← Chapters

အခန်း ၂၄၃

Vol. 25 Ch. 243

အခန်း ၂၄၃

Vol. 25 Ch. 243

အပိုင်း ၂၄၃

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

စစ်သည်နှစ်ဦးက ဆိုလွန်အား ရေနွေးငွေ့များ ထောင်းထောင်းထနေသည့် ရေချိုးဆောင်ထဲသို့ အတင်းအကျပ် ခေါ်ဆောင်သွားကြ၏။

သဲကန္တာရဓားပြ အမျိုးသမီးနှစ်ဦးက သူ၏ အဝတ်အစားများကို ချွတ်ကာ သန့်စင်နေအောင် တိုက်ချွတ်ဆေးကြောပေးကြသည်။ ဆိုလွန် မသိလိုက်သည်မှာ ထိုအမျိုးသမီးနှစ်ဦးက ရေချိုးပေးနေစဉ်အတွင်း သူ၏ အရေးကြီးသည့် သွေးကြောဆုံမှတ်များကို လျှို့ဝှက်စွာ နှိပ်နယ်ပေးပြီး မျှော်လင့်မထားသော အကျိုးကျေးဇူးတစ်ခုကို ရရှိစေခြင်းပင်။

အမျိုးသမီးတစ်ဦးက ပြုံးစိစိလုပ်လိုက်သည်။ “ငါတို့ ခေါင်းဆောင်တော့ ဒီတစ်ယောက်ကို သဘောကျလောက်တယ်။”

အခြားတစ်ဦးက နှုတ်ခမ်းမဲ့လိုက်သည်။ “အေးလေ။ ဒါပေမဲ့ သူ ဘယ်လောက်ခံမလဲ။ သုံးရက်လောက်လား။”

ပထမအမျိုးသမီးက ပခုံးတွန့်လိုက်သည်။ “အလွန်ဆုံးခံ သုံးရက်ပေါ့။ ငါတို့ ခေါင်းဆောင်က အိပ်ရာထဲမှာဆို မိစ္ဆာမကြီးပဲ။ သံမဏိနဲ့လုပ်ထားတဲ့ ယောက်ျားတွေတောင်မှ နာရီပိုင်းအတွင်းမှာ အရည်ကုန်ခမ်းသွားတာပဲ။”

ထိုသည်ကိုကြားသော် ကြက်သီးတစ်လိုင်းက ဆိုလွန်၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွား၏။

အမျိုးသမီးများက သူ့အား သိုးမွေးစောင်တစ်ထည်ဖြင့် ပတ်ကာ ဝင်္ကပါကဲ့သို့ ရှုပ်ထွေးလှသည့် စင်္ကြံလမ်းများတစ်လျှောက် သယ်ဆောင်သွားကြပြီး နောက်ဆုံး၌ တံခါးတစ်ချပ်၏ အရှေ့၌ ရပ်တန့်လိုက်ကြသည်။

အမျိုးသမီးတစ်ဦးက ခေါင်းငုံ့ကာ အရိုအသေပေးလိုက်သည်။ “ခေါင်းဆောင်... ယောက်ျားမောင်းမ ရောက်ပါပြီ။”

“သူ့ကို ခေါ်လာခဲ့။” သူမ၏ အသံမှာ ခွန်အားပြည့်ဝနေပြီး အဆိပ်မိထားသည့်အချက်ကို လုံးဝ ဖုံးကွယ်ထားနိုင်၏။

ကြီးမားလှသည့် တံခါးကြီးများ ပွင့်သွား၏။ ချက်ချင်းပင် စူးရှလှသော အလင်းရောင်ကြောင့် မျက်စိကျိန်းသွားရသည်။ အခန်းကြီးမှာ နဂါးတစ်ကောင်၏ ရတနာသိုက်ကြီးကဲ့သို့ပင်။

ကုတင် ၊ ဝိုင်အိုးများနှင့် ခွက်များ အပါအဝင် အရာအားလုံးကို ရွှေသီးသန့်ဖြင့် ပြုလုပ်ထား၏။ ကြမ်းပြင်ထက်၌ဆိုလျှင် ရွှေဒင်္ဂါးပြားများက ကော်ဇောအထူကြီး တစ်ချပ်ကဲ့သို့ ဖုံးလွှမ်းနေသည်။

သွေးတစ္ဆေမှာတော့ ရွှေချည်မျှင်များဖြင့် ရက်လုပ်ထားသော ပါးလွှာသည့် အဝတ်အစားတစ်ခုကိုသာ ဝတ်ဆင်ထားပြီး ရွှေကုတင်ပေါ်၌ သက်တောင့်သက်သာ လှဲလျောင်းနေ၏။ သူမက ပျင်းရိပျင်းတွဲဖြင့် မျက်ခုံးပင့်လိုက်သည်။ “ဒီထဲမှာ ရွှေဒင်္ဂါး ဘယ်နှပြားရှိလဲ သိလား။”

ဆိုလွန် အပြစ်ကင်းဟန်ဆောင်ကာ ခေါင်းရမ်းလိုက်သည်။

သူမက နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။ “တစ်သောင်းသုံးထောင်လေ။”

ဆိုလွန်တစ်ယောက် သူမ၏ ပခုံးအား စိုက်ကြည့်နေသည်ကို သတိထားမိသွားသောအခါ အဝတ်ကို ဆွဲချလိုက်ပြီး နူးညံ့လှသည့် အသားအရေကို ဖော်ပြလိုက်၏။

ဆိုလွန်တစ်ယောက် အလွန်အမင်း အံ့အားသင့်သွားပြီး အေးခဲသွားရသည်။ ဆန်းကြယ်ရွှေနက်မြှားကြောင့် ရရှိထားသည့် ကြောက်မက်ဖွယ်ကောင်းလှသော ဒဏ်ရာကြီးမှာ လုံးဝ ပျောက်ကွယ်နေလေပြီ။ သူမ၏ အသားအရေမှာလည်း အပြစ်အနာအဆာကင်းမဲ့နေ၏။

မည်သို့ ဖြစ်နိုင်မည်နည်း။ ဖန်မို၏ မြှားမှာ သေစေနိုင်လောက်သည့် အဆိပ်ရည်များ စိမ်ထားပြီး သူမ၏ ခန္ဓာကိုယ်အား ဖောက်ထွင်းသွားခဲ့သည် မဟုတ်ပါလော။ သူမ အဘယ်ကြောင့် မသေသေးသနည်း။

သွေးတစ္ဆေက မဲ့ပြုံး ပြုံးလိုက်သည်။ “ငါက မြွေစိတ်ဝိညာဉ်ရဲ့ ကောင်းချီးပေးတာကို ခံထားရတာလေ။ ဒဏ်ရာပဲဖြစ်ဖြစ် ၊ အဆိပ်ပဲဖြစ်ဖြစ် ပြန်ကောင်းလာတာပဲ။ မဟုတ်ရင် ငါက အဆိပ်မြွေ သဲကန္တာရဓားပြတွေကို ဘယ်လိုလုပ်ပြီး ဦးဆောင်နိုင်မှာလဲ။ သိုင်းပညာတစ်ခုတည်းနဲ့တော့ မလုံလောက်ဘူးလေ။”

သူမက ကုတင်ပေါ်မှ လျှောဆင်းလာပြီး သေသပ်လှသည့် ရွှေဓားမြှောင်တစ်လက်ကို ဆွဲယူကာ ဆိုလွန်၏ လည်ပင်းပေါ်သို့ ဖိကပ်လိုက်သည်။ “မင်းက ရှီးလျန်ဘုရင့်နိုင်ငံက အထက်တန်းလွှာ မဟုတ်ဘူး။ မင်းက အဲဒီ ကြောက်စရာကောင်းတဲ့ လေးသမားနဲ့ ပူးပေါင်းနေတာပဲ။ ဒါပေမဲ့ မင်းရဲ့ ကိုယ်ပိုင် စွမ်းအားက အရမ်းအားနည်းလွန်းနေတော့ ငါ့ကို သွေးဆောင်ဖြားယောင်းပြီး ထောင်ချောက်ဆင်ဖို့ ကြိုးစားတာပဲ။”

ဆိုလွန်တစ်ယောက် အလွန်အမင်း ထိတ်လန့်သွား၏။ သူမက မည်သို့ သိနေသနည်း။ သူ အလွန်တရာ အန္တရာယ်ကြီးမားလှသည့် အခြေအနေသို့ ရောက်နေလေပြီ။

သူမက ဆိုလွန်၏ စောင်ကို ညင်သာစွာ ခွဲချလိုက်သည်။ “ငါ စပ်စုချင်လို့ပါ။ မင်းက အဲ့လောက်တောင် အားနည်းနေတာကို ငါ့ကို ဘယ်လိုသတ်ဖို့ စီစဉ်ထားတာလဲ။” စောင်မှာ အောက်သို့ ကျသွားပြီး ဆိုလွန်တစ်ယောက် ကိုယ်တုံးလုံး ဖြစ်သွားရ၏။

သူမက သူ၏ မျက်နှာကို လက်ချောင်းများဖြင့် ပွတ်ဆွဲလိုက်သည်။ “ငါ့လူတွေ ပြောတာကို မင်း ကြားတယ်မလား။ ငါ့လက်ထဲကို ရောက်လာတဲ့ ယောက်ျားတိုင်းက သေတဲ့အထိ နှိပ်စက်ခံရတာချည်းပဲ။ ဘာလို့လဲဆိုတာ သိလား။”

ဆိုလွန် ထပ်မံ၍ ခေါင်းရမ်းလိုက်၏။

သူမက နှာခေါင်းရှုံ့လိုက်သည်။ “ဘာလို့လဲဆိုတော့ သူတို့က ငါ့ကို မသာယာစေနိုင်လို့ပဲ။”

ဆိုလွန်တစ်ယောက် ဆွံ့အသွားရသည်။ သူမက အောက်ခြေမရှိသည့် တွင်းနက်ကြီးများ ဖြစ်နေသည်လော။

သွေးတစ္ဆေက သက်ပြင်းချလိုက်၏။ “မြွေစိတ်ဝိညာဉ်ဆိုတာ ကောင်းချီးတစ်ခုဆိုပေမဲ့ ကျိန်စာတစ်ခုလည်း ဖြစ်တယ်။ သာမန်မိန်းမတွေ အိပ်ရာထဲမှာ ခံစားရတဲ့ သာယာမှုကို ငါ ခံစားခွင့်မရှိဘူး။ ဘယ်လောက်ပဲ သန်မာတဲ့ ဒါမှမဟုတ် ချောမောတဲ့ ယောက်ျားဖြစ်နေပါစေ ငါ့ကို အထွတ်အထိပ်ရောက်အောင် ကူညီမပေးနိုင်ကြဘူး။ ဒါကြောင့် ငါက ချောမောတဲ့ ယောက်ျားတွေကို ဖမ်းခေါ်လာပြီး သေတဲ့အထိ အရည်ညှစ်ထုတ်ပစ်နေတာပေါ့။”

သူမ အဘယ်ကြောင့် ဤမျှ ကြောက်မက်ဖွယ်ကောင်းသည့် မိစ္ဆာတစ်ကောင် ဖြစ်နေရသနည်းဆိုသည်ကို ဆိုလွန် နောက်ဆုံး၌ နားလည်သွားလေပြီ။

သူမက သူ၏ သွေးလွှတ်ကြောပေါ်သို့ ဓားဖြင့် ဖိကပ်လိုက်သည်။ “ဒါပေမဲ့ မင်းကတော့ ကွာခြားတယ်။ တခြားသူတွေကို ငါကိုယ်တိုင် ဖမ်းလာရတာ။ မင်းကတော့ ငါ့ဆီကို ကိုယ်တိုင်ရောက်လာတာပဲ။ ပြောစမ်း... အခုချိန်မှာ မင်းကို သတ်ပစ်ဖို့ဆိုတာ အရမ်းလွယ်ကူမနေဘူးလား။”

အလွန့် အလွန် အလွန်း အလွန်ကို လွယ်ကူပေလိမ့်မည်။ သူမ၏ သိုင်းပညာက ဆိုလွန်ထက် အဆပေါင်းများစွာ ပို၍ သာလွန်လှ၏။ ဆိုလွန် အနေဖြင့် နည်းနည်းလေးမှပင် ပြန်လည်ခုခံနိုင်စွမ်း ရှိမည် မဟုတ်ချေ။

သူမက အနီးရှိ သလင်းကျောက် သဲနာရီတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။ “တခြားယောက်ျားတွေကိုတော့ ငါက ပုံမှန်ဆို သုံးရက်အချိန်ပေးတယ်။ ဒါပေမဲ့ မင်းကိုတော့... ငါ မင်းကို တစ်နာရီ အချိန်ပေးမယ်။ ဒီရွှေသဲတွေ ကုန်သွားတဲ့အချိန်ထိ မင်းက ငါ့ကို အထွတ်အထိပ် ရောက်အောင် မလုပ်ပေးနိုင်ဘူးဆိုရင်တော့ မင်းရဲ့ လည်ပင်းကို လှီးပစ်မယ်။”

ဆိုလွန်က သဲနာရီအား စိုက်ကြည့်နေ၏။ သေးငယ်လှသည့် ရွှေသဲမှုန်များမှာ အောက်သို့ စတင်၍ ကျဆင်းနေလေပြီ။

သွေးတစ္ဆေက သူမ၏ ပါးလွှာလှသည့် အဝတ်ကို ချွတ်ချလိုက်ပြီး အနာအဆာကင်းမဲ့နေသည့် သူမ၏ ဝတ်လစ်စလစ် ခန္ဓာကိုယ်လေးအား ဖော်ပြလိုက်သည်။

အလွန်လှပလှသည့် မြွေဟောက်တက်တူးကြီးက သူမ၏ ခန္ဓာကိုယ် ကောက်ကြောင်းများတစ်လျှောက် ရစ်ခွေနေ၏။

ရွှေများ ၊ ထူးဆန်းလှသည့် ရနံ့များနှင့် ရင်သပ်ရှုမောဖွယ်ကောင်းလှသော အမျိုးသမီးတစ်ဦးတို့၏ ဝန်းရံထားမှုအောက်၌ ဆိုလွန်၏ ရင်ခုန်သံများ မြန်ဆန်လာကာ သွေးများ ဆူပွက်လာသည်။

သူမ၏ မျက်လုံးများမှာ ကိလေသာရမ္မက်များဖြင့် မှောင်မိုက်သွားပြီး ဆိုလွန်၏ ခေါင်းကို သူမ၏ ခန္ဓာကိုယ်ဆီသို့ ဖိချလိုက်သည်။ “လာစမ်း... ငါ့ကို သာယာအောင် လုပ်ပေးစမ်း။ မင်းမှာ တစ်နာရီပဲ အချိန်ရှိတယ်။ မဟုတ်ရင် မင်းသေမယ်။”

**--**--**--**--**--**--**--**

တစ်ချိန်တည်း၌မှာပင် နုလန်ဘုရင့်နိုင်ငံ တော်ဝင်မြို့တော်၌ ကွေ့ရှင်းဖူနှင့် ကွေ့ချင်းရှောင်းတို့ သားအဖနှစ်ယောက်သား မြင့်မြတ်နတ်နဂါးကျောင်းတော်သို့ ရောက်ရှိလာကြ၏။

ကျောင်းတော်၏ စိတ်ဝိညာဉ်ကျင့်ကြံသူများသာ ကျွမ်းကျင်တတ်မြောက်သည့် အမြင့်ဆုံးနှင့် လျှို့ဝှက်ဆန်းကြယ်လှသော စွမ်းအားတစ်ခုဖြစ်သည့် စိတ်ဝိညာဉ်ကျင့်စဉ်ကို အသုံးပြုကာ သူမ၏ နာကျင်ဖွယ်ကောင်းပြီး အရှက်ရဖွယ်ကောင်းလှသော မှတ်ဉာဏ်များကို ဖျက်ဆီးပစ်ရန်အတွက် ဤနေရာသို့ ခေါ်ဆောင်လာခြင်းပင်။

**--**--**--**--**--**--**--**

စိတ်ဝိညာဉ်ဆောင်ထဲ၌ အေးစက်နေသည့် ကျောက်သားကြမ်းပြင်ထက်ရှိ ရက်လုပ်ထားသော ဖုံအနည်းငယ်မှလွဲ၍ လုံးဝကို ဟာလာဟင်းလင်း ဖြစ်နေ၏။

ကွေ့ရှင်းဖူမှာ အပြင်ဘက်၌ စောင့်ဆိုင်းနေပြီး ကွေ့ချင်းရှောင်း တစ်ယောက်တည်းကိုသာ ကျယ်ဝန်းလှသည့် ခန်းမကြီးထဲသို့ ဝင်ရောက်ခွင့်ပြုထားသည်။

သူမက ဖုံပေါ်၌ တင်ပျဉ်ခွေ ထိုင်လိုက်၏။ ဤနေရာသည် ကမ္ဘာပေါ်၌ အမှန်တကယ်ပင် အအေးချမ်းဆုံး နေရာတစ်ခု ဖြစ်သည်။

မကြာသေးမီက ကွေ့ချင်းရှောင်းတစ်ယောက် ဆိုလွန် သူမအား အတင်းအဓမ္မ ပြုကျင့်နေသည့် အိပ်မက်ဆိုးများကြောင့် နှိပ်စက်ခံနေရ၏။ အိမ်၌ဖြစ်စေ ခရီးသွားနေစဉ်၌ဖြစ်စေ သူမ ငြိမ်းချမ်းမှုကို မရှာတွေ့ခဲ့ချေ။

သို့သော် ဤခန်းမကြီးထဲသို့ ခြေချလိုက်သည်နှင့်တပြိုင်နက် ကစဉ့်ကလျား ဖြစ်နေသည့် သူမ၏ စိတ်များက ချက်ချင်းပင် တည်ငြိမ်သွားသည်။

ခဏအကြာ၌ ဆီးနှင်းများကဲ့သို့ ဖြူဖွေးနေသည့် ဆံပင်နှင့် မုတ်ဆိတ်မွေးရှည်များရှိသော အဖြူရောင် ဝတ်ရုံနှင့် အဘိုးအိုတစ်ဦး ဝင်ရောက်လာပြီး သူမ၏ မျက်နှာချင်းဆိုင်၌ ဝင်ထိုင်လိုက်သည်။

ကွေ့ချင်းရှောင်းက မျက်လုံးများကို ဖွင့်လိုက်ပြီး နက်ရှိုင်းကာ တည်ငြိမ်လှသည့် သူ၏ အကြည့်တို့နှင့် ဆုံတွေ့လိုက်၏။ ထိုအကြည့်တို့မှာ ကျယ်ပြောလှသည့် သမုဒ္ဒရာကြီးနှင့် ကြယ်များ ပြည့်နှက်နေသော ကောင်းကင်ယံကဲ့သို့ပင်။

အဘိုးအိုက လေးနက်စွာ မေးလိုက်သည်။ “မိန်းကလေး... မင်းရဲ့ မှတ်ဉာဏ်တွေကို ဖျက်ဆီးပစ်ချင်တာ သေချာပြီလား။”

ကွေ့ချင်းရှောင်းက မျက်လွှာချကာ ခေါင်းညိတ်လိုက်သည်။ “ဟုတ်ကဲ့။ ဒီမှတ်ဉာဏ်တွေက ကျွန်မကို နေ့တိုင်း နှိပ်စက်နေတယ်။။”

အဘိုးအိုက မျက်ခုံးပင့်လိုက်သည်။ “ဒါဆိုရင် ပြောပြပါဦး။ မင်းကို တိတိကျကျ ဘာကများ နှိပ်စက်နေတာလဲ။ လူတွေရဲ့ စိတ်ဝိညာဉ်ဆိုတာ ဆုတ်ယုတ်သလို ကြောက်စရာလည်း ကောင်းလှတယ်။ အဆုံးမဲ့ နာကျင်မှုတွေကို ခံနိုင်ရည်ရှိပေမဲ့ အဲဒီ နာကျင်မှုတွေက အကြောင်းရင်း သုံးခုကနေပဲ အစပြုတာပါ။ ဆုံးရှုံးမှု ၊ နောင်တ ၊ ဒါမှမဟုတ် အမှန်တရား။ မင်းဟာက ဘယ်တစ်ခုလဲ။”

ကွေ့ချင်းရှောင်းတစ်ယောက် ဆွံ့အသွားရ၏။ သူ၏ စကားများက သူမ၏ နှလုံးသားထဲသို့ တိုက်ရိုက် ဝင်ရောက်လာသည်။

သူမ၏ နာကျင်မှုက ဘယ်ကနေ လာသနည်း။ ဆုံးရှုံးမှုကြောင့်လော။ သူမ၏ အဖိုးတန်လှသည့် အပျိုစင်ဘဝကို ဆုံးရှုံးခဲ့ရသည်။ ထိုသည်က သူမ၏ နာကျင်ခံစားရမှုများ၏ ရင်းမြစ်ဖြစ်နေလား။ သူမ ဟုတ်သည်ဟု ဖြေချင်ခဲ့သော်လည်းပဲ ထိုအရာက သူမ၏ ဝေဒနာများ၏ အဓိကအကြောင်းရင်း မဟုတ်မှန်းကို သူမ သိနေ၏။

နောင်တရနေသည်လား။ လုံးဝ မဟုတ်ချေ။ ဆိုလွန်နှင့် စေ့စပ်ထားမှုကို ဖျက်သိမ်းခဲ့ခြင်း သို့မဟုတ် သူ့အား အရှက်ခွဲခဲ့ခြင်းအတွက် သူမ နောင်တမရချေ။ သူမ၏ မိသားစုကို ကာကွယ်ရန်အတွက် ဤသို့ လုပ်ခဲ့ရခြင်းပင်။ ဆိုလွန်က အရူးတစ်ယောက်သာ ဖြစ်၏။

ထိုသို့ဆိုလျှင်... သူမ၏ နာကျင်မှု ရင်းမြစ်က အမှန်တရားကြောင့်လား။ ဟုတ်သည်...။ အမှန်တရားကြောင့်ပင်...။

ထိုခွေးမသားလေး ဆိုလွန်က သူမ၏ စစ်မှန်သည့် ကိုယ်ပိုင်အသွင်ကို ရှင်းလင်းစွာ မြင်တွေ့လာစေရန် အတင်းအကျပ် ဖိအားပေးခဲ့သည်။ သူမသည် မာနမကြီးချေ။ မမွန်မြတ်ချေ။ မသန်မာခဲ့ချေ။

ဆန့်ကျင်ဘတ်အနေဖြင့် အလွန်အမင်း အားနည်းခဲ့ကာ ရက်အနည်းငယ်မျှ ငတ်မွတ်ပြီးနောက် သူ့ထံသို့ အရှုံးပေးခဲ့ရ၏။ အတင်းအဓမ္မ ပြုကျင့်ခံရပြီးနောက်၌မှာပင် ကိုယ့်ကိုယ်ကိုယ် သတ်သေရန်ကို မစဉ်းစားခဲ့မိချေ။ ပုပ်သိုးနေသည့် ပေါက်စီတစ်လုံးအတွက် သူမ၏ ဂုဏ်သိက္ခာအားလုံးကို လွှင့်ပစ်ခဲ့သည်။

ကွေ့ချင်းရှောင်းက ရှိုက်ကြီးတငင် ငိုကြွေးလိုက်သည်။ “ဟုတ်ကဲ့... အမှန်တရားပါ။ အမှန်တရားက ကျွန်မရဲ့ နာကျင်မှုတွေရဲ့ ရင်းမြစ်ပါပဲ။ အရင်တုန်းက ကျွန်မကိုယ်ကျွန်မ သန်မာတယ် ၊ မွန်မြတ်တယ် ၊ ပြီးတော့ မာနကြီးတဲ့ အမျိုးသမီးတစ်ယောက်လို့ ထင်ခဲ့မိတာ။ ဒါပေမဲ့ အဲဒီမိစ္ဆာက ကျွန်မ တကယ်တမ်း ဘယ်သူလဲဆိုတာကို မြင်အောင် အတင်းအကျပ် လုပ်ခဲ့တယ်။ သူက ကျွန်မ ရင်မဆိုင်နိုင်တဲ့ ကျွန်မရဲ့ အကျည်းတန်တဲ့ အခြမ်းတွေ အားလုံးကို ဆွဲထုတ်ပြခဲ့တယ်။ ဒီအမှန်တရားက ကျွန်မရဲ့ မာနကို လုံးဝကို ရိုက်ချိုးပစ်ခဲ့ပြီး နေ့တိုင်း ကျွန်မရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ဝါးမျိုနေပါတယ်။”

အဘိုးအိုက သက်ပြင်းရှည်ကြီး ချလိုက်သည်။ “အာ... အမှန်တရား...။ အမှန်တရားက တကယ်ကို ကြောက်စရာအကောင်းဆုံး အရာပဲ။ အမှန်တရားနဲ့ ပတ်သက်ပြီး မင်းကို ပုံပြင်တစ်ပုဒ်လောက် ပြောပြလို့ ရမလား။”

သူမက မျက်ရည်ဝဲနေလျက် ခေါင်းညိတ်ပြလိုက်သည်။ “ပြောပြပါရှင်။”

အဘိုးအိုက အဝေးတစ်နေရာသို့ ငေးကြည့်လိုက်သည်။ “အရမ်းကို လေးစားခံရပြီး အောင်မြင်တဲ့ လူတစ်ယောက် ရှိခဲ့ဖူးတယ်။ တခြားလူတွေအတွက်တော့ သူက တိမ်တွေထက်မှာ ရပ်တည်နေတဲ့ မွန်မြတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်နဲ့ တူခဲ့တာပေါ့။ ဒါပေမဲ့ တစ်နေ့မှာ သူက ပြိုလဲတော့မယ့် အခြေအနေကို ရောက်နေပြီလို့ ငါ့ကို လာပြောခဲ့တယ်။”

“လူတွေက သူ့ကို ချီးကျူးကြတဲ့ အချိန်တိုင်းမှာ အဲဒါတွေ အားလုံးက ထင်ယောင်ထင်မှားတွေပဲဆိုတာကို မှတ်ဉာဏ်တစ်ခုက သူ့ကို အမြဲတမ်း သတိပေးနေတယ်လို့ သူက ရှင်းပြခဲ့တယ်။ တကယ်တမ်းမှာ သူက အရမ်းကို ယုတ်မာပြီး အရှက်မဲ့တဲ့သူ တစ်ယောက်ပဲလေ။ သူ့ရဲ့ မွန်မြတ်တဲ့ ဟန်ဆောင်မှုဆိုတာ သူ တကယ့် စမ်းသပ်မှုတစ်ခုနဲ့ မရင်ဆိုင်ရသေးလို့သာ တည်ရှိနေတာပဲ။ ဒီအမှန်တရားက သူ့ရဲ့ မာနတွေကို အမြဲတမ်း ဖျက်ဆီးပစ်နေခဲ့တယ်။”

ကွေ့ချင်းရှောင်းက မျက်မှောင်ကျုံ့လိုက်သည်။ “သူ့ရဲ့ အမှန်တရားက ဘာများလဲ။”

“အဲဒီလူ အသက် ဆယ်နှစ်အရွယ်လောက်တုန်းက သူက ဆန့်ကျင်ဘက် လိင်တွေအပေါ်မှာ အလွန်အမင်းကို စပ်စုချင်စိတ်တွေ ရှိခဲ့တယ်။ သူ့ရဲ့ အစ်မဖြစ်သူ ရေချိုးနေတဲ့ အချိန်တိုင်းမှာ သူက အမြဲတမ်း ချောင်းကြည့်လေ့ရှိတယ်။ ဒါတင်မကသေးဘူး ၊ အဲဒီအချိန်တုန်းက သူ့ရဲ့ အဒေါ်အသက်က ငါးဆယ်ရှိနေပြီဖြစ်ပေမဲ့ သူ့ကိုပါ ချောင်းကြည့်လို့ရအောင် သူ့အဒေါ်ရဲ့ ရေချိုးခန်း သစ်သားနံရံမှာ အပေါက်တစ်ခုကိုပါ ဖောက်ထားခဲ့သေးတယ်။”

ကွေ့ချင်းရှောင်းက နှာခေါင်းရှုံ့လိုက်သည်။ “...သူက တကယ်ကို အရှက်မဲ့တာပဲ။”

အဘိုးအိုက ခေါင်းကို ထပ်ခါ ထပ်ခါ ညိတ်လိုက်၏။ “ဟုတ်တယ်။ အရမ်းကို အရှက်မဲ့တာ။ ယုတ်မာမှုရဲ့ အထွတ်အထိပ်ပဲ။”

အပိုင်း ၂၄၃ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters