← Chapters

စွမ်းအားအတွက် ဘယ်လိုတန်ကြေးမျိုးကို ပေးချင်လဲ

Vol. 2 Ch. 19

စွမ်းအားအတွက် ဘယ်လိုတန်ကြေးမျိုးကို ပေးချင်လဲ

Vol. 2 Ch. 19

အခန်း (၁၉) : စွမ်းအားအတွက် ဘယ်လိုတန်ကြေးမျိုးကို ပေးချင်လဲ

ဝမ်ဝေ့တစ်ယောက် စွမ်းအား၏ အရသာကို သိသွားပြီးနောက် မထိန်းချုပ်နိုင်တော့ပေ။ သူ့ရန်သူများက အနီးအနား ပတ်ဝန်းကျင်ရှိ နေရာများတွင် အကျဉ်းသားများနှင့် သူခိုးဓားပြများ အမြဲတမ်း လျော့နည်းလာသည်ကို သတိထားမိသွားသည်။

စုံစမ်းစစ်ဆေးပြီးနောက် ထိုလူများ ပျောက်ဆုံးသွားရခြင်းအကြောင်းက ဝမ်မိသားစုနှင့် သက်ဆိုင်နေကြောင်းကို ရှာဖွေသိရှိသွားသည်။ ဝမ်မိသားစု၏ အိမ်ထောင်ဦးစီးက ရုတ်တရက်ကြီး စွမ်းအားကြီး ကျင့်ကြံသူတစ်ယောက် ဖြစ်သွားသည့်အချက်ကိုပါ ပေါင်းထည့်ပြီး ဝမ်ဝေ့က မိစ္ဆာကျင့်စဉ်ကို အသုံးပြုနေကြောင်း လူအများက ဆင်ခြင်သုံးသပ်နေကြသည်။

ထို့ကြောင့် လူများက ဝမ်ဝေ့၏ အကျဉ်းသားများနှင့် သူခိုးဓားပြများ ရှာဖွေသည့် လမ်းကြောင်းများကို ဖြတ်တောက်လိုက်သည်။ သူ နေထိုင်သောနေရာမှ အကျဉ်းသားများအားလုံးကို ရွှေ့ပြောင်းလိုက်ပြီး သူခိုးဓားပြများကို ရှင်းလင်းလိုက်သည်။

ဝမ်ဝေ့ ထိုသတင်းကို ကြားပြီး ဒေါသထွက်သွားမိသည်။ ထို့ကြောင့် သူက တော်ဝင်မိသားစုနှင့် တခြားအင်အားကြီး မျိုးနွယ်စုများကို တိုက်ခိုက်ရာတွင် ပိုပြီး တက်ကြွလာသည်။

သူက အကျဉ်းသားများကို ထပ်ပြီး ယဇ်ပူဇော်ခြင်း မလုပ်နိုင်တော့သည့်အတွက် မျိုးနွယ်စုများရှိ လူများနောက် လိုက်တော့သည်။ သူတို့က သူ့ရန်သူများ ဖြစ်သည့်အတွက် သေဖို့ ထိုက်တန်သည်ဟု သူ ယုံကြည်သည်။ ယခုအချိန်တွင် သူ့စွမ်းအား တိုးတက်ရန်အတွက် ယဇ်ပူဇော်ခြင်း အစီအရင်ကို မလိုအပ်တော့ဘဲ သူ လုပ်ဖို့ လိုအပ်သည်က လူတစ်ယောက်ကို သတ်ပြီး အသား၊ သွေးနှင့် သူတို့၏ ဝိညာဉ်များကို ချက်ချင်းစုပ်ယူလိုက်သည်။

သူ သတ်လိုက်သော လူများတွင် အဖြူရောင် ဝိညာဉ် ရှိ၊ မရှိကို ဝမ်ဝေ့ ဂရုမစိုက်တော့ပေ။ သူ ဂရုစိုက်သည်က ပိုပြီးတော့ စွမ်းအားကြီးလာဖို့သာ ဖြစ်သည်။ ထို့ကြောင့် သူ ပိုမိုများပြားသော လူများကို သတ်တော့သည်။ ထိုကဲ့သို့ သတ်နေစဉ်အတွင်း သူ့ဝိညာဉ်က အနီရောင်သို့ ပြောင်းလဲသွားပြီး အနီမှတစ်ဆင့် အနက်ရောင်အထိ ပြောင်းလဲသွားခဲ့သည်။

သူနေသော တိုင်းပြည်တွင် ပြိုင်ဘက်ကင်း တစ်ယောက် ဖြစ်လာသည်အထိ စွမ်းအားကြီးလာရန် အချိန်သိပ်မကြာပေ။ ထို့ကြောင့် မင်းမျိုးနွယ်ဝင် မိသားစုအားလုံးနှင့် တော်ဝင်မိသားစုကို သတ်ဖြတ်လိုက်သည်။

ထို့နောက် ကျင့်ကြံရေးကမ္ဘာ တစ်ခုလုံးတွင်လည်း သွေးသံရဲရဲမြင်ကွင်းများ ဖြစ်ပေါ်လာသည်။ သတ်ဖြတ်သူနတ်ဆိုး ဝမ်ဝေ့ ရူးသွပ်သွားကာ ကျင့်ကြံသူအားလုံးကို စတင် သတ်ဖြတ်တော့သည်။ သူ ဘာကိုမှ ချန်လှပ်ထားခြင်း မရှိတော့ဘဲ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ လူကြီးဖြစ်စေ၊ ကလေးဖြစ်စေ သတ်ဖြတ်ပြီး ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးများကို သတ်သည်အထိ ဖြစ်ခဲ့သည်။

ကျင့်ကြံရေးဂိုဏ်းများ၊ အိမ်တော်များနှင့် တိုင်းပြည်များ အားလုံးက မဟာမိတ်ဖွဲ့ကာ ထိုနတ်ဆိုး၏ ရူးသွပ်မှုကို ဟန့်တားဖို့ ကြိုးစားကြသည်။ ကံမကောင်းစွာဖြင့် ဝမ်ဝေ့က အမြဲတမ်း သူတို့လက်မှ လွတ်မြောက်သွားသည်။ သူတို့ သူနှင့် တွေ့သည့်အခေါက်တိုင်း သူက ပိုပြီး စွမ်းအားကြီးလာသည့်အတွက် မဟာမိတ်များလည်း ကြီးမားသော ဆုံးရှုံးမှုကို ခံစားသွားရသည်။

သတ်ဖြတ်သူ နတ်ဆိုးဝမ်ဝေ့နှင့် တိုက်ခိုက်သည့် တိုက်ပွဲက ဆယ်နှစ်ကြာမြင့်ခဲ့သည်။ ကံမကောင်းစွာဖြင့် အဆုံးသတ်တွင် နတ်ဆိုးကြီး အနိုင်ရသွားသည်။ စွမ်းအားကြီးဂိုဏ်းများ ဖျက်စီးခံရကာ စွမ်းအားကြီးမိသားစုများ သုတ်သင်ခံရပြီး ကျင့်ကြံရေး တိုင်းပြည်များကိုလည်း သမိုင်းမှ ဖျက်သိမ်းခံလိုက်ရသည်။

ဝမ်ဝေ့က ကျင့်ကြံသူအများစုကို သတ်ဖြတ်ပြီးနောက် အရာအားလုံး၏ ကံကြမ္မာကို ထိန်းချုပ်နိုင်သည့် ပြိုင်ဘက်ကင်းအဆင့် ရောက်ဖို့ မလုံလောက်သေးကြောင်း သူ သတိထားမိသွားသည်။

သူက ထိုအခြေအနေကို စွဲလမ်းလာသည်။ ညတိုင်း သူက တစ်ကမ္ဘာလုံးကို စိုးမိုးနိုင်သည့် ပြိုင်ဘက်ကင်း တစ်ယောက်ဖြစ်သွားကြောင့် အိပ်မက်မက်လေ့ ရှိသည်။ လူအားလုံး သူ့ကို အရိုအသေပေးကာ သူ့စကားလုံးများက တစ်ကမ္ဘာလုံး၏ ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်သည့် မြင်ကွင်းမျိုးလည်း ပါဝင်သည်။

ကံမကောင်းစွာဖြင့် သူ နောက်တစ်နေ့ မနက်နိုးလာသည့်အခါ သူ့စွမ်းအားများ အားလုံး ပျောက်ကွယ်သွားသည်။ သို့သော် တစ်နေ့ သူ ထိုအဆင့်ကို ရောက်နိုင်သည်ဟု ယုံကြည်ထားသည်။ လုံလောက်သော ယဇ်ပူဇော်မှုများကို လုပ်ပါက သူ တစ်နေ့ ထိုနယ်ပယ်အဆင့်သို့ ရောက်နိုင်လိမ့်မည်။

သူက ကမ္ဘာပေါ်ရှိ လူများနှင့် ဆန့်ကျင်ခြင်းကို မဆိုင်းမတွ ဆောင်ရွက်တော့သည်။ သူက သူတစ်ယောက်တည်းသာ ထိန်းချုပ်နိုင်သည့် စွမ်းအားကြီးစစ်တပ်တစ်ခုကို ထိန်းချုပ်လိုက်သည်။ လွန်ခဲ့သောဆယ်နှစ်တုန်းက ဝမ်ဝေ့က ကျင့်ကြံသူအများစုကို သတ်ဖြတ်ရုံသာမက ကမ္ဘာ့လူဦးရေဆယ်သန်း၏ လေးပုံသုံးပုံကို သတ်ဖြတ်နိုင်ခဲ့သည်။

၇.၅ သန်းထက်ပိုသော လူများက သူ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ထိုအရာအားလုံးကို လုပ်ပြီးသည့်နောက်မှာပင် သူ့ကျင့်ကြံဆင့် တိုးတက်လာခြင်း မရှိသည်ကို ဝမ်ဝေ့ သတိထားမိသွားသည်။ သူ လူဘယ်လောက်များများကို သတ်ဖြတ်နေပါစေ သူ့ကျင့်ကြံဆင့်က နည်းနည်းလေးပင် တိုးတက်လာခြင်း မရှိတော့ပေ။

သူ လွန်ခဲ့သောဆယ်နှစ်လုံး အငြိုးကြီး သရဲတစ်ကောင်ကဲ့သို့ လိုက်နေရသော နယ်ပယ်အဆင့်နှင့် အရမ်းကို နီးကပ်နေပြီဖြစ်သည်။ တွန်းအားလေးတစ်ခုသာ ရရှိသွားပါက သူ၏ အလှမ်းဝေးသော အိပ်မက်နှင့် ပန်းတိုင်ကို ရောက်ရှိနိုင်မည် ဖြစ်သည်။ သို့သော် အရမ်းနီးကပ်ပုံပေါ်သည့် ထိုတွန်းအားလေးက သူ့ကို နှစ်ပေါင်းများစွာ ဟန့်တားထားခဲ့သည်။ ဒီထပ်ပိုပြီးဆိုးရွားသည်က သူ ဘာမျှော်လင့်ချက်မှ မမြင်နိုင်ပေ။

တစ်နေ့ သူ တရားထိုင်နေစဉ် အသိစိတ်တစ်ခုက သူ့စိတ်ထဲသို့ ရောက်ရှိလာသည်။ အမြင့်ဆုံးနယ်ပယ်အဆင့်သို့ ရောက်ရှိရန်အတွက် သူ့အတွက် အရေးပါသော၊ သူနှင့် အရမ်းရင်းနှီးသော တစ်စုံတစ်ခု၊ သို့မဟုတ် တစ်စုံတစ်ယောက်ကို သတ်ရမည် ဖြစ်သည်။ သတ်ပြီးသွားပါက သူ့ကို ကမ္ဘာမြေမှ သီးသန့်ခွဲထုတ်ခံရကာ တကယ့် ပြိုင်ဘက်ကင်းတစ်ယောက် ဖြစ်လာမည် ဖြစ်သည်။

ထိုအသိစိတ်ကို ရရှိပြီးနောက် ဝမ်ဝေ့ ချက်ချင်း ဝမ်မျိုးနွယ်တိုင်းပြည်သို့ ချက်ချင်းပြန်သွားခဲ့သည်။ ဤနေရာက သူ့ဇာတိဖြစ်သည့်အတွက် ကမောက်ကမဖြစ်သည့်ခေတ်တွင် သူ ကာကွယ်ထားခဲ့သည်။ သူ့ကြောင့် ဝမ်မိသားစုက ကမ္ဘာပေါ်တွင် အထွတ်အထိပ်ရာထူးကို ရရှိထားသည်။

မျိုးနွယ်ဆီပြန်လာပြီးနောက် သူ့ပန်းတိုင်သို့ ရောက်ရှိရန် သူ ဘာလုပ်ရမလဲဆိုတာကို ဝမ်ဝေ့ ကောင်းကောင်းသိသည်။ ထိုအရာက သူ့အမေကို သတ်ဖို့ပင် ဖြစ်သည်။ သူမက ဤကမ္ဘာတွင် နောက်ဆုံးကျန်ရှိသော နှောင်ကြိုး ဖြစ်သည်။ သူမကို သတ်လိုက်သည်နှင့်တစ်ပြိုင်နက် သူ လွတ်လပ်သွားနိုင်သည်။

သူက မျိုးနွယ်စုအတွင်းရှိ တခြားလူများကို ဂရုမစိုက်ပေ။ သူ့အတွက် သူတို့က အရေးမပါဘဲ သွေးနှင့် အသားများကို အချိန်မရွေး စုပ်ယူနိုင်သည့်သူများ ဖြစ်သည်။

ခဏအကြာတွင် ဝမ်ဝေ့က သူ့အမေ ဥယျာဉ်ထဲတွင် ရေလောင်းနေသည်ကို သတိထားမိသွားကာ သူ ချက်ချင်းရွေ့သွားပြီး သူမနောက်သို့ ရောက်ရှိသွားခဲ့သည်။

သူမနောက်တွင် ရပ်လိုက်သည့်အချိန် အတိတ်ကို ပြန်လည်မြင်ယောင်သွားမိသည်။ ဤနေရာက အထွတ်အထိပ်စွမ်းအားကို ရရှိဖို့အတွက် သူ၏ တောက်ပသောခရီးကို စတင်ခဲ့သည့်နေရာ ဖြစ်သည်။ ဝမ်ဝေ့က အတိတ်ကို ပြန်မြင်ရတာ ကြိုက်သည့်သူတစ်ယောက် မဟုတ်ပေ။

နှစ်ပေါင်းများစွာ ဖြတ်သန်းပြီးနောက် သူကလည်း အေးစက်ပြီး လျစ်လျူရှုတတ်သူတစ်ယောက် ဖြစ်လာသည်။ စွမ်းအားကို လိုချင်စိတ်အပြင် ကျန်ရှိသော ခံစားချက်များအားလုံးကို သူ စွန့်လွှတ်ထားသည်။

သို့သော် ဤနေရာသို့ ပြန်ရောက်လာသည့်အချိန်တွင် သူ မတတ်နိုင်ဘဲ အတိတ်ကို ပြန်လည်စဉ်းစားမိသွားသည်။ ထို့အပြင် ဤနေရာက အရာအားလုံး စတင်ခဲ့သည့် နေရာတစ်ခု ဖြစ်သည်။

ဝမ်ဝေ့၏ အမေက သူမနောက်တွင် တစ်စုံတစ်ယောက် ရောက်ရှိနေသည်ကို ချက်ချင်း သတိထားမိသွားသည်။ ဝမ်ဝေ့၏ ကျင့်ကြံဆင့်အရ သာမန်သေမျိုးတစ်ယောက်က သူရောက်လာတာကို သိဖို့ဆိုတာ မဖြစ်နိုင်ပေ။ သို့သော် သူမက သူနှင့် သွေးသားတော်စပ်သည့်အတွက် သူ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူမ သတိထားမိသွားခြင်းသာ ဖြစ်သည်။

သူမက နောက်လှည့်မကြည့်ဘဲ ပြုံးကာ ပြောလိုက်သည်

“ ဝေ့အာ … သားပြန်လာပြီပဲ။ သားကို မတွေ့ရတာ ဆယ်နှစ်ကျော်တောင် ကြာနေပြီ။ မြို့ထဲကနေ ဝယ်လာတဲ့ ဒီပန်းပင်လေးတွေကို ရေလောင်းပေးပါဦး”

ဝမ်ဝေ့က ဘာမှမပြောဘဲ ပန်းပင်များအနား သွားကာ ရေလောင်းပေးလိုက်သည်။ သူတို့နှစ်ယောက်က အပင်များကို ရေလောင်းနေရင်း အချိန်နှစ်နာရီလောက် တိတ်ဆိတ်သွားကြသည်။

အပင်များကို ရေလောင်းပြီးနောက် ယုယန်ဟု အမည်ရသော ဝမ်ဝေ့အမေက ဆယ်နှစ်အတွင်း သူမ၏ သားကို အနီးကပ် ပထမဆုံးအကြိမ် ကြည့်လိုက်သည်။ သူ့ကို မနည်းမှတ်မိအောင် လုပ်လိုက်ရသည်။

ရုပ်ရည်က သိပ်ပြီးပြောင်းလဲသွားခြင်းမရှိသော်လည်း လုံးဝ မကူညီသော သဘောထားရှိနေသည်။ သူ မျက်နှာထားမှာ ဘာခံစားချက်မှ မဖော်ပြတာ ကြာနေသကဲ့သို့ မျက်နှာက လုံးဝ တောင့်တင်းနေသည်။ သူမကို ကြည့်သည့်အချိန်အတွင်းမှာပင် ဘာခံစားချက်မှ မပြဘဲ အကြည့်များက အေးစက်နေသည်။

သူမ၏ အာရုံကို လွှမ်းမိုးထားသည့် သွေးနံ့ပြင်းပြင်းကိုလည်း ယုယန် အနံ့ရနေသည်။ သူမ မေ့မလဲဖို့အတွက် မနည်းသတ္တိမွေးလိုက်ရသည်။ ထို့အပြင် သူ လွန်ခဲ့သော နှစ်ပေါင်းများစွာက သတ်ခဲ့သော လူအားလုံး၏ အငြိုးအတေးများက သူ့ဘေးပတ်လည်တွင် လိုက်ပါနေသည်ကို သူမ မြင်လိုက်ရသည်။

ထိုအရာများက အရိပ်လိုမျိုး လူများဖြစ်ပြီး သူမ၏ သားကို ပြင်းထန်စွာ အော်ဟစ်နေသည်။ သူတို့၏ မျက်နှာများတွင် ဒေါသ၊ နာကျင်မှုတို့ဖြင့် ပြည့်နှက်နေပြီး “ ငါ့ကို ဘာလို့ သတ်ခဲ့တာလဲ”၊ “ ငါတို့ အချင်းချင်း အငြိုးမှ မရှိတာ”၊ “ မင်းက ငါ့မိသားစုကို သတ်ခဲ့တာ”ဟူ၍ အော်ဟစ်ပြောဆိုနေကြသည်။

ထိုနေရာတွင် မရေတွက်နိုင်သော အငြိုးအတေးများစွာ ရှိသည့်အတွက် သူမ အားလုံးကို မရေတွက်နိုင်တော့ပေ။ သို့သော် သူမ၏ သားကတော့ ထိုအော်ဟစ်ပြောဆိုသံများကို လျစ်လျူရှုထားပုံပေါ်သည်။

ယုယန်က ဝမ်ဝေ့အနားသို့ သွားကာ သူမ၏ တုန်ရီနေသော လက်လေးကို မြှောက်လိုက်ပြီး သူ့ဆံပင်လေးကို ခပ်ဖွဖွ သပ်ပေးလိုက်သည်။ အတိတ်တုန်းက သူမ၏ သားအကြောင်းကို သူမ ပြန်လည်စဉ်းစားလိုက်သည်။ သူ ငယ်စဉ်တုန်းက အကြောင်းများ သူမ ပြန်လည်မြင်ယောင်လာသည်။

ကလေးတစ်ယောက်အဖြစ် အရွယ်ရောက်လာခြင်း၊ ကျောင်းစတက်ခြင်းနှင့် မိသားစုကို စောင့်ရှောက်တတ်သည့် တာဝန်ယူနိုင်သော ယောက်ျားတစ်ယောက် ဖြစ်လာခြင်း စသည့် မြင်ကွင်းများ ဖြစ်သည်။ သူမ၏ မှတ်ဉာဏ်က လွန်ခဲ့သောဆယ်နှစ် တူညီသောဥယျာဉ်ထဲတွင် သူ့နှလုံးသားနောက် လိုက်ရန် သူမ ပြောခဲ့သည့်နေရာတွင် ရပ်တန့်သွားခဲ့သည်။

ထိုအရာက အရာအားလုံး၏ ဇစ်မြစ်ဆိုတာကို သူမ သိသည်။ တစ်ခါတစ်လေ သူမ၏ သား ယခုလိုဖြစ်သွားရခြင်းနှင့်ပတ်သက်ပြီး သူမဘာသာသူမ အပြစ်တင်မိသည်။ သူမသာ သူ့ကို မတူညီသော အကြံဉာဏ်ပေးခဲ့ပါက ဖြစ်ပျက်ခဲ့သည်များ ပြောင်းလဲသွားနိုင်မလားဆိုတာကို သူမ အကြိမ်များစွာ စိတ်ကူးယဉ်ကြည့်ခဲ့သည်။ သူမ သူ့ကို ထွက်ပြေးဖို့နှင့် သာမန်ဘဝမှာ နေထိုင်ဖို့သာ အကြံပေးခဲ့လျှင် သို့မဟုတ် အရာအားလုံးကို ကံစီမံသည့်အတိုင်းသာ လက်ခံခဲ့လျှင်ဟု တွေးနေမိသည်။

သူမ ခေါင်းပွတ်ပေးနေစဉ်အတွင်း ဝမ်ဝေ့က ထိုနေရာတွင် ဘာခံစားချက်မှ မရှိသော သစ်သားတိုင်ကဲ့သို့ ရပ်နေသည်။ ထိုအရာကို ယုယန် စိတ်ထဲမထားပေ။ သူမက အသိစိတ်ပြန်မဝင်ခင် သူမ၏ စိတ်ကူးယဉ်ကမ္ဘာထဲတွင် ရောက်နေခဲ့သည်။

သူမက ဝမ်ဝေ့ကို စိုက်ကြည့်ကာ တောက်ပစွာပြုံးလိုက်ပြီး ပြောသည်

“ သား မကြာခင် လုပ်နိုင်သွားမှာပါ။ ဒီလိုမျိုး တစ်နေ့ဖြစ်လာမယ်ဆိုတာ သိနေတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက မင်းကို မတွေ့ရတာက အမေ့ဘဝမှာ အပျော်ဆုံးပဲ။ ဘာလို့လဲဆိုတော့ မင်း ဒီကို ပြန်မလာရင် မင်းအတွက် မျှော်လင့်ချက် ရှိနေသေးတယ်ဆိုတဲ့ သဘောပဲလေ။ အဲဒါက မင်းဆီမှာ လူသားဆန်စိတ်လေး နည်းနည်းလောက် ကျန်သေးတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲလေ”

“ ကံမကောင်းစွာနဲ့ပဲ ကံကြမ္မာက အမေတို့ကို ရုပ်သေးရုပ်တွေလို ကစားသွားတာ။ အမေက မင်းကို ချစ်နေဆဲဖြစ်ပြီးတော့ သားကို ခွင့်လွှတ်ပေးတယ်ဆိုတာ သိစေချင်တယ်။ ဒီဘဝမှာ အမေ နောင်တအရဆုံးက သားကို မကယ်တင်လိုက်နိုင်တာကိုပဲ”

သူမ၏ နောက်ဆုံးစကားကို ပြောပြီးနောက် ယုယန်က မျက်လုံးမှိတ်ထားကာ သူမ၏ နောက်ဆုံးအချိန်ကို စောင့်စားနေသည်။ သူမ၏ မျက်နှာပေါ်တွင် စစ်မှန်တောက်ပသော အပြုံးတစ်ပွင့်ကို ပန်ဆင်ထားသည်။

ဝမ်ဝေ့က ခံစားချက် ကင်းမဲ့သော မျက်နှာထားဖြင့် အနီရောင်ဓားရှည် တစ်ချောင်းကို ထုတ်ယူကာ တွေဝေခြင်းမရှိ သူမ၏ နှလုံးသားဆီ ချိန်ရွယ်လိုက်သည်။

All Chapters