← Chapters

အခန်း ၁၂

Vol. 2 Ch. 12

အခန်း ၁၂

Vol. 2 Ch. 12

အခန်း (၁၂) ပျော်ရွှင်ဖွယ်တောအုပ်၏ အပြောင်းအလဲများ

ပျော်ရွှင်ဖွယ်တောအုပ်၏ သစ္စာရှိ ဖောက်သည်တစ်ဦးအနေဖြင့် သခင်လေးဆွန်း ရောက်လာသည်နှင့် တစ်ပြိုင်နက်တစ်စုံတစ်ဦးက သူရောက်ရှိလာကြောင်းသတင်းသွားပေးပြီး လမင်းယစ်မူးမျှော်စင်၏ ပိုင်ရှင်လျိုက သူ့ကိုကိုယ်တိုင် ထွက်ကြိုလေ၏။

"ဟားဟား..သခင်လေးဆွန်း လမင်းယစ်မူးမျှော်စင်ကမိန်းကလေးတွေက ဒီလတွေမှာသခင်လေးဆွန်းကို အရမ်းလွမ်းနေကြတာ။ ဒီနေ့ သခင်လေးဆွန်းအတွက် ထိပ်တန်းအပျော်မယ်နှစ်ယောက်ကို အထူးတလည် ချန်ထားပေးပါတယ်။" ပိုင်ရှင်လျိုက ရယ်မော၍ဖော်ရွေသော အပြုံးဖြင့်ပြောလိုက်၏။

"ပိုင်ရှင်လျို..ခင်ဗျားက အတော်ဆုံးပဲဗျာ။"

သခင်လေးဆွန်းက ပိုင်ရှင်လျို၏ပခုံးကို ပုတ်လိုက်ပြီး သူ၏လက်များကို ပွတ်သပ်ကာပြောလိုက်သည်။ "ကျုပ်ပျော်စရာလေးတွေမလုပ်ရတာ တစ်လရှိပြီဆိုတော့ တစ်လစာကံကောင်းမှုတွေ စုပုံနေပြီ။ အားရပါးရဖြစ်သွားအောင် ကစားပွဲ အနည်းငယ်လောက်အကြီးအကျယ်အနိုင်ယူဖို့လိုတယ်။ ကျုပ်ကို လောင်းကစားရုံကို အရင်ခေါ်သွားပါ၊ ပြီးတော့မိန်းကလေးတွေကိုပြင်ဆင်ပြီး စောင့်နေဖို့ ပြောလိုက်။"

ထိုသို့ပြောပြီးနောက် သခင်လေးဆွန်းက ရွှန်းသယ်လောင်းကစားရုံဘက်သို့ စတင်လျှောက်သွားလေ၏။

ပိုင်ရှင်လျိုက သူ့ကိုအလျင်အမြန် တားလိုက်၏။ "ရွှန်းသယ်လောင်းကစားရုံက ပိတ်သွားတာကြာပါပြီ။ ကျွန်တော့်မှာအသစ်ဖွင့်ထားတဲ့ လောင်းကစားရုံ ရှိတယ်။ အတွင်းပိုင်းအလှဆင်တာတွေအားလုံးက အသစ်စက်စက်တွေချည်းပဲ၊ပြီးတော့ ဝန်ထမ်းတွေအားလုံးကို ရွှန်းသယ်လောင်းကစားရုံကနေ ခေါ်လာခဲ့တာ။"

သခင်လေးဆွန်းက အံ့အားသင့်စွာ မေးလိုက်သည်။ "ပိုင်ရှင်ဟွမ်ရဲ့ရွှန်းသယ်လောင်းကစားရုံက နေ့တိုင်း ငွေတွေအများကြီး ရနေတာလေ။ သူ ရူးသွားပြီလား။ဘာလို့ ရုတ်တရက် အလုပ်ထွက်သွားရတာလဲ။"

ပိုင်ရှင်လျို၏ မျက်နှာအမူအရာ ချက်ချင်း အနေခက်သွားသော်လည်း သူက အလျင်အမြန် ဖုံးကွယ်လိုက်ပြီး ခေါင်းစဉ်ကို မရေမရာပြောင်းလိုက်၏။

လမင်းယစ်မူးမျှော်စင်၏ တစ်ဖက်တွင် ရွှန်းသယ်လောင်းကစားရုံက ဆုရှင်း၏နယ်မြေအဖြစ် ပြောင်းလဲသွားပြီဖြစ်ပြီး အခြားတစ်ဖက်တွင် အသစ်ဖွင့်လှစ်ထားသော လုံချင်လောင်းကစားရုံ ရှိနေပါသည်။

စကားစပ်မိသည့်အနေနှင့် ပြောရလျှင် လုံချင်လောင်းကစားရုံ၏ ပိုင်ရှင်မှာ အတော်လေး အမြော်အမြင်ရှိပေ၏။

ပိုင်ရှင်ဟွမ်ကို ဆုရှင်းကကိုယ်လက်အင်္ဂါ ချို့ယွင်းအောင် လုပ်လိုက်သည်ကို မြင်ပြီးနောက် ဆုရှင်းက နည်းလမ်းအမျိုးမျိုးကိုဆက်တိုက် အသုံးပြုကာ ပိုင်ရှင်ဟွမ်၏ ပိုင်ဆိုင်မှုများကို သိမ်းယူရုံသာမက လုံးဝဘေးကင်းလုံခြုံနေသေးသည်ကို မြင်သောအခါ စီးပွားရေးသမားတစ်ဦးဖြစ်သော သူက ဆုရှင်းနှင့် ဘယ်သောအခါမျှယှဉ်ပြိုင်နိုင်မည် မဟုတ်ကြောင်း သူ သိလိုက်သည်။

မယှဉ်ပြိုင်နိုင်မှတော့ တစ်ခုတည်းသော ရွေးချယ်စရာမှာ ပူးပေါင်းဆောင်ရွက်ပြီးအမြတ်အစွန်းများကို အများဆုံးရယူရန်သာဖြစ်၏။

ပျော်ရွှင်ဖွယ်တောအုပ် တစ်ခုလုံးတွင် အကြီးဆုံး ပြည့်တန်ဆာအိမ်ဖြစ်သော လမင်းယစ်မူးမျှော်စင်၏ဘေးတွင် လောင်းကစားရုံဖွင့်မည်ဆိုပါက စီးပွားရေးပိုမိုကောင်းမွန်လာမည်မှာ သေချာပါသည်။

ထို့ကြောင့် သူပ ငွေတစ်ထောင်ကိုပြတ်ပြတ်သားသား ထုတ်ယူကာ ဆုရှင်းကိုရှာဖွေပြီး လမင်းယစ်မူးမျှော်စင်ဘေးရှိ မြေကွက်နှင့် လဲလှယ်လိုက်ပါသည်။

"ဟင်..ခင်ဗျားတို့ရဲ့ လမင်းယစ်မူးမျှော်စင်က မိန်းကလေးတွေအကုန်လုံးက ဘာလို့ လောင်းကစားရုံမှာ ရောက်နေတာလဲ။"

လုံချင်လောင်းကစားရုံအဝင်ဝတွင် တန်းစီရပ်နေသော နာမည်ကြီးလမင်းယစ်မူးမျှော်စင်မှ မိန်းကလေးများကို မြင်သောအခါ သခင်လေးဆွန်း တစ်ခဏမျှ မှင်တက်သွားခဲ့၏။

"ဒါက ပျော်ရွှင်ဖွယ်တောအုပ်ရဲ့ ဝန်ဆောင်မှု အသစ်ပါ သခင်လေးဆွန်း။ ကျေးဇူးပြုပြီး မိန်းကလေး အနည်းငယ်ကိုရွေးချယ်လိုက်ပါ" ပိုင်ရှင်လျိုက တောက်ပသော အပြုံးဖြင့် ပြောလိုက်သည်။

"ကျွတ်...ကျွတ် ဒါ တကယ်ကောင်းတာပဲ" သခင်လေးဆွန်းက လက်ကိုဝှေ့ယမ်းကာ ရင်းနှီးသော မိန်းကလေးနှစ်ဦးကို တိုက်ရိုက် ရွေးချယ်ပြီး လောင်းကစားရုံထဲသို့ ဝင်သွားခဲ့၏။

လောင်းကစားရုံထဲသို့ ဝင်ရောက်လာသောအခါ သခင်လေးဆွန်းက အရာတော်တော်များများ ပြောင်းလဲသွားကြောင်း သတိပြုမိလိုက်၏။

လောင်းကစားရုံတစ်ခုလုံးတွင် သွက်လက်သော လူငယ်စားပွဲထိုးများက သောက်စရာများနှင့် အဆာပြေမုန့်များကို သယ်ဆောင်ကာလျှောက်သွားနေကြပြီး စားချင်သောက်ချင်သူတိုင်း အလွယ်တကူ ယူနိုင်သည်။

အကယ်၍တစ်စုံတစ်ဦးက အခြားသောအစားအစာကို စားလိုပါက စားပွဲထိုးများ၏ ဗန်းများတွင် မီနူးများ ပါရှိသေး၏။ မှာကြားပြီးနောက် အမှာစာကိုလမ်းတစ်ဖက်ရှိစားသောက်ဆိုင်သို့ ချက်ချင်း သွားရောက် ပို့ဆောင်ပေးမည်ဖြစ်ပြီး ဖြစ်နိုင်သမျှ အမြန်ဆုံးပြင်ဆင်ကာ သူ့ထံသို့ ယူဆောင်လာမည်ဖြစ်သည်။

ထို့အတူ ယခင်အံစာတုံး ခေါက်ပေးသူများ နေရာတွင် လမင်းယစ်မူးမျှော်စင်မှ မိန်းကလေးများကို အစားထိုးထားသည်။ သူတို့၏လှုပ်ရှားမှုများမှာ မလျင်မြန်သော်လည်းကြည့်ရတာ အတော်လေး ပျော်စရာ ကောင်းလေ၏။

သခင်လေးဆွန်း၏မျက်လုံးများ လင်းလက်သွားလေ၏။ သူကဖြတ်သွားသော စားပွဲထိုး တစ်ဦးထံမှ ဝိုင်အိုးတစ်အိုးကို ပေါ့ပေါ့ပါးပါးယူလိုက်ပြီး ငွေစက္ကူတစ်ထုပ်ကို လောင်းကစား စားပွဲပေါ်သို့ တိုက်ရိုက် ပစ်ချလိုက်သည်။

"ငွေငါးရာ...အကြီးကို အကုန်လောင်းမယ်။ ငါ အောင့်ထားတာတစ်လရှိပြီ။ ဒီနေ့ အကုန်လုံးထုတ်သုံးပစ်မယ်။"

"သခင်လေးဆွန်းက တကယ် ရက်ရောတာပဲ" ဟု သူ၏ဘေးရှိ မိန်းကလေး နှစ်ဦးကပြိုင်တူ အော်လိုက်ရာ သခင်လေးဆွန်းမှာ ကျယ်လောင်စွာ ရယ်မောလိုက်ပါသည်။

ထိုအချိန်မှာပင် အံစာခွက်ကိုဖွင့်လိုက်ရာ ငါး၊ လေး၊ နှင့် လေး - ဆယ့်သုံးမှတ်ရသဖြင့် အကြီး ဖြစ်သွားခဲ့၏။

"ဟားဟား ဒီနေ့က တကယ်ပဲ ငါအကြီးအကျယ် နိုင်မယ့်နေ့ပဲ"

သခင်လေးဆွန်းက မောက်မာစွာရယ်မောလိုက်ပြီး ငွေတုံးများနှင့် ငွေစက္ကူအပုံကြီးကို သူ့ဆီသို့ ဆွဲယူလိုက်သည်။ သူက ငွေစက္ကူနှစ်ရွက်ကို မိန်းကလေး နှစ်ဦး၏ရင်ဘတ်အတွင်းသို့ ပေါ့ပေါ့ပါးပါး ထိုးထည့်လိုက်ပြီး သူတို့ကို ပွတ်သပ်ရန်အခွင့်အရေးကို အသုံးချလိုက်၏။

ငွေစက္ကူနှစ်ရွက်ကို မြင်သောအခါ မိန်းကလေးများ၏ မျက်လုံးများ ချက်ချင်း လင်းလက်သွားသည်။

ဤငွေစက္ကူ နှစ်ရွက်စလုံးမှာ တစ်ရွက်လျှင် ငွေတစ်ရာတန်ဖိုးရှိသည်။ ယခင်ကဆိုလျှင် ဤကဲ့သို့ ရက်ရောသောဆုကြေးကို ယရရှိရန် ဤသခင်လေးကို သေချာစွာ ပြုစုပေးရမည် ဖြစ်သော်လည်း ယခုမူ သူတို့ ဘာမှမလုပ်ရသေးဘဲ ငွေတစ်ရာမှာ သူတို့၏ လက်ထဲသို့ ရောက်ရှိနေပြီဖြစ်လေ၏။

အခြားသူများက အားကျစွာကြည့်ရှုနေကြပြီး အော်ဟစ်လိုက်ကြသည်။ "ငါ့အတွက်လည်း မိန်းကလေးနှစ်ယောက် ခေါ်ပေး။ ရင်သားကြီးတဲ့သူတွေကိုလိုချင်တယ်။ ဒီနေ့ ငါလည်း အကြီးကို လောင်းမယ်။"

အဝင်ဝရှိ ပိုင်ရှင်လျိုနှင့် လုံချင်လောင်းကစားရုံ၏ ပိုင်ရှင်ချန်တို့က အချင်းချင်းကြည့်ကာ နှစ်ယောက်စလုံး ပြုံးလိုက်ကြ၏။

နောက်နေ့ မွန်းတည့်ချိန်တွင် သခင်လေးဆွန်းက နူးညံ့သောရင်ခွင်မှ နိုးထလာပြီး မနေ့ညက အမှတ်တရများကို ပြန်လည်မြည်းစမ်းရင်း နှုတ်ခမ်းသပ်ကာ မရယ်ဘဲ မနေနိုင်ဖြစ်သွားပါသည်။

"ပျော်ရွှင်ဖွယ်တောအုပ်က တကယ်ကို အားကုန်ထုတ်ထားတာပဲ။ ငါပြန်ရောက်ရင် လီကြီးနဲ့ အဲဒီတောသားတွေကို လာကြည့်ဖို့ သေချာပေါက် ခေါ်လာမယ်။ ပျော်ရွှင်ဖွယ်တောအုပ်နဲ့ ယှဉ်ရင် ချန်သယ်ရပ်ကွက်က ဘာမှမဟုတ်ပါဘူး။"

ပြန်လည်ဖွင့်လှစ်သည့် ပထမဆုံးနေ့တွင်ပင် ပျော်ရွှင်ဖွယ်တောအုပ်က သခင်လေးဆွန်းကဲ့သို့သော ဖောက်သည်ဟောင်းများ၏စိတ်ထဲတွင် နက်ရှိုင်းသော အထင်အမြင်ကို ချန်ထားနိုင်ခဲ့ပြီဖြစ်လေ၏။

ချန်နင်စီရင်စုက အကျယ်အဝန်း ယသိပ်မကြီးပေ။ သတင်းအသစ်တစ်ခုခု ရှိလာသည်နှင့် ၎င်းသည် တစ်ရက်အတွင်း တစ်မြို့လုံးသို့ ပြန့်နှံ့သွားနိုင်ပါငည်။

သုံးရက်အတွင်း ပျော်ရွှင်ဖွယ်တောအုပ်၏ ဝန်ဆောင်မှု အသစ်များအကြောင်း သတင်းများက ချန်နင်စီရင်စုတစ်ခုလုံးသို့ ပြန့်နှံ့သွားခဲ့ပြီး စမ်းသပ်ကြည့်သူတိုင်းက ချီးကျူးစရာများသာရှိကြလေ၏။

အကျိုးဆက်အနေဖြင့် နောက်ပိုင်းကာလများတွင် ပျော်ရွှင်ဖွယ်တောအုပ်၏ ဖောက်သည် အဝင်အထွက်က အဆမတန် တိုးတက်လာခဲ့ပြီး ချန်သယ်ရပ်ကွက်ရှိ လောင်းကစားရုံများနှင့် ပြည့်တန်ဆာအိမ်များတုံ့ပြန်နိုင်ချိန်တွင် များစွာ နောက်ကျသွားခဲ့လေပြီ။

သူတို့တွင် ပြောင်းလဲရန် အခြေအနေများမရှိသလို အချိန်လည်း မရှိခဲ့ပေ။

ချမ်းသာသော ပိုင်ရှင် အနည်းငယ်သာ ဆိုင်ခန်း အနည်းငယ်ကို ဝယ်ယူနိုင်ခဲ့ပြီး ပျော်ရွှင်ဖွယ်တောအုပ်၏ ပုံစံအတိုင်း အလှဆင်ခြင်းနှင့် ပြုပြင်မွမ်းမံခြင်းများကို စတင်ခဲ့သော်လည်း သူတို့၏ အတိုင်းအတာမှာ ပျော်ရွှင်ဖွယ်တောအုပ်နှင့် နှိုင်းယှဉ်လျှင် အလွန် သေးငယ်လွန်းလှသည်။

တစ်လအကြာတွင် ပျော်ရွှင်ဖွယ်တောအုပ်၏ဆိုင်ပိုင်ရှင်များက သူတို့၏အမြတ်အစွန်းများကို တွက်ချက်ကြည့်ရာ ထိုလအတွက် သူတို့၏အသားတင် ဝင်ငွေမှာ နှစ်ဆကျော်တိုးလာကြောင်း တွေ့ရှိခဲ့ရလေ၏။ အနည်းဆုံး သုံးဆတောင် တိုးလာပါသည်။

လမင်းယစ်မူးမျှော်စင်၏ ပိုင်ရှင်လျိုကဲ့သို့ အများဆုံးရရှိသူမှာ ငါးဆအထိပင် အံ့မခန်း တိုးတက်လာခဲ့လေ၏။

ယခင်က ပျော်ရွှင်ဖွယ်တောအုပ်တွင် အမြတ်အစွန်းအများဆုံး ရရှိသော လုပ်ငန်းမှာ လောင်းကစားရုံဖြစ်သော်လည်း ယခုမူ ပြည့်တန်ဆာအိမ် ဖြစ်လာခဲ့၏။

ဆုရှင်း၏ အပြောင်းအလဲများဖြင့် ပျော်ရွှင်ဖွယ်တောအုပ်တွင် အလွန်အကျွံလောင်းကစားလုပ်ကြသော သခင်လေးများက အလွန် ရက်ရောကြ၏။ သူတို့ တစ်ပွဲနိုင်သည်နှင့် တစ်ပြိုင်နက် ငွေများကို မိန်းကလေးများ၏ရင်ဘတ်အတွင်းသို့ စိတ်အားထက်သန်စွာ ထိုးထည့်ကြသည်။

ချမ်းသာလာကြသော ဤပိုင်ရှင်များက ဆုရှင်း၏ အမြတ်ငွေဝေစုကို သဘာဝကျကျလွှဲပြောင်းပေးရမည်ဖြစ်လေ၏။

ဆုရှင်းက ပျော်ရွှင်ဖွယ်တောအုပ်မှ မည်သည့် ပိုင်ရှင်ကိုမျှ ယုံကြည်ခြင်းမရှိခဲ့ချေ။ အလွန် နာခံတတ်ပုံရသော လမင်းယစ်မူးမျှော်စင်မှ ပိုင်ရှင်လျိုကိုပင် မယုံကြည်ပေ။

ထို့ကြောင့် အမြတ်ငွေခွဲဝေမည့်အချိန် ရောက်သောအခါ ဆုရှင်းက ဟွမ်ပင်းချန်ကို စာရင်းကိုင် အချို့ ငှားရမ်းခိုင်းပြီး အမြတ်ငွေများဖုံးကွယ်ထားခြင်း ရှိ၊ မရှိ သိရန် ဆိုင်ကြီးများ၏စာရင်းစာအုပ်များကို တိုက်ရိုက် စစ်ဆေးခိုင်းလိုက်၏။

သူတို့၏ကံကြမ္မာကို သတိမထားမိဘဲ အချို့မှာ သူတို့၏အမြတ်ငွေများကို လိမ်လည် သတင်းပို့ခဲ့ကြောင်း တွေ့ရှိရပါသည်။

ဆုရှင်း ဘာမှမပြောဘဲ စာရင်းစာအုပ်များကို ပြင်ဆင်ခဲ့သော စာရင်းကိုင်များ၏လက်များကို ဂိုဏ်းဝင်အနည်းငယ်အား ထိုနေရာတွင်ပင် ရိုက်ချိုးခိုင်းလိုက်၏။

ပိုင်ရှင်များမှာ ချက်ချင်းဖြူရော်သွားပြီး မည်သည့် လှည့်ကွက်မျှ ဆက်မလုပ်ရဲတော့ဘဲ ရသင့်ရထိုက်သော အမြတ်ငွေအားလုံးကို လိမ္မာစွာ လွှဲပြောင်းပေးခဲ့ကြသည်။

ဟွမ်ပင်းချန်က သူ၏လူများကို ခေါ်ဆောင်လာပြီး ကြီးမားသော သေတ္တာကြီးနှစ်လုံးကို ဆုရှင်း၏အိမ်သို့ သယ်လာကာ စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ "ခေါင်းဆောင်၊ဒီလ ငါတို့ ဘယ်လောက်ရလဲ ခန့်မှန်းကြည့်ပါဦး။"

"အိုး..ဘယ်လောက်လဲ။"

ဟွမ်ပင်းချန်က သေတ္တာကြီးနှစ်လုံးကို ဖွင့်လိုက်ရာ မျက်စိကျိန်းမတတ်တောက်ပနေသော ငွေတုံးဖြူများကို တွေ့လိုက်ရလေ၏။

"ငွေရှစ်သောင်း အပြည့်ပဲ။ ပြီးတော့ ဒါက ပထမဆုံးလပဲရှိသေးတာ။ နောက်လအထိ စောင့်ကြည့်လိုက်၊ ပျော်ရွှင်ဖွယ်တောအုပ်ရဲ့နာမည်ကြီးလာမှုနဲ့အတူ စီးပွားရေးက သေချာပေါက် ဆက်ပြီး တိုးတက်လာမှာပဲ၊ ပြီးတော့ ငါတို့ ဒီလထက်ပိုပြီး သေချာပေါက် ရမှာပါ" ဟွမ်ပင်းချန်၏ မျက်နှာမှာ စိတ်ကြွဆေးထိုးခံထားရသကဲ့သို့ စိတ်လှုပ်ရှားမှုဖြင့် နီရဲနေလေ၏။

"ဒီလောက်တောင် များတာလား" ဆုရှင်းလည်း အံ့အားသင့်သွားခဲ့၏။

သူ၏မူလ ခန့်မှန်းချက်အရ ပထမလ၏အမြတ်ငွေ ဝေစုမှာ ငွေသုံးသောင်းခန့်ရှိမည်ဟု ထင်ခဲ့သော်လည်း သူ၏ခန့်မှန်းချက်ထက် သုံးဆနီးပါးဖြစ်သော ငွေရှစ်သောင်းဖြစ်နေလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ချန်နင်စီရင်စုတွင် ချမ်းသာသော လူများစွာ ရှိနေပုံရလေ၏။ မည်သို့ပင်ဆိုစေ ၎င်းသည် တစ်ချိန်က မဟာကျိုး၏မြို့တော်ဖြစ်ခဲ့သဖြင့် အခြေခံ အချို့ ရှိနေဆဲဖြစ်သည်။

သူ၏မေးစေ့ကို ပွတ်သပ်ရင်း ဆုရှင်းက ပြောလိုက်၏။ "ဒီငွေထဲကနေ ငွေသုံးသောင်းယူပြီး တတိယသခင်ကြီးဟူကို သွားပေးလိုက်။ ပြီးရင် ညီအစ်ကိုတွေကိုနယ်မြေမှာ စုဝေးဖို့ ညွှန်ကြားလိုက်။"

"သုံး... သုံးသောင်း" ဟွမ်ပင်းချန်က ဆုရှင်းအား မှင်တက်စွာ ကြည့်လိုက်၏။

ယခင်က ရွှန်းသယ်လောင်းကစားရုံ၏ ပိုင်ဆိုင်မှုများကို တတိယသခင်ကြီးဟူထံ ပေးခဲ့သော်လည်း ၎င်းမှာ လောင်းကစားရုံကိုသိမ်းယူရန် တတိယသခင်ကြီးဟူ၏ ယအမည်ကို အသုံးပြုရန်အတွက် ဖြစ်သည်။

သို့သော် ယခု ဤငွေသုံးသောင်းဝေစုက အခြေခံအားဖြင့် အလကားပေးသော လက်ဆောင်ဖြစ်နေပေ၏။

"ဒီငွေတွေကို ငါတို့မျိုချလို့ မရဘူး။ အတင်း မျိုချရင် နင်သွားရုံပဲ ရှိမယ်။"

ဆုရှင်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။ "စကားပုံတစ်ခု ရှိတယ်လေ။ တစ်ယောက်တည်းပျော်ရွှင်တာထက် ပျော်ရွှင်မှုကို မျှဝေတာက ပိုကောင်းတယ်တဲ့။ ဒီငွေက ငါ့ရဲ့ လေးစားရတဲ့ မွေးစားဖခင်အတွက် ငါ့ရဲ့ သားသမီးဝတ္တရားအနေနဲ့ ပူဇော်သက္ကာဖြစ်လိမ့်မယ်။"

ဟွမ်ပင်းချန်က လင်းယုန်ပျံဂိုဏ်းမှ အဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်ပြီး ဤငွေက အခြေခံအားဖြင့် ကာကွယ်ခဖြစ်ကြောင်း ဆုရှင်း၏ဆိုလိုရင်းကို သူ ချက်ချင်း နားလည်သွားလေ၏။

အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်ရသော်လည်း ပေးသင့်သောအရာကိုတော့ ပေးရမည်သာဖြစ်သည်။

ဟွမ်ပင်းချန် သူ၏လူများနှင့်အတူ ထွက်သွားချိန်တွင် စနစ်၏အသံက ဆုရှင်း၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားခဲ့၏။ "ပင်မမစ်ရှင်- အာဏာရှင်တစ်ဦး၏ရည်မှန်းချက် (အပိုင်း ၁) ကို အောင်မြင်စွာ ပြီးဆုံးတဲ့အတွက် လက်ခံသူကို ဂုဏ်ပြုပါတယ်။ ဗီလိန် အမှတ် ၂၀၀ နဲ့ အလယ်အလတ် မဲနှိုက်ခွင့်တစ်ကြိမ်ကို အောင်မြင်စွာရရှိပါတယ်။"

စနစ်ထဲသို့ ဝင်ရောက်ပြီးနောက် ဆုရှင်းက မေးလိုက်သည်။ "အခု ငါ့မှာမဲနှိုက်ခွင့် ဘယ်နှစ်ကြိမ် ရှိလဲ။"

စနစ်က ပြောလေ၏။ "လက်ခံသူမှာ လက်ရှိ အခြေခံ မဲနှိုက်ခွင့် ၃၃ ကြိမ်နဲ့ အလယ်အလတ် မဲနှိုက်ခွင့် တစ်ကြိမ် ရှိပါတယ်။ လက်ခံသူက အခု အဲဒါတွေကို အသုံးပြုချင်ပါသလား။"

ဆုရှင်း ခဏမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းယမ်းလိုက်၏။ "လောလောဆယ် မလုပ်သေးဘူး။ နောက်တစ်ခါမှပေါ့။"

တစ်လကျော်ကြာ စုဆောင်းထားသော အခြေခံ မဲနှိုက်ခွင့်များကို အလယ်အလတ် မဲနှိုက်ခွင့် သုံးကြိမ်ဖြင့် လဲလှယ်နိုင်ပြီး ယခု ပင်မမစ်ရှင်မှ ဆုရရှိသော အလယ်အလတ်မဲနှိုက်ခွင့် တစ်ကြိမ်နှင့် ပေါင်းလိုက်လျှင် စုစုပေါင်း လေးကြိမ် ရှိလာမည်ဖြစ်သည်။

အလယ်အလတ် မဲနှိုက်မှုများတွင်လည်း မသေချာမရေရာသည့် အချက်တစ်ခု ရှိနေပါသည်။ ဆုရှင်းက နောက်ထပ် အနည်းငယ် စုဆောင်းပြီးနောက် ကောင်းမွန်သောအရာတစ်ခုခုကို ရနိုင်မလားဆိုသည်ကို သိရန်တစ်ကြိမ်တည်းနှင့် အကြိမ်များစွာ မဲနှိုက်ရန် စီစဉ်ထားလေ၏။

All Chapters