလည်း ဟုတ်ခဲ့သလို အနာဂတ်မှာလည်း ဟုတ်နေဦးမှာပဲ..."

ချီဘိုးဘေးက မယဉ်ကျေးစွာ လှောင်ပြောင်လိုက်လေ၏။ယခုအချိန်အထိပင် ချီဘိုးဘေးသည် သူ၏ အရှေ့ရှိ အိုးယဲ့ကျီသည် သူ့ကို မတိုက်ခိုက်ရဲဘဲ သူ့ကို ခြိမ်းခြောက်ရန် လီထိုက်ပိုင်၏ ဂုဏ်သတင်းကို သက်သက် အသုံးပြုနေခြင်း ဖြစ်သည်ဟု ယုံကြည်နေဆဲ ဖြစ်လေ၏။ကပ်ဘေးသုံးပါး၊ အခက်အခဲကိုးပါးနှင့် ဒုက္ခဆယ်ပါး တို့သည် အင်မော်တယ်များသာ အသုံးပြုနိုင်သော နည်းလမ်းများ ပင် ဖြစ်ပေသည်။ သာမန် သက်ရှိ တစ်ဦးက ထိုအရာများကို ဘယ်လိုလုပ် အသုံးပြုနိုင်မည်နည်း။အကယ်၍ သူ ထိုအရာများကို အသုံးပြုနိုင်လျှင်ပင် သူ နှစ်ပေါင်း တစ်သောင်းကျော် စုဆောင်းထားသော အင်မော်တယ် စိတ်ဝိညာဉ် ချီများသည် ၎င်းတို့ကို ခုခံရန် လုံလောက်မည် ဖြစ်ပေသည်။ချီဘိုးဘေးသည် အနည်းငယ်မျှ မကြောက်ရွံ့ခဲ့ချေ။ သူသည် မျက်မှောင်ကြုတ်ကာ တွေးတောလိုက်လေသည်... 'ငါ ချီဘိုးဘေးက မင်းရဲ့ မျိုးရိုးနာမည်ကို ခံယူမယ်များ ထင်နေလား...'ပိုင်ယွီ၏ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့ပေသည်။ သူ၏ အစစ်အမှန်ယွမ်ချီသည် သူ၏ လက်ထဲရှိ စာအုပ်ကို မြှောက်တင်လိုက်ရာ ထိုစာအုပ်မှာ လေထဲတွင် ဝဲပျံသွားခဲ့လေ၏။ ချင်းယွင် လျှို့ဝှက်ရတနာ ကောင်းကင်တိုင်းတာခြင်း ပေတံသည် သူ၏ အားနေသော လက်ထဲတွင် ရုတ်တရက် ပေါ်လာခဲ့ပေသည်။ သူသည် ပေတံကို မြှောက်ကာ ချီဘိုးဘေး၏ ခေါင်းကို ညင်သာစွာ ခေါက်လိုက်လေ၏။ချီဘိုးဘေးကို ကိုင်ထားသော လက်သည် ချက်ချင်း ရွှေရောင် မီးတောက်များ အဖြစ်သို့ ပေါက်ကွဲထွက်လာခဲ့ပေသည်။ဤမီးတောက်များသည် အလွန် အံ့သြဖွယ် ကောင်းလှပေသည်။ ထိုမီးတောက်များသည် ပိုင်ယွီ၏ လက်ပေါ်တွင် လောင်ကျွမ်းနေသော်လည်း သူ၏ လက်ချောင်းများကို အနည်းငယ်မျှ မထိခိုက်စေခဲ့ချေ။သို့သော် ချီဘိုးဘေး၏ သနားစရာကောင်းသော ငိုကြွေးသံများ အရ ဤမီးတောက်များသည် အင်မော်တယ် တစ်ပါး၏ အစစ်အမှန်ဝိညာဉ်ကိုပင် နာကျင်မှု ပေးစွမ်းနိုင်ကြောင်း ရှင်းလင်းနေပေသည်။"ငါက မင်းကို ရွေးချယ်စရာ တစ်ခု ပေးနေတာ... ခွေး ပါးစပ် ကနေ ဆင်စွယ်တွေ ထွက်လာအောင် ခွင့်ပြုနေတာ မဟုတ်ဘူး..."

ပိုင်ယွီသည် မျက်လုံးများကို ကျဉ်းမြောင်းကာ တိုးညှင်းစွာ ပြောဆိုလိုက်လေ၏။ပိုင်ယွီသည် တစ်ဖက်လူက သူ့အား အိုးယဲ့ကျီ ဟု ခေါ်ဆိုခြင်းကို မငြင်းဆိုခဲ့ချေ... အဘယ်ကြောင့်ဆိုသော် ပိုင်ယွီ၏ နှလုံးသားထဲတွင် သူ၏ လက်ရှိ ဘဝသည် သူ၏ ချစ်ခင်ရသော သူငယ်ချင်း မပြီးဆုံးသေးသည့် လမ်းကြောင်းကို ပြီးမြောက်အောင် ကူညီပေးရန် မြှုပ်နှံထားပုံ ရသောကြောင့် ပင် ဖြစ်လေ၏။သူသည် လီထိုက်ပိုင်၏ လူဝင်စား လည်း ဖြစ်သလို အိုးယဲ့ကျီ၏ အမွေအနှစ်ကို ကိုင်ဆောင်သူ လည်း ဖြစ်ပေသည်။ရွှေရောင် မီးတောက်များ အတွင်း နာကျင်စွာ ငိုကြွေးနေသော ချီဘိုးဘေးသည် သေဆုံးသွားရန် ဆန္ဒရှိနေခဲ့လေ၏။အင်မော်တယ် တစ်ပါး၏ အစစ်အမှန်ဝိညာဉ်သည် မသေနိုင်၊ မပျက်စီးနိုင် ပင် ဖြစ်ပေသည်။ တာအို တည်ရှိနေသရွေ့ သူ သေဆုံးမည် မဟုတ်ချေ။ ဤရွှေရောင် မီးတောက်များသည် သူ့ကို မသတ်နိုင်သော်လည်း ထိုမီးတောက်များသည် သူ၏ အစစ်အမှန်ဝိညာဉ်ကို အလွန်အမင်း နာကျင်မှု ခံစားရစေနိုင်ပေသည်။"အိုးယဲ့ကျီ..."

ချီဘိုးဘေးသည် ရွှေရောင် မီးတောက်များ၏ လောင်ကျွမ်းမှုကို နာကျင်စွာ သည်းခံရင်း ပိုင်ယွီကို အဆိပ်ပြင်းစွာ ဟိန်းဟောက်လိုက်လေ၏။ဖြောင်း...ပေတံဖြင့် ရိုက်ချက် တစ်ချက်သည် ချီဘိုးဘေး၏ ခန္ဓာကိုယ် ပေါ်သို့ ကျရောက်သွားခဲ့ပေသည်။ ယခုအခါ သုံးလက်မ အရွယ် သာ ရှိတော့သော ချီဘိုးဘေးသည် ထို ရိုက်ချက် တစ်ချက်တည်းဖြင့် တစ်ဝက် ကျိုးလုနီးပါး ဖြစ်သွားခဲ့လေ၏။"စီနီယာအစ်ကိုကြီးက မင်းကို ရိုက်နိုင်ရင် ငါက မင်းကို မဖြေရှင်းနိုင်ဘူးလို့ မင်း တကယ် ထင်နေတာလား..."

ပိုင်ယွီ လှောင်ပြောင်လိုက်လေ၏။ချီဘိုးဘေးသည် သူ မွေးမြူထားခဲ့သော အရှေ့ရှိ ကျေးဇူးကန်းသူကို ကြည့်လိုက်ရာ နှလုံးသားထဲတွင် ဒေါသ နှင့် အရှက်ရမှုများ လှိုင်းထန်လာခဲ့ပေသည်။ လီထိုက်ပိုင်သည် သူ၏ အိပ်မက်ဆိုး ဖြစ်နေခဲ့ပြီဖြစ်ပြီး ယခုအခါ တစ်ချိန်က သူ မွေးမြူထားခဲ့သော ခွေးသည် သူ့ကို အစွယ်ပြနေပြီ ပင် ဖြစ်လေသည်။"ငါ အသက်ရှင်နိုင်တယ် ဆိုတော့ တခြား အင်မော်တယ်တွေ လည်း တခြား နည်းလမ်းတွေ ကတစ်ဆင့် ရှင်သန်နိုင်တယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ... မင်းနဲ့ လီထိုက်ပိုင် လုပ်ခဲ့တဲ့ အရာတွေ ဟာ အစောပိုင်း သို့မဟုတ် နောက်ပိုင်းမှာ ငါတို့ရဲ့ အရှူးသွပ်ဆုံး လက်စားချေမှုနဲ့ ကြုံတွေ့ရလိမ့်မယ်... လီထိုက်ပိုင်က လုံးဝ သေသွားပြီ... မင်း တစ်ယောက်တည်းနဲ့ ဘာလုပ်နိုင်မှာလဲ..." ချီဘိုးဘေးက မုန်းတီးမှုများဖြင့် ပိုင်ယွီကို ခြိမ်းခြောက်လိုက်လေ၏။ပိုင်ယွီ၏ အမူအရာ ရပ်တန့်သွားပြီး မျက်နှာပေါ်တွင် ရွံရှာမှု အရိပ်အယောင်တစ်ခု ပေါ်လာခဲ့ပေသည်။ ဒီ အင်မော်တယ်တွေက သတ်လို့မသေတဲ့ ပိုးဟပ်တွေလိုပဲလား ဟု တွေးတောမိသည်။ချီဘိုးဘေး၏ ခြိမ်းခြောက်မှု နှင့် ရင်ဆိုင်ရချိန်တွင် ပိုင်ယွီက လှောင်ပြောင်လိုက်လေသည်..."ငါက မင်းတို့လို အမှိုက်ကောင် လေးဆယ့်ကိုးကောင်ကို အမြင့်ဆုံး ကောင်းကင်ယံ ကနေ အောက်ကို ဆွဲချနိုင်ခဲ့ပြီ ဆိုမှတော့ မင်းတို့ အားလုံးကို ငရဲ ကိုးထပ် ထဲကို နောက်တစ်ကြိမ် ပြန်ဖိချနိုင်တာပေါ့...""မင်း ကိုယ် မင်း လီထိုက်ပိုင်လို့ ထင်နေတာလား... ရယ်စရာကောင်းလိုက်တာ... အင်မော်တယ် တက်လှမ်းခြင်း မရှိဘဲနဲ့ မင်းဟာ နောက်ဆုံးတော့ ခုနက အရူး ကောင်လေး လိုပဲ ကောင်းကင်ဘုံထံမှ ခိုးယူ ဖို့ ကြိုးစားနေတဲ့ ရေတွင်း ထဲက ဖား တစ်ကောင် သက်သက်ပါပဲ..." ပြင်းထန်သော နာကျင်မှုကို သည်းခံရင်း ချီဘိုးဘေးသည် ခေါင်းမာစွာ ပြောဆိုနေဆဲ ဖြစ်လေ၏။တစ်ဖက်လူက သူ့ကို အိုးယဲ့ကျီ ဟု ယုံကြည်နေသရွေ့ ချီဘိုးဘေးသည် နာမည်အစစ်ကို လက်မှတ်ထိုးမည့်အစား သေရန်သာ ရွေးချယ်လိမ့်မည် ဖြစ်ကြောင်း ပိုင်ယွီ နားလည်သွားခဲ့ပေသည်။ကြည့်ရတာ သူက သူရဲ့ အမှတ်အသားကို တကယ် သက်သေပြဖို့ လိုနေပြီပဲ မဟုတ်လား ဟု တွေးလိုက်မိသည်။သူက လီထိုက်ပိုင် ဖြစ်ကြောင်း ဘယ်လို သက်သေပြရမလဲ ဟု ဆက်တွေးလိုက်လေ၏။ပိုင်ယွီ စဉ်းစားနေစဉ် ရွှေရောင် မီးတောက်များကို ခုခံရန် နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့သော အင်မော်တယ် စိတ်ဝိညာဉ် ချီကို ချီဘိုးဘေး အသုံးပြုနေသည်ကို သူ ရုတ်တရက် မြင်တွေ့လိုက်ရပေသည်။အင်မော်တယ် စိတ်ဝိညာဉ် ချီကို အင်မော်တယ်များသာ စုစည်းနိုင်ပေသည်။ ၎င်းသည် ကောင်းကင်နှင့် မြေကြီး၏ မူလ ချီကို စုစည်းရန် ကြီးမားသော နည်းလမ်းများ နှင့် နတ်ဘုရား စွမ်းရည်များကို အသုံးပြု၍ အင်မော်တယ်များ ဖန်တီးထားသော စိတ်ဝိညာဉ် ချီ လည်း ဖြစ်လေ၏။ထိုအရာကို အင်မော်တယ် မဟုတ်သူများ အသုံးပြု၍ မရနိုင်ချေ... ထိုအရာကို အသုံးပြုခြင်းသည် ခန့်မှန်း၍မရသော စွမ်းအားကို ရရှိစေပေသည်။ပိုင်ယွီ ပြုံးလိုက်လေ၏။ သူသည် လီထိုက်ပိုင် ဖြစ်ကြောင်း သက်သေပြရန် နည်းလမ်း တစ်ခုကို ရှာတွေ့သွားပုံ ရပေသည်။အကယ်၍ အခြေအနေ အရ လိုအပ်လာပါက သူသည် ယခင်ဘဝတွင် အင်မော်တယ်များ အားလုံးကို သတ်ဖြတ်ခဲ့သော်လည်း ထိုအချိန်က ကိုယ်တိုင်လည်း အင်မော်တယ် တစ်ပါး ဖြစ်ခဲ့သည် မဟုတ်ပါလား။ပိုင်ယွီသည် ပေတံကို မြှောက်ကာ ချီဘိုးဘေး၏ အစစ်အမှန်ဝိညာဉ်၏ ခေါင်းပေါ်သို့ ဖိချလိုက်ပေသည်။ရွှေရောင် မီးတောက်များ၏ လောင်ကျွမ်းမှုကို ခုခံရန် အင်မော်တယ် စိတ်ဝိညာဉ် ချီကို မူလက အသုံးပြုနေခဲ့သော ချီဘိုးဘေးသည် သူ ကြိုးစားပမ်းစား စုဆောင်းထားခဲ့သော အင်မော်တယ် စိတ်ဝိညာဉ် ချီများကို ထို ထူးဆန်းသော ပေတံက စုပ်ယူနေသည်ကို တွေ့ရှိလိုက်ရသဖြင့် ထိတ်လန့်သွားခဲ့လေ၏။ဤသည်မှာ အင်မော်တယ်များသာ အသက်သွင်းနိုင်သော အင်မော်တယ် စိတ်ဝိညာဉ် ချီ ဖြစ်ပေသည်... တာအိုရတနာ တစ်ခုကို ပိုင်ဆိုင်ထားလျှင်ပင် ထိုအရာကို ထိတွေ့ရန် မဖြစ်နိုင်ချေ။ချီဘိုးဘေးသည် သူ၏ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် မလုံလောက်တော့ဟု ရုတ်တရက် ခံစားလိုက်ရပြီး လောင်ကျွမ်းနေသော မီးတောက်များ၏ နာကျင်မှုကိုပင် မေ့လျော့ကာ ပိုင်ယွီကို ကြောင်တောင်တောင် စိုက်ကြည့်နေခဲ့ပေသည်။ပိုင်ယွီသည် အံ့အားသင့်နေသော ချီဘိုးဘေးကို ကြည့်ကာ အတိတ်ကို လွမ်းဆွတ်နေသည့် အရိပ်အယောင်ဖြင့် သက်ပြင်းချလိုက်လေသည်... "မင်းက ငါ သတ်ခဲ့တဲ့ ပထမဆုံး အင်မော်တယ် ဆိုတာ ငါ မှတ်မိတယ်... မင်းကို ငါ သတ်တုန်းက အိုးယဲ့ကျီက မင်း အတွက်တောင် ကြားဝင်ဖြန်ဖြေပေးချင်ခဲ့သေးတယ်... ဒါပေမဲ့ မင်းက သူ့ကို သတ်လုနီးပါး ဖြစ်ခဲ့တယ် မဟုတ်လား... ချီ..."အဝေးမှ ပျံသန်းလာသော ငှက်စိမ်းလေးသည် နှုတ်သီးတွင် အမွေး တစ်ချောင်းကို ကိုက်ထားပြီး ပိုင်ယွီ၏ ပခုံးပေါ်တွင် နားလိုက်ကာ အသံတိတ် လှောင်ပြောင်နေပုံ ရလေ၏။ယခုအခါ ချီဘိုးဘေးသည် စကားမပြောနိုင်တော့ဘဲ ပိုင်ယွီကို ကြောင်တောင်တောင် သာ စိုက်ကြည့်နေတော့လေသည်။ပိုင်ယွီသည် ပေတံကို သိမ်းလိုက်ပြီး မှတ်စုစာအုပ်ကို ပြန်ထုတ်ကာ ငြင်းပယ်၍ မရသော လေသံဖြင့် ပြောဆိုလိုက်ပေသည်..."အခု... လက်မှတ်ထိုးလိုက်..."---

All Chapters