← Chapters

အခန်း ၃၄

Vol. 4 Ch. 34

အခန်း ၃၄

Vol. 4 Ch. 34

အခန်း ၃၄

“မင်းတို့ ငါ့ကို ကြောက်နေတာလား။”

ကျန်းဟန်က ထိုလူလေးယောက်ကို ကြည့်ကာ မေးလိုက်သည်။

“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး။ ငါတို့က မင်းကို လေးစားရုံပါပဲ။”

“ဟုတ်တယ်။ ကျောက်စိမ်းပိုးကောင်နဲ့တင် ဒီလောက်အထိ သန်မာနေတာ တကယ် အံ့ဩဖို့ကောင်းလွန်းတယ်။”

“ဟုတ်တယ် ဟုတ်တယ် ငါတို့အားလုံး တကယ် အားကျရပါတယ်။”

ထိုလူလေးယောက်မှာ တစ်ယောက်တစ်ပေါက် ဝင်ပြောကြတော့သည်။

ကျန်းဟန်က ၎င်းတို့ကို ကြည့်ကာ ခေါင်းခါလိုက်ပြီးနောက် သူ၏အိပ်ရာကို ကိုယ်တိုင်ပြင်ဆင်ရန် လျှောက်သွားလိုက်သည်။

“ငါက ပေါင်းသင်းဆက်ဆံရ လွယ်ကူတဲ့သူပါ။ သူတစ်ပါးကို ဗိုလ်ကျတတ်တဲ့သူ မဟုတ်ဘူး။ အခြားသူတွေ ငါ့ကို လာပြီးမပတ်သက်သရွေ့ ငါလည်း ဘယ်သူ့ကိုမှ အနိုင်ကျင့်မှာ မဟုတ်လို့ မင်းတို့ ဘာမှ စိုးရိမ်စရာမလိုဘူး။”

“အင်းပါ...ငါတို့ နားလည်ပါပြီ။”

ထိုလူလေးယောက်မှာ အနည်းငယ် ကသိကအောက်ဖြင့် မတ်တပ်ရပ်နေကြဆဲပင်။

၎င်းတို့သည် ကျန်းဟန်အား အမှန်တကယ် ကြောက်လန့်နေကြခြင်းပင်။ အကယ်၍ ၎င်းတို့တွင်သာ အခြားရွေးချယ်စရာ ရှိမည်ဆိုပါက ဤကဲ့သို့သော ကြောက်မက်ဖွယ်ကောင်းသည့်လူမျိုးနှင့် တစ်ခန်းတည်း အတူတူ လုံးဝ နေထိုင်ကြမည် မဟုတ်ပေ။

အဓိက အကြောင်းရင်းမှာ သူက မည်သူနှင်မျှ ပေါင်းသင်းဆက်ဆံခြင်း မရှိဘဲ အလွန်အေးစက်လွန်းလှသဖြင့် မိမိတို့ဘက်က အမှားတစ်ခုခု လုပ်လိုက်မိပါက သူက ဖမ်းဆီးပြီး ဆရာမအား သွားရောက်တိုင်တန်းလိမ့်မည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။

“ကျန်းဟန် မင်း အရင်နားလိုက်ဦးလေ။ ငါတို့ အပြင်ထွက်ပြီး ခဏလောက် လျှောက်လည်လိုက်ဦးမယ်။”

ထိုလေးယောက်မှာ ခဏကြာအောင် မတ်တပ်ရပ်နေပြီးနောက် အကြောင်းပြချက်တစ်ခုပေးကာ အခန်းထဲမှ အလျင်အမြန် ပြေးထွက်သွားကြတော့သည်။

ကျန်းဟန်သည် ၎င်းတို့ကို လျစ်လျူရှုထားလိုက်ပြီး အိပ်ရာခင်းကာ ရေချိုးခန်းထဲတွင် ရေအေးဖြင့် ရေချိုးလိုက်ပြီးနောက် ညစာစားရန် ထမင်းစားဆောင်သို့ ထွက်လာခဲ့လိုက်သည်။

သူသည် လမ်းတစ်လျှောက်လုံး တစ်ယောက်တည်းသာ ဖြစ်နေခဲ့သည်။ သူ့တွင် အစကတည်းက သူငယ်ချင်း အများကြီး မရှိခဲ့သည့်အပြင် ယနေ့ ဖြစ်ပွားခဲ့သော ကိစ္စနှစ်ရပ်ကြောင့် သူသည် အတန်းဖော်အားလုံးနီးပါး၏ ဝိုင်းပယ်ခြင်းကို ပို၍ပင် ခံလိုက်ရသည်။

သူ မည်သည့်အမှားကိုမျှ မပြုလုပ်ခဲ့ပေ။ အမှန်တော့ သူသည် ကျောင်းတွင်းအကြမ်းဖက်မှု၏ သားကောင် ဖြစ်လာနိုင်ချေရှိသော ကျောင်းသားများကိုပါ သွယ်ဝိုက်သောနည်းဖြင့် ကာကွယ်ပေးခဲ့ခြင်း ဖြစ်သည်။

ခဲ့ရွှမ်းလီနှင့် ချန်ကန်းတို့၏ အနိုင်ကျင့်ခြင်းကို ခံခဲ့ရဖူးသော အတန်းဖော်အချို့ ရှိခဲ့သည်ကို သူ ဝေဝေဝါးဝါး မှတ်မိနေသေးသည်။ သို့သော်လည်း ရယ်စရာကောင်းသည်မှာ သူက မှန်ကန်သောအရာကို ပြုလုပ်ခဲ့ပါလျက်နှင့် ဝိုင်းပယ်ခံနေရခြင်းပင်။

ကျောင်းသားများသည် ထိုသို့ဖြစ်မည့်အစား သူ့ကို နာကျင်အောင် လုပ်ခဲ့ကြသော အတန်းခေါင်းဆောင်များကိုပင် ပို၍ သနားကရုဏာ သက်နေကြသေးသည်။

“ဟူး...”

ကျန်းဟန်သည် အနောက်ဘက်ရှိ နီမြန်းနေသော ဆည်းဆာနေဝင်ချိန်ကို လှမ်းကြည့်လိုက်သည်။ ဤကမ္ဘာကြီးသည် ထူးခြားဆန်းကြယ်သော စွမ်းအားများကို ပိုင်ဆိုင်ထားသော်လည်း လူသားတို့၏ သဘာဝစိတ်ဓာတ်မှာမူ ပြောင်းလဲခြင်းမရှိဘဲ အတူတူပင် ဖြစ်နေဆဲပင်။

ထမင်းစားဆောင်တွင် စားသောက်ပြီးနောက် ကျန်းဟန်သည် စိတ်စွမ်းအားကျင့်စဉ်ကို ဆက်လက်ကျင့်ကြံရန် သူ့အခန်းသို့ ပြန်လာခဲ့လိုက်သည်။

အခြားအခန်းဖော်များမှာမူ ပြန်မလာကြသေးပေ။ ၎င်းတို့သည် အဆောင်စစ်ဆေးချိန်အတွင်းတွင်သာ တစ်ခေါက် ပြန်လာခဲ့ကြပြီးနောက် ပြန်လည်ထွက်ခွာသွားကြပြန်သည်။

ကျန်းဟန်က ဘာကိုမှ ဂရုမစိုက်ဘဲ တိတ်တဆိတ်ပင် ကျင့်ကြံနေခဲ့သည်။ မကြာမီမှာပင် သန်းခေါင်ယံအချိန်သို့ ရောက်ရှိလာ၏။ ကျန်းဟန်သည် အမိုးပေါ်ရှိ ပြတင်းပေါက်သို့ သွားကာ အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ကို ဖွင့်ကာ ဟုတ်ဟုတ်ကို လွှတ်ပေးလိုက်တော့သည်။

“ကု ကု”

လူအုပ်ထဲမှ ထွက်လာပြီးနောက် ဟုတ်ဟုတ်သည် ပတ်ဝန်းကျင်အသစ်ကို စိမ်းနေကြောင်း သိလိုက်ရသဖြင့် ချက်ချင်းပင် ကျန်းဟန်၏ ပုခုံးပေါ်သို့ ခုန်တက်ကာ ဘေးဘီဝဲယာကို စူးစမ်းလိုစိတ်ဖြင့် ဝေ့ဝဲကြည့်ရှုတော့သည်။

နောက်ဆုံးတွင် ၎င်းသည် ဆရာမများ၏ အဆောင်အဆောက်အဦး ရှိရာဘက်သို့ ကြောက်ရွံ့ထိတ်လန့်စွာဖြင့် လှမ်းကြည့်လိုက်ပြီးနောက် မည်းမှောင်နေမျက်နှာဖြင့် ကျန်းဟန်ကို ပြန်ကြည့်လာခဲ့သည်။ ၎င်းသည် ဘာဖြစ်လို့ အိမ်မပြန်ဘဲ ဤကဲ့သို့သော အန္တရာယ်များသည့် နေရာမျိုးတွင် နေထိုင်နေရသလဲဟု မေးမြန်းနေသည့်အလား ပြုမူနေ၏။

“ကျောင်းက အသွားအလာ ပိတ်ထားလို့ အပြင်ထွက်လို့ မရဘူး။ ငါတို့ ရှေ့လျှောက် ဒီနေရာမှာပဲ အကြာကြီး နေရဦးမယ်။”

ကျန်းဟန်တွင်လည်း အခြားရွေးချယ်စရာမရှိဘဲ လက်ကိုသာ ဖြန့်ပြကာ ပြောလိုက်သည်။ ဤမျက်နှာဝိုင်း ကြက်ဝတုတ်လေးမှာ တဖြည်းဖြည်းနှင့် ပိုမိုလှပလာခဲ့သော်လည်း အရင်အတိုင်း အမြဲတမ်း သတိကြီးစွာ ထားနေဆဲပင်။

“ဟုတ်...”

ဟုတ်ဟုတ်သည် ၎င်း၏ အတောင်ပံများဖြင့် ကျန်းဟန်ကို ပုတ်ခတ်ပြကာ ဤနေရာမှာ အလွန်အန္တရာယ်များသဖြင့် ဝေးဝေးတွင် နေသင့်ကြောင်း အချက်ပြလိုက်သည်။

“မကြောက်ပါနဲ့။ ဒီမှာ တကယ် ဘေးကင်းပါတယ်။ ဒီမှာရှိတဲ့သူတွေ အားလုံးက ကျောင်းက ဆရာ၊ ဆရာမတွေချည်းပဲ။ ဒါပေမဲ့ မင်း စောင့်ကြည့်ကင်မရာတွေကိုတော့ သတိထား။ အဖမ်းမခံရစေနဲ့။”

ကျန်းဟန်က ၎င်းကို မွေးရာပါ စိတ်ဝိဉာဉ်စွမ်းအင်များအား ဆက်လက်ထိန်းသိမ်းထားခွင့်ကို ပေါ့ပေါ့ပါးပါး ပေးထားကြောင်း ရှင်းပြလိုက်သည်။

“ကု ကု”

ဟုတ်ဟုတ်က ကျန်းဟန်ကို ငတုံးတစ်ယောက်ဟု ထင်မှတ်နေသည့်အလား မျက်လုံးကို အပေါ်သို့ လှန်ပြလိုက်၏။

ထို့နောက် ၎င်းသည် ဆရာများ အဆောင်အဆောက်အဦး ရှိရာဘက်သို့ တစ်ချက်ကြည့်ကာ အတောင်ပံများကို ဖြန့်၍ ဆန့်ကျင်ဘက်အရပ်သို့ ပျံသန်းသွားခဲ့ရာ မကြာမီမှာပင် ညကောင်းကင်ယံထဲသို့ ပျောက်ကွယ်သွားခဲ့တော့သည်။

“မင်း မနက် ငါးနာရီမထိုးခင် ပြန်လာရင် အကောင်းဆုံးပဲ။”

၎င်း ဝေးဝေးသို့ မရောက်သေးမီ ကျန်းဟန်က နောက်ထပ်တစ်ကြိမ် လှမ်း၍ သတိပေးလိုက်ခြင်း ဖြစ်သည်။

“ဟူး...ဘယ်လောက်တောင် မိုက်မဲလိုက်တဲ့ လူသားတွေလဲ။”

ဟုတ်ဟုတ်က အလိုမကျစွာဖြင့် ခေါင်းခါလိုက်ပြီး ညကောင်းကင်ထဲသို့ ပျံသန်းသွားခဲ့တော့သည်။

ထို့နောက် ကျန်းဟန်သည် သူ့အခန်းထဲသို့ ပြန်လာခဲ့လိုက်ပြီး အခန်းထဲ၌ လူသူကင်းမဲ့နေဆဲ ဖြစ်သော်လည်း သူ ဂရုမစိုက်ခဲ့ပေ။ သူသည် တရားထိုင်ရုံရနှင့်တင် အလွန်ပင် မောပန်းနွမ်းနယ်နေပြီဖြစ်ရာ ကုတင်ပေါ်လှဲပြီး တန်းအိပ်လိုက်တော့သည်။

နောက်တစ်နေ့နံနက်တွင် ကျန်းဟန်သည် နံနက် ၅ နာရီခန့်၌ အိပ်ရာမှထကာ မျက်နှာသစ်၊ သွားတိုက်ပြီးနောက် အဆောင်မှ ထွက်လာခဲ့လိုက်သည်။ သူသည် ကျောင်းတံတိုင်းအနားသို့ လျှောက်လာပြီး သစ်ကတိုးပင် တစ်ပင်ကို နောက်ခံထားကာ နေမင်းဆီသို့ မျက်နှာမူနိုင်မည့် နေရာတစ်ခုကို ရှာဖွေ၍ တရားထိုင် ကျင့်ကြံခြင်းကို စတင်လိုက်၏။

နေမင်းကြီး ထွက်ပြူလာသည်နှင့်အမျှ ကျန်းဟန်သည် သူ၏စိတ်ကို တည်ငြိမ်စေကာ အသက်ရှူနှုန်းကို ရှေးဟောင်းထင်းရှူးပင်ကြီးတစ်ပင်ကဲ့သို့ ရှည်လျားပြီး မှန်ကန်အောင် ထိန်းညှိလိုက်သည်။

တရားထိုင် ကျင့်ကြံနေစဉ်အတွင်း အထူးစွမ်းအင်တချို့သည် သူ၏ မျက်ဝန်းများထဲသို့ အမှန်တကယ်ပင် စီးဝင်လာကြောင်း ကျန်းဟန် ရှာဖွေတွေ့ရှိခဲ့သည်။

ထိုစွမ်းအင်များသည် လမ်းကြောင်းနှစ်ခုအဖြစ် ကွဲထွက်သွားပြီး တစ်ခုမှာ အနည်းငယ် ပူပြင်းတောက်ပကာ အခြားတစ်ခုမှာမူ အေးမြပြီး နူးညံ့ပျော့ပျောင်းလှသည်။ နောက်ဆုံးတွင် ၎င်းစွမ်းအင်များသည် သူ၏ မျက်ဝန်းများမှတစ်ဆင့် စိတ်ဝိဉာဉ်စွမ်းအားထဲသို့ ဖြည်းညှင်းစွာ စီးဝင်သွားပြီး သူ၏ စိတ်ဝိဉာဉ်စွမ်းအားကို ထူးခြားသော စွမ်းရည်တစ်ခုအား ဆောင်ကြဉ်းပေးခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း နံနက် ၆ နာရီခွဲသို့ ရောက်ရှိသွားခဲ့သည်။ ကျန်းဟန်သည် တရားထိုင်ခြင်း ပထမအဆင့်ကို အဆုံးသတ်လိုက်ပြီး တံတိုင်းအပြင်ဘက် အရပ်ဆီသို့ လှမ်းကြည့်လိုက်သည်။

“ငါ မနက်ငါးနာရီလို့ ပြောထားတယ်လေ။ မင်း အများကြီး နောက်ကျနေပြီ။”

ကျန်းဟန်က အနည်းငယ် အလိုမကျဟန်ဖြင့် ပြောလိုက်သည်။

သူသည် မျက်နှာဝိုင်း ကြက်ဝတုတ်လေးကို မျက်စိနှင့် မမြင်ရသေးသော်လည်း စာချုပ်စွမ်းအားမှတစ်ဆင့် ၎င်း ရောက်ရှိနေပြီဖြစ်ကြောင်း သူ သိနေခဲ့ပြီ ဖြစ်သည်။

“ကု ကု”

ဟုတ်ဟုတ်သည် ပတ်ဝန်းကျင်ကို ခဏကြာအောင် စူးစမ်းကြည့်ရှုပြီး လူမရှိကြောင်း သေချာမှသာ တံတိုင်းအပြင်ဘက်ရှိ သစ်ပင်တစ်ပင်ပေါ်မှ ကျန်းဟန်ရှိရာဆီသို့ ပျံသန်းဆင်းသက်လာခဲ့သည်။

“ဘာလို့ ဒီလောက်တောင် နောက်ကျနေရတာလဲ။ အခက်အခဲ တစ်ခုခု ကြုံခဲ့ရလို့လား။”

ကျန်းဟန်က ဟုတ်ဟုတ်ကို ကြည့်ကာ မေးလိုက်သည်။ ဤကောင်လေးသည် ယခင်ကထက်ပင် မိမိ၏ စွမ်းအင်လှိုင်းများကို ပိုမိုပုန်းကွယ်တတ်လာကြောင်း သူ သတိပြုမိလိုက်သည်။ အကယ်၍ စာချုပ်၏အဆက်အသွယ်သာ မရှိပါက ၎င်း မည်သည့်နေရာတွင် ပုန်းနေသည်ကို သူ လုံးဝ ရှာဖွေနိုင်မည် မဟုတ်ပေ။

“ဟုတ်...”

မျက်နှာဝိုင်း ကြက်ဝတုတ်လေးက ကျန်းဟန်ကို စိတ်မရှည်သလို တစ်ချက်ကြည့်ကာ ပျက်စီးနေသော စိတ်ဝိဉာဉ်ပုံဆောင်ခဲတစ်ခုကို ထွေးထုတ်ပေးလိုက်သည်။ ထို့နောက် ချက်ချင်းပင် ငိုက်မြည်းလာပြီး ၎င်း အိပ်တော့မည်ဖြစ်ကြောင်း ပြသလိုက်တော့သည်။

“ဝိဉာဉ်ပုံဆောင်ခဲ နောက်တစ်ခုပဲ။ မင်းက တကယ် အားကိုးရတဲ့ သားရဲလေးပဲကွ ဟမ်။”

ကျိုးပဲ့နေသော စိတ်ဝိဉာဉ်ပုံဆောင်ခဲကို မြင်လိုက်ရသောအခါ ကျန်းဟန်၏ မျက်နှာမှာ ဝမ်းသာအားရဖြင့် ပီတိဖြစ်သွားရသည်။

သူသည် ဟုတ်ဟုတ်၏ အခြေအနေကို စစ်ဆေးပြီးနောက် ၎င်းကို အမှောက်သွေး သစ်သီးတစ်လုံး ကျွေးမွေးကာ သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲသို့ ပြန်လည်ထည့်သွင်းလိုက်သည်။

“အတန်းတက်ဖို့ တစ်နာရီလောက် လိုသေးတာပဲ။ ငါ ခဏလောက် ဆက်ပြီး တရားထိုင်လိုက်ဦးမယ်။”

ကျန်းဟန်က သူ၏ လက်ပတ်နာရီကို တစ်ချက်ကြည့်ကာ ပြန်ထိုင်လိုက်သည်။ ဤကျင့်စဉ်အသစ်သည် နေမင်းနှင့် ထင်းရှူးပင်များထံမှ ထူးခြားသော စွမ်းအင်တစ်မျိုးကို စုပ်ယူနိုင်ပြီး ၎င်းက သူ၏ စိတ်ဝိဉာဉ်စွမ်းအင်ကို ပြန်လည်ဖြည့်တင်းပေးကာ ကျင့်ကြံခြင်းကို ပိုမိုလွယ်ကူစေကြောင်း သူ သိရှိသွားပြီဖြစ်သည်။

အတန်းစတင်ချိန်တွင် သူသည် ပုံမှန်အတိုင်းပင် စာသင်ခန်းသို့ သွားခဲ့သော်လည်း မည်သူကမျှ သူ့ကို စကားမပြောကြပေ။

နံနက်ခင်း ကိုယ်ပိုင်စာလေ့လာချိန်အတွင်း အတန်းခေါင်းဆောင် ချန်းလန်သည် အတန်းတစ်ခုလုံး၏ ရှေ့မှောက်တွင် သူမ၏ တောင်းပန်လွှာကို အသံကျယ်ကျယ်ဖြင့် ဖတ်ကြားခဲ့ပြီး ကျန်းဟန်ကို စိတ်ဝိဉာဉ်အားဖြည့်ဆေးရည် တစ်ပုလင်းဖြင့် လျော်ကြေးပေးခဲ့သည်။

ကျန်းဟန်က ချန်းးလန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဆေးပုလင်းကို တိတ်တဆိတ် လှမ်းယူကာ သူ၏ ထိုင်ခုံသို့ ပြန်လာခဲ့လိုက်၏။

အချိန်များမှာ လျင်မြန်စွာ ကုန်လွန်သွားခဲ့သည်။ ကျောင်းကို အသွားအလာ ပိတ်ထားပြီးနောက်ပိုင်း လူတိုင်းသည် စာလေ့လာခြင်းနှင့် လေ့ကျင့်ခြင်းများဖြင့်သာ အချိန်ကုန်လွန်စေခဲ့ကြပြီး ထျန်းမုန့်အဖွဲ့အစည်း ဘာဖြစ်သွားသလဲဆိုသည်ကို မည်သူမျှ မသိကြတော့ပေ။

ကျန်းဟန်သည်လည်း လုံးဝ ဝိုင်းပယ်ခြင်းက်ု ခံထားခဲ့ရသည်။ သူသည် တစ်ယောက်တည်း စာကျက်၊ တစ်ယောက်တည်း ထမင်းစားရပြီး ရံဖန်ရံခါတွင်မူ လူသူကင်းဝေးချိန်၌ လီဇီဝေက သူ့ကို လာရောက်စကားပြောလေ့ရှိသည်။

သို့သော်လည်း ကျန်းဟန်ကမူ ဤအခြေအနေကို အတော်လေး သဘောကျနေခဲ့သည်။ သူ့ကို လာရောက်နှောင့်ယှက်မည့်သူ မရှိသဖြင့် နေ့စဉ်နှင့်အမျှ တိုးတက်ပြောင်းလဲလာသော ပီတိကို ခံစားနေရ၏။

သူ၏ သွန်သင်ပြသမှုအောက်တွင် ပိုင်လင်းသည် ယခုအခါ ၃၃၀ ဗို့အားအောက်၌ပင် လေ့ကျင့်ခန်းများကို ပြုလုပ်နိုင်နေပြီ ဖြစ်သည်။

တစ်ဖက်တွင်လည်း ညဘက်အပြင်ထွက်ပြီး နေ့ဘက်တွင် အိပ်စက်လေ့ရှိသော မျက်နှာဝိုင်း ကြက်ဝတုတ်လေးသည်လည်း ကိုယ်ပိုင်လေ့ကျင့်မှုအောက်တွင် ပထမဆုံးအကြိမ်အဖြစ် ဆင့်ကဲပြောင်းလဲခြင်းကို ပြီးမြောက်အောင်မြင်ခဲ့ကာ ပြီးပြည့်စုံသော သွေးအရိပ်ညဇီးကွက် ရုပ်ခန္ဓာကို ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်သည်။

၎င်းသည် အရှိန်အဟုန်ကို မြှင့်တင်ပေးနိုင်သော နတ်ဘုရားအရှိန် စွမ်းရည်ကိုသာမက တစ်ချိန်တည်းမှာပင် အမှောင်အမျိုးအစား ပုန်းကွယ်ခြင်း စွမ်းရည်တစ်ခုကိုပါ တတ်မြောက်သွားခဲ့ပြီ ဖြစ်ကြောင်း ကျန်းဟန် သံသယဖြစ်မိသည်။

သို့သော်လည်း ဤကောင်လေးသည် ဆက်သွယ်ရခက်ခဲပြီး အလွန်အမင်း သတိကြီးလွန်းလှ၏။ ထို့အပြင် ၎င်းသည် နေ့ဘက်တွင် အိပ်စက်နေလေ့ရှိသဖြင့် ကျန်းဟန်အနေဖြင့် ၎င်း၏ သတ်မှတ်ချက် အခြေအနေကို အတိအကျ သေချာမသိရသေးပေ။

မျက်စိတစ်မှိတ်အတွင်း ကျောင်းကို ပိတ်ထားခဲ့သည်မှာ တစ်ပတ် ရှိသွားခဲ့ပြီ ဖြစ်သည်။ နောက်တစ်ပတ်တွင် တောတွင်းရှင်သန်မှု လေ့ကျင့်ရေးသင်တန်း ရှိနေသဖြင့် လူတိုင်းသည် ထိုလေ့ကျင့်မှုမှတစ်ဆင့် တစ်စုံတစ်ခု ရရှိရန် မျှော်လင့်ချက်ဖြင့် စိတ်အားထက်သန်စွာ ပြင်ဆင်နေကြသည်။

တနင်္ဂနွေနေ့ မွန်းတည့်ချိန်တွင် ကျန်းဟန်သည် ကစားကွင်း၌ လေ့ကျင့်နေစဉ် လီဇီဝေက ရုတ်တရက် အပြေးအလွှား ရောက်ရှိလာခဲ့သည်။

“ကျန်းဟန် တစ်ခုခု ဖြစ်သွားပြီ။”

All Chapters