← Chapters

အခန်း ၃၁

Vol. 4 Ch. 31

အခန်း ၃၁

Vol. 4 Ch. 31

အခန်း ၃၁

“ကျေးဇူးအများကြီး တင်ပါတယ် ဆရာမ။”

ကျန်းဟန်က ဝမ်ယိကို ကြည့်ကာ အရိုအသေပေး ဦးညွှတ်ရင်း ပြောလိုက်သည်။ စိတ်တည်ငြိမ်မှု ကျင့်စဉ်တစ်ခုကို သူ့အား အခမဲ့ သင်ကြားပေးရန် သဘောတူခဲ့ခြင်းမှာ အတိုင်းထက်အလွန် ကြီးမားလှသော ကျေးဇူးတရားပင် ဖြစ်သည်။

“ဟားဟား အားနာစရာ မလိုပါဘူး။ မြန်မြန် ထိုင်။ ငါ မင်းကို သင်ပေးမယ်။”

ဝမ်ယိက ရယ်မောရင်း စာပွဲအောက်မှ ကူရှင်နှစ်ခုကို ထုတ်ယူလိုက်သည်။

ထို့နောက် ၎င်းတို့နှစ်ဦး တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်ကာ တင်ပလ္လင်ခွေ ထိုင်လိုက်ကြတော့သည်။

ဝမ်ယိက ကျန်းဟန်ကို ကြည့်ကာ ပြုံးလိုက်၏။

“ဒီအသက်ရှူခြင်း နည်းစနစ်ကို အာရုဏ်ဦးနှင့် ထင်းရှူးစိမ်း ကျင့်စဉ်လို့ ခေါ်တယ်။ ဒါကို ဒဏ္ဍာရီလာ နေမင်းငှက်နဲ့ ထူးဆန်းတဲ့ ထင်းရှူးပင်တစ်ပင်ရဲ့ ပုံရိပ်ယောင်ကို အခြေခံပြီး ဖန်တီးထားတာလို့ ပြောကြတယ်။ ဒါကို တတ်မြောက်သွားရင် မင်းရဲ့ စိတ်ဝိဉာဉ်စွမ်းအင်က နေမင်းရဲ့ ပူနွေးတောက်ပမှုနဲ့ ထင်းရှူးပင်ရဲ့ အသက်ရှည်ခိုင်ခံ့မှုကို ဆောင်ကြဉ်းပေးလိမ့်မယ်။ မနက်ခင်းနဲ့ ညနေခင်းတွေမှာ နေမင်းကို မျက်နှာမူပြီး ပုံရိပ်ယောင် ပုံဖော်ခြင်းကို ကျင့်ကြံမယ်ဆိုရင် အကောင်းဆုံး အကျိုးသက်ရောက်မှု ရှိလိမ့်မယ်။”

“ဟုတ်ကဲ့ နားလည်ပါပြီ ဆရာမ။”

ကျန်းဟန်က ဝမ်ယိကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။ ဤဆရာမ၏ လှပသော မျက်နှာကို အလွန်အနီးကပ် ကြည့်နေရသည်မှာ သူ့အတွက် အနည်းငယ် နေရခက်သလို ခံစားရစေသည်။

“ငါ့ရဲ့ မျက်လုံးတွေကို သေချာကြည့်။ မင်းရဲ့ အာရုဏ်ဦး ထင်းရှူးစိမ်းကျင့်စဉ်ကို လည်ပတ်ရာမှာ ကူညီဖို့အတွက် ငါ့ရဲ့ စိတ်ဝိဉာဉ်စွမ်းအားကို မင်းရဲ့ စိတ်ဝိဉာည်ကမ္ဘာထဲကို ထုတ်လွှတ်လိုက်မယ်။ မခုခံနဲ့။”

ဝမ်ယိက သူမ၏ လှပသော မက်မွန်ပွင့်သဏ္ဍာန် မျက်ဝန်းများဖြင့် ကျန်းဟန်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

“ဟုတ်ကဲ့။”

ကျန်းဟန် ဝမ်ယိ၏ မျက်လုံးများကို စိုက်ကြည့်လိုက်၏။ သူမ၏ မျက်လုံးများသည် ရေကန်ငယ်လေးတစ်ခုကဲ့သို့ ကြည်လင်တောက်ပနေပြီး လူကို အိပ်မက်ဆန်ဆန် ဝေဝေဝါးဝါး ခံစားချက်မျိုး ပေးစွမ်းနိုင်သော စံမက်မွန်ပွင့်သဏ္ဍာန် မျက်ဝန်းများ ဖြစ်သည်။ အကယ်၍ ၎င်းတို့ကို အချိန်အတော်ကြာ စိုက်ကြည့်နေမိပါက ထိုမျက်ဝန်းများထဲသို့ နစ်မြုပ်သွားသလိုမျိုး ခံစားရစေမည် ဖြစ်သည်။

ကျန်းဟန် ခဏကြာအောက် စိုက်ကြည့်နေမိပြီးနောက် မကြာမီမှာပင် ကျယ်ပြောသော မြစ်ကြီးတစ်စင်းများကဲ့သို့ ထုထည်ကြီးမားလှသည့် ဝမ်ယိ၏ စိတ်ဝိဉာဉ်စွမ်းအားကြောင့် စိတ်ဝိဉာည်ကမ္ဘာထဲသို့ ဆွဲသွင်းခြင်း ခံလိုက်ရတော့သည်။ ဝမ်ယိ၏ လမ်းညွှန်မှုအောက်တွင် သူ၏ စိတ်ဝိဉာဉ်စွမ်းအင်သည် ယခင်ကနှင့် လုံးဝမတူညီသော ပုံစံအသစ်ဖြင့် စတင်လည်ပတ်လာခဲ့သည်။

သူကိုယ်တိုင်ပင် သတိမထားမိဘဲ ကျန်းဟန်၏ အသက်ရှူနှုန်း ပုံစံသည်လည်း စတင်ပြောင်းလဲလာခဲ့သည်။

သူ၏ စိတ်ကမ္ဘာထဲ၌ ဝမ်ယိ၏ နူးညံ့ပျော့ပျောင်းပြီး နွေးထွေးသော စိတ်ဝိဉာဉ်စွမ်းအား လမ်းညွှန်မှုဖြင့် ကျန်းဟန်သည် ဤစိတ်ဝိဉာဉ်လည်ပတ်မှု လမ်းကြောင်းကို တဖြည်းဖြည်း မှတ်မိလာခဲ့သည်။ သို့သော်လည်း ဤလမ်းကြောင်းမှာ စာအုပ်ထဲတွင် မှတ်တမ်းတင်ထားသည်ထက် များစွာ ပိုမိုရှုပ်ထွေးလှသဖြင့် သူ တစ်ကြိမ်တည်းနှင့် အကုန်လုံးကို မမှတ်မိနိုင်ခဲ့ပေ။

သူ၏ အားကောင်းလှသော စိတ်စွမ်းအားနှင့်ပင် လည်ပတ်မှု တစ်ပတ်ပြည့်ရန် အနည်းငယ် ခက်ခဲနေခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် မြစ်ကြီးတစ်စင်းကဲ့သို့ ကျယ်ပြောလှသော ဝမ်ယိ၏ စိတ်ဝိဉာဉ်စွမ်းအားများကြောင့်သာ သူ အများကြီး ပိုမိုလွယ်ကူသွားခဲ့ခြင်း ဖြစ်သည်။

မျက်စိတစိမှိတ်အတွင်း အချိန်နှစ်နာရီခန့် ကုန်လွန်သွားခဲ့ပြီးနောက် ကျန်းဟန်နှင့် ဝမ်ယိတို့ နှစ်ဦးလုံး တစ်ပြိုင်နက်တည်း မျက်လုံးများ ဖွင့်လာခဲ့ကြသည်။

“မင်းရဲ့ စိတ်ဝိဉာဉ်အင်အားက ငါ ထင်ထားတာထက်တောင် ပိုပြီး နက်ရှိုင်းတာပဲ။ အခု မင်း အာရုဏ်ဦးကျင့်စဉ်ရဲ့ အခြေခံကို ပိုင်ပိုင်နိုင်နိုင် သဘောပေါက်သွားသင့်တယ်။”

ဝမ်ယိက မျက်တောင်ခတ်ရင်း ကျန်းဟန်ကို ကြည့်ကာ ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် ဆရာမ။ ကျွန်တော် အခြေခံကို အနည်းအကျင်း သဘောပေါက်သွားပါပြီ။”

ကျန်းဟန် ခေါင်းညိတ်ပြလိုက်သည်။ ဝမ်ယိ၏ နှစ်နာရီကြာ လမ်းညွှန်ပြသမှုနှင့် လေ့ကျင့်မှုအပြီးတွင် သူ၏ မျက်ဝန်းများသည် ချုပ်တည်းမှုများမှ ရုန်းထွက်လိုသော ဆန္ဒကို ပိုမိုပြသလာကြောင်း သူ သတိပြုမိလိုက်သည်။

“ကောင်းပြီ။ ဒါပေမဲ့ ကျင့်စဉ်လေ့ကျင့်မှုမှာ ပြဿနာ တစ်ခုခု မရှိစေအောင် ငါ့ဆီ တစ်ပတ်ကို နှစ်ကြိမ် လာခဲ့။ ငါ လမ်းညွှန်ပေးမယ်။ အခုတော့ ညစာစားဖို့ သွားလို့ရပြီ။”

ဝမ်ယိက ပြုံးကာ ထပ်ပြောလိုက်၏။

“ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ် ဆရာမ။”

ကျန်းဟန်က ဝမ်ယိကို ခေါင်းညိတ်ပြကာ ထွက်ခွာရန် ပြင်လိုက်သော်လည်း သူ မေးရန် အားနာနေသော မေးခွန်းတစ်ခု ရှိနေသေးသည်။

“မင်းမှာ မေးစရာ မေးခွန်း ရှိသေးလို့လား။”

ဝမ်ယိက သူ့ကို ကြည့်ကာ ပြုံးလိုက်၏။

“ဆရာမက ဘာလို့ ဒီကျင့်စဉ်ကို မကျင့်တာလဲလို့ မေးချင်နေတာ မဟုတ်လား။”

“ဟုတ်ပါတယ်။”

ကျန်းဟန်က အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကုတ်လိုက်သည်။ ဝမ်ယိက သူ့ကို ကျင့်စဉ်လေ့ကျင့်ရန် လမ်းညွှန်ပေးနေစဉ်အတွင်း ဝမ်ယိကိုယ်တိုင်မှာ အာရုဏ်ဦး ထင်းရှူးစိမ်း စိတ်စွမ်းအားကျင့်စဉ်ကို လေ့ကျင့်နေပုံမရကြောင်း သူ သတိပြုမိခဲ့သည်။

ကျန်းဟန်၏ တုံ့ဆိုင်းနေသော အမူအရာကို မြင်သောအခါ ဝမ်ယိက ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်မိသည်။

“မင်းက တကယ့်ပဲ အသက် ၁၆ နှစ်အရွယ် ကောင်လေးတစ်ယောက်နဲ့ မတူဘူး။ မင်းရဲ့အသက်ထက် ပိုပြီး ရင့်ကျက်လွန်းတယ်။”

“ငါ ဒါကို မလေ့ကျင့်ရတဲ့ အကြောင်းရင်းက ငါ ဒီနည်းစနစ်ကို ရှာဖွေတွေ့ရှိချိန်မှာ အဆင့် ၄ တပ်မှူးအဆင့် သားရဲထိန်းချုပ်သူတစ်ယောက် ဖြစ်နေပြီမို့လို့ပဲ။ ပြီးတော့ ငါ့ရဲ့ အရင် စိတ်စွမ်းအားကျင့်စဉ်က ရေဓာတ်နဲ့ ယင်ဓာတ်ဘက်ကို ပိုနွယ်နေတော့ ဒီကျင့်စဉ်နဲ့ အားပြိုင်မှု ဖြစ်နေလို့ မလေ့ကျင့်ဖြစ်ခဲ့တာ။”

“ကျွန်တော် နားလည်ပါပြီ ဆရာမ။ ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့။ ကျွန်တော်မှာ တခြားဘာရည်ရွယ်ချက်မှ မရှိပါဘူး...။”

ကျန်းဟန် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့ရ၏။ ဝမ်ယိက သူ့ကို နည်းစနစ်များ သင်ပေးရန် ကိုယ်တိုင်ဦးဆောင်ခဲ့ခြင်း ဖြစ်သော်လည်း သူက သံသယဝင်နေဆဲ ဖြစ်ရာ ၎င်းမှာ တကယ်ပင် မသင့်တော်လှပေ။

သို့သော်လည်း သူ့ကိုလည်း အပြစ်တင်၍တော့ မရချင်။ ဤကမ္ဘာကြီးသည် လှည့်စားမှုများနှင့် သစ္စာဖောက်မှုများဖြင့် ပြည့်နှက်နေခြင်းပင်။ အကယ်၍သာ သတိမထားမိပါက အလွယ်တကူ အလိမ်ခံရပြီး မိမိကို ရောင်းစားမည့်သူကိုပင် ကိုယ်တိုင်ပိုက်ဆံ ကူရေပေးရသည့် အဖြစ်မျိုး ကြုံရနိုင်သည်။

“အင်းပါ၊ အင်းပါ။ ငါ သိပါတယ်။ ထမင်း သွားစားတော့။”

ကျန်းဟန်၏ ကသိကအောက် ရှင်းပြနေပုံကို ကြည့်ကာ ဝမ်ယိတစ်ယောက် မအောင့်နိုင်ဘဲ ရယ်လိုက်မိကာ သူ၏လက်ကို ဝှေ့ယမ်းပြရင်း သူ့ကို ပြန်လွှတ်လိုက်တော့သည်။

ကျန်းဟန်လည်း လှည့်ပြန်ထွက်လာခဲ့ရုံမှတစ်ပါး အခြားမရှိတော့ချေ။

သူသည် ဝမ်ယိ၏ ရုံးခန်းထဲတွင် နှစ်နာရီခန့် အချိန်ကုန်လွန်ခဲ့သဖြင့် နောက်ဆုံး သားရဲထိန်းချုပ်ခြင်း အတန်းနှစ်ခုကို လွတ်သွားခဲ့ပြီး ဖြစ်ရာ ယခုမှပင် သွားရောက်စားသောက်နိုင်တော့သည်။

“သူ့ရဲ့ စိတ်အင်အားက တကယ် အစွမ်းထက်တာပဲ။ ငါ မျှော်လင့်ထားတာထက်တောင် အများကြီး ပိုလွန်နေသေးတယ်။ အကယ်၍ သူ စာချုပ်ချုပ်ထားတဲ့ ကျောက်စိမ်းပိုးကောင်သာ မရှိရင် နောင်တစ်ချိန်မှာ အဆင့် ၇ ကောင်းကင်ဘုရင်အဆင့်အထိ တက်လှမ်းနိုင်မယ့် အလားအလာ ရှိတယ်။”

ကျန်းဟန် ထွက်သွားပြီးနောက် ဝမ်ယိက ရေတစ်ငုံ သောက်ကာ ကျန်းဟန်အတွက် အနည်းငယ် နှမြောတသဖြစ်စွာဖြင့် သက်ပြင်းချလိုက်သည်။

“ဒါပေမဲ့... ဒါက လုံးဝ ဖြေရှင်းလို့မရတဲ့ နည်းလမ်းတော့ မဟုတ်ပါဘူး...။”

ဝမ်ယိသည် သူမ၏မေးစေ့ကို ပွတ်သပ်ရင်း တစ်စုံတစ်ခုကို စဉ်းစားခန်း ဝင်နေခဲ့သည်။ ကျောင်းကို ပိတ်ထားသည့်အတွက် ကျောင်းသားထမင်းစားဆောင်မှာ ပုံမှန်ထက် ပိုမိုစည်ကားနေခဲ့သည်။ ကျန်းဟန်သည် ပေါက်စီသုံးလုံးနှင့် ဆီချက်ခေါက်ဆွဲတစ်ပွဲ ဝယ်ကာ ထောင့်တစ်ထောင့်ကို ရှာပြီး အမြန်စားသောက်လိုက်သည်။

“ကျန်းဟန် ဆရာမဝမ်က နင့်ကို ဘာလုပ်ခိုင်းတာလဲ။”

ကျန်းဟန် ထမင်းစားဆောင်ထဲမှ လှမ်းထွက်လာစဉ် လီဇီဝေက သူမ၏ မီးတောက်ခွေးနှင့်အတူ ပြေးလာပြီး သူ့ကို မေးလာခဲ့သည်။

“ဘာမှမဟုတ်ပါဘူး။ ငါ့ရဲ့ ပျက်စီးသွားတဲ့ စိတ်ဝိဉာဉ်စွမ်းအင်ကို ပြန်ပြီးပြုပြင်ပေးတာပါ။”

ကျန်းဟန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။ လီဇီဝေက ကျန်းဟန်ကို အနည်းငယ် မယုံကြည်သလို ကြည့်လိုက်သော်လည်း ထပ်မမေးတော့ပေ။

“ကောင်းပါပြီလေ။ ဆရာမဝမ်လို အလှပဂေးလေးတစ်ယောက်ရဲ့ စိတ်ဝိဉာဉ်စွမ်းအား ပြုပြင်ပေးဖို့ ကူညီပေးတာ ခံရတယ်ဆိုတော့ နင် တကယ် ကံကောင်းတာပဲ။ ချန်းးလန်တောင် ဒီလို အခွင့်အရေးမျိုး မရဖူးဘူး။”

“မင်း သွားမေးရင်လည်း ဆရာမက ငြင်းမှာ မဟုတ်ပါဘူး။”

ကျန်းဟန်က ပုခုံးတွန့်ပြလိုက်သည်။

“ငါ နင်းနဲ့ ထပ်မပြောတော့ဘူး။ ငါ့အဆောင်ကို သွားသိမ်းရဦးမယ်။”

ကျန်းဟန်က ဆင်ခြေတစ်ခုကို အမြန်ရှာပြီး အရင်ဆုံး ထွက်လာခဲ့လိုက်သည်။

လီဇီဝေ — “...”

သူမက ရုပ်ဆိုးလို့လား။ ဘာလို့ သူက သူမနဲ့ စကားပြောရမှာကို ဒီလောက်အထိ တွန့်ဆုတ်နေရတာလဲ။

ကျန်းဟန်သည် လီဇီဝေကို ထားခဲ့သော်လည်း အဆောင်ကို သွားမသိမ်းဖြစ်ခဲ့ပေ။ ၎င်းကို အလောတကြီး လုပ်စရာမလိုသေးချေ။ အခြားသူများ အားလုံး သိမ်းဆည်းပြီးမှလည်း သူ လုပ်နိုင်သည်။ လူအများကြီးနှင့်ဆိုလျှင် တိုးဝှေ့နေရပေလိမ့်မည်။

ကျန်းဟန်သည် ကျောက်စိမ်းပိုးကောင်ကို လွှတ်ပေးလိုက်ပြီး ကျောင်းဝင်းထဲသို့ လျှောက်လာခဲ့ရာ လူသူကင်းဝေးသော နေရာတစ်ခုကို တွေ့ရှိသွားခဲ့သည်။

“ပိုင်လင်း မင်း ဒီနားမှာပဲ တစ်ယောက်တည်း ဆော့နေဦး။ ငါ ခဏလောက် ကျင့်ကြံလိုက်ဦးမယ်။”

ကျန်းဟန်က ပိုင်လင်းကို ကြည့်ကာ ပြောလိုက်သည်။

သူသည် အသစ်သင်ယူထားသော စိတ်စွမ်းအားကျင့်စဉ်ကို ကောင်းကောင်း မကျွမ်းကျင်သေးသဖြင့် နောက်ထပ် အကြိမ်အနည်းငယ် ခန့် ထပ်မံလေ့ကျင့်ရန် အစီအစဉ်ထားခြင်းဖြစ်သည်။

ထို့အပြင် ဤကျင့်စဉ်သည် နေရောင်အောက်တွင် ကျင့်ကြံပါက ပိုမိုထိရောက်သည်ဟု ဆိုထားသောကြောင့် သူ စမ်းသပ်ကြည့်ချင်နေ၏။

“ကျိ”

ပိုင်လင်းက လိမ္မာပါးနပ်စွာဖြင့် ဘေးနားရှိ ပန်းခင်းဆီသို့ သွားရောက် ဆော့ကစားနေခဲ့သည်။

ထို့နောက် နှစ်မိနစ် မပြည့်သေးမီမှာပင် သိပ်မဝေးသော နေရာမှ ဆူညံသံတစ်ခု ထွက်ပေါ်လာပြီး မကြာမီမှာပင် ထွားကြိုင်းမြင့်မားသော ကောင်လေးနှစ်ယောက်သည် ၎င်းတို့၏ သားရဲများနှင့်အတူ လျှောက်လာခဲ့ကြသည်။

“ဟမ့် မင်းက သူရဲဘောကြောင်တဲ့ ကောင်လိုမျိုး ဒီမှာ လာပုန်းနေတာပဲ။ ဒီကိုလာပြီး ငါ့ကို ဒူးထောက် တောင်းပန်စမ်း။”

“ဒီကိုလာပြီး ဒူးထောက်စမ်း။ မဟုတ်ရင် အရိုက်ခံရတာ ဘယ်လိုလဲဆိုတာ ငါ ပြပေးမယ်။ အတန်းထဲမှာတုန်းကတော့ မင်း အရမ်းမောက်မာနေခဲ့တာ မဟုတ်ဘူးလား။”

ထိုလူနှစ်ယောက်က ကျန်းဟန်ကို မကောင်းသော အကြံအစည်များဖြင့် စိုက်ကြည့်နေကြပြီး ၎င်းတို့၏ အကြည့်များမှာ အလွန်ပင် ရန်လိုနေခဲ့သည်။

ကျန်းဟန်က သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။ သူ့ရှေ့က လူနှစ်ယောက်မှာ အခြားသူများမဟုတ်ဘဲ သူ၏ အတန်းဖော်များ ဖြစ်ကြသော ခဲ့ရွှမ်းလီနှင့် ချန်ကန်းတို့ ဖြစ်သည်။

၎င်းတို့ မွေးမြူထားသော သားရဲများဖြစ်သည့် မြေကြွက်နှင့် သံမဏိငှက်သည်လည်း ပိုင်လင်းကို ဝိုင်းရံထားပြီး ဖြစ်ကာ ၎င်းတို့နှစ်ဦးမှာမူ ကျန်းဟန်ဆီသို့ လျှောက်လာပြီး အပေါ်စီးမှ ငုံ့ကြည့်နေကြသည်။

“မင်းတို့ ဘာလုပ်ချင်လို့လဲ။ မမေ့နဲ့ဦး...။ ဒါ ကျောင်းပဲ။”

ကျန်းဟန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

အတန်းထဲတွင် သူ ပေါ့ပေါ့ပါးပါး ပြောခဲ့သော စကားတစ်ခွန်းကြောင့် ဤလူနှစ်ယောက်က ရန်ငြိုးဖွဲ့ကာ သူ့ကို လာရောက် ရိုက်နှက်လိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ပေ။

“ဟမ့် မင်းက တကယ် မောက်မာတာပဲ။ ကျန်းဟန်...ငါ မင်းကို ရှင်းပစ်ချင်နေတာ ကြာပြီ။ ဆရာမရဲ့ အာရုံစိုက်မှုကို ခံရရုံနဲ့ ဘာတွေ ဒီလောက်အထိ လေကြီးနေတာလဲ။”

ခဲ့ရွှမ်းလီက ဒေါသတကြီး ပြောဆိုကာ ကျန်းဟန်ကို အတင်း တွန်းထုတ်လိုက်၏။

“ဟုတ်တယ်။ မင်းကိုယ်မင်း သိပ်တော်လှပြီ ထင်နေတာလား။ ကျောက်စိမ်းပိုးကောင်နဲ့ စာချုပ်ချုပ်ထားတဲ့ အမှိုက်ကောင်သက်သက်ပဲကို။ ငါတို့ရှေ့မှာ လာပြီး ဆရာကြီးလုပ်ရဲသေးတယ်ပေါ့ ဟုတ်လား။”

“ဒီနေ့ မင်း ဒူးထောက်တောင်းပန်ပြီး လျော်ကြေးငွေ ပေးမလား...ဒါမှမဟုတ် ငါတို့ လက်ချက်နဲ့ သေမလား။ အကူအညီတောင်းဖို့လည်း လုံးဝမစဉ်းစားနဲ့။ ငါတို့ ဒီနားက စောင့်ကြည့်ကင်မရာတွေကို ဖျက်ဆီးပစ်လိုက်ပြီ။”

ချန်ကန်းက လှောင်ပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

All Chapters