← Chapters

အခန်း ၂၄၅

Vol. 25 Ch. 245

အခန်း ၂၄၅

Vol. 25 Ch. 245

အပိုင်း ၂၄၅

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

သွေးတစ္ဆေ၏ မျက်လုံးများက ရုတ်တရက် ပွင့်လာ၏။ သူမက ဆိုလွန်အား လက်ဝါးဖြင့် ရိုက်ချကာ လွင့်စင်သွားစေသည်။

“သေချင်နေတာလား။”

ဆိုလွန် သွေးတစ်ပွက် အန်ချလိုက်၏။ အကယ်၍ သူမသာ သတ်ချင်မည်ဆိုပါက သူ သေနေလောက်ပြီ ဖြစ်သည်။

သွေးတစ္ဆေက အေးစက်စွာ ပြော၏။ “ရှင်းပြစမ်း။ မဟုတ်ရင် မင်းကို အရှင်လတ်လတ် အရေခွံဆွတ်ပစ်မယ်။”

ဆိုလွန်က အနိုင်နိုင် ရုန်းကန်ထရပ်လိုက်ပြီး ပါးစပ်မှ သွေးများကို သုတ်ပစ်လိုက်သည်။ “ငါ့ရဲ့ သိုင်းပညာက အခုထက် အဆတစ်ရာလောက် ပိုမြင့်နေရင်တောင် မင်းကို သတ်နိုင်မှာ မဟုတ်ဘူး။ ဘာကို ကြောက်နေတာလဲ။”

သွေးတစ္ဆေက သူ့အား စိုက်ကြည့်နေပြီးနောက် မျက်လုံးများကို ပျင်းရိစွာ ပြန်မှိတ်လိုက်၏။ “အချိန်သိပ်မကျန်တော့ဘူး။ ဆက်လုပ်။”

ဆိုလွန်က ရှေ့သို့ တိုးသွားလိုက်ပြီး သူမ၏ လက်မောင်းပေါ်ရှိ ဒဏ်ရာကို နမ်းရှိုက်လိုက်ကာ သူ၏ သွေးနှင့် သူမ၏ သွေးကို ရောစပ်လိုက်၏။

သူတို့၏ သွေးကို တံတားတစ်စင်းအဖြစ် အသုံးပြုကာ အသူရာမိစ္ဆာကြယ်၏ စွမ်းအင်လက်သည်းက သွေးတစ္ဆေ၏ သွေးကြောများထဲသို့ ဝင်ရောက်သွားသည်။ ထိုစွမ်းအင်က ခပ်မှိန်မှိန် လျှပ်စစ်စီးဆင်းမှုလေးကဲ့သို့ ခံစားရသည့်အတွက် သူမ၏ အာရုံကြောစနစ်အတွင်းသို့ လျှင်မြန်စွာ ပြန့်နှံ့သွားသည်ကို သွေးတစ္ဆေ သတိမထားမိချေ။

ဆိုလွန် စိတ်ထဲမှ မေးလိုက်သည်။ “ရှာတွေ့ပြီလား။”

အသူရာမိစ္ဆာကြယ်က ပြန်ဖြေလာ၏။ “ရှာတွေ့ပါပြီ။ သခင်ပြောတာ မှန်ပါတယ်။ ကြမ်းတမ်းတဲ့ စွမ်းအင်တစ်ခုက သူ့ခန္ဓာကိုယ်ကို ဖျက်ဆီးထားတယ်။ တင်ပါးဆုံရိုး အာရုံကြောအပါအဝင် အာရုံကြော တော်တော်များများ ပိတ်ဆို့နေတယ်။”

ထိုအာရုံကြောက သာယာမှုကို ပို့ဆောင်ပေးသည့် အရာပင်။

ဆိုလွန် မျက်မှောင်ကျုံ့လိုက်သည်။ “အဲဒါကို ပြန်ဆက်ပေးလို့ ရမလား။”

အသူရာမိစ္ဆာကြယ်က ရှင်းပြလာ၏။ “ရပါတယ်။ ပြန်ဆက်သွားတာနဲ့ တစ်ပြိုင်နက် နှစ်ပေါင်းများစွာ စုထားတဲ့ သာယာမှုတွေက ချက်ချင်း အထွတ်အထိပ် ရောက်သွားလိမ့်ပြီး သူ့စိတ်တွေ လုံးဝ ဗလာကျင်းသွားလိမ့်မယ်။ အဲအချိန်က သူ့ကို သတ်ဖို့ သခင့်အတွက် အကောင်းဆုံး အခွင့်အရေးပဲ။”

ဆိုလွန် ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ။ သုံးအထိ ရေတွက်မယ်။ အဲဒီအခါကျ ပြန်ဆက်လိုက်။”

“နားလည်ပါပြီ။”

“သုံး... နှစ်... တစ်... ဆက်လိုက်တော့။”

အသူရာမိစ္ဆာကြယ်က အာရုံကြောကို ပြန်လည်ဆက်သွယ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ဆိုလွန်က သွေးတစ္ဆေအား ဆွဲယူကာ ပြင်းပြင်းထန်ထန် နမ်းရှိုက်လိုက်၏။

သူမ မောဟိုက်သွားပြီး လျှပ်စီးအပစ်ခံလိုက်ရသကဲ့သို့ တုန်ခါသွားရသည်။ နှစ်ပေါင်းများစွာ ပိတ်ဆို့နေမှုက ထိုအာရုံကြောအား အလွန်အမင်း အာရုံခံစားလွယ်စေ၏။ အနမ်းကြောင့် သူမတစ်ယောက် ပြင်းပြင်းထန်ထန် တုန်ယင်သွားရသည်။

ရုတ်တရက် သာယာမှုလှိုင်းလုံးကြီးတစ်ခုက ရိုက်ခတ်လာ၏။ သူမ၏ စိတ်အာရုံများ လုံးဝ ဗလာကျင်းသွားပြီး အာရုံစူးစိုက်မှုအားလုံး ပျောက်ဆုံးသွားသည်။

ဤသည်က သူမအား သတ်ရန်အတွက် ဆိုလွန်၏ တစ်ခုတည်းသော အခွင့်အရေးပင်။

အသူရာမိစ္ဆာကြယ်က ဆိုလွန်၏ စိတ်ဝိညာဉ်စွမ်းအားများကို အကန့်အသတ်အထိ စုစည်းလိုက်၏။ ဆိုလွန်က ဆက်လက်နမ်းရှိုက်နေရင်း အာရုံလွင့်ပါးနေသည့် သူမ၏ မျက်လုံးများအား စိုက်ကြည့်နေလိုက်သည်။

ထို့နောက် အသူရာမိစ္ဆာကြယ်က တိုက်ခိုက်လိုက်၏။

“ရွှီးးးးး”

စိတ်ဝိညာဉ်စွမ်းအားက သွေးတစ္ဆေ၏ မျက်လုံးများမှတစ်ဆင့် ဦးနှောက်အတွင်းသို့ အပြင်းအထန် ထိုးဖောက်ဝင်ရောက်သွား၏။ စိတ်ပိုင်းဆိုင်ရာ ကာကွယ်မှုများ မရှိသည့်အတွက် သူမ၏ စိတ်စွမ်းအား ၊ ဉာဏ်ရည်နှင့် မှတ်ဉာဏ်များအားလုံးမှာ မျက်စိတစ်မှိတ်အတွင်း၌ပင် လုံးဝ ဖျက်ဆီးခံလိုက်ရသည်။

အော်ဟစ်သံလေးပင် ထွက်မလာဘဲ သူမက အခွံလွတ်ကြီးတစ်ခု ဖြစ်သွားရသည်။ ထိုတိုက်ခိုက်မှုက သူမ၏ စိတ်ဝိညာဉ်အား အပြီးတိုင် ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်၏။

သူမ၏ ကျယ်လာသည့် သူငယ်အိမ်များကို စစ်ဆေးလိုက်ပြီး မျက်နှာအား ပုတ်ကြည့်လိုက်သည်။ သူမထံမှ မည်သည့်တုံ့ပြန်မှုမျှ မရှိချေ။ နှလုံးက ခုန်နေဆဲဖြစ်သော်လည်း စိတ်ဝိညာဉ်မှာမူ ပျောက်ကွယ်သွားလေပြီ။

သူမ၏ မြွေတက်တူးနှင့် ကျက်သွားပြီဖြစ်သည့် မြှားဒဏ်ရာအား ကြည့်ကာ ဆိုလွန်က ရေရွတ်လိုက်၏။ “မင်းခန္ဓာကိုယ်မှာ လျှို့ဝှက်ချက်တွေ ရှိနေတယ်။ ဒါပေမဲ့ အခုမှတော့ မေးလို့ မရတော့ဘူး။”

ဆိုလွန် ရွှေဓားမြှောင်ကို ဆွဲယူကာ သူမ၏ နှလုံးတည့်တည့်သို့ ထိုးစိုက်ချလိုက်သည်။ သွေးများ ပန်းထွက်လာ၏။ နောက်ဆုံး၌ သွေးတစ္ဆေတစ်ယောက် အမှန်တကယ် သေဆုံးသွားလေပြီ။

တစ်ချိန်တည်းမှာပင် သူမ၏ သွေးကြောထဲရှိ နဂါးစွမ်းအားများက လျှံကျလာ၏။ အသူရာမိစ္ဆာကြယ်က တွင်းနက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ ထိုစွမ်းအားများကို ဝါးမျိုပစ်လိုက်သည်။

အဆင့်မြင့်စစ်သည်တစ်ယောက်၏ နဂါးစွမ်းအားများက ဆိုလွန်အတွက် အဆင့်တက်ခြင်းကို ယူဆောင်လာပေးပေလိမ့်မည်။

အသူရာမိစ္ဆာကြယ်က စွမ်းအားများကို ဝါးမျိုနေစဉ်အတွင်း ပြင်းထန်လှသည့် စွမ်းအင်များက ဆိုလွန်၏ သွေးကြောများထဲသို့ စီးဝင်လာ၏။ ယခင်က အရိပ်ပင့်ကူဘုရင်မနှင့် ကောင်းကင်သင်္ချိုင်း ယဇ်ပုရောဟိတ်မတို့ထံမှ စွမ်းအင်များကို စုပ်ယူခဲ့ဖူးသော်လည်း ထိုသည်တို့မှာ စိတ်ဝိညာဉ်စွမ်းအင်များသာ ဖြစ်သည်။

နဂါးစွမ်းအားကိုမူ မုန်ထိုလော့ထံမှ တစ်ကြိမ်သာ စုပ်ယူခဲ့ဖူးသော်လည်း သူ့အား လျင်မြန်စွာပင် ရိုက်ထုတ်ပစ်ခဲ့သည်။

မုန်ထိုလော့သည် နဂါးစစ်သည်တော်တစ်ယောက်ဖြစ်ပြီး သွေးတစ္ဆေက အဆင့်မြင့်စစ်သည်တစ်ယောက်သာ ဖြစ်သော်ငြား ယခုတစ်ကြိမ် သူ စုပ်ယူရရှိသည့် ပမာဏမှာ သူ၏ အမြင့်ဆုံးစံချိန်ပင် ဖြစ်နေ၏။

စွမ်းအင်များက အကြမ်းပတမ်း အတင်းဝင်ရောက်လာသည်။ ဆိုလွန်တစ်ယောက် သွေးကြောများ ပေါက်ကွဲထွက်သွားမတတ် အလွန်အမင်း ပြင်းထန်လှသည့် နာကျင်မှုကို ခံစားလိုက်ရ၏။ သူ၏ အရေပြားများ ပေါက်ပြဲသွားကာ သွေးများ စိမ့်ထွက်လာပြီးနောက် တစ်ကိုယ်လုံး သွေးလွှမ်းသွားရသည်။

နာကျင်ရလှသည့် ဖြစ်စဉ်ကြီးမှာ ဆယ့်ငါးမိနစ်အကြာ၌ ပြီးဆုံးသွား၏။ အသူရာမိစ္ဆာကြယ်က စွမ်းအင်အားလုံးကို စုပ်ယူပြီးသွားလေပြီ။

ခွန်အားများ ကုန်ခမ်းသွားသဖြင့် ဆိုလွန်တစ်ယောက် ပြင်းပြင်းထန်ထန် မောဟိုက်နေလျက် လဲကျသွားရသည်။

သွေးတစ္ဆေအား တစ်ဖန် ပြန်လည်ကြည့်ရှုလိုက်သည့်အခါ သူမ၏ အရေပြားများမှာ မွဲခြောက်နေ၏။ ကျက်သွားပြီဖြစ်သော မြှားဒဏ်ရာမှာလည်း အပေါက်နက်ကြီးတစ်ခုအဖြစ် ပြန်လည်ပေါ်လာသည်။ သူမ၏ စွမ်းအင်များ ကုန်ဆုံးသွားပြီဖြစ်ရာ လျှို့ဝှက်ဆန်းကြယ်သည့် ကုသနိုင်စွမ်းမှာလည်း ပျောက်ကွယ်သွားလေပြီ။

သူမ၏ ခန္ဓာကိုယ်မှာ ဆက်တိုက် ပြောင်းလဲနေ၏။ နေရာအနှံ့၌ ယခင်က ရရှိခဲ့ဖူးသည့် ဓားခုတ်ဒဏ်ရာများ ၊ ရှရာများနှင့် မီးလောင်ဒဏ်ရာများ ထွက်ပေါ်လာကြသည်။ သူမ၏ ကြွက်သားများမှာ ပျက်စီးသွား၏။

အတိတ်က ဒဏ်ရာများအားလုံး ပြန်လည်ပေါ်ထွက်လာသည်နှင့်အမျှ ဆွဲဆောင်မှုရှိလှသည့် သူမ၏ ခန္ဓာကိုယ်လေးမှာ ရစရာမရှိအောင် အကျည်းတန်သွားတော့သည်။

အသူရာမိစ္ဆာကြယ်က သတိပေးလာ၏။ “သခင်... သူ့အတွင်းထဲမှာ ထူးဆန်းပြီး ဆိုးယုတ်တဲ့ စွမ်းအင်တစ်ခု ရှိနေတယ်။”

ဆိုလွန်က ခေါင်းညိတ်လိုက်သည်။ “အဲဒါက သူ့ကို အဆိပ်ဒဏ်ခံနိုင်ရည်ရှိစေပြီး ပြင်းထန်တဲ့ ဒဏ်ရာတွေကို ချက်ချင်း သက်သာပျောက်ကင်းနိုင်စွမ်း ပေးနေတာ ဖြစ်ရမယ်”

အသူရာမိစ္ဆာကြယ်က ဆက်လက်ရှင်းပြ၏။ “အဲဒါက စစ်မှန်တဲ့ အာနိသင်တော့ မဟုတ်ဘူး။ လျင်မြန်စွာ ကုသပေးဖို့ သူ့အသက်စွမ်းအင်တွေကို အလွန်အကျွံ စုပ်ယူအသုံးပြုပစ်တာ။”

ဆိုလွန်တစ်ယောက် မှင်တက်သွားရသည်။

“သခင်ရဲ့ လက်ချက်နဲ့ အသတ်မခံရဘူး ဆိုရင်တောင် သူ အသက်ရှင်ဖို့ နှစ်အနည်းငယ်ပဲ ကျန်တော့တာ။ ဒါကိုသိလို့ အရမ်းရူးသွပ်နေခဲ့တာ ဖြစ်ရမယ်။”

သူမ၏ ဒဏ်ရာများ ပြန်လည်ပေါ်လာသည်မှာ အဆန်းမဟုတ်ချေ။ ထိုစွမ်းအင်က ချက်ချင်းကုသမှုအတွက် သူမ၏ သက်တမ်းကို စုပ်ယူပစ်သည့် အဆိပ်တစ်ခုသာ ဖြစ်သည်။

ဆိုလွန် မျက်မှောင်ကျုံ့လိုက်၏။ “ငါ့ကိုရော ထိခိုက်စေနိုင်လား။”

“မထိခိုက်ပါဘူး။ အဲဒါက ကျွန်တော့်တွင်းနက်ထဲမှာ ပိတ်မိနေတယ်။ သခင့်ခန္ဓာကိုယ်ထဲ ဝင်လာမှာ မဟုတ်ဘူး။ ကျွန်တော် အဲဒါကို နဂါးစွမ်းအားနဲ့ ခွဲထုတ်ပစ်မယ်။ နဂါးစွမ်းအားက သခင့်ကျင့်ကြံခြင်းကို တိုးတက်စေလိမ့်မယ်။ ဆိုးယုတ်တဲ့ စွမ်းအင်က အသုံးဝင်မဝင် သိရဖို့ အဲဒါကို ကျွန်တော် လေ့လာကြည့်လိုက်မယ်။”

ထိုသည်ကို ကြားသော် ဆိုလွန်တစ်ယောက် စိတ်အေးသွားရသည်။

“သခင်... ဒီစွမ်းအင်က ကျွန်တော်တို့ကို အံ့ဩသွားစေလိမ့်မယ်။ တကယ့်ကို မယုံနိုင်လောက်အောင် အသုံးဝင်လာလိမ့်မယ်။”

ဆိုလွန်ကမူ မည်သို့မျှ ပြန်မပြောချေ။ သူ၏ စိတ်ထဲ၌ လောကကြီးကို ဖျက်ဆီးမည့် မိစ္ဆာဧကရာဇ်ဟူသည့် အမည်နာမက ပေါ်ထွက်လာ၏။ ဤဆိုးယုတ်သည့် စွမ်းအင်ကြီးက အလွန် ကြောက်မက်ဖွယ်ကောင်းသည်ဟု သူ ခံစားနေရသည်။

ဆိုလွန် ရေချိုးနေစဉ်အတွင်း အသူရာမိစ္ဆာကြယ်က နဂါးစွမ်းအားများကို သန့်စင်ပေးနေ၏။

သဲကန္တာရဓားပြများက ရုပ်အလောင်းကို ရှာတွေ့သွားမည်ကို ဆိုလွန် စိုးရိမ်မနေချေ။ သွေးတစ္ဆေက အမျိုးသားများနှင့် ပတ်သက်လာလျှင် ကြမ်းတမ်းသည်ဟု နာမည်ကြီးသည့်အတွက် လက်အောက်ငယ်သားများက သူမ၏ အခန်းအနီးသို့ ရက်အတန်ကြာသည်အထိ ချဉ်းကပ်လာကြမည် မဟုတ်ပေ။

ထို့အပြင် သူမ၌ မြွေစိတ်ဝိညာဉ် ပူးကပ်နေသည့် သေမျိုးမဟုတ်သော ခန္ဓာကိုယ်တစ်ခုရှိသည်ဟု သူတို့က ယုံကြည်ထားကြရာ သူမအား အဆိပ်မြွေ သဲကန္တာရဓားပြများ၏ ခေါင်းဆောင်အဖြစ် နတ်ဘုရားတစ်ပါးကဲ့သို့ ကိုးကွယ်ထားကြ၏။

ရေချိုးပြီးနောက် ဆိုလွန် အဝတ်အစားသစ်များကို လဲလှယ်ဝတ်ဆင်လိုက်သည်။

လက်ရှိအချိန်၌ သူ ပြဿနာအသစ်တစ်ခုနှင့် ရင်ဆိုင်နေရလေပြီ။ သွေးတစ္ဆေ၏ ခေါင်းကိုယူကာ ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့ထံ သတင်းပို့ရန် လွတ်မြောက်ရမည် ဖြစ်သည်။

အပြင်ဘက်၌ သူ့ထက် အဆပေါင်းများစွာ ပို၍သန်မာသည့် သိုင်းပညာရှင် တစ်ရာကျော်ရှိနေသည့်အတွက် အတင်းတိုက်ခိုက်၍ ထွက်သွားမည်ဆိုပါက သတ်သေသည်နှင့် တူနေပေလိမ့်မည်။

ထို့အပြင် ဤနေရာသည် ပိတ်လှောင်ထားသည့် မြေအောက်မြို့တော်တစ်ခု ဖြစ်၏။ အဓိကထွက်ပေါက် မပွင့်မချင်း မည်သူကမှ ထွက်သွား၍ မရနိုင်ချေ။ သူမအား သတ်ရန် လွယ်ကူခဲ့သော်လည်း လွတ်မြောက်ရန်မှာမူ ခက်ခဲပေလိမ့်မည်။

သို့သော်လည်း ဆိုလွန်၌ အစီအစဉ်တစ်ခု ရှိနေ၏။

သူ၏ ကုန်ပစ္စည်းများထဲ၌ ဆား ၊ ဝေလငါးဆီ ၊ ဆန်းကြယ်ရွှေနက် သတ္တုရိုင်းနှင့် ဖော့စဖရပ်အဖြူတို့ ပါဝင်၏။ အပူချိန် ၄၀ ဒီဂရီထက်ကျော်လွန်သည့် လေနှင့် ထိတွေ့ပါက ဖော့စဖရပ်အဖြူများမှာ မီးလောင်ကျွမ်းသွားမည် ဖြစ်သည်။

ဆိုလွန်က ဖော့စဖရပ်အဖြူများကို ဝေလငါးဆီစည် အများအပြားထဲ၌ ဝှက်ထားခဲ့ခြင်း ဖြစ်၏။ စည်များကို အပေါက်ဖောက်ထားခဲ့သည့်အတွက် ထျန်ယဲ့မြို့မှ သူတို့ ထွက်ခွာလာကတည်းက ဆီများမှာ ဖုံးကွယ်ထားသည့် စည်ပိုင်းတစ်ခုထဲသို့ တစက်စက် ကျနေခဲ့သည်။

ဆီများ ကုန်သွားသည်နှင့် တစ်ပြိုင်နက် ဖော့စဖရပ်အဖြူများက လေနှင့် ထိတွေ့သွားပေလိမ့်မည်။ ဆောင်းဦးရာသီဖြစ်သော်ငြား အလယ်ပိုင်းဒေသ အနောက်တောင်ဘက်ရှိ သဲကန္တာရ မျက်နှာပြင်သည် အပူချိန် ၅၀ ဒီဂရီထက်ပင် ကျော်လွန်နေ၏။ မြေအောက်မြို့တော်မှာ အနည်းငယ် ပိုအေးသော်လည်း မီးဖိုတစ်ခုကဲ့သို့ ပူလောင်နေဆဲပင်။

အပူချိန်မှာ သေချာပေါက် ၄၀ ဒီဂရီထက် ကျော်လွန်နေပေလိမ့်မည်။ ဆီများ လုံးဝ ကုန်ခမ်းသွားသည့်အခါ ဖော့စဖရပ်အဖြူများ မီးလောင်ကျွမ်းသွားပေလိမ့်မည်။

သူ၏ ကုန်ပစ္စည်းများထဲ၌ ကျင်း သုံးထောင်ကျော် အလေးချိန်ရှိသော ဝေလငါးဆီစည် ဒါဇင်ပေါင်းများစွာ ပါဝင်နေသည်။

အလွန်အမင်း မီးလောင်လွယ်လှသည့် ဤဆီများက ပိတ်လှောင်ထားသည့် နေရာအတွင်း၌ ကြီးမားလှသော ပေါက်ကွဲမှုကြီးတစ်ခုကို ဖြစ်ပေါ်စေလိမ့်မည်။

ကုန်ပစ္စည်းများသည် သဲကန္တာရဓားပြများ၏ ရတနာတိုက်ထဲ၌ ရှိနေ၏။ ပေါက်ကွဲမှုကြောင့် ဒင်္ဂါးပြားများနှင့် လက်ဝတ်ရတနာများ ပြန့်ကျဲသွားမည်ဖြစ်ရာ ဓားပြများမှာ မထွက်ပြေးမီ ငွေကြေးများကို လုယက်ကောက်ယူကြမည် ဖြစ်သည်။ ထို့အပြင် ထိုပေါက်ကွဲမှုက ပုန်းခိုရာနေရာ၌ ဧရာမ အပေါက်ကြီးတစ်ပေါက်ကိုလည်း ဖြစ်ပေါ်သွားစေဦးမည် ဖြစ်၏။

ထိုအခါ ဆိုလွန်အနေဖြင့် ပရမ်းပတာဖြစ်နေမှုအတွင်း ရောနှောဝင်ရောက်သွားနိုင်ပြီး သွေးတစ္ဆေ၏ ခေါင်းနှင့်အတူ ထိုအပေါက်မှတစ်ဆင့် လွတ်မြောက်သွားနိုင်ပေလိမ့်မည်။

အပိုင်း ၂၄၅ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters