← Chapters

အခန်း ၁၄၅

Vol. 14 Ch. 145

အခန်း ၁၄၅

Vol. 14 Ch. 145

Chapter 145

~

အခန်း ၁၄၅ : အလုပ်လိုချင်သော ချင်ဟွိုင်ရု

~

​နေ့လည်ခင်း အချိန်...

​ကျားဒုံရွှီ အလုပ်မှ ပြန်ရောက်လာသည် ။ အိမ်ထဲ ဝင်ဝင်ချင်း စကားတစ်ခွန်းမှ မပြောဘဲ မျက်နှာမည်းကြီးနှင့် ထိုင်နေသော အဘွားကြီးကို မြင်လိုက်ရ၏ ။

​သူ မီးဖိုချောင်ထဲသို့ ဝင်သွားပြီး ချင်ဟွိုင်ရုကို တိုးတိုးလေး မေးလိုက်သည် ။

​" အမေ ဘာဖြစ်နေတာလဲ.. အခုရော ဘယ်သူ့ကို စိတ်ဆိုးနေပြန်တာလဲ.. "

​" ရှင် ပြန်ရောက်ပြီလား.. "

​ချင်ဟွိုင်ရုက ခင်ပွန်းဖြစ်သူကို ပြုံးပြလိုက်ပြီး...

​" တခြားတော့ မဟုတ်ပါဘူး.. ရှေ့ခြံဝင်းက ယန်လောင်အာ အလုပ်တစ်ခု ရသွားလို့လေ.. တတိယအဒေါ်က အခုလေးတင် ခြံထဲမှာ လာကြွားသွားတာ.. အမေက အဲ့ဒါကို ကြည့်မရတာနဲ့ တတိယအဒေါ်နဲ့ စကားနည်းနည်းများရော.. "

​ချင်ဟွိုင်ရုက တိုးတိုးလေး ရှင်းပြသည် ။

​" ဘာ.. ယန်လောင်အာ အလုပ်ရသွားတယ် ဟုတ်လား.. ဘယ်လို အလုပ်မျိုးလဲ.. "

​ကျားဒုံရွှီက အံ့အားသင့်စွာ မေးလိုက်၏ ။ အဘွားကြီး ဒေါသထွက်နေသည်ကိုတော့ သူ ကျင့်သားရနေလေပြီ ။ သူ့အမေ အကြောင်းကို သူ အသိဆုံးပင် ။ သူမ ဒေါသထွက်နေချိန်ဆိုလျှင် ဘေးနား ဖြတ်သွားသော ခွေးပင် အဆဲခံရမည် ဖြစ်သည် ။

​ချင်ဟွိုင်ရုက မနာလိုသော လေသံဖြင့်...

​" ရှင့်တို့ သံမဏိစက်ရုံမှာ ဝယ်ယူရေး ကိုယ်စားလှယ်တဲ့.. "

​" မဖြစ်နိုင်တာ.. "

​ကျားဒုံရွှီက မဆိုင်းမတွပင် ငြင်းလိုက်ပြီး...

​" ငါတို့ စက်ရုံက အလုပ်သမား ခေါ်တာ အရမ်းတင်းကျပ်တယ်.. စက်ရုံ သေးသေးလေးဆိုရင် ငါ ယုံချင်ယုံမယ်.. ငါတို့ စက်ရုံကတော့ လုံးဝ မဖြစ်နိုင်ဘူး.. "

​" တကယ်ပြောနေတာ.. ဒီနေ့ မွန်းလွဲပိုင်း တတိယအဒေါ် ကြွားနေတုန်းက အလုပ်သမားကတ်ကို ကိုင်ထားတာ.. ကျွန်မ သေချာ မြင်လိုက်တယ်.. "

​ချင်ဟွိုင်ရုက ယုံကြည်မှု အပြည့်ဖြင့် ပြောသည် ။ သူမ စာ သိပ်မတတ်သော်လည်း အလုပ်သမားကတ် ဟူသော စာလုံးကိုတော့ ကောင်းကောင်း မှတ်မိပေသည် ။

​ကျားဒုံရွှီ မျက်မှောင်ကြုတ်သွား၏ ။

​ဤသည်က မည်သို့ ဖြစ်နိုင်မည်နည်း ။

​' ယန်လောင်အာက အလုပ်ကို ဝယ်လိုက်တာများလား ...'

​ထိုကောင်လေးက မနှစ်က ငါးမျှားရင်း ပိုက်ဆံ အများကြီး ရှာထားနိုင်ခဲ့သဖြင့် တကယ်လည်း ဖြစ်နိုင်ခြေ ရှိသည် ။

​ခင်ပွန်းဖြစ်သူ တိတ်ဆိတ်နေသည်ကို မြင်လျှင် ချင်ဟွိုင်ရု တစ်ချက် တွန့်ဆုတ်သွားပြီး အပြင်ဘက်ရှိ ကျားကျန်းရှီကို လှမ်းကြည့်ကာ အံကြိတ်၍...

​" ဒုံရွှီ.. ကျွန်မလည်း အလုပ်တစ်ခု ရှာလို့ရနိုင်မယ် ထင်လား.. "

​ကျားဒုံရွှီ သူမ၏ စကားကြောင့် အံ့အားသင့်သွားသည် ။

​ချင်ဟွိုင်ရုက ဆက်၍ ရှင်းပြသည် ။

​" စဥ်းစားကြည့်လေ.. ကျွန်မတို့ မိသားစု ဒီလောက် ခက်ခဲနေရတာ ရှင့်တစ်ယောက်တည်းရဲ့ ပုံသေရိက္ခာကိုပဲ မှီခိုနေရလို့ပေါ့.. ကျွန်မသာ အလုပ်တစ်ခုရပြီး အချိန်ပြည့် ဝန်ထမ်း ဖြစ်လာရင် ပန့်ကန့်နဲ့ တခြားကလေးတွေပါ မြို့ပြ အိမ်ထောင်စု စာရင်း ဝင်သွားမှာ.. အဲ့ဒါဆိုရင် ကျွန်မတို့ မိသားစု အများကြီး ပိုအဆင်ပြေသွားလိမ့်မယ်.. "

​ဤခေတ်အခါက ကလေးများ၏ အိမ်ထောင်စု စာရင်းမှာ မိခင်ဖြစ်သူ၏ နောက်သို့သာ လိုက်ရခြင်း ဖြစ်သည် ။

​ထို့ကြောင့် အလွန်ကြိုက်နှစ်သက်ခြင်း မရှိလျှင် မြို့သားများက တောသူများကို လက်ထပ်လေ့ မရှိကြပေ ။

မိသားစု၏ ငွေကြေး အခြေအနေ တောင့်တင်းပြီး ဇနီးနှင့် ကလေးများကို ကောင်းစွာ ကျွေးမွေးနိုင်မှသာ လက်ထပ်ကြခြင်း ဖြစ်၏ ။ သို့မဟုတ်ပါက မိမိကိုယ်ကို ဝန်ထုပ်ဝန်ပိုးများ ထပ်တိုးစေသည်နှင့် အတူတူပင် ဖြစ်လေသည် ။

​" အဲ့ဒါက... "

​ကျားဒုံရွှီ ထိုစကားကို ကြားသည်နှင့် ချက်ချင်းပင် အခက်တွေ့သွားတော့သည် ။

​ချင်ဟွိုင်ရုက...

​" ယန်လောင်အာလို ယာယီအလုပ်ပဲ ဖြစ်ဖြစ် ရပါတယ်.. ကျွန်မ ကြိုးစားလုပ်ရင် အချိန်ပြည့် ဝန်ထမ်း ဖြစ်လာမှာပါ.. "

​" ဟေ.. ယန်လောင်အာရဲ့ အလုပ်က ယာယီအလုပ်လို့ မင်း ဆိုလိုတာလား.. "

​ကျားဒုံရွှီက စကားလမ်းကြောင်းလွဲရန် ကြိုးစားသည် ။

​ထိုသည်ကို မြင်လိုက်ရသဖြင့် ချင်ဟွိုင်ရု ရုတ်တရက် ဒေါသထွက်သွား၏ ။

​မိသားစု ဘဝလေး တိုးတက်လာစေရန် သူမ အတတ်နိုင်ဆုံး ကြိုးစားနေသော်လည်း ခင်ပွန်းဖြစ်သူကမူ အခြားသူ၏ အလုပ်ကိုသာ အာရုံစိုက်နေသည် ။ သူမ မည်သို့ ဒေါသမထွက်ဘဲ နေနိုင်မည်နည်း ။

​သူမ၏ တုံ့ပြန်မှုကို မြင်သောအခါ ကျားဒုံရွှီက အမြန်ချော့လိုက်သည် ။

​" ဟွိုင်ရု.. ငါ သဘောမတူတာ မဟုတ်ပါဘူး.. ပန့်ကန့်နဲ့ ရှောင်ဒန်တို့က ငယ်သေးတယ်လေ.. ပြီးတော့ အိမ်မှာ လုပ်စရာ အလုပ်တွေကလည်း အများကြီးပဲ.. မင်း မရှိရင် ဒီမိသားစုက ဘာမှ လုပ်တတ်မှာ မဟုတ်ဘူး.. ပြီးတော့ ယာယီအလုပ် ရဖို့ဆိုတာ မလွယ်ဘူး.. "

​သံမဏိစက်ရုံကြီးရှိ ယာယီ အလုပ်သမားများမှာ အခြားနေရာများနှင့် မတူပေ ။

​သူတို့တွင် တရားဝင် ရာထူးများ မရှိသေးသော်ငြား အလုပ်သင်များကဲ့သို့ သတ်မှတ်ခံထားရပြီး ဖြစ်သည် ။ အလုပ်တွင် ကောင်းစွာ စွမ်းဆောင်နိုင်ပါက အချိန်ပြည့် ဝန်ထမ်း ဖြစ်လာရန် အခွင့်အလမ်းများစွာ ရှိသည် ။

​ထို့ကြောင့် ယာယီအလုပ် တစ်ခုသာ ဖြစ်လျှင်ပင် လိုချင်သူ အလွန်ပေါများ၏ ။

​ဆိုလိုသည်က အလုပ်ရရန်အတွက် ပိုက်ဆံပေးရမည် ဖြစ်သည် ။

​သို့သော် ယခု မိသားစုမှာ စားဝတ်နေရေးပင် ရုန်းကန်နေရ၍ ပိုက်ဆံကို ဘယ်က သွားရှာနိုင်မည်နည်း ။

​ထိုစကားများကို ကြားပြီးနောက် ချင်ဟွိုင်ရု၏ မျက်နှာက ဒေါသကြောင့် နီရဲသွားသည် ။

​အလုပ်ကိစ္စကြောင့် မဟုတ်ဘဲ သူ၏ အစောပိုင်း စကားများကြောင့် ဖြစ်၏ ။

​သူ ဘာကို ဆိုလိုချင်သနည်း ။ သူမ မရှိဘဲ ကလေးများက နေနိုင်ရန် ငယ်လွန်းသေးသည်လော။ အိမ်တွင် အလုပ် အရမ်းများနေ၍ လော ။

​ဤမိသားစုတွင် ကျားကျန်းရှီ ဆိုသည့် ကျားကိုးစီး စားမကုန်နိုင်သော အဘွားကြီး ရှိသေး၏ ။

​သူမ မရှိလျှင် ဤမိသားစုကြီးက ဒုက္ခရောက်မည့် ပုံစံ ပြောနေသည် ။ အရာအားလုံးကို သူမ လုပ်ပေးနေရပြီး ကျားကျန်းရှီက စားဖို့အိပ်ဖို့ရန်သာ တာဝန်ယူထားသည် ။

​တစ်ခါတစ်ရံတွင် ချင်ဟွိုင်ရုသည် ဤမိသားစုထဲသို့ ဝင်ရောက်လာမိခြင်းအတွက် အလွန် နောင်တရမိလေသည် ။

​အရင်က ချင်မိသားစု ရွာလေးတွင် ချင်ဟွိုင်ရုသည် ပတ်ဝန်းကျင် ရွာများအထိ နာမည်ကြီးသော အလှမယ် တစ်ယောက် ဖြစ်ခဲ့၏ ။ လာရောက် တောင်းရမ်းသူ လူငယ်များမှာလည်း အိမ်တံခါးဝပင် ကျိုးလုမတတ် များပြားခဲ့သည် ။

​သို့သော် သူမသည် မြို့ကြီးပြကြီးတွင် အိမ်ထောင်ပြုကာ သာယာသော ဘဝလေးကို ဖြတ်သန်းလိုသဖြင့် ထိုသူများ အားလုံးကို ငြင်းပယ်ခဲ့သည် ။

​သို့တိုင်အောင် လက်ထပ်ပြီးမှသာ သူမ ထင်ထားသလို လုံးဝ မဟုတ်မှန်း သဘောပေါက်သွားတော့၏ ။ ကောင်းစားရမည့် အချိန်များကို ဘယ်မှာ ခံစားရပါမည်နည်း ။

​သူမ ဤနေရာသို့ ရောက်လာခြင်းမှာ အလုပ်ကြမ်းလုပ်ရသော နွားတစ်ကောင် အဖြစ်သို့ ရောက်လာခြင်းသာ ဖြစ်သည် ။

​လက်ထပ်သည့် ပထမဆုံး နေ့ကတည်းက ကျားကျန်းရှီသည် အိမ်မှုကိစ္စ အားလုံးကို သူမလက်ထဲသို့ ထိုးအပ်ခဲ့၏ ။ အိမ်ထောင်သက် နှစ်ပေါင်းများစွာ ကြာလာသည့်တိုင်အောင် သူမ တစ်ရက်လေးမျှပင် စိတ်ချမ်းသာစွာ မနေခဲ့ရဖူးချေ ။

​ပို၍ ဝမ်းနည်းစရာ ကောင်းသည်က သူမ အိမ်ပြန်သည့် အခါတိုင်း မြို့တွင် အဆင်ပြေနေသယောင် ဟန်ဆောင်နေရခြင်းပင် ။ လှောင်ပြောင်ခံရမည်ကို သူမ ကြောက်ရွံ့မိသည် ။

​သို့သော် မည်မျှပင် ခက်ခဲပါစေ သူမကိုယ်တိုင် ရွေးချယ်ခဲ့သော လမ်းဖြစ်၍ ဇွဲမလျှော့ဘဲ ဆက်လျှောက်ခဲ့ပေသည် ။

​ယခုတော့ သူမ တကယ် ဒေါသထွက်နေပြီ ။ အခြားအရာများကို ဒေါသထွက်ခြင်း မဟုတ်ဘဲ ကျားဒုံရွှီ၏ သဘောထားကို ဒေါသထွက်မိခြင်း ဖြစ်သည် ။

​သူမ ခေါင်းလှည့်ကာ ဒယ်အိုးကို မွှေသော ယောက်မကို ပြင်းထန်စွာ ဆောင့်ချလိုက်ရာ အနီးတွင် ရပ်နေသော ကျားဒုံရွှီ လန့်၍ပင် ထခုန်မိသည် ။

​သူ့ဇနီး ဒေါသထွက်နေပြီ ။

​သူက ချင်ဟွိုင်ရု၏ ခါးကို အနောက်မှ အသာသိုင်းဖက်ကာ အမြန် နှစ်သိမ့်လိုက်သည် ။

​" မိန်းမရာ.. ငါ မလုပ်ပေးချင်လို့ မဟုတ်ဘူးလေ.. မိသားစုတိုင်းက ရုန်းကန်နေရတာပဲ.. တို့မိသားစုမှာလည်း ပိုက်ဆံ အပိုမှ မရှိတော့တာ မင်းလည်း အသိပဲဟာကို.. "

​ကျားကျန်းရှီထံတွင် ပိုက်ဆံရှိသော်လည်း သူမကို ပိုက်ဆံထုတ်ခိုင်းကာ ချင်ဟွိုင်ရုအတွက် အလုပ်ဝယ်ပေးရန် ဆိုသည်မှာ နေမင်းကြီး အနောက်ဘက်မှ ထွက်လာလျှင်ပင် ဖြစ်နိုင်မည် မဟုတ် ။

​ချင်ဟွိုင်ရု စကားမပြောသေးချေ ။

​ကျားဒုံရွှီက ဆက်၍...

​" ဟဲဟဲ.. စိတ်မဆိုးပါနဲ့တော့.. အဆိုးဆုံး အခြေအနေ ရောက်ရင်တောင် ငါ ဆရာ့ဆီ သွားပြီး အကူအညီ တောင်းကြည့်ပါ့မယ်.. ဆရာက ငါတို့ စက်ရုံမှာ အဆင့်ခုနစ် အလုပ်သမားဆိုတော့ သူ့မှာ နည်းလမ်း ရှိကောင်း ရှိနိုင်ပါတယ်.. "

​ဤသည်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ပေ ။

​ချင်ဟွိုင်ရု ဝမ်းသာအားရ ဖြစ်သွားပြီး မျှော်လင့်ချက် ကြီးစွာဖြင့်...

​" တကယ်လား.. "

​ကျားဒုံရွှီက အကူအညီမဲ့စွာ ခေါင်းညိတ်ပြလိုက်သည် ။

​" ဒါဆို မြန်မြန်သွားလေ.. ညစာက အဆင်သင့် မဖြစ်သေးဘူး.. "

​ထိုသို့ ပြောရင်း ချင်ဟွိုင်ရုက ကျားဒုံရွှီအား အမြန်သွားရန် တွန်းလွှတ်လိုက်၏ ။

​ကျားဒုံရွှီက ဇနီးသည်ကို အလိုလိုက်သူ တစ်ယောက် ဖြစ်သည် ။ သူ၏ ဇနီး မျှော်လင့်တကြီး ဖြစ်နေသည်ကို မြင်လျှင် မည်သို့ ငြင်းဆန်နိုင်မည်နည်း ။ သူ ထွက်သွားရုံသာ တတ်နိုင်တော့၏ ။

​သူ ယီမိသားစု၏ တံခါးဝသို့ ရောက်လာခဲ့သည် ။

​ကျားဒုံရွှီက အပြင်မှ လှမ်းခေါ်လိုက်သည် ။

​" ဆရာ.. "

​" ဒုံရွှီလား.. "

​ညစာစားနေသော ယီကျုံးဟိုင်က မော့ကြည့်လိုက်ပြီး ကျားဒုံရွှီ ဖြစ်နေသည်ကို မြင်လျှင် ပြုံး၍...

​" စားပြီးပြီလား.. လာလေ အထဲဝင်ပြီး ငါတို့နဲ့ ဝင်စား.. "

​ကျားဒုံရွှီက ခေါင်းခါလိုက်ပြီး...

​" မစားတော့ဘူး ဆရာ.. ကျွန်တော် ဆရာ့ကို ပြောစရာလေး တစ်ခုရှိလို့.. "

​ယီကျုံးဟိုင် ခေါင်းညိတ်လိုက်ပြီး ပန်းကန်နှင့် တူကိုချကာ အပြင်သို့ ထွက်လာခဲ့သည် ။

​" ဒုံရွှီ.. အိမ်မှာ ဆန် ကုန်သွားပြန်ပြီလား.. ငါ ပြောင်းဖူးမှုန့် သွားယူပေးမယ်.. "

​" မဟုတ်ဘူး ဆရာ.. အဲ့ဒါ မဟုတ်ဘူး.. "

​ကျားဒုံရွှီက ထစ်ငေါ့စွာဖြင့်...

​" တခြားကိစ္စ တစ်ခုပါ.. "

​ယီကျုံးဟိုင်က သူ့ကို စိုက်ကြည့်ကာ ဆက်ပြောမည့် အချိန်ကို စောင့်နေလိုက်သည် ။

​ခဏတာ တွေဝေနေပြီးနောက် ကျားဒုံရွှီက...

​" ဆရာ.. ရှေ့ခြံဝင်းက ယန်လောင်အာ အလုပ်ရသွားတာ ဆရာ သိလား.. "

​" အေး ငါ သိတယ်လေ.. "

​ယီကျုံးဟိုင်က ခေါင်းညိတ်လိုက်ပြီး ဂရုမစိုက်သည့် လေသံဖြင့်...

​" ယာယီ အလုပ်သမား တစ်ယောက်ပါကွာ.. တရားဝင် ရာထူးတောင် မဟုတ်တာ.. အချိန်မရွေး အလုပ်ထုတ်ခံရနိုင်တယ်.. "

​" ဆရာ.. အဲ့ဒါကလေ.. ယန်လောင်အာတောင် ရသေးတာဆိုတော့ ဆရာများ ဟွိုင်ရုအတွက် ယာယီအလုပ်လေး တစ်ခုလောက် ရှာပေးနိုင်မလား လို့ပါ.. "

​အချိန်အတော်ကြာ စဥ်းစားပြီးနောက် ကျားဒုံရွှီက သူ လာရသည့် ရည်ရွယ်ချက်ကို ဖွင့်ပြောလိုက်သည် ။ စကားဆုံးသည်နှင့် သူ၏ မျက်နှာက ရှက်ရွံ့မှုကြောင့် ရဲနီလာသည် ။

​အဘယ်ကြောင့်ဆိုသော် ယီကျုံးဟိုင်က သူ့ကို အများကြီး ကူညီပေးခဲ့ဖူးသော်လည်း သူက လုံးဝ ပြန်မဆပ်နိုင်ခဲ့ပေ ။ ယခုလည်း နောက်ထပ် အကူအညီ တစ်ခု ထပ်တောင်းနေရပြန်ပြီ ။

​ယီကျုံးဟိုင် ရုတ်တရက် နားလည်သွားသည် ။ သူ့တပည့်က ဤကိစ္စအတွက် ရောက်လာခဲ့ခြင်း ဖြစ်ပေသည် ။

​သူ ခဏ စဥ်းစားလိုက်ပြီး...

​" ဒုံရွှီ.. မင်း ဒီကိစ္စကို နားလည်မှု လွဲနေပြီ.. "

​' ဟင်.. '

​ကျားဒုံရွှီက သူ့ဆရာကို နားမလည်နိုင်စွာဖြင့် ကြည့်လိုက်သည် ။

​ယီကျုံးဟိုင်က ရှင်းပြလိုက်၏ ။

​" ယန်လောင်အာရဲ့ အလုပ်က ဝယ်ယူရေး ကိုယ်စားလှယ်ဆိုတာ မင်း သိထားသင့်တယ်.. ငါ ဝန်မခံချင်ပေမဲ့ အဲ့ဒီကောင်လေးက ငါးမျှားတဲ့ နေရာမှာ တော်တယ်လေ.. ဒါကြောင့် ဒီအလုပ်ကို သဘာဝကျကျ ရသွားတာ.. ဒါပေမဲ့ ဟွိုင်ရုကြတော့... "

All Chapters