← Chapters

အခန်း ၃၂

Vol. 4 Ch. 32

အခန်း ၃၂

Vol. 4 Ch. 32

အခန်း ၃၂

“မင်း အခု ဘာပြောလိုက်တာလဲ။ နောက်တစ်ခေါက် ပြန်ပြောကြည့်လိုက်စမ်း။”

ကျန်းဟန်က ဘောင်းဘီအိတ်ကပ်ထဲ လက်နှိုက်ရင်း ထိုလူနှစ်ယောက်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

“မင်း ငါ့ကို လာပြီး အူကြောင်ကြောင် လုပ်ပြနေတာလား ဟမ်။”

ကျန်းဟန်၏ သဘောထားကြောင့် ခဲ့ရွှမ်းလီက ချက်ချင်းပင် လက်လှမ်းကာ သူ၏ ကော်လံစကို ဆွဲကိုင်ပြီး ပြောလိုက်သည်။

“မင်း သေချာပြီလား။ ငါ မင်းကို ထပ်ပြောလိုက်မယ်။ ဒီနေ့ မင်းကို ဒီမှာပဲ ရိုက်သတ်လိုက်ရင်တောင် ဘယ်သူမှ လာကယ်မှာ မဟုတ်ဘူး။”

“မင်း တစ်ယောက်တည်းနဲ့ ငါတို့ နှစ်ယောက်လုံးကို ယှဉ်နိုင်မယ်လို့ တကယ်ကြီး ထင်နေတာတော့ မဟုတ်ပါဘူးနော်။”

“မင်းကို မရိုက်ရင် မင်းက တကယ်ပဲ အမှားနဲ့ အမှန်ကို ခွဲခြားနိုင်တော့မှာ မဟုတ်ဘူး။ မင်း ပြိုင်ပွဲကနေ နိုင်ထားတဲ့ ငွေသောင်းဂဏန်းကို အခုချက်ချင်း ထုတ်ပေးစမ်း။ မဟုတ်ရင် ဒီနေ့ ငါ မင်းကို ရိုက်သတ်ပစ်မယ်။”

ချန်ကန်းက ရှေ့သို့ လျှောက်လာပြီး ကျန်းဟန်၏ မျက်နှာကို ဖြတ်ရိုက်ရန် လက်လွှဲလိုက်၏။

သို့သော်လည်း သူ၏လက် ကျမလာမီမှာပင် ကျန်းဟန်က လှမ်း၍ ဖမ်းချုပ်လိုက်လေသည်။ တစ်ယောက်နှင့်တစ်ယောက် အနီးကပ် ရှိနေသော ထိုလူနှစ်ယောက်ကို ကြည့်ရင်း ကျန်းဟန်က မပြုံးဘဲ မနေနိုင်တော့ချေ။

“ငါ ပြိုင်ပွဲမှာ နိုင်ထားတယ်ဆိုတာလည်း မင်းတို့ သိထားကြသားပဲ။ ဒါတောင် မင်းတို့ကို ဘယ်သူက သတ္တိတွေ ပေးလိုက်လို့ ငါ့ကို လာပြီး ဗိုလ်ကျရဲတာလဲ။”

ထိုလူနှစ်ယောက် သတိမမူမိခင်မှာပင် ကျန်းဟန်က ၎င်းတို့ကို တွန်းထုတ်လိုက်၏။

“သွား... သူ့ကို သတ်ပစ်စမ်း။”

ကျန်းဟန်၏ တုံ့ပြန်မှုကြောင့် ထိုလူနှစ်ယောက်မှာ ချက်ချင်း ဒေါသချောင်းချောင်းထွက်သွားပြီး မြေပြင်မှ အုတ်ခဲများကို ကောက်ယူကာ သူ့ဆီသို့ ပြေးဝင်သွားကြသည်။

သို့သော်လည်း ၎င်းတို့ လမ်းတစ်ဝက်ခန့်အထိ ပြေးရရုံရှိသေးစဉ်မှာပင် အနောက်ဘက်မှ ကျယ်လောင်သော အသံတစ်သံကို ကြားလိုက်ရပြီး နောက်အခိုက်တွင် ၎င်းတို့၏ ခြေလက်အင်္ဂါများမှာ တစ်စုံတစ်ခုနှင့် ငြိတွယ်နေသကဲ့သို့ ဖြစ်ကာ လုံးဝ လှုပ်ရှား၍ မရတော့ကြောင်း သိလိုက်ရတော့သည်။

“ဒါ ကျောက်စိမ်းပိုးကောင်ပဲ...။ ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။”

ထိုလူနှစ်ယောက် လှည့်ကြည့်လိုက်သောအခါ ၎င်းတို့ မွေးမြူထားသော သားရဲနှစ်ကောင်လုံး မြေပြင်ပေါ်သို့ လဲကျနေသည်ကို တွေ့လိုက်ကြရသည်။

၎င်းတို့အားလုံးသည် ကျောက်စိမ်းပိုးကောင်၏ မာကျောမှုစွမ်းရည်ကြောင့် ချက်ချင်း မေ့မြောသွားခဲ့ကြခြင်းပင်။ ထိုလူနှစ်ယောက်သည် ကျောက်စိမ်းပိုးကောင်ကို အထင်သေးခဲ့ကြပြီး ၎င်းတို့ သားရဲထိန်းချုပ်သူ နှစ်ယောက် ပေါင်းလိုက်လျှင် ဖြေရှင်းနိုင်လိမ့်မည်ဟု ထင်မှတ်ခဲ့ကြသည်။

“မင်းတို့ စောစောက ဒီနားမှာ စောင့်ကြည့်ကင်မရာတွေ မရှိဘူးလို့ ပြောတယ်မလား။”

ကျန်းဟန်က ထိုလူနှစ်ယောက်ကို ကြည့်ကာ နောက်ပြောင်လိုသော အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

၎င်းတို့၏ သားရဲများ မြေပြင်ပေါ် လဲကျသွားသည်ကို မြင်လိုက်ရသောအခါ စောစောက မောက်မာထောင်လွှားနေခဲ့သော ထိုလူနှစ်ယောက်မှာ ချက်ချင်းပင် ခြေထောက်များ ပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

“အစ်... အစ်ကိုကြီး... ကျွန်တော်တို့ လျော်ကြေးပေးပါ့မယ်။ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို မရိုက်ပါနဲ့။ တောင်းပန်ပါတယ်။”

ခဲ့ရွှမ်းလီမှာ အသံများပင် တုန်ရင်နေပြီး သူ အမှန်တကယ်ပင် ကြောက်လန့်နေခဲ့ပြီ ဖြစ်သည်။

“ကျန်းဟန်...ငါတို့က အတန်းဖော်တွေပဲ။ ငါတို့ ကိစ္စတွေကို ပိုက်ဆံနဲ့ ဖြေရှင်းလို့ရပါတယ်။ ငါ့အကောင့်ထဲမှာ ငွေငါးသောင်း ရှိတယ်။ ငါ့ကို မရိုက်ပါနဲ့။ ငါ မင်းကို အကုန်လုံး လွှဲပေးပါ့မယ်။”

ချန်ကန်းလည်း ကြောက်ချီးပါသွားခဲ့ရသည်။ စောစောက မည်မျှပင် ရန်လိုနေခဲ့ပါစေ ယခုအခါတွင်မူ အလွန် သူရဲဘောကြောင်သွားခဲ့လေသည်။

“မင်းတို့ကို ဘယ်သူ ခိုင်းတာလဲ။”

ကျန်းဟန်က ထိုလူနှစ်ယောက်ကို ကြည့်ကာ မေးလိုက်သည်။

“မဟုတ်ပါဘူး။ မဟုတ်ပါဘူး။ ကျွန်တော်တို့ ခေါင်းထဲ မှားယွင်းသွားလို့ စိတ်အာရုံတွေ ခဏလောက် ဝေဝါးသွားတာပါ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။”

ခဲ့ရွှမ်းလီက ခေါင်းကို အကြိမ်ကြိမ် ခါယမ်းရင်း ပြောလိုက်သည်။

ကျန်းဟန်သည် ထိုစကားကို ကြားသောအခါ အနည်းငယ် စိတ်ပျက်သွားမိသည်။ ၎င်းတို့သည် တစ်စုံတစ်ယောက်၏ မြှောက်ထိုးပင့်ကော်လုပ်ခြင်းကို ခံရပြီး ထိုသူကိုပါ တစ်ပါတည်း ဖမ်းဆီးနိုင်လိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့၍ ဖြစ်သည်။

“မဟုတ်တာ...မဟုတ်တာ။ စိတ်မပူပါနဲ့။ ငါ မင်းတို့ကို မရိုက်ပါဘူး။ ပြီးတော့ မင်းတို့ပိုက်ဆံကိုလည်း ငါမယူဘူး။”

ကျန်းဟန်က ခေါင်းခါယမ်းရင်း ထိုလူနှစ်ယောက်ကို ကြည့်ကာ ပြောလိုက်သည်။

“မင်းတို့ လာနေတာကို ငါ အာရုံခံမိကတည်းက ငါ့ဖုန်းနဲ့ အသံဖမ်း ထားပြီးသား။ မင်းတို့က ငါ့ကို အရင်ဆုံး ခြိမ်းခြောက်တယ်၊ ရိုက်နှက်တယ်၊ ပြီးတော့ ငွေညှစ်ဖို့ ကြိုးစားတယ်။ မင်းတို့ အခု အချုပ်ထဲ သွားရတော့မယ်။”

သူက သူ၏ဖုန်းထဲမှ အသံဖမ်းထားမှုကို ပြသလိုက်ပြီးနောက် ရဲစခန်းသို့ ချက်ချင်း ဖုန်းခေါ်လိုက်သည်။

ကျန်းဟန်၏ စကားကို ကြားလိုက်ရသောအခါ ထိုလူနှစ်ယောက်လုံး မျက်နှာများ သွေးဆုတ်ဖြူလျော်သွားပြီး အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားကြတော့သည်။

“အစ်ကိုကြီး...အစ်ကိုကြီး...ကျေးဇူးပြုပြီး ဒီလိုမလုပ်ပါနဲ့။”

ထိုလူနှစ်ယောက်က ကြောက်လန့်တကြား အော်ဟစ်ငိုယိုကာ တောင်းပန်ကြတော့သည်။ ၎င်းတို့အတွက်မူ ပိုက်ဆံပေးရခြင်း သို့မဟုတ် အရိုက်ခံရခြင်းထက် မိဘများ သိသွားခြင်းနှင့် ထောင်ကျရခြင်းကို ပို၍ပင် ကြောက်လန့်နေကြသည်။

အကယ်၍ ဤကိစ္စသာ အပြင်သို့ ပေါက်ကြားသွားပါက ၎င်းတို့ အချုပ်ခန်းထဲ ရောက်သွားရုံသာမက ကျောင်းမှပါ ထုတ်ပယ်ခြင်း ခံရမည် ဖြစ်သည်။ ထိုအခါ အခြားသူများ လာရောက် အပြစ်ပေးရန်ပင်မလိုဘဲ ၎င်းတို့၏ မိဘများကိုယ်တိုင် ၎င်းတို့ကို ရိုက်သတ်ပစ်ကြပေလိမ့်မည်။

“နောင်တကို နောင်မှရတာမျိုး မဖြစ်စေနဲ့။ မလုပ်ခင်ကတည်းက ကြိုပြီးစဉ်းစားခဲ့သင့်တယ်။”

ကျန်းဟန်က နှာခေါင်းရှုံ့ကာ လှောင်ပြုံးပြုံးလိုက်ပြီဏ္ဌ ရဲစခန်းသို့ ချက်ချင်း ဖုန်းခေါ်လိုက်သည်။ သူသည် ကျောင်းတွင်း အကြမ်းဖက်မှု ပုံစံမျိုးစုံကို လုံးဝ သည်းခံခွင့်လွှတ်မည့်သူ မဟုတ်ပေ။

မကြာမီအချိန်အတွင်းမှာပင် ရဲများ ရောက်မလာဘဲ အတန်းပိုင်ဆရာမ ဝမ်ယီနှင့် ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင် လူကြီးများ ရောက်ရှိလာခဲ့ကြသည်။

“ဘာတွေဖြစ်နေကြတာလဲ။”

ဝမ်ယိက အခင်းဖြစ်ပွားရာနေရာကို တစ်ချက်ကြည့်လိုက်ပြီး ကျန်းဟန်ကို မေးလိုက်သည်။

“ကျွန်တော် ဒီမှာ တရားထိုင်နေတုန်း သူတို့နှစ်ယောက် ရောက်လာပြီး ကျွန်တော့်ကို ရိုက်နှက်တယ်၊ ပြီးတော့ ငွေညှစ်တယ်။ ကျွန်တော့်ဖုန်းထဲမှာ အသံဖမ်းထားတာ ရှိပါတယ်။”

ကျန်းဟန်က အေးစက်စွာ ပြောလိုက်သည်။

“အဲဒီနောက် ကျွန်တော့်ရဲ့ သားရဲက ကျွန်တော့်ကို ကယ်ဖို့အတွက် သူ့အသက်ကို ရင်းပြီး ခုခံပေးခဲ့ရတယ်။ အဲဒါကြောင့် ကျွန်တော် ရဲခေါ်လိုက်တာပါ။”

“ဟုတ်လား။”

ဝမ်ယိက ခဲ့ရွှမ်းလီနှင့် ချန်ကန်းတို့ကို လှည့်ကြည့်လိုက်၏။

ထိုလူနှစ်ယောက်မှာ ချက်ချင်းပင် ခေါင်းငုံ့သွားကြတော့သည်။

ကျောင်းလူကြီးများက ၎င်းတို့သုံးဦးကို ရုံးခန်းအဆောက်အဦးဆီသို့ အလျင်အမြန်ခေါ်ဆောင်သွားပြီးနောက် နှစ်ဦးနှစ်ဖက်လုံးကို စစ်မေးကာ အသံဖမ်းထားမှုကို နားထောင်ခဲ့ကြသည်။

“ကျန်းဟန် မင်းမှာလည်း ဘာဒဏ်ရာမှ မရထားဘူးဆိုတော့ ဒီနှစ်ယောက်ကို မင်းရဲ့ နစ်နာမှုအတွကခ လျော်ကြေးပေးခိုင်းပြီး ကျောင်းကလည်း မင်းကို အပိုဆောင်း လျော်ကြေးတချို့ ပေးမယ်ဆိုရင် ဘယ်လိုလဲ။ ငါတို့ ဒါကို ရဲစခန်းအထိ မရောက်ဘဲ ကျောင်းတွင်းမှာတင် အေးအေးချမ်းချမ်း ဖြေရှင်းလိုက်ရင် မကောင်းဘူလား။”

အနည်းငယ်ကြာပြီးနောက် မျက်မှန်တပ်ထားသော သက်လတ်ပိုင်းအရွယ် ကျောင်းသားရေးရာဌာနမှူးက ရောက်လာပြီး အပြုံးတစ်ခုဖြင့် ညှိနှိုင်း ဆွေးနွေးလာခဲ့သည်။

“မလိုပါဘူး။ အားစိုက်မနေပါနဲ့တော့။ ဒီကိစ္စကို ကျောင်းစည်းကမ်းဥပဒေအတိုင်းပဲ ကိုင်တွယ်ဖို့ ကျွန်တော် အကြံပြုချင်တယ်။”

ကျန်းဟန်က ညှိနှိုင်းရန် လုံးဝအခွင့်အရေးမပေးဘဲ ခေါင်းခါယမ်းလိုက်သည်။

သူ၏ စကားကြောင့် ဌာနမှူး၏ မျက်နှာမှာ ချက်ချင်း အေးစက်သွား၏။

“ကျန်းဟန် အသံဖမ်းသက်သေတစ်ခုတည်းက သိပ်ပြီး ခိုင်လုံမှုမရှိဘူး။ ငါတို့ ရောက်လာတဲ့အချိန်မှာ မင်းက ဘာဒဏ်ရာမှမရဘဲ ကောင်းကောင်းမွန်မွန် ရှိနေပြီး ဒီနှစ်ယောက်ပဲ မြေကြီးပေါ်မှာ လဲနေတာ။ ဒါက မင်းပြောတဲ့စကားနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ်။”

“ဆရာ...ဆရာက ကျွန်တော်က သူတို့ကို အတင်းအဓမ္မ အသံဖမ်းခိုင်းထားတယ်လို့ ထင်နေတာလား။ ရယ်စရာတွေ မပြောပါနဲ့။ အကယ်၍ ဒီအသံဖမ်းဖိုင်သာ အပြင်ကို ပေါက်ကြားသွားရင် ငတုံးတစ်ယောက်တောင် အမှန်တရားကို နားလည်နိုင်တယ်။”

ကျန်းဟန်က ပုခုံးတွန့်ပြကာ တုန်လှုပ်ခြင်းမရှိဘဲ ပြောလိုက်သည်။

“ဒါတင်မကသေးဘူး။ ကျွန်တော် အဲဒီအသံဖမ်းဖိုင်ကို သိမ်းဆည်းထားပြီးသား။”

ကျန်းဟန်၏ စကားကြောင့် သင်ကြားရေးဌာနအကြီးအကဲမှာ ဆွံ့အသွားခဲ့ရသည်။ ကျောင်းတွင် စာလည်း သိပ်မတော်၊ ထူးခြားသော ပါရမီလည်း မရှိသည့် ကျောင်းသားတစ်ယောက်က အဘယ်ကြောင့် ဤမျှ ကိုင်တွယ်ရ ခက်ခဲနေရသလဲဆိုသည်ကို သူ နားမလည်နိုင်အောင် ဖြစ်နေခဲ့ရသည်။

အမှန်တော့ ပုံမှန်အခြေအနေမျိုးတွင် ဤကိစ္စမှာ အရေးတကြီး ကိစ္စမဟုတ်သော်လည်း ယခုအခါ ထျန်းမုံ အဖွဲ့အစည်းကြောင့် လူအများ၏ အာရုံစိုက်မှုက ဤကျောင်းပေါ်သို့ ရောက်ရှိနေပြီး အထက်လူကြီးအချို့ပင် ဤနေရာသို့ ရောက်နေကြပြီ ဖြစ်သည်။

ဤကဲ့သို့သော ကိစ္စမျိုးမှာ ကျောင်းအတွက် အလွန်ပင် ပုံရိပ်ပျက်ပြားစေပေသည်။

ရဲများက အလျင်အမြန် ရောက်ရှိလာခဲ့သော်လည်း နှစ်ယောက်သာ ရောက်လာခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် ဦးစွာ ဖြစ်ပျက်ခဲ့သမျှကို လေ့လာပြီးနောက် အသံဖမ်းဖိုင်ကို နားထောင်ခဲ့ကြသည်။

ဤအချိန်တွင် ခဲ့ရွှမ်းလီနှင့် ချန်ကန်းတို့၏ မိဘများသည်လည်း မျက်နှာပျက်လျက် ရောက်ရှိလာခဲ့ကြသည်။

“ပဏာမ သုံးသပ်ချက်တွေအရ ဒီနှစ်ယောက်က ကျောင်းတွင်း အကြမ်းဖက်မှုကို ကျူးလွန်ခဲ့ကြပြီး ကျန်းဟန်ဆီကနေ ငွေညှစ်ဖို့ ကြိုးစားခဲ့တာ သေချာတယ်။”

ထိုစကားကို ကြားသောအခါ ထိုနှစ်ယောက်မှာ ခေါင်းငုံ့သွားကြပြီး ၎င်းတို့၏ မိဘများမှာလည်း မျက်နှာများ ပြာနှမ်းသွားကြတော့သည်။

“ဒါပေမဲ့ ငွေညှစ်ဖို့ ကြိုးပမ်းမှုက နောက်ဆုံးမှာ မအောင်မြင်ခဲ့သလို ကျန်းဟန်လည်း ကြီးကြီးမားမား ထိခိုက်နစ်နာမှု မရှိခဲ့တဲ့အတွက် အခြေအနေက သိပ်ပြီး မပြင်းထန်ပါဘူး။ ဒါ့အပြင် သူတို့က အသက်မပြည့်သေးသူတွေ ဖြစ်တဲ့အတွက် အကယ်၍ သက်ဆိုင်သူရဲ့ ခွင့်လွှတ်နားလည်မှုကို ရရှိမယ်ဆိုရင်တော့ ပြစ်ဒဏ်ကို လျှော့ပေါ့ပေးလို့ ရပါတယ်။”

“ကျွန်တော် သူတို့ကို ခွင့်မလွှတ်နိုင်ဘူး။ သူတို့ကြောင့် ကျွန်တော့်ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိခဲ့တယ်။”

ရဲအရာရှိ စကားပြော၍ ဆုံးသည်နှင့် ကျန်းဟန်က ချက်ချင်းပင် ကြားဖြတ်ပြောလိုက်သည်။

သူသည် ပြီးခဲ့သော ဘဝကတည်းက ကျောင်းတွင်း အကြမ်းဖက်မှုများကို မုန်းတီးခဲ့ပြီး ယင်း၏ ဒဏ်ကိုလည်း ခံစားခဲ့ရဖူးသည်။ ထိုအကြမ်းဖက်မှုကြောင့် ဖြစ်ပေါ်လာခဲ့ရသော ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများကို ကုစားရန် သူ့မှာ ဆယ်စုနှစ်တစ်ခုကျော် အချိန်ယူခဲ့ရခြင်းဖြစ်သည်။

ပြစ်မှုကျူးလွန်သူများသည် အသက်မပြည့်သေးခြင်းကြောင့် သော်လည်းကောင်း၊ သက်သေပြရန် ခက်ခဲခြင်းကြောင့် သော်လည်းကောင်း ဥပဒေလက်လှမ်းမမီဘဲ လွတ်မြောက်သွားလေ့ရှိသည်။ ယခုအခါ သက်သေအထောက်အထား အခိုင်အလုံ ဖမ်းမိထားပြီဖြစ်ရာ မည်မျှပင် အကျိုးအမြတ်ပေးပါစေ သူ လုံးဝ ခွင့်လွှတ်လိမ့်မည် မဟုတ်ပေ။

“ကျန်းဟန်။ ငါတို့ ဟိုဘက်ကို ခဏသွားပြီး စကားပြောကြမလား။”

ခဲ့ရွှမ်းလီ၏ ဖခင်က ကျန်းဟန်ကို ကြည့်ကာ ပြောလိုက်သည်။

“မလိုပါဘူး။ ကျွန်တော် ခွင့်မလွှတ်နိုင်ဘူး။”

ကျန်းဟန်က အေးစက်စွာ ပြောလိုက်သည်။

“ငါ သိသလောက်တော့ မင်းရဲ့ မိဘနှစ်ပါးစလုံး ကွယ်လွန်သွားကြပြီ မဟုတ်လား။ အကယ်၍ မင်းမှာ ငွေအမြောက်အမြား ရှိမယ်ဆိုရင် သားရဲထိန်းချုပ်သူ လမ်းကြောင်းပေါ်မှာ မင်း ဒီထက်မက အဝေးကြီး သွားနိုင်မှာပါ။”

ချန်ကန်း၏ မိခင်က ကျန်းဟန်ကို ကြည့်ကာ ပြောလိုက်သည်။

“ဆွေးနွေးစရာ မလိုဘူး။”

ကျန်းဟန်သည် မည်သည့်အကြောင်းပြချက်ကိုမျှ လက်မခံဘဲ အေးစက်ခိုင်မာစွာပင် ဆက်လက် တည်ရှိနေဆဲပင်။

“မင်း သေသေချာချာ စဉ်းစားပြီးပြီလား။ ဒါက နည်းတဲ့ ပိုက်ဆံပမာဏ မဟုတ်ဘူးနော်။”

ချန်ကန်း၏ မိခင်က သတိပေးလိုက်၏။

“ဟုတ်တယ်။ ဒီပိုက်ဆံနဲ့ဆိုရင် မင်းရဲ့ ကျောက်စိမ်းပိုးကောင်ရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်လိမ့်မယ်။ အဲဒီကနေတစ်ဆင့် မင်းရဲ့ ကံကြမ္မာကိုပါ ပြောင်းလဲနိုင်လိမ့်မယ်။”

သင်ကြားရေးဌာနအကြီးအကဲကပါ ဝင်ရောက်သတိပေးလာခဲ့သည်။

“မလိုဘူး။ ကျွန်တော် ပိုက်ဆံမလိုချင်ဘူး။ ကျောက်စိမ်းပိုးကောင်သာ ကြိုးစားမယ်ဆိုရင် နောင်တစ်ချိန်မှာ နတ်နဂါးအဖြစ် သွေးပြောင်းလဲ သွားနိုင်တယ်။”

ကျန်းဟန်က ခေါင်းခါရင်း ပြောလိုက်သည်။

သူ၏ စကားကြောင့် အခြားသူများကမူ သူသည် ဒေါသအလျောက် လျှောက်ပြောနေခြင်းသာ ဖြစ်သည်ဟု ထင်မှတ်ကာ ခပ်ဟဟ ရယ်မောလိုက်ကြ၏။

မွန်းတည့် ထမင်းစားချိန်နီးပြီ ဖြစ်သော်လည်း ကျောင်းလူကြီးများနှင့် ခဲ့ရွှမ်းလီ၊ ချန်ကန်းတို့၏ မိဘများ အားလုံးသည် ကျန်းဟန်၏ ပြတ်သားလှသော စိတ်ပိုင်းဖြတ်မှုကို မြင်တွေ့ခဲ့ကြရသည်။

နောက်ဆုံးတွင် ခဲ့ရွှမ်းလီနှင့် ချန်ကန်းတို့ကို ရဲများက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြပြီး အချုပ်ခန်းသို့ ပို့ဆောင်လိုက်ကြတော့သည်။

ကျန်းဟန်ကိုမူ သူ၏ အတန်းပိုင်ဆရာမ ဝမ်ယိက အဆောင်သို့ ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။

သို့သော်လည်း ဤကိစ္စမှာ လုံးဝပြီးဆုံးသွားခြင်း မရှိသေးပေ။ ကျန်းဟန်အနေဖြင့် တစ်ပတ်အတွင်း မည်သည့်အချိန်တွင်မဆို ခွင့်လွှတ်ရန် ရွေးချယ်နိုင်ပြီး ကြီးမားသော လျော်ကြေးငွေကို ရယူနိုင်ခွင့် ရှိနေသေးသည်။

All Chapters