← Chapters

အခန်း ၁၃၉

Vol. 14 Ch. 139

အခန်း ၁၃၉

Vol. 14 Ch. 139

Chapter 139

~

အခန်း ၁၃၉ : ရွှီတာမော့အား ညစာစားရန် ဖိတ်ခေါ်ခြင်း

~

ခြံဝင်းထဲသို့ ဝင်လာပြီး စက်ဘီး ရပ်ကာ ယန်ကျီဝမ် ကျိုင်းကောင်ပင်ကြီးအောက်သို့ လှမ်းကြည့်လိုက်ရာ မိခင်ဖြစ်သူမှာ အခြားအဒေါ်အနည်းငယ်နှင့် အတင်းတုပ် နေကြသည်ကို တွေ့လိုက်ရသည်။

ယခုအခါ ယန်မိသားစု၏ စားဝတ်နေရေးက သိသိသာသာ တိုးတက်လာဖြစ်သဖြင့် အမေဖြစ်သူ ရန်ရွေ့ဟွား၏ မျက်နှာပေါ်တွင် အပြုံးပန်းများ ဝေဆာနေလေပြီ။

ထို့အပြင် ယန်ကျီဝမ်၏ အကြံပေးမှုကြောင့် အငယ်ဆုံးကလေးနှစ်ယောက်ကို ကျောင်းပို့ထား၏ ။ စောင့်ရှောက်ရမည့် ကလေးငယ်များ မရှိတော့သဖြင့် သူမအတွက် ပို၍ပင် စိတ်အေးလက်အေး ဖြစ်နေပေသည်။

နေ့စဥ် အိမ်မှုကိစ္စများ ပြီးစီးသွားတိုင်း သူမသည် အိမ်နီးနားချင်း အဒေါ်ကြီးများနှင့် စကားစမြည်ပြောဆိုရင်း အချိန်ဖြုန်းလေ့ရှိသည်။

"အမေ..."

ယန်ကျီဝမ်က လှမ်းခေါ်လိုက်သည်။ ရန်ရွေ့ဟွား ခေါင်းလှည့်ကြည့်လိုက်ရာ သားဖြစ်သူမှန်း သိလိုက်ရသဖြင့် အနီးသို့ လျှောက်လာခဲ့သည်။

"ဘာဖြစ်လို့လဲ..ဒီနေ့လည် ငါးမဖမ်းဘူးလား.."

ရန်ရွေ့ဟွားက မေးသည်။

"ဒီနေ့ နေ့လည် လုပ်စရာလေး နည်းနည်းရှိနေလို့ပါ..ဒါနဲ့ အမေ.. ရွှီတာမော့ ပြန်ရောက်ပြီလား.."

ရွှီတာမော့ ကျေးလက်ဒေသသို့ ရုပ်ရှင်သွားပြနေသည်မှာ ရက်အတော်ကြာပြီဖြစ်၍ ယခုလောက်ဆိုလျှင် ပြန်ရောက်သင့်သည်။

"သူ ပြန်ရောက်နေပြီ..ဘာကိစ္စရှိလို့လဲ.. သူ့အကူအညီ လိုနေလို့လား.."

"ဟုတ်တယ်.."

ယန်ကျီဝမ်က ငါးပုံးကို ရန်ရွေ့ဟွားထံ ကမ်းပေးလိုက်ရင်း...

"အမေ... ဒီည ဒီငါးကို ဘာမှမလုပ်နဲ့ဦး.. ကျွန်တော်ကိုယ်တိုင် ချက်မယ်.. ညစာအတွက် မန်ထိုလေးပဲ ပေါင်းထားပေး...ရွှီတာမော့ကို ညစာစားဖို့ ဖိတ်မလို့..."

"သူ့ကို ထမင်းစားဖိတ်မလို့ဆိုတော့ တစ်ခုခု အကူအညီတောင်းစရာ ရှိလို့လား..."

ရန်ရွေ့ဟွားက သံသယဖြင့် မေးလိုက်သော်လည်း သားဖြစ်သူ၏ အစီအစဥ်ကိုမူ ငြင်းဆန်ခြင်း မရှိ။ အိမ်ရှိ စားသောက်ဖွယ်ရာ အများစုမှာ ယန်ကျီဝမ်ကိုယ်တိုင် ရှာဖွေယူဆောင်လာခြင်းဖြစ်သဖြင့် သူမ ဝင်ရောက်စွက်ဖက်ရန် မလိုဟု ခံယူထားပြီးသား ဖြစ်သည်။

"ဟုတ်တယ်... ကျွန်တော် သူ့ကို အကူအညီလေးတစ်ခု တောင်းစရာရှိလို့.."

ယန်ကျီဝမ်က ခေါင်းညိတ်ပြလိုက်သည်။ ရန်ရွေ့ဟွား သဘောတူလိုက်ပြီး ငါးကို အရှင်ထားရန် အိမ်ထဲသို့ ယူသွား၏ ။

ထို့နောက် ယန်ကျီဝမ် နောက်ဖေးခြံဝင်းဘက်သို့ ထွက်လာခဲ့သည်။ နားမကြားသော အဘွားကြီး၏ တံခါးရှေ့မှ ဖြတ်သွားစဥ် နေပူဆာလှုံနေသော အဘွားအိုက သူ့ကိုမြင်သည်နှင့် နှာခေါင်းရှုံ့ကာ မကျေမနပ် အသံပြုလိုက်သည်။

နှစ်သစ်ကူးကာလက ပြဿနာများနှင့် သူမ အာဇာနည်မိသားစုဝင်အစစ် မဟုတ်ကြောင်း ဖော်ထုတ်ခံရပြီးကတည်းက ထိုအဘွားအိုသည် ယန်ကျီဝမ်အား အငြိုးထားနေ၏။ ယန်ကျီဝမ်ကမူ သူမကို လျစ်လျူရှုကာ ပြုံးရုံသာပြုံးလိုက်ပြီး ရွှီမိသားစု၏ တံခါးကို ခေါက်လိုက်သည်။

"ဘယ်သူလဲ.."

ခဏအကြာတွင် ရွှီတာမော့၏ စိတ်မရှည်သော အသံ ထွက်ပေါ်လာသည် ။ သူ ကျေးလက်ဒေသမှ ယခုမှသာ ပြန်ရောက်လာခြင်းဖြစ်ပြီး လွန်ခဲ့သည့် နှစ်ရက်အတွင်း ပင်ပန်းနွမ်းနယ်နေခဲ့သည်။

အိပ်မောကျနေစဥ် အနှောင့်အယှက်ပေးခံရသဖြင့် ဒေါသထွက်သွားသည် ။ သို့သော် တံခါးဖွင့်လိုက်ချိန်တွင် ယန်ကျီဝမ်ကို မြင်လိုက်ရသဖြင့် သူ၏ မျက်နှာထားမှာ ချက်ချင်း ပြုံးရွှင်သွားပြီး ...

"ညီလေး..ဘယ်လိုလုပ် ရောက်လာတာလဲ.. လာလာ မြန်မြန်ဝင်ထိုင်..."

စကားပြောနေရင်းပင် ယန်ကျီဝမ်အား အိမ်ထဲသို့ ဆွဲခေါ်ကာ ရေတစ်ခွက် အမြန်ငှဲ့တိုက်သည် ။

အချို့က ရွှီတာမော့အား လူဆိုးတစ်ယောက်ဟု သတ်မှတ်ကြပြီး ခေါင်းဆောင်များ၏ မျက်နှာသာရရန် ကိုယ်ကျိုးရှာတတ်သူဟု ဆိုကြသည်။ ကျေးလက်ဒေသရှိ မုဆိုးမများနှင့်လည်း ပတ်သက်မှုရှိသည်ဟု ကောလာဟလများ ရှိသော်လည်း ယန်ကျီဝမ်၏ အမြင်တွင်မူ ရွှီတာမော့သည် သူ့အပေါ် အတော်လေး သဘောကောင်းသူ ဖြစ်၏။

ရွှီတာမော့ အိမ်ပြန်ရောက်သည့် အခါတိုင်း ယန်ကျီဝမ်အား အရက်အတူသောက်ရန် ဖိတ်ခေါ်လေ့ရှိပြီး စကားပြောဆိုရာတွင်လည်း ဖော်ရွေကာ မိသားစုအပေါ်၌ ယဥ်ကျေးမှုရှိသည်။ အနာဂတ်တွင် မည်သို့ပင်ဖြစ်လာစေကာမူ ယခုအချိန်တွင်တော့ ယန်ကျီဝမ် အတွက် မိတ်ဆွေဟု သက်မှတ်နိုင်သည် ။

"အစ်ကိုတာမော့..အလုပ်ရှုပ်မနေပါနဲ့.. ဒီတစ်ခါလာတာက အစ်ကို့ကို အကူအညီလေးတစ်ခု တောင်းချင်လို့ပါ.."

ယန်ကျီဝမ်က စကားစလိုက်သည်။

"အကူအညီ.."

ရွှီတာမော့က ရယ်မောလိုက်ပြီး ...

"အသေးအဖွဲကိစ္စတွေပါကွာ..မင်းအစ်ကို ကူညီနိုင်သရွေ့ ဘာမဆို ပြောသာပြောပါ..."

ယန်ကျီဝမ်က ရှာကျူးအား လက်သီးဖြင့် အလဲထိုးခဲ့ပြီးကတည်းက ရွှီတာမော့သည် သူ့ကို ပို၍ပင် အထင်ကြီးလေးစားလာခဲ့၏။

ခြံဝင်းအစည်းအဝေးတွင် ယန်ကျီဝမ်က သူ့ဘက်မှ ရပ်တည်ကာကွယ်ပေးခဲ့သည်ကိုလည်း အမြဲသတိရနေပြီး ယန်ကျီဝမ်အား သူ၏ ညီအရင်းတစ်ယောက်ထက်ပင် ပို၍ ရင်းနှီးသည်ဟု ခံစားနေရသည်။ ယောက်ျားလေးများ၏ သံယောဇဥ်မှာ ဤမျှပင် ရိုးရှင်းလှချေသည်။

"ဒါဆိုရင်လည်း အစ်ကိုတာမော့ကို ကြိုပြီး ကျေးဇူးတင်ထားရမှာပဲ..."

ယန်ကျီဝမ်က ပြုံးလိုက်ပြီး...

"အစ်ကိုတာမော့က သံမဏိစက်ရုံမှာ ပရိုဂျက်တာသမားဆိုတော့ ခေါင်းဆောင်တွေ တော်တော်များများကို သိတယ်မလား.. အဲဒါ ကျွန်တော့်ကို ခေါင်းဆောင်တစ်ယောက်လောက်နဲ့ မိတ်ဆက်ပေးဖို့ အကူအညီတောင်းချင်တာ..."

"ဟေ.. ဘာကိစ္စရှိလို့လဲ.."

ရွှီတာမော့ အနည်းငယ် အံ့အားသင့်သွားသည်။ အခြားသူများ မသိနိုင်သော်လည်း ယန်မိသားစု၏ လက်ရှိ အခြေအနေက ခြံဝင်းတစ်ခုလုံးတွင် အကောင်းဆုံးဟု ဆိုနိုင်ကြောင်း သူ ကောင်းကောင်း သိထားသည်။

ထို့ပြင် ယန်ကျီဝမ်သည် အဆင့်မြင့် ခေါင်းဆောင်တစ်ဦးနှင့်ပင် ရင်းနှီးသည်ဟု သတင်းထွက်နေသေးရာ အဘယ်ကြောင့် သူ၏ အကူအညီကို လိုအပ်နေရသနည်း။

"အလုပ်တစ်ခုလောက် ရှာချင်လို့ပါ..ဝယ်ယူရေးဌာနက ခေါင်းဆောင်တွေကိုများ သိမလားလို့ အစ်ကိုတာမော့ကို လာမေးကြည့်တာ.."

ယန်ကျီဝမ်က အမှန်အတိုင်း ပြောပြလိုက်သည်။

"သူတို့ကို သိလားဆိုတော့...ငါက ဘယ်လိုလုပ် မသိဘဲ နေပါ့မလဲ.."

ရွှီတာမော့က ဂုဏ်ယူဝင့်ကြွားစွာဖြင့်...

"တခြားအရာတွေ ဘေးဖယ်ထားလိုက်..မင်းအစ်ကိုရဲ့ အချိတ်အဆက်တွေကတော့ လုံးဝ ငြင်းလို့မရဘူး.. ငါကြွားပြောတာမဟုတ်ဘူးနော်..သံမဏိစက်ရုံက ခေါင်းဆောင်တွေအားလုံးရှေ့မှာ ငါ ရဲရဲဝင့်ဝင့် စကားပြောနိုင်တယ်..."

ထို့နောက် သူ ခဏရပ်လိုက်ပြီး ...

"ညီလေး...မင်း အဝယ်တော် လုပ်ချင်လို့လား.. အခုလောလောဆယ် ဝယ်ယူရေး အခြေအနေက တော်တော်လေး ကျပ်တည်းနေတယ်နော်..ပေကျင်းမြို့တစ်ဝိုက်မှာ ကုန်ပစ္စည်းတွေ သိပ်မရှိတော့ဘူး.. ဝယ်ယူရေးဌာနက လုပ်ဖော်ကိုင်ဖက်တစ်ယောက်က အလုပ်လုပ်ရတာ မလွယ်ဘူးလို့ ညည်းနေတာ ငါ ကြားလိုက်သေးတယ်..."

ဝယ်ယူရေးဌာန၏ အလုပ်မှာ ကုန်ပစ္စည်းများ ရှာဖွေစုဆောင်းရန် ဖြစ်သော်လည်း ယခုအချိန်တွင် နေရာတိုင်း၌ ပစ္စည်းပြတ်လပ်မှုများ ရှိနေသဖြင့် အဝယ်တော်များအတွက် အလွန် ခက်ခဲသော အချိန်ကာလ ဖြစ်နေသည်။

လစဥ် သတ်မှတ်ထားသော ဝယ်ယူရေး ပမာဏကို မပြည့်မီပါက အလုပ်ထုတ်မခံရနိုင်သော်လည်း အခြားသော ဖိအားများ ရှိလာနိုင်သည်။

ယန်ကျီဝမ်က ခေါင်းညိတ်လိုက်ပြီး ယုံကြည်မှု အပြည့်ဖြင့် ....

"ကျွန်တော် နားလည်ပါတယ်...ဒါပေမယ့် ပစ္စည်းတွေရနိုင်မယ့် လမ်းကြောင်း ကျွန်တော့်မှာ ရှိတယ်..."

"အေးပါ ..ဒါဆိုရင်တော့ အဆင်ပြေပါတယ်.."

ရွှီတာမော့က ပြုံးလိုက်ပြီး ...

"တခြားရာထူးတွေမှာ လူမလိုပေမယ့် ဝယ်ယူရေးဌာနမှာတော့ လူလိုနေတယ်.. ဒါပေမယ့် တကယ်စွမ်းဆောင်နိုင်မယ့် အရည်အချင်းရှိတဲ့သူပဲ လိုချင်တာ.. အစ်ကိုပြောတာ သဘောပေါက်လား..."

ယန်ကျီဝမ်က နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီ..မင်းမှာ ယုံကြည်မှုရှိနေမှတော့ အစ်ကိုတာမော့ နောက်နေ့ စက်ရုံရောက်ရင် မိတ်ဆက်ပေးမယ်..."

"ဒါဆို အစ်ကိုတာမော့ကို ကြိုပြီး ကျေးဇူးတင်ပါတယ်.."

ရွှီတာမော့က လက်ကိုဝှေ့ယမ်းလိုက်ပြီး...

"ဘာတွေ လာကျေးဇူးတင်နေတာလဲ..ဒါက အသေးအဖွဲလေးပါ..ဒီခြံဝင်းတစ်ခုလုံးမှာ ငါနဲ့ အဆင်ပြေတာဆိုလို့ မင်းတစ်ယောက်ပဲ ရှိတယ်.. တခြားဘယ်သူကမှ ငါ့လာပြီး အကူအညီတောင်းလို့ မရဘူး.."

"ဒါဆိုရင်လည်း ကျွန်တော့်ကို အထင်ကြီးပေးတဲ့အတွက် အစ်ကိုတာမော့ကို ကျေးဇူးတင်ရမှာပဲ.."

ယန်ကျီဝမ်က ပြုံးလိုက်ပြီး...

"ဒီည ကျွန်တော့်အိမ်မှာ ညစာလာစားဖို့ ဖိတ်ပါတယ်..ငါးတစ်ကောင်လည်း ရလာလို့..ညီအစ်ကိုနှစ်ယောက် ဒီည အရက်လေးဘာလေး သောက်ကြတာပေါ့..."

ရွှီတာမော့၏ မျက်လုံးများ အရောင်လက်သွားပြီး ...

"ညီလေး ကိုယ်တိုင် ချက်မှာလား..."

ယန်ကျီဝမ်က ရင်ဘတ်ကိုပုတ်ကာ ...

"သေချာတာပေါ့..အစ်ကိုတာမော့ကိုယ်တိုင် အိမ်ကိုလာမှာဆိုတော့ ကျွန်တော် အကောင်းဆုံး လက်စွမ်းပြရမှာပေါ့.."

"ကောင်းပြီ..ဒီည ငါ သေချာပေါက် လာခဲ့မယ်.."

"ဒါဆို အစ်ကိုတာမော့ ကျေးလက်ဒေသကနေ ပြန်လာရတာ ပင်ပန်းနေမှာဆိုတော့ အရင်ဆုံး ကောင်းကောင်း အနားယူလိုက်ပါဦး..ဒီည ညစာလာစားဖို့ မမေ့နဲ့နော်.."

"စိတ်ချ.. စိတ်ချ.."

ညနေသို့ ရောက်သောအခါ ခြံဝင်းထဲရှိ လူများ အလုပ်မှ အသီးသီး ပြန်ရောက်လာကြသည်။ ယန်ဖူကွေ့သည်လည်း အငယ်ဆုံး ကလေးနှစ်ယောက်ကို ကျောင်းမှ ကြိုကာ ပြန်ရောက်လာ၏။ တံခါးဝသို့ ဝင်ဝင်ချင်း မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသော ယန်ကျီဝမ်ကို မြင်လိုက်ရသဖြင့် ရန်ရွေ့ဟွားအား...

"ဒီနေ့ ဘာနေ့ထူးနေ့မြတ် ရှိလို့လဲ.. ဒုတိယသားကို မီးဖိုချောင်ထဲ ဝင်ခိုင်းထားတာလား.."

အထူးအခါ သမယများနှင့် ပွဲနေ့များမှလွဲ၍ ဆီနှင့်ဆား အကုန်အကျသက်သာစေရန် ရန်ရွေ့ဟွားသည် ယန်ကျီဝမ်အား မီးဖိုချောင်ထဲသို့ ဝင်ခွင့်မပေးချေ ။ ယန်ကျီဝမ် ချက်ပြုတ်သမျှ ဟင်းလျာတိုင်း အလွန် အရသာရှိသော်လည်း ဟင်းခတ်အမွှေးအကြိုင်များကို စိတ်ကြိုက်သုံးလေ့ရှိသဖြင့် ကုန်ကျစရိတ် ကြီးမား၏ ။

ရန်ရွေ့ဟွားက အသံတိုးတိုးဖြင့် ...

"သူ ရွှီတာမော့ကို ညစာစားဖို့ ဖိတ်ချင်တယ်ဆိုလို့ ပေးချက်လိုက်တာ..."

ယန်ဖူကွေ့က သဘောတူစွာ ခေါင်းညိတ်လိုက်ပြီး ...

"အင်း ဒါဆိုရင်တော့ သင့်တော်ပါတယ်..တာမော့ကလည်း ဒုတိယသားကို အရက်သောက်ဖို့ ခဏခဏ ဖိတ်နေကျဆိုတော့ ပြန်ဖိတ်သင့်တယ်.."

"ဒါဆို ဒီည ဟင်းကောင်းကောင်း စားရတော့မှာပေါ့..."

အငယ်ဆုံး ကလေးနှစ်ယောက်၏ မျက်လုံးများ တောက်ပ သွားသည်။ သူတို့ အခြားအရာများကို နားမလည်သော်လည်း အစ်ကိုနှစ် ချက်ပြုတ်ပါက အလွန်အရသာရှိမည်ကိုတော့ သဘောက်ပေါကြ၏။

"စားမယ် စားမယ်နဲ့...နင်တို့သိတာက စားဖို့ပဲ ရှိတယ်..ကျောင်းမှာရော ဘာပြဿနာတွေ ရှာခဲ့သေးလဲ..."

ရန်ရွေ့ဟွားက ကလေးများကို ဟန်ဆောင်၍ ဆူပူလိုက်သည်။

ယန်ကျီတိက ခေါင်းလေးခါယမ်းကာ ...

"မရှာပါဘူး..စတုတ္ထအစ်ကိုနဲ့ သမီးက အရမ်းလိမ္မာတာ..ဆရာမကတောင် ဒီနေ့ သမီးတို့ကို ချီးကျူးလိုက်သေးတယ်.."

ထိုစကားကြောင့် ရန်ရွေ့ဟွား ဆက်မဆူတော့ချေ။

မကြာမီတွင် ယန်ကျီချန်းနှင့် ယန်ကျီဖန့်တို့ပါ အိမ်ပြန်ရောက်လာကြသည်။ ယန်ကျီဝမ်က ဟင်းပွဲများကို စားပွဲပေါ်သို့ တင်လိုက်ပြီး ယန်ကျီဖန့်အား ...

"ကျီဖန့်.. နောက်ဖေးခြံထဲသွားပြီး အစ်ကိုတာမော့ကို ညစာစားဖို့ သွားခေါ်ပေးပါဦး.."

"ဟုတ်ကဲ့.."

ယန်ကျီဖန့် ခေါင်းညိတ်ကာ ချက်ချင်း ထရပ်လိုက်သည်။ သို့သော် သူ တံခါးအပြင်သို့ ထွက်ရန် ပြင်လိုက်ချိန်တွင် တံခါးဝ၌ ရပ်နေသော ရွှီတာမော့နှင့် တည့်တည့်တိုး၏။

All Chapters