အခန်း ၄၀
Vol. 4 Ch. 40
အခန်း ၄၀
သားရဲနှစ်ကောင်စလုံးကို ထိန်းချုပ်ထားနိုင်ပြီးနောက် ၎င်းတို့ကို သတ်ဖြတ်ရသည်မှာ များစွာ ပိုမိုလွယ်ကူသွားခဲ့သည်။ ခရမ်းရောင်မိုးကြိုး ဓားအမြီးရှည်မြွေပါသည် အရင်ဆုံး အနီးကပ်ချဉ်းကပ်သွားပြီး ၎င်း၏အမြီးဖြင့် အမြီးဝါ ကျောက်တုံးကင်းမြီးကောက်ကို တစ်ချက်တည်း သတ်ဖြတ်ပစ်လိုက်သည်။
ထို့နောက် ၎င်းသည် အမြီးဖြင့် နောက်ထပ် အကြိမ်အနည်းငယ် ထပ်မံရိုက်ချလိုက်ပြီး ကျောက်တုံးမိစ္ဆာ၏ ရင်ဘတ်ပေါ်ရှိ ကျောက်တုံးကို ရိုက်ခွဲကာ ၎င်း၏အမြုတေကို ဆွဲထုတ်လိုက်တော့သည်။
ကျောက်ဆုံးမိစ္ဆာကဲ့သို့သော သားရဲများအတွက် အမြုတေသည် သူတို့၏ အသက်သွေးကြောဖြစ်ပြီး ၎င်းကို အထုတ်ခံရလျှင်ဖြစ်စေ၊ အရိုက်ခွဲခံရလျှင်ဖြစ်စေ အသက်ဆုံးရှုံးရတတ်သည်။
“ကျိ”
သားရဲနှစ်ကောင်စလုံး သေဆုံးသွားသည်ကို မြင်သောအခါ ပိုင်လင်းသည် သူ အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ကြောင်း ချီးကျူးခံရရန်အတွက် ကျန်းဟန်ထံသို့ ဝမ်းသာအားရ ပြေးလာခဲ့၏။
သို့သော်လည်း ကျန်းဟန်က ၎င်းကို မချီးကျူးခဲ့ပေ။ အစား ပြင်းထန်သော မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။
“မင်း ကိုယ့်ကိုယ်ကိုယ် သက်သေပြချင်တာကို ငါသိတယ်။ ဒါပေမဲ့ နောက်တစ်ခါ ငါ့အမိန့်မပါဘဲ မဆင်မခြင် လျှောက်လုပ်မယ်ဆိုရင် မင်း ဘာအစာမှ ရတော့မှာ မဟုတ်ဘူး။”
「ကျိ (つ)」
ပိုင်လင်းသည် အနည်းငယ် စိတ်မကောင်းဖြစ်သွားကာ ဝမ်းနည်းပက်လက်ဖြင့် ခေါင်းလေးငုံ့သွား၏။
ကျန်းဟန်က ၎င်းကို လှည့်ပင်မကြည့်ခဲ့ပေ။ အကယ်၍ သားရဲတစ်ကောင်သည် အမိန့်ကိုပင် နာခံခြင်းမရှိပါက ၎င်း မည်မျှပင် သန်မာနေပါစေ အသုံးမဝင်ချေ။
“နင် ဒီအမြုတေကို လိုချင်လို့လား။ နင့်ရဲ့ ကျောက်စိမ်းပိုးကောင်က တော်တော်လေး အထင်ကြီးစရာကောင်းတာပဲ။ နင်က ဘယ်အတန်းကလဲ။ တစ်ယောက်ယောက်က ကျောက်စိမ်းပိုးကောင်နဲ့ သားရဲစာချုပ် ချုပ်ဆိုထားတာကို ငါ ဒါ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ။”
ဂျင်းဝတ်စုံဖြင့် ဆံပင်မြင့်မြင့်စည်းထားသော မိန်းကလေးသည် သူ့အနီးသို့ လျှောက်လာပြီး သူမ၏လက်ကို ဖြန့်ပြရင်း ကျန်းဟန်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ကာ မေးလိုက်သည်။
“သူက ငွေဝိညာဉ်အရွက်တွေကို အများကြီး စားထားလို့ပါ။ အဲ့ဒါကြောင့် သူထွေးထုတ်လိုက်တဲ့ ပိုးမျှင်တွေက နည်းနည်းပိုပြီး ခိုင်မာနေတာ။ ငါက အတန်း (၄) ကပါ။ ငါ့နာမည်က ကျန်းဟန်။”
ကျန်းဟန်သည် မိန်းကလေး၏ လက်ထဲမှ အမြီးဝါ ကျောက်တုံးကင်းမြီးကောက်၏အမြုတေကို လှမ်းယူလိုက်သည်။ ဤကဲ့သို့သော ဓာတ်သဘာဝနှစ်မျိုးစပ် အမြုတေသည် ဓာတ်သဘာဝတစ်မျိုးတည်းရှိသော အမြုတေထက် များစွာ ဈေးနှုန်းသက်သာလှသည်။
မိန်းကလေးက သူ့ကို စိတ်ကြိုက်ရွေးချယ်ခွင့် ပေးခဲ့သော်လည်း သူကိုယ်တိုင်က အားစိုက်ထုတ်မှု သိပ်မလုပ်ခဲ့သဖြင့် ပိုကောင်းသောအရာကို မယူခဲ့ပေ။
သူ့အတွက် ထူးဆန်းနေသည်မှာ သူသည် တစ်နှစ်တည်းသား ကျောင်းသားဖြစ်ပြီး ကျောက်စိမ်းပိုးကောင်နှင့် သားရဲစာချုပ်ချုပ်ဆိုထားခြင်းကြောင့် တော်တော်လေး နာမည်ကြီးနေသော်လည်း ဤမိန်းကလေးကမူ ထိုအကြောင်းကို သိရှိသေးပုံ မရခြင်းပင်။
“ကျန်းဟန်... ငါက အတန်း (၂) ကပါ။ ငါ့နာမည်က ချီရှီးမား ဆာကူရာပါ။”
မိန်းကလေးက ပြုံးလိုက်သည်။
“မင်း ငါနဲ့ အဖွဲ့ဖွဲ့ချင်လား။ နင့်ရဲ့ အကူအညီသာရှိရင် ဟိုဘက်က တောင်ကုန်းလေးကို ငါတို့ သိမ်းပိုက်နိုင်မှာ သေချာတယ်။ အဲဒီထဲမှာ ငါ စိတ်ဝိညာဉ်ပုံဆောင်ခဲတွေနဲ့ စိတ်ဝိညာဉ်ဆေးပင် တွကို ရှာတွေ့ထားတယ်။”
“ချီရှိးမား ဆာကူရာလား။ မင်းက ဂျပန်ကလား။”
ကျန်းဟန် အနည်းငယ် အံ့ဩ သွားမိသည်။ အဘယ်ကြောင့်ဆိုသော် သူ ဤလူ၏နာမည်ကို တစ်ခါမျှမကြားဖူးသောကြောင့်ပင်။ သို့သော်လည်း ၎င်းက ပုံမှန်ပင်ဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းမှာ သူသည် မိမိအတန်းပြင်ပရှိ လူများနှင့် လုံးဝနီးပါး မသိကျွမ်းသောကြောင့် ဖြစ်သည်။
“ဟုတ်တယ်။ ငါ့ရဲ့ ဘိုးဘေးတွေက ဂျပန်ကပဲ။ နင် ငါနဲ့ အဖွဲ့ဖွဲ့ချင်ရဲ့လား။”
ချီရှီးမားဆာကူရာက ခေါင်းညိတ်ပြပြီး ထပ်မေးးလိုက်သည်။
ကျန်းဟန်က သူမကို တစ်ချက်ကြည့်လိုက်သော်လည်း လုံးဝအံ့သြခြင်းမရှိခဲ့ပေ။ ဖူဆန်သည် လွန်ခဲ့သော အနှစ်တစ်ရာ စိတ်ဝိညာဉ်စွမ်းအင်များ ပြန်လည်နိုးထလာစဉ်ကာလက သမုဒ္ဒရာထဲမှ ကြောက်မက်ဖွယ်ကောင်းသော သားရဲကြီးများ၏ တိုက်ခိုက်ခြင်းကို ခံရပြီး ပျက်စီးဆုံးရှုံးသွားခဲ့ပြီး ဖြစ်သည်။
ကျန်ရစ်ခဲ့သော ဒုက္ခသည်အချို့ကို ယုန်နိုင်ငံက လက်ခံစောင့်ရှောက်ပေးခဲ့သဖြင့် ယခုအခါတွင် သူတို့အားလုံးသည် ယုန်နိုင်ငံသားများ ဖြစ်နေကြပြီ ဖြစ်သည်။ ဤကဲ့သို့ နှစ်ပေါင်းများစွာ ကြာမြင့်လာပြီးနောက် သူတို့သည် လုံးဝနီးပါး သွေးနှောရောယှက်သွားခဲ့ကြပြီဖြစ်ရာ အများစုမှာ မိမိတို့၏ မူလဘာသာစကားကိုပင် မေ့လျော့နေကြပြီ ဖြစ်သည်။
ထို့နောက် သူသည် အဝေးရှိ တောင်ကုန်းငယ်လေးကို လှမ်းကြည့်လိုက်သည်။
“မင်းပြောတာက အဲဒီတောင်ကုန်းပေါ်မှာ ဒီလိုကျောက်တုံးမိစ္ဆာအသေးလေးတွေ အများကြီး နေထိုင်တယ်လို့ ပြောတာလား။”
“ဟုတ်တယ်။ ငါ ဆယ်ကောင်လောက် သတ်ခဲ့ပြီးပြီ။ ဒါပေမဲ့ အထဲမှာ အကောင်နှစ်ဆယ်လောက် ကျန်သေးတယ်။”
ချီရှီမားဆာကူရာက ခေါင်းညိတ်လိုက်သည်။
“ရတာပေါ့။ ဒါပေမဲ့ ငါ့ရဲ့သားရဲက ပံ့ပိုးကူညီမှုအပိုင်းမှာပဲ ကောင်းတယ်။ ဒီလိုသားရဲမျိုးက တိုက်ခိုက်တဲ့နေရာမှာတော့ သိပ်ပြီး အစွမ်းမပြနိုင်ဘူး။”
ကျန်းဟန် ခေါင်းညိတ်လိုက်သည်။
“ငါ ဒီမှာ တိုက်ခိုက်နေတာ ကြာပြီဆိုတော့ ရရှိလာမယ့် နောက်ဆုံးအကျိုးအမြတ်ရဲ့ ၂၀ ရာခိုင်နှုန်းပဲ နင် ရလိမ့်မယ်။”
ချီရှီမားဆာကူရာက ကျန်းဟန်ကို ကြည့်ကာ ပြောလိုက်သည်။
“ပြဿနာမရှိပါဘူး။ ၂၀ ရာခိုင်နှုန်းဆိုရင် လုံလောက်ပါတယ်။”
ကျန်းဟန် ခေါင်းညိတ်လိုက်သည်။ သူ ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ရာ သားရဲအလောင်း အမြောက်အမြားကို အမှန်ပင် မြင်တွေ့လိုက်ရသည်။
“ဒါဆို သွားကြစို့။ ငါ သားရဲနှစ်ကောင်ကို မျှားခေါ်ခဲ့မယ်။ နင် အရင်ပုန်းနေလိုက်၊ အချိန်ကိုက်ဖြစ်ပြီဆိုတာနဲ့ နင့်ရဲ့ သားရဲကို သူတို့ကို ပိတ်မိအောင် လုပ်ခိုင်းလိုက်။ ငါက အပြတ်ရှင်းမယ်။”
ချီရှီးမားဆာကူရာက ကျန်းဟန်ကို ကြည့်ပြီး အစီအစဉ်ဆွဲလိုက်သည်။
“ကောင်းပြီ။”
ကျန်းဟန် ခေါင်းညိတ်ပြလိုက်ပြီး ချီရှီးမားဆာကူရာနှင့်အတူ ရှေ့ရှိ တောင်ကုန်းငယ်ဆီသို့ ဦးတည်လျှောက်သွားခဲ့ကြသည်။
ထိုတောင်ပေါ်တွင် ကျောက်တုံးမိစ္ဆာများ အများအပြား ရှိနေ၏။ ၎င်းတို့အားလုံးမှာ ကျောက်တုံးများဖြင့် ဖွဲ့စည်းထားသော သက်ရှိပုံစံများဖြစ်ကြပြီး ပုံသဏ္ဌာန်ချင်းလည်း တစ်ခုနှင့်တစ်ခု မတူညီကြချေ။ အချို့က လူနှင့်တူပြီး အချို့က တိရစ္ဆာန်နှင့်တူကာ အချို့မှာမူ ထူးဆန်းစွာ သွေးနှောပုံစံများ ဖြစ်ကြသည်။
ခဏမျှ အနားယူပြီးနောက် ချီရှီးမားဆာကူရာက စတင်လှုပ်ရှားလိုက်၏။
ချီရှီးမားဆာကူရာသည် သူမ၏ သားရဲ ခရမ်းရောင်မိုးကြိုး ဓားအမြီးရှည်မြွေပါကို ထူးခြားသော ပစ္စည်းတစ်ခု ပေးလိုက်သည်ကို ကျန်းဟန် သတိပြုမိလိုက်သည်။ ၎င်းတို့ တောင်ပေါ်သို့ တက်သွားပြီး မကြာမီမှာပင် ထိုပစ္စည်းကြောင့် သားရဲနှစ်ကောင် တောင်အောက်သို့ မျှားပါဆင်းလာခဲ့တော့သည်။
၎င်းတို့ကို တိုက်ခိုက်နေစဉ်အတွင်း ခရမ်းရောင်မိုးကြိုး ဓားအမြီးရှည်မြွေပါသည် ထိုသားရဲများကို ပိုင်လင်း ပုန်းအောင်းနေသည့် သစ်ပင်ဘေးသို့ ဆွဲခေါ်လာ၏။
တိုက်ပွဲ အပြင်းထန်ဆုံး အခြေအနေသို့ ရောက်ရှိလာသည်နှင့် ပိုင်လင်းသည် ကျောက်ဆုံးမိစ္ဆာများ၏ လှုပ်ရှားမှုကို ပိတ်ဆို့ရန် ပိုးမျှင်များကို ထွေးထုတ်ကာ ရစ်ပတ်ချုပ်နှောင်လိုက်တော့သည်။
၎င်းသည် အရှိန်ပြင်းပြင်းနှင့် ပြေးနေတုန်း ကြိုးတစ်ခု ရုတ်တရက် ပေါ်လာပြီး ခလုတ်တိုက်၍ မှောက်ခုံလဲကျသွားသလိုမျိုးဖြစ်ကာ ရှေ့တည့်တည့် မြေပြင်ပေါ်တွင်လည်း ဓားတစ်ချောင်း ရှိနေသကဲ့သို့ပင်။
သူတို့နှစ်ဦး ပူးပေါင်းအားစိုက်ထုတ်မှုကြောင့် ကျောက်တုံးမိစ္ဆာများသည် သူတို့ကို မယှဉ်နိုင်တော့ဘဲ နှစ်နာရီအတွင်းမှာပင် အကုန်လုံး အပြတ်ရှင်းခြင်း ခံလိုက်ရတော့သည်။
“ရတနာသွားရှာဖို့ တောင်ပေါ်တက်ကြရအောင်။ ဒီနေရာမှာ ကျောက်တုံးမိစ္ဆာတွေ ဒီလောက်အများကြီး မွေးဖွားလာတယ်ဆိုကတည်းက ဒီနေရာမှာ ရတနာတစ်ခုခု ရှိနေရမယ်။”
ချီရှီးမားဆာကူရာက ပြုံးကာ ပြောလိုက်သည်။
“ဒါက မင်းကြောင့်ပါ။ ကျေးဇူးပဲ။”
ကျန်းဟန်က ဝမ်းသာအားရ ခေါင်းညိတ်လိုက်သည်။ ရတနာရရှိမည့်အရေးကြောင့် သူသည်လည်း သဘာဝအတိုင်း ပျော်ရွှင်နေမိသည်။
“မဟုတ်ပါဘူး။ နင့်ရဲ့ ကျောက်စိမ်းပိုးကောင်က တကယ် ထူးခြားတယ်။ ဒါင်းက ကျောက်စိမ်းပိုးကောင်တွေအပေါ် ထားရှိတဲ့ ငါ့ရဲ့အမြင်ကို ပြောင်းလဲပစ်လိုက်တာပဲ။”
ချီရှီးမားဆာကူရာကလည်း ပြုံးကာ ပြန်ပြောလိုက်သည်။
သူတို့နှစ်ဦး စကားပြောရင်း ရယ်မောရင်းဖြင့် တောင်ကုန်းထိပ်သို့ ရောက်ရှိလာခဲ့၏။ ထိုနေရာတွင် ဧရာမ ဂူကြီးတစ်ဂူ ရှိနေသည်။ ၎င်းမှာ ကျောက်တုံးမိစ္ဆာများ စုဝေးရာနေရာ ဖြစ်ပြီး ရတနာမှာလည်း ထိုဂူထဲတွင် ရှိနေခြင်း ဖြစ်သည်။
“ကြည့်ကြည့်...ဒီမှာ တခြားလူတွေလည်း ရောက်နေတယ်။”
သူတို့နှစ်ဦး ဂူဝသို့ ရောက်ခါနီးမှာပင် မလှမ်းမကမ်းမှ လူအချို့ စကားပြောနေသံကို ကြားလိုက်ရသည်။
သူတို့နှစ်ဦးစလုံး၏ မျက်နှာအမူအရာများ ပြောင်းလဲသွားပြီး လှည့်ကြည့်လိုက်ရာ ၎င်းတို့၏ သားရဲများနှင့်အတူ ရှိနေသော လူငယ်နှစ်ယောက်ကို တွေ့လိုက်ရသည်။
သူတို့ဘေးရှိ သားရဲနှစ်ကောင်မှာလည်း တကယ်ပင် ခန့်ညားထည်ဝါလှသည်။ တစ်ကောင်မှာ သန်မာထွားကျိုင်းသော နွားရိုင်းတစ်ကောင် ဖြစ်ပြီး ကျန်တစ်ကောင်မှာ နေရောင်ခြည်ဝံပုလွေဖြစ်ကာ နှစ်ကောင်စလုံးမှာ လက်ရွေးစင်အဆင့် အစောပိုင်းသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
“ကျေးဇူးပြုပြီး ထွက်သွားပေးပါ။ ဒီနေရာက ငါတို့ အရင်ဆုံး ရှာတွေ့ခဲ့တဲ့ ကျောက်ဆုံးမိစ္ဆာတွေရှိတဲ့နေရာပဲ။ သူတို့ကို ရှင်းလင်းဖို့ ငါတို့ တစ်နေ့ခင်းလုံး အချိန်ပေးခဲ့ရတယ်။”
ချီရှီးမားဆာကူကို ရှေ့သို့တစ်လှမ်းတက်ပြီး အေးစက်စွာ ပြောလိုက်သည်။
“မင်းတို့က ကျောက်တုံးမိစ္ဆာတွေကို ရှင်းလင်းခဲ့တယ် ဟုတ်လား။ ငါတို့လည်း အချို့ကို ရှင်းလင်းခဲ့တာပဲ။ အဲဒါကိုတောင် မင်းက ဘာကိစ္စ ငါတို့ကို မောင်းထုတ်နေရတာလဲ။”
ထိုစကားကို ကြားသည်နှင့် နေရောင်ခြည်ဝံပုလွေ၏ အရှင်သခင်ဖြစ်သော စစ်ဝတ်စုံနှင့် ကောင်လေးက ချက်ချင်းပင် ကန့်ကွက်လိုက်တော့သည်။
“ဟုတ်တယ်။ မြင်တဲ့သူ အားလုံး ဝေစုရရမယ်။ ကျောက်တုံးမိစ္ဆာတွေအားလုံးကို မင်းတို့ချည်းပဲ အပြတ်ရှင်းခဲ့တယ်လို့ ပြောချင်တာလား။”
နွားလားရိုင်း၏ အရှင်သခင်ဖြစ်သူ လျူရှင်းက ကျန်းဟန်ဘေးရှိ ကျောက်စိမ်းပိုးကောင်ကို လှမ်းကြည့်လိုက်သည်။
“မင်းရဲ့ သားရဲက အတိတ်ကို မြင်နိုင်တယ်ပဲထား။ ဒါပေမဲ့ ဒီကျောက်စိမ်းပိုးကောင်ကကော တကယ်ပဲ အသုံးဝင်လို့လား။ သူက ဒီအတိုင်း အပျော်လာပြတာလား။”
သူက ဆက်ပြောလိုက်သည်။
“ငါပြောမယ်။ ငါတို့ အားလုံး ငြိမ်းချမ်းစွာ ပိုက်ဆံရှာကြရအောင်။ ငါတို့ သုံးယောက် အညီအမျှ ခွဲယူကြတာပေါ့။”
“ဟွန့်... တစ်ပွဲလောက် တိုက်ခိုက်ပြီးမှ အဖြေသိရမယ့် ပုံပဲ။”
ချီရှီးမားဆာကူရာ၏ မျက်နှာအမူအရာမှာ အေးစက်သွားပြီး ခရမ်းရောင်မိုးကြိုး ဓားအမြီးရှည်မြွေပါသည်လည်း ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာခဲ့သည်။
“မင်း ဒီတိုက်ပွဲတစ်ခုမှာ နိုင်ချင်တယ်ဆိုရင် နောက်မှ လာပြီး ငိုမပြမိစေနဲ့။”
လျူရှင်းက တဟားဟားအော်ရယ်ရင်း သူ့ဘေးက စစ်ဝတ်စုံနှင့် ကောင်လေးကို လှမ်းကြည့်လိုက်သည်။
“ငါ အရင်ဆုံး ဒီကောင်မလေးကို ကိုင်တွယ်လိုက်မယ်။ မင်း သွားပြီး အဲဒီကျောက်စိမ်းပိုးကောင်ကို နှာခေါင်းကျည်ပွေ့တွေ့အောင် ဆုံးမပေးလိုက်။”
ထိုသို့ပြောရင်းနှင့်ပင် သူသည် သူ၏နွားရိုင်းကြီးကို ရှေ့သို့ အရှိန်ပြင်းပြင်းဖြင့် ပြေးဝင်တိုက်ခိုက်ရန် အမိန့်ပေးလိုက်တော့သည်။
“နင်တို့တွေ တကယ်ပဲ အရှက်မဲ့လှချည်လား။”
ချီရှီးမားဆာကူရာတစ်ယောက် အနည်းငယ် ဒေါသထွက်သွား၏။ သူမ ကျန်းဟန်ကို လှည့်ကြည့်လိုက်မိသည်။ အကယ်၍ ကျန်းဟန်သာ ကြံ့ကြံ့ခံမတ်တပ်မရပ်နိုင်ပါက သူမအနေဖြင့် ရန်သူနှစ်ယောက်ကို အထူးသဖြင့် သားရဲအရှင်သခင်ကိုယ်တိုင် ညွှန်ကြားနေသည့်အခြေအနေမျိုးတွင် အနိုင်ရရန် အလွန်ခဲယဉ်းသွားပေလိမ့်မည်။
“မစိုးရိမ်ပါနဲ့။ မင်း အရင်ဆုံး အဲဒီနွားကိုပဲ အပြတ်ရှင်းလိုက်။ ဒီဘက်ကကောင်ကိုတော့ ငါ ဒီမှာ ထိန်းထားပေးနိုင်တယ်။”
ကျန်းဟန်က ချီရှီးမားဆာကူရာကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
“ကောင်းပြီ... သတိထား။ တတ်နိုင်သမျှ အချိန်ဆွဲထားပေး။ ငါလည်း ဒါကို အမြန်ဆုံးအဆုံးသတ်နိုင်အောင် အစွမ်းကုန် ကြိုးစားမယ်။”
ချီရှီးမားဆာကူရာက ကျန်းဟန်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သူမအနေဖြင့် သူ့အပေါ် ယုံကြည်မှု သိပ်မရှိသော်လည်း လက်ရှိအခြေအနေအရ ဤအတိုင်းသာ လုပ်ဆောင်ရန်မှတစ်ပါး အခြားနည်းလမ်းမရှိပေ။
“မင်းက မင်းကိုယ်မင်း ခံနိုင်ရည်ရှိတယ်လို့ ထင်နေတာလား။ အစေခံအဆင့် ကျောက်စိမ်းပိုးကောင်လေးတစ်ကောင်နဲ့ ငါ့ကို ယှဉ်ပြိုင်နိုင်မယ်လို့ ဘာက မင်းကို ယုံကြည်မှု ပေးနေတာလဲ။”
ကျန်းဟန်က မိမိဘာသာ ကိုင်တွယ်နိုင်သည်ဟု ပြောသည်ကို ကြားလိုက်ရသဖြင့် စစ်ဝတ်စုံနှင့် ကောင်လေးက လှောင်ပြုံး ပြုံးလိုက်သည်။
“ကျောက်စိမ်းပိုးကောင်နဲ့ သားရဲစာချုပ် ချုပ်ဆိုထားပြီးရင် ကျောင်းကနေ အေးအေးလူလူ ထွက်ပြီး ကိုယ့်ကံကြမ္မာကိုယ် လက်ခံလိုက်ရမှာ။ အခုတော့ ဘာလို့ အပြင်ထွက်ပြီး လူကြားထဲလာပြီး အရှက်ကွဲခံနေရတာလဲ။ နေရောင်ခြည်ဝံပုလွေ... သူ့ကို သင်ခန်းစာကောင်းကောင်း ပေးလိုက်စမ်း။”