← Chapters

အခန်း ၂၅၀

Vol. 25 Ch. 250

အခန်း ၂၅၀

Vol. 25 Ch. 250

အပိုင်း ၂၅၀

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

ယန်ရွှမ်း၏ အလွန်အမင်း ကောက်ကြောင်းပေါ်လွင်လှသည့် ခန္ဓာကိုယ်အချိုးအစားမှာ ရုပ်ပြစာအုပ်များထဲမှ ထွက်ပေါ်လာသည့်အလားပင်။

သူမ၏ ပြီးပြည့်စုံလှသည့် ခန္ဓာကိုယ်မှာ သဘာဝတရား၏ ဥပဒေသများကိုပင် ဆန့်ကျင်နေသကဲ့သို့ ရှိနေ၏။

အလွန်အမင်း ဖွံ့ထွားလှသော်လည်း ခါးလေးမှာမူ မယုံနိုင်လောက်အောင်ကို သေးသွယ်နေ၏။ သူမ၏ ခန္ဓာကိုယ်အချိုးအစားမှာ အပြစ်ဆိုစရာ တစ်ကွက်မျှပင် မရှိချေ။

ဆိုလွန်၏ ရင်ထဲ၌ ရုတ်တရက်ဆိုသလို ဆန္ဒတစ်ခုက ပြင်းပြစွာ ထွက်ပေါ်လာသည်။ အခြားသော အမျိုးသားများ မြင်တွေ့ခွင့်မရစေရန်အတွက် သူမအား မြေအောက်ခန်းထဲ၌ ပိတ်ထားချင်စိတ် ပေါက်သွားခြင်းပင်။

ဆိုလွန် အသက်ကို ပြင်းပြင်းရှူကာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်တည်ငြိမ်စေလိုက်၏။ ထို့နောက် လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး သူမ၏ အသားနှင့် မထိမိစေရန် အထူးဂရုစိုက်လျက် အတိုင်းအတာများ ယူလိုက်သည်။

ဆိုလွန်က ပိတ်စကို စတင်ညှပ်လိုက်ရာ သူ၏ လှုပ်ရှားမှုများက လျင်မြန်ပြီး အမှားအယွင်း ကင်းမဲ့လှ၏။ သူသည် အပ်ချုပ်သမား တစ်ယောက်မဟုတ်သော်ငြား ဂျီဗင်ချီ စတိုင် အနက်ရောင်ဝတ်စုံလေးကိုမူ ယခင်က ချုပ်လုပ်ဖူးခဲ့သည်။

အစ်မဖြစ်သူ မွေးနေ့အတွက် ထိုဝတ်စုံကို ပြီးပြည့်စုံအောင် သုံးလတိုင်တိုင် အချိန်ယူကာ ပြင်ဆင်ခဲ့ဖူး၏။ လက်ရှိအချိန်၌ အားကောင်းသည့် စိတ်ဝိညာဉ်စွမ်းအားများကို ပိုင်ဆိုင်ထားသည့် တတိယအဆင့် လေးကိုင်စစ်သည်တစ်ဦး ဖြစ်နေပြီဖြစ်ရာ သူ၏ လှုပ်ရှားမှုများမှာ မြန်ဆန်ပြီး တိကျနေသည်။

မှတ်ဉာဏ်ကိုသာ အားကိုးလျက် ထိုဝတ်စုံကို နှစ်နာရီအတွင်းမှာပင် အပြီးသတ် ချုပ်လုပ်လိုက်၏။

ဆိုလွန်က ပြောသည်။ "ခဏလေး စောင့်ဦး။ ကျုပ် သခင်မလေးအတွက် ဖိနပ် တစ်ရံလောက် လုပ်ပေးဦးမယ်။"

ယန်ရွှမ်းမှာ ထိုဝတ်စုံလေးကို အံ့အားသင့်စွာဖြင့် စိုက်ကြည့်နေမိသည်။ အပ်ချည်ကြိုး တစ်ချောင်းလောက် အပြောင်းအလဲ လုပ်လိုက်လျှင်ပင် ထိုဝတ်စုံလေး ပျက်စီးသွားမည်ကို သူမ သိ၏။

ဆိုလွန်တစ်ယောက် ဤကဲ့သို့ ပြောင်မြောက်လှသည့် လက်ရာတစ်ခုကို နှစ်နာရီအတွင်း ဖန်တီးနိုင်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် အံ့မခန်း ပါရမီကို မြင်တွေ့နိုင်ပေသည်။ ဤသည်က အနုပညာရပ်များအားလုံး၏ စစ်မှန်သော ကျွမ်းကျင်မှုများသည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေကြောင်း သက်သေပြနေခြင်းပင်။

ဖိနပ်ပြုလုပ်ရသည်မှာ ပို၍ပင် လွယ်ကူနေ၏။

သူမ၏ ဘွတ်ဖိနပ်များကို သေသပ်လှပသည့် ဒေါက်နိမ့်ဖိနပ်လေးအဖြစ် ပြုပြင်လိုက်သည်။ တော်ဝင်မြို့တော်၌ အလှမယ် ဆံထိုးဆယ့်ကိုးချောင်း ရေပန်းစားလာကတည်းက ဒေါက်ဖိနပ်များမှာလည်း အလယ်ပိုင်းဒေသ တစ်ခွင်၌ ခေတ်စားလာခဲ့ပြီဖြစ်ရာ ဤဖိနပ်လေးမှာ လူရာမဝင်ဖြစ်နေမည် မဟုတ်ချေ။

သုံးနာရီ ကြာပြီးနောက်၌မူ အရာအားလုံး ပြီးစီးသွားလေပြီ။

ဆိုလွန်က နောက်သို့ ဆုတ်လိုက်ပြီး ပြောသည်။ "အဝတ်အစား လဲလိုက်တော့။ ကျုပ် အပြင်ကနေ စောင့်နေမယ်။ ပြီးမှ ဆံပင်နဲ့ မိတ်ကပ် ပြင်ပေးမယ်။"

အခန်းထဲ၌ တစ်ယောက်တည်း ကျန်ခဲ့ချိန်တွင် ယန်ရွှမ်း သူမ၏ စပါးကြီးမြွေရေ သံချပ်ကာကို ချွတ်လိုက်ပြီး နောက်ကျနေမည်ကိုပင် ဂရုမစိုက်ဘဲ ရေချိုးလိုက်၏။ သူမ၌ သဘာဝအတိုင်း မွှေးပျံ့နေသည့် ကိုယ်သင်းနံ့ရှိပြီးဖြစ်ရာ ရေမွှေးဆွတ်ရန် မလိုအပ်ချေ။

ထို့နောက် ဝတ်စုံသစ်အောက်၌ ကွက်တိကျနေမည့် ကိုယ်ကြပ် ပိုးသားအတွင်းခံကို ဝတ်ဆင်လိုက်သည်။ အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် ထိုဝတ်စုံလေးအား ကောက်စွပ်လိုက်၏။

မှန်ထဲရှိ သူမကိုယ်သူမ ကြည့်ရင်း မှင်တက်သွားရသည်။ မျက်ရည်များပင် ဝဲတက်လာ၏။ ဝတ်စုံလေးက သူမ၏ ခက်ထန်လှသည့် အရှိန်အဝါများကို လျော့ကျသွားစေကာ သူမအား အလွန်တရာ ဖြူစင်ပြီး နူးညံ့သိမ်မွေ့နေစေသည်။

ဆိုလွန်က အပြင်မှ လှမ်းခေါ်လိုက်သည်။ "သခင်မလေး ယန်ရွှမ်း... အဆင်သင့်ဖြစ်ပြီလား။ ကျုပ် သခင်မလေးကို ဆွဲကြိုးဆွဲပေးပြီး ဆံပင်ပြင်ပေးဖို့ လိုသေးတယ်။"

ယန်ရွှမ်းက အသံပြုလိုက်၏။ "အင်း...။ အဆင်သင့်ဖြစ်ပြီ။ ဝင်လာခဲ့လိုက်တော့။"

ဆိုလွန် တံခါးကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ခြေလှမ်းများ ရပ်တန့်သွားရသည်။

သူမ၏ ကောက်ကြောင်းများနှင့် ဤဝတ်စုံလေး လိုက်ဖက်မည်မဟုတ်ဟု စိုးရိမ်နေခဲ့သော်လည်း သူ မှားယွင်းသွားလေပြီ။ ဝတ်စုံလေးအား အပြစ်ဆိုစရာမရှိအောင် ဝတ်ဆင်ထားလေရာ ရုပ်ရှင်ကားများထဲမှ နတ်သမီးလေးများထက်ပင် ပို၍ လှပတင့်တယ်နေ၏။

**--**--**--**--**--**--**--**

တစ်ချိန်တည်းမှာပင် ထျန်ယဲ့မြို့၏ လွှတ်တော်အဆောက်အအုံ ပင်မခန်းမဆောင်ကြီးထဲ၌ ညစာစားပွဲမှာ စတင်နေပြီ ဖြစ်သည်။ ဧည့်သည်တော်များက နယ်စပ်၏ အလှဆုံးမိန်းမပျိုလေး ယန်ရွှမ်းကို စောင့်ဆိုင်းနေရသည်ကို အနည်းငယ်မျှပင် စိတ်အနှောင့်အယှက် မဖြစ်ကြချေ။

သံချပ်ကာဝတ်စုံဖြင့်သာ မြင်တွေ့နေကျဖြစ်သည့် အမျိုးသားများမှာ ယန်ရွှမ်း ဂါဝန်ဝတ်ဆင်ထားသည်ကို မြင်တွေ့ရန် အလွန်အမင်း စိတ်အားထက်သန်နေကြသည်။

အမျိုးသမီးများကမူ ယန်ရွှမ်းတစ်ယောက် သူမကိုယ်သူမ အရှက်ခွဲလိမ့်မည်ကို မျှော်လင့်နေကြ၏။ ယောက်ျားဆန်သည့် သူမက ဖက်ရှင်နှင့် ပတ်သက်၍ ဘာမှနားလည်မည်မဟုတ်ဟု ထင်မြင်နေကြပြီး သံချပ်ကာဝတ်စုံ သို့မဟုတ် ဈေးပေါသည့် ဂါဝန်မျိုးကိုသာ ဝတ်ဆင်လာလိမ့်မည်ဟု တွေးထားကြသည်။

သူတို့မှာမူ ယန်ရွှမ်းအား အလှတရားဖြင့် အနိုင်ယူရန်အတွက် ရက်ပေါင်းများစွာ အချိန်ယူကာ ကြိုတင်ပြင်ဆင်ထားခဲ့ကြခြင်းပင်။

ခန်းမ၏ အလယ်ဗဟို၌ ထျန်ယဲ့မြို့စား၏ အမျိုးသမီးဖြစ်သူ ကျိချန်းချန်း ရပ်နေ၏။ သူမသည် ဖြူဝင်းသည့် အသားအရေကို ပိုမိုပေါ်လွင်စေသည့် တောက်ပနေသော သလင်းကျောက်များဖြင့် အလှဆင်ထားသော အပြာရောင် ဂါဝန်လှလှလေးကို ဝတ်ဆင်ထားသည်။

နုလန်ဘုရင့်နိုင်ငံ တော်ဝင်မြို့တော်မှ အပ်ချုပ်ဆရာတစ်ဦးက သီးသန့်ချုပ်လုပ်ပေးထားသည့် ထိုဝတ်စုံလေးကြောင့် သူမလေးမှာ လူတိုင်း၏ အာရုံစိုက်ရာ ဗဟိုချက် ဖြစ်နေတော့သည်။

ကျိချန်းချန်းက အမျိုးသားများနှင့် စကားစမြည်ပြောဆိုရင်း ဝင်ပေါက်ဆီသို့ အကဲခတ်နေသည်။ ယန်ရွှမ်း၏ နယ်စပ်၏ အလှဆုံးမိန်းမပျိုဟူသည့် ဂုဏ်ပုဒ်ကို သူမ အလွန်မုန်းတီး၏။ သံချပ်ကာသာ ဝတ်ဆင်တတ်သည့် မိန်းမတစ်ယောက်ထက် သူမကသာ ထိုဂုဏ်ပုဒ်နှင့် ပို၍ထိုက်တန်သည်ဟု ကျိချန်းချန်း ယုံကြည်နေသည်။

ထိုအခိုက် အခမ်းအနားမှူးက ကျယ်လောင်စွာ ကြေညာလိုက်သည်။ "ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့မှ သခင်မလေး ယန်ရွှမ်း ရောက်ရှိလာပါပြီ..."

လူတိုင်း ဝင်ပေါက်ဆီသို့ လှည့်ကြည့်လိုက်ကြပြီး ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားကြ၏။

ရထားလုံးတစ်စီး ရပ်တန့်သွားသည်။ ရှေးဦးစွာ ဆိုလွန်က အပြင်သို့ ထွက်လာလေပြီး ထို့နောက်မှသာ ယန်ရွှမ်းက သူ၏ လက်မောင်းကို ချိတ်ကာ အလင်းရောင်ထဲသို့ ထွက်ပေါ်လာသည်။

လူအုပ်ကြီးမှာ မှင်တက်သွားကြရ၏။ သူမဝတ်ဆင်ထားသည့် နက်မှောင်လှသော ဝတ်စုံလေးက သူမအား ညအမှောင် နတ်သမီးလေးတစ်ပါးကဲ့သို့ ဖြစ်နေစေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ခန်းမထဲရှိ အခြားအမျိုးသမီးများအားလုံး ရိုးစင်းသွားကြသကဲ့သို့ ဖြစ်သွားရ၏။ အလွန်တရာ တောက်ပနေခဲ့သည့် ကျိချန်းချန်းပင်လျှင် ယန်ရွှမ်းနှင့် ယှဉ်လိုက်သောအခါ တောသူမလေးတစ်ယောက်ကဲ့သို့ ဖြစ်သွားရတော့သည်။

သူမ၏ အလှတရားကြောင့် ခန်းမကြီးတစ်ခုလုံး ဆွံ့အသွားကြရသည်။ မနာလိုဖြစ်သွားသော ကျိချန်းချန်းက အတင်းပြုံးပြလိုက်ပြီး သူမအနားသို့ လျှောက်သွားလိုက်၏။

ကျိချန်းချန်းက အပြုံးတုဖြင့် မေးသည်။ "ညီမလေး ယန်ရွှမ်း... ညီမလေးရဲ့ ဝတ်စုံလေးက အရမ်းကို လှတာပဲ။ ဘယ်ကနေ ဝယ်လာတာလဲ။"

ယန်ရွှမ်းက ဆိုလွန်အား တစ်ချက် ကြည့်လိုက်ပြီး ပြန်ဖြေသည်။ "သူက ကျွန်မ အတွက် လုပ်ပေးထားတာပါ။"

ထိုအခါမှသာ လူတိုင်းက သူမ၏ ဘေးရှိ အမျိုးသားကို သတိထားမိသွားကြ၏။ သူ၏ အသွင်အပြင်မှာ ရုပ်ဆိုးပြီး သာမန်သာဖြစ်ရာ နတ်သမီးတစ်ပါး၏ ဘေး၌ ရပ်နေသည့် တောရိုင်းသားရဲတစ်ကောင်နှင့် ပုံစံတူနေသည်။

ယန်ရွှမ်း ထိုလူကို အဘယ်ကြောင့် ခေါ်လာရသနည်းကို မည်သူကမှ နားမလည်နိုင်ကြချေ။

ကျိချန်းချန်း၏ မျက်ဝန်းများ အရောင်လက်သွားရသည်။

"အစ်ကိုက ဘယ်က မဟာဆရာသခင်လဲရှင်။ ညီမအတွက်ရော ဝတ်စုံတစ်စုံလောက် ချုပ်ပေးဖို့ ငှားလို့ရမလား။"

ယန်ရွှမ်းက အေးစက်စွာ ပြောလိုက်သည်။ "သူက ကျွန်မရဲ့ ခင်ပွန်းလောင်းပဲ။ စက်ချုပ်ဆရာ မဟုတ်ဘူး"

လူအုပ်ကြီးကြား၌ တီးတိုးရေရွတ်သံများ ထွက်ပေါ်လာ၏။ ယန်ရွှမ်းတစ်ယောက် ကြီးမြတ်လှသည့် အမျိုးသားများစွာကို ငြင်းပယ်ကာ ခင်ပွန်းလောင်း ရှာဖွေနေကြောင်းကို လူတိုင်း သိထားကြသည်။

သာမန်သာဖြစ်သည့် ဤအသက်သုံးဆယ်ကျော် အရွယ် အမျိုးသားက ခင်ပွန်းလောင်း တစ်ယောက် ဖြစ်နေသည်လား။ သူပုံကြည့်ရသည်မှာ သူမ၏ အစေခံဖြစ်ရန်ပင် အရည်အချင်းပြည့်မီပုံ မရချေ။

ထိုစဉ် အခမ်းအနားမှူး၏ အသံက ထပ်မံထွက်ပေါ်လာပြန်သည်။ "ကျစ်တူးမြို့တော်ကနေ ကြွရောက်လာတဲ့ ဂုဏ်ထူးဆောင် ဧည့်သည်တော်များ ရောက်ရှိလာပါပြီ..."

ဧည့်သည်တော်များက ကြိုဆိုရန်အတွက် တန်းနှစ်တန်း ခွဲရပ်လိုက်ကြ၏။ ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့နှင့် ဖခင်ဖြစ်သူကို ကိုယ်စားပြုလျက် ယန်ရွှမ်းက ဆိုလွန်နှင့်အတူ ဘယ်ဘက်အရှေ့ဆုံး၌ နေရာယူလိုက်သည်။

ဇိမ်ခံရထားလုံးတစ်စီးက ဥယျာဉ်ထဲသို့ ဝင်ရောက်လာ၏။ အံ့အားသင့်ဖွယ် ကောင်းလှစွာပင် ထျန်ယဲ့မြို့စားကိုယ်တိုင်က ရထားလုံးကို မောင်းနှင်လာခဲ့ခြင်း ဖြစ်သည်။ မြို့စားတစ်ယောက်က ရထားလုံးမောင်းသူအဖြစ် လုပ်ဆောင်နေခြင်းမှာ အလွန်တရာ ထူးဆန်းလွန်းလှ၏။

ထျန်ယဲ့မြို့စားက တံခါးကို ဖွင့်ပေးလိုက်သည်။ အပြင်သို့ ထွက်လာသည့် ဧည့်သည်တော်မှာ မယုံနိုင်လောက်အောင်ကို ရုပ်ရည်ချောမောလှလေပြီး ဆိုလွန်နှင့် လင်းအောင်းတို့ထက်ပင် ပို၍ ကြည့်ကောင်းနေသေးသည်။

ဖြူစွတ်နေသည့် ဝတ်စုံကို ဝတ်ဆင်ထားလေပြီး ကျောက်စိမ်းကဲ့သို့ အသားအရေမျိုးကို ပိုင်ဆိုင်ထားရာ ဤလောက၌ ဆိုလွန် မြင်ဖူးသမျှထဲတွင် အချောမောဆုံး အမျိုးသားပင်။

သို့သော် ထိုသူက မည်သူနည်း။ ဆိုလွန် သူ့အား မမှတ်မိချေ။ မြို့စားတစ်ယောက်ကို ရထားလုံးမောင်းသူအဖြစ် ခိုင်းစေနိုင်သည်ဖြစ်ရာ သူ၏ အဆင့်အတန်းမှာ မိုးအောက်မြေပြင်၌ အမြင့်မားဆုံး ဖြစ်ပေလိမ့်မည်။

အဘယ်ကြောင့် တော်ဝင်မြို့တော်၌ သူ၏အကြောင်းကို ဆိုလွန် မကြားခဲ့ဖူးရသနည်း။

ခဏအကြာ၌ ရင်သပ်ရှုမောဖွယ် ကောင်းလှသည့် အမျိုးသမီးတစ်ဦး ထွက်ပေါ်လာ၏။ သူမ၏ ရုပ်ရည်မှာ အနည်းငယ် ရင်းနှီးနေသကဲ့သို့ ရှိလေပြီး ကွေ့ချင်းရှောင်းနှင့် ခပ်ဆင်ဆင်တူနေသည်။

ရုတ်တရက်ဆိုသလိုပင် သူမ မည်သူမှန်း ဆိုလွန် သဘောပေါက်သွားရသည်။ တော်ဝင်အကယ်ဒမီ၏ ဒဏ္ဍာရီလာ နံပါတ်တစ် အလှမယ် ထူလင်းတိပင်။

သူမ၏အကြောင်းကို ဆိုလွန် အကြိမ် များစွာကြားဖူးခဲ့သော်လည်း တစ်ကြိမ်မှ မဆုံဖူးခဲ့ချေ။

အပိုင်း ၂၅၀ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastrie

ဘာသာပြန် - Yu

True Immortal Team

All Chapters