← Chapters

အခန်း ၆၉၆

Vol. 34 Ch. 696

အခန်း ၆၉၆

Vol. 34 Ch. 696

အခန်း (၆၉၆) အဘိုးအိုသူတောင်းစား

ချင်ယွမ်ဖုန်းသည် ခေါင်းကို အသာအယာခါယမ်းလိုက်ရင်း အသံကို တမင်နှိမ့်ကာ ပြောလိုက်ချေသည်။

"ဘာမှမဟုတ်ပါဘူး"

ထိုသို့ပြောပြီးနောက် သူသည် ခေါင်းဆောင်းကို ပြန်လည်စွပ်လိုက်ပြီး ရှေ့သို့ ဆက်လက်လှောက်လှမ်းသွားခဲ့သည်။

သို့သော်လည်း ဝမ်ယွန်းသည် ရုတ်ချည်းပင် ရှေ့သို့တစ်လှမ်းတိုးလာကာ ချင်ယွမ်ဖုန်း၏ ဝတ်ရုံစကို လှမ်း၍ဆွဲလိုက်ပြန်သည်။

"ဟို... ခဏလောက် စောင့်ပေးလို့ ရမလား" ဝမ်ယွန်းသည် စိုးရိမ်တကြီးဖြင့် မေးရှာသည်။

ချင်ယွမ်ဖုန်းအနေဖြင့် ဝမ်ယွန်း ဘာလုပ်လိုသည်ကို မသိသော်လည်း ခေါင်းကိုသာ ငြိမ့်ပြမိချေသည်။

ဝမ်ယွန်းသည် သက်ပြင်းတစ်ချက်ကို အသာချလိုက်ပြီး ဘေးဘက်သို့ ချက်ချင်းပင် အပြေးအလွှား သွားလေတော့သည်။ မကြာမီမှာပင် သူမ ပြန်လည်ရောက်ရှိလာခဲ့ပြီး ယခုတစ်ကြိမ်တွင်မူ သူမ၏လက်ထဲ၌ အမဲသားမုန့်အကြီးကြီးနှစ်ခုကို ကိုင်ဆောင်ထားလျက် ရှိနေပေ၏။

"အားနာလိုက်တာရှင်၊ ကျွန်မ လူမှားသွားလို့ပါ၊ ရော့... ဒီအမဲသားမုန့်လေးကို ယူထားပါဦး" ဝမ်ယွန်းက ပြောလိုက်သည်။

ချင်ယွမ်ဖုန်းသည် မတတ်သာသည့်အဆုံး ခေါင်းကိုသာ ခါယမ်းမိတော့သည်။ ဤဝမ်ယွန်းလေးသည် တကယ့်ကို စိတ်ရင်းကောင်းလှပေသည်။

နန်ဝူးမြို့၌ ရှိစဉ်အခါက ချင်ယွမ်ဖုန်းသည် ထိုနေရာသို့ အမဲသားမုန့်သွားဝယ်လေ့ ရှိခဲ့သည်။ ထိုကဲ့သို့ သေးငယ်လှသော အသေးစိတ်အချက်အလက်ကို ချင်ယွမ်ဖုန်းကိုယ်တိုင်ပင် သတိမထားမိခဲ့သော်လည်း ဝမ်ယွန်းကမူ စွဲစွဲမြဲမြဲ မှတ်မိနေခဲ့ရှာသည်။

"ကျေးဇူးပါ" ချင်ယွမ်ဖုန်းသည် အမဲသားမုန့်ကို လှမ်းယူလိုက်ပြီး လှည့်ထွက်ခဲ့လေသည်။

ဝမ်ယွန်းသည် ထွက်ခွာသွားသော ချင်ယွန်းဖုန်း၏ ကျောပြင်ကို ကြည့်ရင်း စိတ်မကောင်းစွာဖြင့် ညည်းတွားမိရှာသည်။

"ဟူး... သူ့ရဲ့ကျောပြင်ကို ကြည့်ရတာ တကယ့်ကို သူနဲ့ တူတာပဲ"

ထိုသို့တွေးတောနေစဉ် ဝမ်ယွန်း၏ စိတ်ထဲ၌ လျှပ်စီးလက်သကဲ့သို့ အတွေးတစ်ခု ဖြတ်ပြေးသွားပြီး ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွားခဲ့သည်။

သူမသည် ပေါင်အန်းဆေးခန်းမသို့ အမြန်ဆုံးနှုန်းဖြင့် ပြေးသွားပြီး ဝယ်ယူလာသော ဆေးပင်များကို ဝမ်ရှူးကျူးထံ သွားရောက်ပေးအပ်ကာ မိမိ၏အခန်းထဲသို့ ဝင်၍ တံခါးပိတ်လိုက်လေတော့သည်။

စုတ်တံနှင့် စက္ကူကို ထုတ်ယူပြီးနောက် ဝမ်ယွန်းသည် မိမိ၏ မှတ်ဉာဏ်ထဲရှိ ချင်ယွမ်ဖုန်း၏ လက်ရှိမျက်နှာကို စတင်၍ ပန်းချီဆွဲလေတော့သည်။

ယင်းသည် တစ်မျက်နှာလုံး အမာရွတ်ဆိုးကြီးများဖြင့် စုတ်ပြတ်သတ်နေပြီး မူလရုပ်ရည်ကို လုံးဝ ခန့်မှန်း၍မရနိုင်လောက်အောင် အရုပ်ဆိုး အကျည်းတန်လှသော မျက်နှာတစ်ခု ဖြစ်ချေသည်။

သို့သော်လည်း ဝမ်ယွန်းသည် ထိုအရုပ်ဆိုးလှသော မျက်နှာကို မှတ်ဉာဏ်အတိုင်း ဆွဲရုံတင်မကဘဲ ချင်ယွမ်ဖုန်း၏ မူလမျက်နှာပုံကိုပါ ထပ်မံ၍ ဆွဲလိုက်သေးသည်။

ပုံတူပန်းချီကားနှစ်ချပ်ကို ယှဉ်တွဲ၍ နှိုင်းယှဉ်ကြည့်လိုက်သောအခါ ဝမ်ယွန်းသည် တုန်လှုပ်ဖွယ်ရာ အဖြေတစ်ခုကို ရရှိသွားခဲ့သည်။

ဤမျက်နှာနှစ်ခုသည် တစ်ခုနှင့်တစ်ခု ခြောက်ဆယ်ရာခိုင်နှုန်းကျော်မျှ တူညီနေပေသည်။

ထို့နောက်တွင်မူ ဝမ်ယွန်းသည် ထိုအရုပ်ဆိုးလှသော မျက်နှာပေါ်ရှိ အမာရွတ်များကို ဖယ်ရှားကြည့်ရန် ကြိုးပမ်းလိုက်ပြီး ချင်ယွမ်ဖုန်း၏ မူလမျက်နှာကို တဖြည်းဖြည်းချင်း ပြန်လည်ဖော်ထုတ်ကြည့်လိုက်သည်။

ဤသည်ကို မြင်လိုက်ရသောအခါ ဝမ်ယွန်းသည် မိမိအမြဲတစေ တောင့်တနေခဲ့ရသော အရာတစ်ခုကို ရုတ်ချည်းရရှိလိုက်သကဲ့သို့ အတိုင်းထက်အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားရရှာသည်။

သို့သော်လည်း သူမသည် ထိုပန်းချီကားနှစ်ချပ်စလုံးကို မီးရှို့ဖျက်ဆီးပစ်လိုက်ချေသည်။ ထိုသို့ဖြစ်ရခြင်းမှာ ယင်းသည် သူမ၏ စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်နိုင်သောကြောင့် ဖြစ်သည်။

သူမ ပန်းချီဆွဲနေစဉ်မှာပင် စိတ်ထဲ၌ ချင်ယွမ်ဖုန်းကိုသာ မသိစိတ်က ပုံဖော်နေမိခဲ့ခြင်း ဖြစ်ပေ၏။နောက်ဆုံး ထွက်ပေါ်လာသော ပုံတူပန်းချီကားမှာမူ ချင်ယွမ်ဖုန်း၏ မူလရုပ်ရည်သာ လျှင် ဖြစ်ချေသည်။

"ဒါပေမဲ့လည်း... နင် အသက်ရှင်နေသေးတယ်လို့ပဲ ငါ ယုံကြည်ချင်ပါတယ် လူရှုပ်လေးရယ်" ဝမ်ယွန်းက ပြုံးယောင်သန်းလျက် ရေရွတ်လိုက်သည်။

ချင်ယွမ်ဖုန်းသည် မိမိ၏ အမှတ်အသားကို ထုတ်ဖော်ဝန်ခံခြင်း မရှိခဲ့ပေရာ ဝမ်ယွန်းအနေဖြင့်လည်း ချင်ယွန်းဖုန်းသည် လက်ရှိအချိန်၌ မိမိ၏ ကိုယ်ရေးအချက်အလက်ကို ထုတ်ဖော်၍မရသေးသဖြင့် ဤကဲ့သို့ ဖုံးကွယ်ထားရခြင်း ဖြစ်မည်ဟုသာ ယုံကြည်လိုတော့သည်။

ထို့ကြောင့်ပင် သူမသည် ဤလျှို့ဝှက်ချက်ကို ချင်ယွမ်ဖုန်းအတွက် ဆက်လက်ထိန်းသိမ်းပေးထားရန် ဆုံးဖြတ်လိုက်လေသည်။

ချင်ယွမ်ဖုန်းအနေဖြင့်မူ ဝမ်ယွန်း မိမိကို မှတ်မိသွားသည်ကို လုံးဝ မသိရှိခဲ့ပေ။ သူသည် တာဝန်ခန်းမရှိရာ လောင်းကစားရုံသို့ ဦးတည်ကာ ဖြည်းညှင်းစွာ လှမ်းဝင်ခဲ့သည်။

အဝင်ဝတွင်မူ ဆံပင်များ စုတ်ဖွားလျက် တကယ့်ကို သနားစဖွယ်ကောင်းလှသော ပေစုတ်စုတ် အဘိုးအိုသူတောင်းစားတစ်ဦး လဲလျောင်းနေသည်ကို တွေ့ရသည်။

ချင်ယွမ်ဖုန်းသည် ဂရုမပြုဘဲ လောင်းကစားရုံအတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့ချေသည်။

လောင်းကစားရုံကြီးသည် အလွန်ပင် ကျယ်ဝန်းလှပြီး လူအများဖြင့် ပြည့်နှက် စည်ကားနေသည်။ သို့သော်လည်း ၎င်း၏ နောက်ကွယ်၌မူ မည်သည့်နေရာသို့ ဦးတည်နေမှန်း မသိရသော လမ်းကြောင်းတစ်ခု ရှိနေပေသည်။

မိမိ၏ ပစ်မှတ်သည် ထိုအတွင်းပိုင်း၌ ရှိနေမည်ကို ချင်ယွမ်ဖုန်း သိရှိသဖြင့် တုံ့ဆိုင်းခြင်းမရှိဘဲ လှောက်လှမ်းသွားခဲ့သည်။

ထိုလမ်းကြောင်း၏ အပြင်ဘက်တွင်မူ သန်မာထွားကျိုင်းသော လူနှစ်ယောက် ရပ်စောင့်နေကြသည်။

၎င်းတို့၏ ကျင့်စဉ်အဆင့်မှာ မမြင့်မားလှသော်လည်း ထွားကျိုင်းလှသော ခန္ဓာကိုယ်များကြောင့် လူကို ဖိအားပေးနိုင်သော အရှိန်အဝါများ ထွက်ပေါ်နေပေသည်။

"ဟေ့ကောင်... အဲဒီမှာတင်ရပ်တော့၊ ဒီနေရာက မင်းလာရမယ့်နေရာ မဟုတ်ဘူး" သန်မာထွားကျိုင်းသော လူတစ်ယောက်က ချင်ယွမ်ဖုန်း၏ လမ်းကို ပိတ်ဆီးကာ အေးစက်စွာ ပြောလိုက်သည်။

"ဖယ်စမ်း" ချင်ယွမ်ဖုန်းကလည်း အေးစက်စွာ ပြန်လည်တုံ့ပြန်လိုက်ချေသည်။

"ကောင်လေး... မင်း ဘယ်နေရာကို ရောက်နေလဲဆိုတာ သိရဲ့လား၊ ဒီနေရာရဲ့ ပိုင်ရှင်က ဘယ်သူလဲဆိုတာရော မင်း သိလို့လား၊ ငါ မင်းကို ပြောပြလိုက်မယ်... ဒီနေရာရဲ့ ပိုင်ရှင်က ရှာမိသားစုကပဲ" ထိုလူက ကြုံးဝါးလိုက်လေသည်။

ရှာမိသားစုသည် လက်ရှိအချိန်၌ လုယွဲ့အင်ပါယာအတွင်း အလွန်အာဏာစက် ပြင်းထန်လှသော အင်အားစုတစ်ခု ဖြစ်ပြီး အကြီးမားဆုံးသော နောက်ခံအကာအကွယ်လည်း ဖြစ်ပေသည်။

"ရှာမိသားစု ဟုတ်လား" ချင်ယွန်းဖုန်းသည် အံကြိတ်လျက် လှောင်ပြုံး ပြုံးလိုက်သည်။ "ရှာမိသားစု ဖြစ်နေမှတော့ တကယ့်ကို နေရာမမှားတော့ဘူးပေါ့"

ချင်ယွမ်ဖုန်း၏ လက်ထဲမှ အေးစက်လှသော အလင်းတန်းနှစ်ခု ဖြတ်ခနဲ လက်သွားပြီး ရုတ်ချည်းပင် တိုက်ခိုက်လိုက်လေတော့သည်။

ဝိညာဉ်စွမ်းအင်များ ဖုံးလွှမ်းနေသော ဓားမြှောင်တိုနှစ်စင်းသည် ထိုထွားကျိုင်းသော လူနှစ်ယောက်၏ လည်ပင်းများကို တပြိုင်နက်တည်း ဖောက်ထွင်းသွားခဲ့ချေသည်။

ချင်ယွမ်ဖုန်းသည် ဓားမြှောင်ပေါ်ရှိ သွေးစက်များကို ခါထုတ်လိုက်ပြီး အတွင်းသို့ ဆက်လက် လှောက်လှမ်းသွားခဲ့သည်။

ဘေးပတ်ဝန်းကျင်၌ ရှိနေကြသော လူများသည် ပန်းထွက်လာသော သွေးစီးကြောင်းများကို မြင်လိုက်ရသောအခါ သွေးပျက် ထိတ်လန့်တကြားဖြင့် အော်ဟစ်ကြလေတော့သည်။

"လူသတ်မှု... လူသတ်မှု ဖြစ်နေပြီ"

ထိုအသံကို ကြားလိုက်ရသည်နှင့် လောင်းကစားရုံအတွင်း၌ ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားကုန်တော့သည်။

လူအများသည် ထိတ်လန့်တကြားဖြင့် အပြင်သို့ တိုးဝှေ့ပြေးကြသလို၊ လောင်းကစားရုံမှ ဝန်ထမ်းအများအပြားသည်လည်း အခင်းဖြစ်ပွားရာနေရာသို့ ပြေးဝင်လာကြသည်။

ချင်ယွမ်ဖုန်းသည် မိမိ၏ ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်ကာ လောင်းကစားရုံတစ်ခုလုံးကို စစ်ဆေးကြည့်လိုက်ရာ မိမိကို ခြိမ်းခြောက်နိုင်မည့် ပစ်မှတ်မျိုး မရှိသည်ကို တွေ့ရသဖြင့် စိတ်အေးသွားခဲ့သည်။

သို့သော်လည်း တံခါးဝရှိ အဘိုးအိုသူတောင်းစားမှာမူ အချိန်မီ မရှောင်တိမ်းနိုင်ခဲ့သဖြင့် လောင်းကစားသမားတစ်ဦး၏ ကန်ကျောက်ခြင်းကို ခံလိုက်ရပြီး ဘေးသို့ လွင့်စင်သွားခဲ့ရှာသည်။

ထိုသူတောင်းစားသည် ပြန်လည်ခုခံခြင်းလည်း မပြု၊ မည်သည့်အမူအရာမျှလည်း မပြဘဲ ဘေးဘက်သို့သာ ဖြည်းညှင်းစွာ တွားသွားရှာသည်။

သို့သော်လည်း ထိုမြင်ကွင်းကြောင့် ချင်ယွမ်ဖုန်းသည် ရုတ်ချည်းပင် ကြက်သေသေကာ ခြေလှမ်းများ ရပ်တန့်သွားခဲ့ရသည်။ ထိုခဏ၌ သူ၏ ဝိညာဉ်စွမ်းအားသည် အဘိုးအိုသူတောင်းစား၏ မျက်နှာကို အထင်အရှား မြင်တွေ့လိုက်ရပြီး သူ၏ စိတ်ကို ပြင်းထန်စွာ လှုပ်ခတ်သွားစေခဲ့သည်။

ညစ်ပတ်ပေစုတ်နေသည့်တိုင်အောင် ချင်ယွမ်ဖုန်းသည် ထိုမျက်နှာကို ကောင်းစွာ မှတ်မိနေပေသည်။

လောင်းကစားရုံအတွင်းမှ ဝန်ထမ်းများသည် ချင်ယွမ်ဖုန်းကို အော်ဟစ်ဆဲဆိုလာကြပြီး အတွင်း၌ ပုန်းအောင်းနေသော လောင်းကစားရုံပိုင်ရှင်ပင်လျှင် ရုန်းရင်းဆန်ခတ်မှုကို ကြားသိသွားကာ ထွက်ပြေးရန် ပြင်ဆင်နေလေပြီ။

ချင်ယွမ်ဖုန်းသည် မိမိ၏ ရင်ထဲမှ လှုပ်ရှားတက်ကြွမှုကို အောင့်အီးသည်းခံလျက် လျှပ်စီးကဲ့သို့ မြန်ဆန်လှသော နှုန်းဖြင့် အတွင်းသို့ ပြေးဝင်သွားခဲ့တော့သည်။

စူးစူးဝါးဝါး အော်ဟစ်သံအချို့ ထွက်ပေါ်လာပြီးနောက် ချင်ယွမ်ဖုန်းသည် သွေးစက်များကို နင်းလျက် အပြင်သို့ ပြန်လည်ထွက်ခွာလာခဲ့သည်။

အပြင်ဘက်ရှိ ဝန်ထမ်းများသည် ချင်ယွမ်ဖုန်းကို ဒေါသတကြီးဖြင့် စိုက်ကြည့်နေကြသော်လည်း မည်သူမျှ ရှေ့သို့ မတိုးရဲကြပေ။

"မင်းတို့ခေါင်းဆောင်ရဲ့ အလောင်းကို သွားကောက်ကြတော့၊ ငါ မင်းတို့ကို မသတ်ချင်ဘူး၊ ဘာလို့လဲဆိုတော့ မင်းတို့ခေါင်းကို ဖြတ်ရင် ဆုလာဘ် မရလို့ပဲ" ချင်ယွမ်ဖုန်းက အေးစက်စွာ ပြောဆိုပြီး လောင်းကစားရုံအပြင်သို့ ဖြည်းညှင်းစွာ လှမ်းထွက်ခဲ့သည်။

အဘိုးအိုသူတောင်းစားမှာမူ ခွေးသေတစ်ကောင်ကဲ့သို့ ထိုနေရာ၌ပင် ဆက်လက် လဲလျောင်းနေဆဲ ဖြစ်သည်။ ချင်ယွမ်ဖုန်းသည် ထိုသူ့အနားသို့ လျှောက်လှမ်းသွားပြီး ခေတ္တမျှ ရပ်တန့်လိုက်ပြီးမှ အမြန်ပင် ထွက်ခွာသွားခဲ့တော့သည်။

ချင်ယွမ်ဖုန်း၏ ကျောပြင် တဖြည်းဖြည်း ပျောက်ကွယ်သွားသောအခါမှသာ ထိုသူတောင်းစား၏ မျက်ဝန်းအစုံ၌ ပြင်းထန်လှသော အလင်းရောင်တစ်ချက် ဖြတ်ခနဲ ထွက်ပေါ်လာခဲ့လေသည်။

လောင်းကစားရုံပိုင်ရှင် သေဆုံးသွားသည့် သတင်းသည် အလွန်ပင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ချေသည်။

ဤလောင်းကစားရုံသည်လည်း ရှာမိသားစုနှင့် ဆက်နွှယ်နေသဖြင့် ဤဖြစ်ရပ်သည် မြို့တော်တစ်ခုလုံးကို လှုပ်ခတ်သွားစေခဲ့ပြီး မြို့တော်တစ်ခွင်၌ ဝတ်ရုံနက်ဝတ်ဆင်ထားသူများကို လိုက်လံရှာဖွေကြလေတော့သည်။

ဝတ်ရုံနက် ဝတ်ဆင်ထားကြသော မြို့ခံအားလုံး ဒုက္ခနှင့် ရင်ဆိုင်ကြရလေပြီ။

ပြဿနာကို စတင်ဖန်တီးခဲ့သူ ချင်ယွမ်ဖုန်းမှာမူ ကောင်းကင်ယံထက်သို့ မြင့်မားစွာ ပျံသန်းလျက် မြေနက်မြေသို့ ပြန်လည်ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ကုန်သည်ကြီးများအသင်းသည် ပုံမှန်အတိုင်း လည်ပတ်လျက်ရှိပြီး ပစ္စည်းလာရောက် ဝယ်ယူသူဦးရေမှာ လျော့နည်းမသွားသည့်အပြင် ပိုမို၍ပင် များပြားလာကာ စီးပွားရေး အလွန်ကောင်းမွန်နေပေသည်။

သို့သော်လည်း လင်ဇီအာမှလွဲ၍ ချင်ယွမ်ဖုန်းအနေဖြင့် ဝမ်ချိုင်နှင့် ရှောင်ဟေးတို့ကိုသာ မြင်တွေ့ရပြီး ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့ကိုမူ မည်သည့်နေရာ၌မျှ မတွေ့ရပေ။

"ကျင့်ကြံခြင်းအလုပ်ကို သွားလုပ်နေကြတာလားမသိဘူး" ချင်ယွမ်ဖုန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။

ကြီးမားလှသော စိတ်ဝိညာဉ်စွမ်းအားများ ဘေးပတ်ဝန်းကျင်သို့ ပြန့်လွင့်သွားသောအခါ ဝမ်ချိုင်သည် ချက်ချင်းပင် သတိပြုမိသွားခဲ့သည်။

၎င်းသည် ထရပ်လိုက်ပြီး အလွန်အမင်း သတိကြီးစွာဖြင့် ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ရှုလေတော့သည်။ သို့သော်လည်း ဝမ်ချိုင်အပြင် ချင်ယွမ်ဖုန်း၏ ဝိညာဉ်စွမ်းအားကို အာရုံခံမိသူ နောက်ထပ်တစ်ဦးလည်း ရှိနေသေးသည်။

ချင်ယွမ်ဖုန်း၏ ဝိညာဉ်စွမ်းအားသည် ပထမအဆင့် ဘုရင်နယ်ပယ်နှင့် နှိုင်းယှဉ်နိုင်သည်ကို သိထားရမည် ဖြစ်ရာ ဤသည်ကို အာရုံခံနိုင်ခြင်းမှာ ထိုသူသည်လည်း ဘုရင်နယ်ပယ်အဆင့် ရှိနေသောကြောင့်သာ ဖြစ်ပေလိမ့်မည်။

သို့သော်လည်း ချင်ယွမ်ဖုန်းသည် ထိုအတွေးကို ချက်ချင်းပင် ပြန်လည်ရုပ်သိမ်းလိုက်သည်။ ထိုသူသည် တစ်စုံတစ်ဦးက မိမိတို့ကို စောင့်ကြည့်နေသည်ဟုသာ ခံစားရပုံပေါ်ပြီး မည်သူမည်ဝါဖြစ်သည်ကိုမူ အသေအချာ ခွဲခြားသိမြင်နိုင်ခြင်း မရှိသောကြောင့် ဖြစ်ချေသည်။

All Chapters