← Chapters

အခန်း ၃၉

Vol. 4 Ch. 39

အခန်း ၃၉

Vol. 4 Ch. 39

အခန်း ၃၉

“အုတ်...”

ဆယ်မိနစ်မျှ ကြာပြီးနောက်တွင်မူ မိုးကြိုးဖားပြုတ်များသည် အားအင်ကုန်ခမ်းကာ နုံးခွေသွားကြပြီး ခပ်တိုးတိုးသာ အော်မြည်နိုင်ကြတော့ကာ လျှပ်စီးများကို ထပ်မံထုတ်လွှတ်နိုင်ခြင်း မရှိတော့ပေ။

အချို့ဆိုလျှင် အော်ပင်မအော်တော့ဘဲ ငြိမ်သက်စွာ လှဲလျောင်းနေကြပြီး “စားချင်လည်း အခုပဲ လာစားလိုက်တော့။ ငါတို့ ဖားတွေ ဒီလိုအစော်ကားခံရမှုကို ဆက်ပြီး သည်းမခံနိုင်တော့ဘူးကွ” ဟု ပြောနေသည့်အလားပင်။

ထိုအချိန်တွင် ပိုင်လင်းသည်လည်း အိပ်ထမတင် လေ့ကျင့်ခန်း အကြိမ်သုံးရာ လုပ်ဆောင်ခြင်းကို မရှေးမနှောင်းပင် ပြီးဆုံးသွားခဲ့သည်။

“ရတယ်။ ဆက်ပြီးတော့သာ ဖမ်း။ ရေကန်ထဲမှာ ဖားတွေ အများကြီး ရှိသေးတယ်။”

ကျန်းဟန်က ပြုံးကာ ပြောလိုက်သည်။

မကြာမီမှာပင် ရွှေတောင်ပံကျိုင်းကောင်များ၏ ဆွဲဆောင်မှုကြောင့် နောက်ထပ် မိုးကြိုးဖားပြုတ်တစ်သုတ် ထပ်မံရောက်ရှိလာပြီး အလုပ်သမားများ ဖြစ်သွားကြပြန်သည်။ သည်တစ်ခေါက်တွင်မူ အရေအတွက်မှာ အကောင်သုံးဆယ်အထိ ရှိပြီး ၎င်းတို့ထဲမှ ငါးကောင်မှာ လက်ရွေစင်အဆင့်ရှိ မိုးကြိုးဖားပြုတ်များ ဖြစ်ကြသည်။

၎င်းတို့၏ ဆက်တိုက်လျှပ်စစ်ထုတ်လွှတ်မှုသည် နာရီဝက်ခန့် ကြာမြင့်ခဲ့ပြီး လျှပ်စီးစွမ်းအားမှာလည်း အစောပိုင်းကထက် များစွာ ပိုမိုပြင်းထန်လှသည်။

သို့သော်လည်း ပိုင်လင်းသည် ယခုရက်ပိုင်းအတွင်း လျှပ်စစ်ရှော့ခ်ဒဏ်ကို စဉ်ဆက်မပြတ် လေ့ကျင့်ထားခဲ့သဖြင့် လျှပ်စစ်ဒဏ်ကို ခံနိုင်ရည်ရှိနေပြီဖြစ်ရာ ခန္ဓာကိုယ် ထုံကျင်သွားခြင်းမျိုး မရှိတော့လုနီးပါးပင်။

ကုန်လွန်သွားသော ထိုနာရီဝက်အတွင်း ၎င်းသည် ယနေ့အတွက် အိပ်ထမတင် လေ့ကျင့်ခန်းကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့သည်။

“အုတ် ဂွမ်”

လျှပ်စီးစွမ်းအား ကုန်ခမ်းသွားသောအခါ ဖားပြုတ်များသည် စုပေါင်း၍ လက်လျှော့အရှုံးပေးလိုက်ရပြန်သည်။ သူတို့သည် ပိုင်လင်းကို ကြည့်ကာ ဤအင်းဆက်ကောင်သည် စိတ်ဝေဒနာ ပြင်းထန်စွာ ခံစားနေရခြင်းလော သို့မဟုတ် နာကျင်မှုကို သာယာတတ်သည့်ကောင်လောဟု ဝေခွဲမရ ဖြစ်နေကြသည်။

သို့သော်လည်း မကြာမီမှာပင် နောက်ထပ် မိုးကြိုးဖားပြုတ်အချို့ ထပ်မံဖမ်းဆီးခြင်း ခံခဲ့ရပြန်သည်။

ဤမိုးကြိုးဖားပြုတ်များသည် ယေဘုယျအားဖြင့် ဉာဏ်ရည် သိပ်မမြင့်မားကြသဖြင့် သူတို့၏ ကူညီပံ့ပိုးမှုကြောင့် ပိုင်လင်းသည် ယနေ့အတွက် လျှပ်စစ်ရှော့ခ်လေ့ကျင့်ခန်းကို မွန်းတည့်ချိန်မတိုင်မီမှာပင် အပြီးသတ်နိုင်ခဲ့တော့သည်။

“ငါ မိုးကြိုးဖားပြုတ်သား တစ်ခါမှ မစားဖူးသေးဘူး။ ဘယ်ကောင်က အသားအကောင်းဆုံးဖြစ်မလဲ ကြည့်ပြီး စားကြည့်ရအောင်။”

ကျန်းဟန်သည် မိုးကြိုးဖားပြုတ်အုပ်စုကို ဝေ့ဝဲကြည့်ရှုလိုက်၏။

ဖားပြုတ်များသည် သူ့ထံမှ ထွက်ပေါ်လာသော သတ်ဖြတ်လိုသည့် အရိပ်အယောင်ကို ခံစားမိသွားကြပုံရပြီး အလိုအလျောက် အနောက်သို့ ဆုတ်သွားကြကာ ထပ်မံ၍ အပျင်းထူခြင်း မပြုရဲကြတော့ပေ။

“အင်း... မင်းပဲ။”

ကျန်းဟန်သည် လက်ရွေးစင်အဆင့် အစောပိုင်းတွင်ရှိသော မိုးကြိုးဖားပြုတ်တစ်ကောင်ကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

“ဂွမ်...”

ထိုမိုးကြိုးဖားပြုတ်သည် သေမင်း၏ ခေါ်သံကို ကြားလိုက်ရသကဲ့သို့ လန့်ဖျပ်သွားပြီး ချက်ချင်း အော်ဟစ်လိုက်သည်မှာ “ဘာလို့ ငါလဲ” ဟု မေးနေသည့်အလားပင်။

“ဂူ ဂူးးး”

သို့သော်လည်း ကျန်းဟန် စကားမပြောရသေးခင်မှာပင် ဟုတ်ဟုတ်သည် အပေါ်မှ ဒုံးကျည်ကဲ့သို့ ဆင်းသက်လာပြီး ၎င်း၏ ထက်မြက်သော ခြေသည်းများဖြင့် မိုးကြိုးဖားပြုတ်၏ အသားကို ဆွဲဖြဲကာ နှလုံးသားကို ကလော်ထုတ်၍ တစ်လုပ်တည်း မျိုချလိုက်တော့သည်။

ခဏအကြာတွင် ၎င်းသည် ပဲပိစပ်စေ့ခန့်ရှိသော ခရမ်းရောင် အမြုတေတစ်ခုကို ပြန်ထွေးထုတ်လိုက်သည်။

“ဂလု...”

၎င်းက ကျန်ဟန်ကို ကြည့်ကာ နောင်ရေးစိတ်အေးရအောင် ဤမိုးကြိုးဖားပြုတ်အားလုံးကို သတ်ပစ်သင့်ကြောင်း အရိပ်အယောင် ပြလိုက်သည်။

အကယ်၍ သူတို့ ကြီးပြင်းလာပြီး ကလဲ့စားချေလာရင် ဘယ်လိုလုပ်မလဲ။

စကားပြောရင်းနှင့်ပင် ၎င်းသည် နှလုံးသားအထုတ်ခံထားရသော ထိုမိုးကြိုးဖားပြုတ် အသက်ပြန်ရှင်လာမည် စိုးရိမ်သည့်အလား နောက်ထပ် နှစ်ချက်ခန့် ထပ်မံထိုးဆိတ်ပစ်လိုက်သေးသည်။

“မလိုပါဘူး။ သူတို့ကို အားအင်ပြန်ပြည့်အောင် လွှတ်ထားလိုက်။ ငါတို့ မနက်ဖြန်လည်း ဆက်ပြီး လေ့ကျင့်ရဦးမှာ။”

ကျန်းဟန်က ခေါင်းခါပြလိုက်ပြီး သေဆုံးသွားသော မိုးကြိုးဖားပြုတ်ကို ဘေးနားရှိ မြေကွက်လပ်သို့ ဆွဲယူကာ အရေခွံဆုတ်လိုက်ပြီး ၎င်း၏ခြေထောက်နှစ်ဖက်ကို သစ်သားချောင်းဖြင့် သီ၍ ဘေးတွင် ကင်လိုက်တော့သည်။

မီးကိုမူ သူ ပိုင်လင်းနှင့်အတူ လေ့ကျင့်နေသည့် အချိန်ကတည်းက မွှေထားခြင်း ဖြစ်သည်။

မိုးကြိုးဖားပြုတ်သားတွင် အဆိပ်ရှိ၊ မရှိကို သူ သေသေချာချာ မသိသော်လည်း အသားကတော့ ကင်ရသည်မှာ တော်တော်လေး မာကျောလှသဖြင့် အသားကျက်သွားစေရန် ဆယ်မိနစ်ခန့် အချိန်ယူခဲ့ရလေသည်။

ကျန်းဟန်သည် ၎င်းကို တစ်လုပ်ကိုက်ကြည့်ပြီးနောက် မျက်မှောင်ကြုတ်သွားခဲ့သည်။ အသားက မာဆတ်ဆတ်နိုင်လှပြီး အရသာသိပ်မရှိလှပေ။ ကြက်ဆင်သားထက်ပင် ပို၍ ဆိုးရွားနေသေးသည်။

မည်သည့်ဟင်းခတ်အမွှေးအကြိုင်မျှ ထည့်မထားသဖြင့် ပို၍ပင် ပေါ့ပျက်ပျက်နိုင်ကာ ဘာအရသာမျှမရှိသော်လည်း တောထဲရောက်နေခြင်းဖြစ်၍ သူ ဘာမှမပြောဘဲ တိတ်တဆိတ်သာ စားလိုက်တော့သည်။

စာအုပ်များထဲတွင်မူ သားရဲအများစု၏ အသားများသည် စွမ်းအင် “နှစ်ခြင်း” ခံရပြီးနောက်တွင် စား၍သိပ်မကောင်းတော့ကြောင်း၊ သို့သော်လည်း အချို့သော သားရဲအသားများမှာမူ ပို၍ပင် အရသာရှိလာတတ်ကြောင်း ရေးသားထားသည်။

ဤမိုးကြိုးဖားပြုတ်ကတော့ သေချာပေါက် စားကောင်းသည့်အမျိုးအစားထဲတွင် မပါဝင်ချေ။

နေ့လယ်စာစားပြီးနောက် ကျန်းဟန်သည် ခေတ္တမျှ အနားယူခဲ့ပြီး သူ၏သားရဲနှစ်ကောင်ကတော့ ဘေးမှနေ၍ ကင်းစောင့်ပေးခဲ့ကြသည်။

မွန်းတည့်ချိန် နေပူရှိန် အနည်းငယ်လျော့ပါးသွားသည်နှင့် ကျန်းဟန်သည် သူတို့ကိုဦးဆောင်ကာ ဆက်လက်ရှာဖွေခဲ့သည်။ ပိုင်လင်း၏ လေ့ကျင့်ရေးအတွက် မိုးကြိုးဖားပြုတ်များ လိုအပ်နေသဖြင့် လာမည့်သုံးရက်အတွင်း သူ ဤနယ်မြေနှင့် သိပ်ဝေးဝေးသို့ သွားမည်မဟုတ်ပေ။

ကျန်းဟန်သည် တန်ဖိုးရှိမည့်အရာတစ်ခုခုကို ရှာတွေ့ရန် မျှော်လင့်ချက်ဖြင့် တောအုပ်ထဲတွင် လှည့်လည်ရှာဖွေနေခဲ့၏။

“ဂလူးးး”

မလှမ်းမကမ်းတွင်ရှိနေသော ဟုတ်ဟုတ်သည် ကျန်းဟန်၏ခေါင်းပေါ်မှနေ၍ ရုတ်တရက် ကောင်းကင်ပေါ်သို့ ပျံသန်းထွက်သွားပြီး အရှိန်မြှင့်တင်သည့် စွမ်းရည်ကို အသုံးပြုကာ သစ်ပင်ခြောက်တစ်ခုနှင့် တူသောအရာတစ်ခုကို အလွန်လျင်မြန်သော အရှိန်ဖြင့် ဆင်းခဲလိုက်တော့သည်။

“သစ်ပင်ခြောက် ပုစဉ်းရင်ကွဲပဲ။”

ထိုပုစဉ်းရင်ကွဲ ရုန်းကန်နေသည်ကို မြင်လိုက်ရသောအခါမှသာ ကျန်းဟန် မှတ်မိသွားပြီး အံ့ဩထိတ်လန့်သွားမိသည်။ ဤတောအုပ်က တကယ်ပင် အန္တရာယ်များလှသည်။

လူသားများ မွေးမြူထားသည့် ပိုင်လင်းကဲ့သို့သော ကျောက်စိမ်းပိုးကောင်များနှင့် ယှဉ်လျှင် တောရိုင်းထဲတွင် ရှင်သန်ကြီးပြင်းလာခဲ့သည့် ဟုတ်ဟုတ်သည် ပတ်ဝန်းကျင်အပေါ် သတိထားမှု ပိုမိုမြင့်မားသည်မှာ သိသာလှသည်။

ဟုတ်ပါသည်။ ဒါက ၎င်း၏ သတိကြီးတတ်သော ပင်ကိုယ်စရိုက်နှင့်လည်း သက်ဆိုင်နိုင်သည်။

လမ်းခရီးတစ်လျှောက်တွင် သူတို့သည် ဧရာမ ခြင်အချို့၊ နွားချီးပိုးကောင် နှစ်ကောင်၊ ယင်ကောင်အချို့နှင့် ကြုံတွေ့ခဲ့ရသည်။ ၎င်းတို့အားလုံးမှာ အန္တရာယ် သိပ်မရှိလှသော သားရဲငယ်များဖြစ်ကြသော်လည်း အနီးနားသို့ အနည်းငယ် ချဉ်းကပ်လာသည်နှင့် ဟုတ်ဟုတ်က သနားညှာတာမှုမရှိဘဲ သတ်ဖြတ်ပစ်ခဲ့သည်။

ထို့အပြင် ၎င်းတွင် သတ်ပြီးသွားလျှင်ပင် သေချာစေရန် နောက်ထပ် နှစ်ချက်ခန့် ထပ်မံထိုးဆိတ်ပစ်တတ်သည့် အလေ့အထလည်း ရှိသေးသည်။

ထိုအချိန်ကျမှသာ လူသားနှင့် သားရဲတို့သည် ဤကောင်လေးက ဘယ်လောက်အထိ သတိကြီးကြောင်း သဘောပေါက်သွားခဲ့ကြပြီး ၎င်းဘေးတွင်ရှိနေခြင်းက တကယ်ပင် ဘေးကင်းလှပေသည်။

၎င်းနှင့် နှိုင်းယှဉ်ပါက ပိုင်လင်း၏ အတွေ့အကြုံမှာ အားနည်းလွန်းနေသေးပုံရသည်။

အဓိကအကြောင်းရင်းမှာ ကျန်းဟန်အနေဖြင့် သူ၏အမြင်အာရုံကို အပြည့်အဝ မဖွံ့ဖြိုးသေးခြင်းနှင့် စိတ်ဝိညာဉ်စွမ်းအားမှာလည်း အပြင်သို့ ထုတ်လွှတ်နိုင်သည့်အဆင့်သို့ မရောက်သေးခြင်းကြောင့် ဖြစ်သည်။ သို့မဟုတ်ပါက ဤကဲ့သို့ ပုန်းအောင်းနေသော သားရဲများကို သူ အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်မည် ဖြစ်သည်။

“ကျိ”

နှစ်ကီလိုမီတာခန့် လမ်းလျှောက်ပြီးနောက် ပိုင်လင်းသည် သစ်ပင်များမရှိသော တောင်ကုန်းငယ်လေးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့၏။

“သွားကြည့်ရအောင်။”

ကျန်းဟန် ခေါင်းညိတ်လိုက်ပြီး ထိုတောင်ကုန်းငယ်လေးဆီသို့ လျှောက်သွားလိုက်သည်။

သူတို့ ထွက်ခွာလာပြီး မကြာမီမှာပင် တောအုပ်ထဲမှ တိုက်ခိုက်သံများ ထွက်ပေါ်လာခဲ့သည်။

“ဟုတ်ဟုတ်... မင်း အရင်ဆုံး သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲကို ပြန်ဝင်နေလိုက်ဦး။”

ကျန်းဟန်သည် ချက်ချင်း အခြေအနေကို သွားရောက်ကြည့်ရှုရန် ပြင်ဆင်လိုက်သည်။ မသွားမီ သူသည် ဟုတ်ဟုတ်ကို အရင်သိမ်းဆည်းလိုက်၏။ သို့မဟုတ်ပါက တစ်ဖက်လူက သူ့ထံတွင် သားရဲနှစ်ကောင်ရှိနေသည်ကို မြင်သွားလျှင် ရှင်းပြရ ခက်ခဲပေလိမ့်မည်။

သူ အနီးကပ်ကြည့်လိုက်သည့်အခါ ဘွတ်ဖိနပ်နှင့် နွားကျောင်းသားဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ကို မြင့်မြင့်စည်းထားသော မိန်းကလေးတစ်ယောက်သည် သားရဲနှစ်ကောင်ကို ဆန့်ကျင်ကာ တိုက်ခိုက်နေသည့် သူမ၏သားရဲကို ညွှန်ကြားနေသည်ကို ကျန်းဟန် မြင်တွေ့လိုက်ရသည်။

ထိုမိန်းကလေး၏ သားရဲမှာ တကယ်ပင် ထူးခြားလှ၏။ ၎င်းမှာ ခရမ်းရောင်မိုးကြိုး ဓားအမြီးရှည်မြွေပါဖြစ်သည်။ ၎င်း၏ခန္ဓာကိုယ်မှ လျှပ်စီးများ ဖြာထွက်နေပြီး လျှပ်စီးအလင်းတန်းများကို ထုတ်လွှတ်နိုင်ရုံသာမက ၎င်း၏အမြီးမှလည်း ရွှေရောင်ဓားစွမ်းအင်များကို ထုတ်လွှတ်နိုင်သည်။

အဆင့် ၂ လက်ရွေးစင်အဆင့်တွင် စိတ်ဝိညာဉ်စွမ်းအင် ထုတ်လွှတ်သည့် စွမ်းရည် နှစ်မျိုးစလုံးကို တတ်မြောက်ထားခြင်းမှာ သေချာပေါက် သာမန် သားရဲထိန်းချုပ်သူ တစ်ယောက် မဟုတ်နိုင်ပေ။ ၎င်းသည် လက်ရွေးစင်အဆင့်၏ နှောင်းပိုင်းအဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်နိုင်သည်။

၎င်းရင်ဆိုင်နေရသော သားရဲနှစ်ကောင်မှာလည်း သာမန်သတ္တဝါများ မဟုတ်ကြချေ။ တစ်ကောင်မှာ လက်ရွေးစင်အဆင့် ကျောက်တုံးမိစ္ဆာဖြစ်ပြီး ကျောက်တုံးများမှ လုံးဝဗီဇပြောင်းလဲလာသော သားရဲအမျိုးအစားဖြစ်ကာ ကာကွယ်ရေးစွမ်းအား အလွန်မြင့်မားပြီး ဓား၊ လှံ စသည့် လက်နက်များဖြင့် ထိုးခုတ်၍ မရနိုင်ပေ။

ကျန်တစ်ကောင်မှာမူ အမြီးဝါ ကျောက်တုံးကင်းမြီးကောက်ဖြစ်ပြီး မြေနှင့် အဆိပ် နှစ်မျိုးစလုံးရှိသော သားရဲ ဖြစ်သည်။ ၎င်းသည်လည်း လက်ရွေးစင်အဆင့် သားရဲတစ်ကောင်ဖြစ်ပြီး အစောပိုင်းအဆင့်တော့ လုံးဝမဟုတ်ပေ။ ၎င်း၏ တိုက်ခိုက်ရေးစွမ်းရည်ကို ကြည့်ခြင်းအားဖြင့် အနည်းဆုံး လက်ရွေးစင်အဆင့်၏ အလယ်အလတ်အဆင့်သို့ ရောက်ရှိနေလောက်ပြီ ဖြစ်သည်။

သို့သော်လည်း သားရဲနှစ်ကောင်စလုံးသည် မြေအမျိုးအစား သားရဲများ ဖြစ်ကြပြီး ကာကွယ်ရေးစွမ်းအား အလွန်မြင့်မားလှသဖြင့် အပြင်ပန်းတွင် အားကောင်းလှသည်ဟု ထင်ရသော ခရမ်းရောင်မိုးကြိုး ဓားအမြီးရှည်မြွေပါလေးပင်လျှင် အနည်းငယ် အကျပ်ရိုက်နေရရှာသည်။

“အဲ့မှာပဲ ပုန်းမနေနဲ့။ လာကူညီဦး။ ငါတို့ နိုင်သွားရင် မင်းကို အမြုတေ တစ်ခုပေးမယ်။”

ကျန်းဟန် တိတ်တဆိတ် စောင့်ကြည့်နေဆဲမှာပင် နွားကျောင်းသားဝတ်စုံနှင့် မိန်းကလေးသည် သူ့ကို ရိပ်မိသွားပုံရပြီး သူပုန်းနေသည့် ဘက်သို့ လှမ်းအော်ပြောလာ၏။

“အာရုံခံနိုင်စွမ်းက တကယ် စူးရှတာပဲ။”

ကျန်းဟန် အနည်းငယ် အံ့သြသွားမိပြီးနောက် ကူညီရန် အသင့်ပြင်ကာ အပြင်သို့ ဖြည်းဖြည်းချင်း ထွက်လာခဲ့လိုက်သည်။

“နေဦး... အဲဒါ ကျောက်စိမ်းပိုးကောင်လား။”

ဆံပင်ကို မြင့်မြင့်စည်းထားသော မိန်းကလေးသည် ကျန်းဟန်၏ သားရဲကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် သူမ၏ မျက်နှာအမူအရာက ချက်ချင်းပင် ပြောင်းလဲသွားခဲ့သည်။

သူမက လက်ယမ်းပြလိုက်၏။

“ထားလိုက်တော့... ငါ့ကို လာမရှုပ်နဲ့။”

သူမစကားကြောင့် ကျန်းဟန်လည်း ရပ်တန့်ရန် ပြင်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်ကလည်း တကယ်တမ်း ကူညီချင်စိတ် သိပ်မရှိသောကြောင့်ပင်။ သို့သော်လည်း ပိုင်လင်းကမူ မိမိကိုယ်ကိုယ် သက်သေပြချင်စိတ် ပြင်းပြနေသည့်အလား ရှေ့သို့ အတင်းပြေးထွက်သွားခဲ့ပြီ ဖြစ်သည်။

“ကျိ....”

ပိုင်လင်းသည် အလွန်လျင်မြန်သော အရှိန်ဖြင့် ရှေ့သို့ အဆင့်ဆင့် လှမ်းခုန်လိုက်ပြီး အနေအထားကောင်းတစ်ခုကို ရှာဖွေကာ သားရဲနှစ်ကောင်စလုံးကို ရစ်ပတ်ချုပ်နှောင်ရန် ၎င်း၏ ပိုးမျှင်များကို ချက်ချင်း အသုံးပြုလိုက်တော့သည်။

သားရဲနှစ်ကောင်စလုံးသည် အစပိုင်းတွင် ပိုင်လင်းကို အစေခံအဆင့်မျှသာရှိသော နိမ့်ပါးသည့် အင်းဆက်ကလေးတစ်ကောင်ဟု ထင်မှတ်ကာ အထင်သေးခဲ့ကြပြီး ၎င်းတို့အပေါ် လုံးဝ ခြိမ်းခြောက်နိုင်လိမ့်မည်မဟုတ်ဟု တွေးခဲ့ကြသည်။

သို့သော်လည်း မကြာမီမှာပင် ထိုပိုးမျှင်များသည် အလွန်တရာ ခိုင်မာလှသဖြင့် အချိန်တိုအတွင်း ဆွဲဖြဲပစ်ရန် မဖြစ်နိုင်ကြောင်း သူတို့ သိရှိသွားကြတော့သည်။

“ဟင်... ဒီကျောက်စိမ်းပိုးကောင်က သိပ်မဆိုးဘူးပဲ။ ခရမ်းလေး... အရင်ဆုံး အဲဒီ အမြီးဝါ ကျောက်တုံးကင်းမြီးကောက်ကို ရှင်းပစ်လိုက်။”

နွကျောင်းသားဝတ်စုံဝတ်ဆင်ထားသော ဆံပင်မြင့်မြင့်စည်းထားသော မိန်းကလေးသည်လည်း အံ့အားသင့်သွားရပြီး ဤအရာကို အနည်းငယ် မယုံနိုင်စရာကောင်းသည်ဟု ထင်မိသွားခဲ့သည်။ သူမသည် သူမ၏ သားရဲကို ၎င်းတို့ထဲမှ တစ်ကောင်အား အရင်ဆုံး သတ်ဖြတ်ရန် ချက်ချင်း အမိန့်ပေးလိုက်တော့သည်။

All Chapters